Parotitis(ပါးခ်ိတ္ေရာင္နာ)
ကြၽန္ေတာ္တို႔ေတြရဲ႕ နားနဲ႔ေမး႐ိုးၾကား(ပါးေစာင္) ေနရာမွာ တံေတြးထုတ္ေပးေသာ တံေတြးအက်ိတ္ (parotid gland)ဟာ ဘယ္ညာတစ္ခုစီ ရွိပါတယ္။ ပါးခ်ိတ္ေရာင္နာဆိုသည္မွာ ထိုပါးေစာင္ေနရာမွာ ရွိေသာ တံေထြးထုတ္အက်ိတ္ (parotid gland) ေရာင္ရမ္းျခမ္းကို ေခၚျခင္းျဖစ္ပါတယ္။ ေဆးပညာအရေတာ့ Parotitis လို႔ေခၚပါတယ္။
ပါးခ်ိတ္ေရာင္နာျဖစ္ပါက ပါးတစ္ဖက္တည္း ေရာင္ရမ္းတာမ်ိဳးလည္းရွိသလို ပါးႏွစ္ဖက္လုံးေဖာင္းကား ေရာင္ရမ္းတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ပါးခ်ိတ္ေရာင္နာကို ျဖစ္ေစေသာ အေၾကာင္းရင္း အေျခအေနေတြကေတာ့ ဘက္တီးရီးယားပိုးဝင္တာ၊ ဗိုင္းရပ္စ္ပိုးဝင္တာ၊ မိမိခုခံအားစနစ္က မိမိကိုယ္ကို ျပန္တိုက္တာ ေရာဂါခံစားေနရတာ၊ တံေတြးအက်ိတ္ထဲမွာ ရွိေနတဲ့ ႁပြန္ေလးေတြက တစ္ခုခုေၾကာင့္ပိတ္သြားတာ စသျဖင့္အမ်ားႀကီးရွိပါတယ္။
ဒီလိုအေျခအေနေတြ အမ်ားႀကီးရွိတဲ့ထဲမွာမွ Mump Virus မန႔္လို႔ေခၚေသာ ဗိုင္းရပ္စ္ပိုး ဝင္ေရာက္ကူးစက္ခံရလို႔ျဖစ္တဲ့ ပါးခ်ိတ္ေရာင္ျခင္းကေတာ့ အျဖစ္အမ်ားဆုံးပါ။ မန႔္ဗိုင္းရပ္စ္ပိုး ကူးစက္ခံရလို႔ျဖစ္ေသာ ပါးခ်ိတ္ေရာင္နာဟာ အသက္အ႐ြယ္ မေ႐ြးမွာ ျဖစ္ပြားႏိုင္ပါတယ္။ အသက္ ငါးႏွစ္နဲ႔ ကိုးႏွစ္ၾကား ကေလးငယ္ေတြမွာ ပိုၿပီး အျဖစ္မ်ားပါတယ္။ သို႔ေသာ္ အသက္သုံးႏွစ္ေအာက္ ကေလးငယ္ေတြနဲ႔ အသက္ ေလးဆယ္အထက္ အ႐ြယ္ေတြမွာ ျဖစ္ခဲပါတယ္။
ေဆာင္းတြင္း ကာလနဲ႔ မိုးဦးက် ကာလ ေတြမွာ အဓိက ကူးစက္ ျဖစ္ပြား တတ္ပါတယ္။ ကူးစက္ႏႈန္းကလည္း ျမန္ပါတယ္။ ဘယ္လိုနည္းနဲ႔ကူးစက္လဲဆိုေတာ့ ပါးခ်ိတ္ေရာင္ေနတဲ့သူနဲ႔ တိုက္႐ိုက္ထိေတြ႕ျခင္းျဖင့္လည္းေကာင္း၊ ေရာဂါရွိသူရဲ႕ ကိုယ္မွထြက္ေသာ တံေတြး၊ ႏွပ္ရည္ တို႔နဲ႔ထိေတြ႕ထားေသာပစၥည္းမ်ား (ဥပမာ အိပ္ရာ၊ျခင္ေထာင္၊အိုးခြက္ပန္းကန္)မွ တဆင့္လည္းေကာင္း၊ ေရာဂါျဖစ္သူရဲ႕အနာေဖး၊ အနာဖတ္ေတြကေန လည္းေကာင္း၊ ဗိုင္းရပ္စ္ပိုးပါတဲ့ အမႈန္အမႊားေတြကို ရွဴမိကေနလည္းေကာင္း ကူးစက္ႏိုင္ပါတယ္။
Mumps ဗိုင္းရပ္စ္ပိုး ကူးစက္ခံရၿပီး အမ်ားအားျဖင့္ ႏွစ္ပတ္အၾကာမွာ ေရာဂါလကၡဏာေတြ စျပလာပါတယ္။ စစခ်င္းမွာ အေအးမိ ဖ်ားနာလကၡဏာေတြျဖစ္တဲ့ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း၊ ကိုယ္လက္မအီမသာျဖစ္ျခင္း၊ ႏုံးေခြျခင္း၊ အစားေသာက္ပ်က္ျခင္းေတြကို ခံစားရပါမယ္။ ထို႔ေနာက္ ပါးေစာင္ေနရာမွာရွိတဲ့ တံေတြးအက်ိတ္ေရာင္လာၿပီး အဖ်ားပိုတက္လာတာ၊ ပါးေစာင္နာလာတာ ၊ပါးစပ္ဟမရျဖစ္တာ၊ ပါးစပ္ဟတဲ့အခါ အစာစားတဲ့အခါ အစာမ်ိဳခ်တဲ့အခါေတြမွာ နာက်င္တာေတြပါ ခံစားရႏိုင္ပါတယ္။ တခ်ိဳ႕လူေတြက ပါးႏွစ္ဖက္လုံး ၿပိဳင္တူေရာင္တတ္ၾကၿပီး၊ တခ်ိဳ႕က တဖက္ၿပီးမွ တဖက္ ကူးကာ ေရာင္တဲ့ လူနာေတြလည္း ရွိပါတယ္။ ဒီေရာဂါက ၁ဝ ရက္ခန႔္အၾကာမွာ ေပ်ာက္ ကင္းသက္သာသြားႏိုင္ပါတယ္။ ပါးခ်ိတ္ေရာင္နာေၾကာင့္ အသက္ေသဆုံးတာမ်ိဳးကေတာ့ မရွိသေလာက္ ရွားပါတယ္။ ပါးခ်ိတ္ေရာင္နာက တခါျဖစ္ၿပီးရင္ ေနာက္တခါထပ္ျဖစ္ေလ့လည္း မရွိပါဘူး။
ပါးခ်ိတ္ေရာင္နာရဲ႕ ေရာဂါလကၡဏာေတြက အရမ္းဆိုးဆိုးဝါးဝါးႀကီးမဟုတ္လို႔ ပါးခ်ိတ္ေရာင္နာခံစားေနရစဥ္မွာ လႈပ္ရွားသြားလာတာမ်ိဳးလုပ္ႏိုင္ေပမယ့္ မိမိကေနတဆင့္ အျခားလူေတြဆီကို ေရာဂါပိုးေတြပ်ံ႕ႏိုင္လို႔ အိမ္မွာပဲသီးျခားေနထိုင္ကာ အနားယူသင့္ပါတယ္။ အဖ်ားသက္သာေအာင္ ကိုယ္ပူက်ေဆး(ပါရာစီတေမာ) ေသာက္တာ၊ ေရဖတ္တိုက္တာ ေတြလုပ္ႏိုင္ပါတယ္။ အဖ်ားေၾကာင့္ ေရဓာတ္ဆုံးရႈံးမႈကို ကာကြယ္ေစႏိုင္ဖို႔အတြက္ အရည္မ်ားမ်ားေသာက္ေပးပါ။
ဓါတ္ဆားရည္၊ ဆန္ျပဳတ္၊ စြပ္ျပဳတ္ တို႔လို သိပ္ဝါးစရာမလိုတဲ့ အာဟာရျပည့္မယ့္ အစားအစာေတြ စားေပးသင့္ပါတယ္။ ပါးခ်ိတ္ေရာင္နာျဖစ္ေနစဥ္ အစားအေသာက္ စားေသာက္ရာမွာ ပါးစပ္နာလို႔ မ်ိဳရခက္လို႔ စသျဖင့္ အခက္အခဲရွိႏိုင္ေပမယ့္ မွိတ္ႀကိတ္စားေပးေသာက္ေပးပါ။ ဒါမွ ကိုယ္ခံအားျပည့္ဝကာ ေရာဂါျမန္ျမန္သက္သာၿပီး ပါးခ်ိတ္ေရာင္ေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြလည္း မခံစားရမွာပါ။
ဒီလိုေတြလုပ္လို႔မွ မသက္သာရင္ သို႔မဟုတ္ ၁၀ရက္ျပည့္ေသာ္လည္း ပါးခ်ိတ္ေရာင္တာ မေပ်ာက္ရင္ သို႔မဟုတ္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ (ေခါင္းကိုက္တာ၊ တေဝါ့ေဝါ့အန္တာ၊ သတိလစ္တာေတြ) ပါျဖစ္လာရင္ ေတာ့ ေဆး႐ုံေဆးခန္းကိုသြားျပၿပီး စမ္းသပ္စစ္ေဆးမႈေတြလုပ္ပါ။
ပါးခ်ိတ္ေရာင္ေရာဂါက ကေလးအ႐ြယ္ (အသက္၁၀ႏွစ္ေအာက္ အ႐ြယ္) မွာ ျဖစ္ပြားခဲ့ရင္ ေရာဂါရဲ႕
ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြက ျဖစ္ခဲပါတယ္။ အျဖစ္နည္းပါးပါတယ္။အဲ့လိုမဟုတ္ဘဲ လူပ်ိဳ၊ အပ်ိဳေပါက္အ႐ြယ္နဲ႔ လူႀကီးအ႐ြယ္ေတြမွာ ျဖစ္ပြားခဲ့ရင္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ႀကဳံေတြ႕ရတတ္ပါတယ္။
ပါးခ်ိတ္ေရာင္နာရဲ႕ေနာက္ဆက္တြဲဆိုးက်ိဴးမ်ားကေတာ့ ဦးေႏွာက္အေျမႇးပါးေရာင္ျခင္း၊ ဦးေႏွာက္ေရာင္ျခင္း၊ အာ႐ုံေၾကာထိခိုက္တဲ့ ေရာဂါျဖစ္ႏိုင္ျခင္း၊ မုန႔္ခ်ိဳအိတ္ေရာင္ျခင္း၊ ႏွလုံးေရာင္ျခင္း၊နားထိုင္းျခင္း၊ အသည္းေရာင္ျခင္း ေတြျဖစ္ပါတယ္။
လူပ်ိဳေပါက္ႏွင့္ လူႀကီးမ်ားမွာပါးခ်ိတ္ေရာင္နာျဖစ္ပါက ကပၸယ္အိတ္ေရာင္ျခင္း၊ေဝွးေစ့ေရာင္ျခင္း၊ၿမဳံသြားႏိုင္ျခင္း ၊ ကိုယ္ဝန္ေဆာင္ခ်ိန္ ပါးခ်ိတ္ေရာင္ေရာဂါျဖစ္ပြားပါက ကိုယ္ဝန္ပထမသုံးလတြင္ ပ်က္က်တတ္ျခင္း စသျဖင့္ပါ။
အဆုံးသတ္အေနနဲ႔ကေတာ့ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ေကာင္းသည္ (Prevention is better than cure) ဆိုတဲ့စကားပုံအတိုင္း ျဖစ္လာမွ ကုသတာထက္ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္သင့္ပါတယ္။ ဒါေၾကာင့္ Mump Virus မန႔္ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ေသာ ပါးခ်ိတ္ေရာင္နာကိုကာကြယ္ဖို႔အတြက္ MMR Vaccine (Mump, Measle, Rubella) ကို အသက္ ၁၂လ နဲ႔ ၁၅လ ၾကားတစ္ႀကိမ္၊ အသက္ ၄ႏွစ္နဲ႔ ၆ႏွစ္ၾကား တစ္ႀကိမ္ စုစုေပါင္းႏွစ္ႀကိမ္ျပည့္ေအာင္ မိမိကေလးကိုထိုးေပးထားၾကပါလို႔ မိဘေတြကိုတိုက္တြန္းလိုက္ရပါတယ္။
Author : Dr. 528
Unicode
Parotitis(ပါးချိတ်ရောင်နာ)
ကျွန်တော်တို့တွေရဲ့ နားနဲ့မေးရိုးကြား(ပါးစောင်) နေရာမှာ တံတွေးထုတ်ပေးသော တံတွေးအကျိတ် (parotid gland)ဟာ ဘယ်ညာတစ်ခုစီ ရှိပါတယ်။ ပါးချိတ်ရောင်နာဆိုသည်မှာ ထိုပါးစောင်နေရာမှာ ရှိသော တံထွေးထုတ်အကျိတ် (parotid gland) ရောင်ရမ်းခြမ်းကို ခေါ်ခြင်းဖြစ်ပါတယ်။ ဆေးပညာအရတော့ Parotitis လို့ခေါ်ပါတယ်။
ပါးချိတ်ရောင်နာဖြစ်ပါက ပါးတစ်ဖက်တည်း ရောင်ရမ်းတာမျိုးလည်းရှိသလို ပါးနှစ်ဖက်လုံးဖောင်းကား ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပါးချိတ်ရောင်နာကို ဖြစ်စေသော အကြောင်းရင်း အခြေအနေတွေကတော့ ဘက်တီးရီးယားပိုးဝင်တာ၊ ဗိုင်းရပ်စ်ပိုးဝင်တာ၊ မိမိခုခံအားစနစ်က မိမိကိုယ်ကို ပြန်တိုက်တာ ရောဂါခံစားနေရတာ၊ တံတွေးအကျိတ်ထဲမှာ ရှိနေတဲ့ ပြွန်လေးတွေက တစ်ခုခုကြောင့်ပိတ်သွားတာ စသဖြင့်အများကြီးရှိပါတယ်။
ဒီလိုအခြေအနေတွေ အများကြီးရှိတဲ့ထဲမှာမှ Mump Virus မန့်လို့ခေါ်သော ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်ခံရလို့ဖြစ်တဲ့ ပါးချိတ်ရောင်ခြင်းကတော့ အဖြစ်အများဆုံးပါ။ မန့်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ဖြစ်သော ပါးချိတ်ရောင်နာဟာ အသက်အရွယ် မရွေးမှာ ဖြစ်ပွားနိုင်ပါတယ်။ အသက် ငါးနှစ်နဲ့ ကိုးနှစ်ကြား ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များပါတယ်။ သို့သော် အသက်သုံးနှစ်အောက် ကလေးငယ်တွေနဲ့ အသက် လေးဆယ်အထက် အရွယ်တွေမှာ ဖြစ်ခဲပါတယ်။
ဆောင်းတွင်း ကာလနဲ့ မိုးဦးကျ ကာလ တွေမှာ အဓိက ကူးစက် ဖြစ်ပွား တတ်ပါတယ်။ ကူးစက်နှုန်းကလည်း မြန်ပါတယ်။ ဘယ်လိုနည်းနဲ့ကူးစက်လဲဆိုတော့ ပါးချိတ်ရောင်နေတဲ့သူနဲ့ တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်းကောင်း၊ ရောဂါရှိသူရဲ့ ကိုယ်မှထွက်သော တံတွေး၊ နှပ်ရည် တို့နဲ့ထိတွေ့ထားသောပစ္စည်းများ (ဥပမာ အိပ်ရာ၊ခြင်ထောင်၊အိုးခွက်ပန်းကန်)မှ တဆင့်လည်းကောင်း၊ ရောဂါဖြစ်သူရဲ့အနာဖေး၊ အနာဖတ်တွေကနေ လည်းကောင်း၊ ဗိုင်းရပ်စ်ပိုးပါတဲ့ အမှုန်အမွှားတွေကို ရှူမိကနေလည်းကောင်း ကူးစက်နိုင်ပါတယ်။
Mumps ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး အများအားဖြင့် နှစ်ပတ်အကြာမှာ ရောဂါလက္ခဏာတွေ စပြလာပါတယ်။ စစချင်းမှာ အအေးမိ ဖျားနာလက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နုံးခွေခြင်း၊ အစားသောက်ပျက်ခြင်းတွေကို ခံစားရပါမယ်။ ထို့နောက် ပါးစောင်နေရာမှာရှိတဲ့ တံတွေးအကျိတ်ရောင်လာပြီး အဖျားပိုတက်လာတာ၊ ပါးစောင်နာလာတာ ၊ပါးစပ်ဟမရဖြစ်တာ၊ ပါးစပ်ဟတဲ့အခါ အစာစားတဲ့အခါ အစာမျိုချတဲ့အခါတွေမှာ နာကျင်တာတွေပါ ခံစားရနိုင်ပါတယ်။ တချို့လူတွေက ပါးနှစ်ဖက်လုံး ပြိုင်တူရောင်တတ်ကြပြီး၊ တချို့က တဖက်ပြီးမှ တဖက် ကူးကာ ရောင်တဲ့ လူနာတွေလည်း ရှိပါတယ်။ ဒီရောဂါက ၁ဝ ရက်ခန့်အကြာမှာ ပျောက် ကင်းသက်သာသွားနိုင်ပါတယ်။ ပါးချိတ်ရောင်နာကြောင့် အသက်သေဆုံးတာမျိုးကတော့ မရှိသလောက် ရှားပါတယ်။ ပါးချိတ်ရောင်နာက တခါဖြစ်ပြီးရင် နောက်တခါထပ်ဖြစ်လေ့လည်း မရှိပါဘူး။
ပါးချိတ်ရောင်နာရဲ့ ရောဂါလက္ခဏာတွေက အရမ်းဆိုးဆိုးဝါးဝါးကြီးမဟုတ်လို့ ပါးချိတ်ရောင်နာခံစားနေရစဉ်မှာ လှုပ်ရှားသွားလာတာမျိုးလုပ်နိုင်ပေမယ့် မိမိကနေတဆင့် အခြားလူတွေဆီကို ရောဂါပိုးတွေပျံ့နိုင်လို့ အိမ်မှာပဲသီးခြားနေထိုင်ကာ အနားယူသင့်ပါတယ်။ အဖျားသက်သာအောင် ကိုယ်ပူကျဆေး(ပါရာစီတမော) သောက်တာ၊ ရေဖတ်တိုက်တာ တွေလုပ်နိုင်ပါတယ်။ အဖျားကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်စေနိုင်ဖို့အတွက် အရည်များများသောက်ပေးပါ။
ဓါတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ် တို့လို သိပ်ဝါးစရာမလိုတဲ့ အာဟာရပြည့်မယ့် အစားအစာတွေ စားပေးသင့်ပါတယ်။ ပါးချိတ်ရောင်နာဖြစ်နေစဉ် အစားအသောက် စားသောက်ရာမှာ ပါးစပ်နာလို့ မျိုရခက်လို့ စသဖြင့် အခက်အခဲရှိနိုင်ပေမယ့် မှိတ်ကြိတ်စားပေးသောက်ပေးပါ။ ဒါမှ ကိုယ်ခံအားပြည့်ဝကာ ရောဂါမြန်မြန်သက်သာပြီး ပါးချိတ်ရောင်ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း မခံစားရမှာပါ။
ဒီလိုတွေလုပ်လို့မှ မသက်သာရင် သို့မဟုတ် ၁၀ရက်ပြည့်သော်လည်း ပါးချိတ်ရောင်တာ မပျောက်ရင် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးတွေ (ခေါင်းကိုက်တာ၊ တဝေါ့ဝေါ့အန်တာ၊ သတိလစ်တာတွေ) ပါဖြစ်လာရင် တော့ ဆေးရုံဆေးခန်းကိုသွားပြပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ပါ။
ပါးချိတ်ရောင်ရောဂါက ကလေးအရွယ် (အသက်၁၀နှစ်အောက် အရွယ်) မှာ ဖြစ်ပွားခဲ့ရင် ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဖြစ်ခဲပါတယ်။ အဖြစ်နည်းပါးပါတယ်။အဲ့လိုမဟုတ်ဘဲ လူပျို၊ အပျိုပေါက်အရွယ်နဲ့ လူကြီးအရွယ်တွေမှာ ဖြစ်ပွားခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ပါးချိတ်ရောင်နာရဲ့နောက်ဆက်တွဲဆိုးကျိူးများကတော့ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ အာရုံကြောထိခိုက်တဲ့ ရောဂါဖြစ်နိုင်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ နှလုံးရောင်ခြင်း၊နားထိုင်းခြင်း၊ အသည်းရောင်ခြင်း တွေဖြစ်ပါတယ်။
လူပျိုပေါက်နှင့် လူကြီးများမှာပါးချိတ်ရောင်နာဖြစ်ပါက ကပ္ပယ်အိတ်ရောင်ခြင်း၊ဝှေးစေ့ရောင်ခြင်း၊မြုံသွားနိုင်ခြင်း ၊ ကိုယ်ဝန်ဆောင်ချိန် ပါးချိတ်ရောင်ရောဂါဖြစ်ပွားပါက ကိုယ်ဝန်ပထမသုံးလတွင် ပျက်ကျတတ်ခြင်း စသဖြင့်ပါ။
အဆုံးသတ်အနေနဲ့ကတော့ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းသည် (Prevention is better than cure) ဆိုတဲ့စကားပုံအတိုင်း ဖြစ်လာမှ ကုသတာထက် မဖြစ်အောင် ကြိုတင်ကာကွယ်သင့်ပါတယ်။ ဒါကြောင့် Mump Virus မန့်ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ပါးချိတ်ရောင်နာကိုကာကွယ်ဖို့အတွက် MMR Vaccine (Mump, Measle, Rubella) ကို အသက် ၁၂လ နဲ့ ၁၅လ ကြားတစ်ကြိမ်၊ အသက် ၄နှစ်နဲ့ ၆နှစ်ကြား တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ပြည့်အောင် မိမိကလေးကိုထိုးပေးထားကြပါလို့ မိဘတွေကိုတိုက်တွန်းလိုက်ရပါတယ်။
Author : Dr. 528