fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးသူငယ်များနဲ့ ဘေးအန္တရာယ်ကင်းသော ပတ်ဝန်းကျင်

64
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/01/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A




အိမ်တွင်းမှာ


မိသားစု နားနေခန်းမှာ

ကလေး အိပ်ခန်းမှာ

ရေချိုးခန်းမှာ

Author : ခေတ်သစ် ဇီဝက

ကလေးသူငယ်များနဲ့ ဘေးအန္တရာယ်ကင်းသော ပတ်ဝန်းကျင်

ကလေးငယ်တို့ဟာ သူတို့ရဲ့ အသက်အရွယ် အမူအကျင့်အရ ပတ်ဝန်းကျင်ကို စပ်စု လေ့လာတတ်ကြပါတယ်။ အင်္ဂလန်နိုင်ငံမှာဆိုရင် နှစ်စဉ် ကလေးငယ် တစ်သန်းလောက်ဟာ အိမ်တွင်း မတော်တဆမှုများ ဖြစ်နေကြပါတယ်။

အထူးသဖြင့် အသက် ၅နှစ်အောက်အရွယ်တွေ ဖြစ်ပါတယ်။ အသေအပျောက်အများဆုံး ဖြစ်စေတာကတော့ အသက်ရှူကြပ်ခြင်းနဲ့ ရေနစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိဘများအဖို့ နောင်မှတတဲ့ နောင်တများမရ ရအောင်ကလေးသူငယ်များအတွက် ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ကင်းအောင် လုပ်ပေးခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်ပါတယ်။

အိမ်တွင်းမှာ
-ကလေးပါးစပ်ထဲ အလွယ်တကူ ထည့်နိုင်တဲ့ ပစ္စည်းများကို ကလေးလက်လှမ်းမီတဲ့နေရာများမှာ မထားပါနဲ့။ ဥပမာ-ဓာတ်ခဲ အဝိုင်းလေးများ ၊ကြယ်သီးများ။ ဘာဖြစ်လို့လဲ ဆိုရင် နှာခေါင်းထဲ ၊ပါးစပ်ထဲ ၊နားထဲ ထည့်တတ်လို့ပါ။
-လျှပ်စစ် မီးကြိုးများ ပေါက်ပြဲနေက ပြုပြင်ထားပါ။ တိုးလို့တွဲလောင်းဖြစ်နေသော လျှပ်စစ် မီးကြိုးများကို ပြင်ထားပါ။ အသုံးမပြုတော့တဲ့ လျှပ်စစ် မီးခလုတ်များကို ဖုံးအုပ်ထားပါ။
-လူကြီးမပါဘဲ ကလေးတစ်ယောက်တည်း မသွားစေချင်တဲ့ အခန်းများ (ဥပမာ-မီးဖိုချောင် ၊ရေချိုးခန်း) တံခါးကို ဂျက်ထိုး ပိတ်ထားပါ။
-တောက်တောက်သွားတတ်သော ကလေးအရွယ်များအဖို့ လှေကားများရဲ့အောက်ခြေနဲ့ ထိပ်တို့မှာ တံခါးရွက်တပ်ပြီး ပိတ်ထားပါ။ လှေကားများတွင် မီးများ ထွန်းညှိထားပါ။ လှေကားများတွင် ချော်လဲနိုင်သော ဖုန်သုတ်အဝတ် ၊ကော်ဇော် ၊ဘီးတပ်ကလေးကစားစရာများ မရှိပါစေနဲ့။
-တိုက်ခန်းများတွင် နေထိုင်က ပြတင်းပေါင်များကို သံပန်းတံခါးများ တပ်ဆင်ထားပါ။

မီးဖိုချောင်နဲ့ ထမင်းစားခန်းတွေမှာ
-အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ၊အန္တရာယ်ရှိတဲ့ ပစ္စည်းများကို ကလေးမမီနိုင်တဲ့နေရာတွင်ထားပါ။ကလေး မတ်တပ်ရပ် ယူနိုင်တယ်ဆိုတာ သတိချပ်ပါ။
-အချွန်အထက် ပစ္စည်းများ (ဓား ၊ကပ်ကြေး ၊ခက်ရင်း စတာ)တွေကို သေချာ ဘီဒို ၊အံဆွဲ ၊ဘူးများထဲ သေချာ သိမ်းဆည်းပါ။
-မီးဖိုပေါ်တွင် ဟင်းချက်နေသော ဒယ်အိုးများကို ကလေး လှမ်းဆွဲမယူနိုင်အောင်ကလေးမျက်နှာမူရာနဲ့ ဝေးရာဘက်ကို လှည့်ထားပါ။
-ကုလားထိုင် အမြင့်ပေါ်တွင် ကလေးကို ထိုင်ခိုင်းပြီး တစ်ယောက်တည်း ပစ်မထားခဲ့ပါနဲ့။
-အမှိုက်ပုံးများကို သေချာ လုံအောင် ဖုံးထား ၊ပိတ်ထားပါ။
-ကလေး အပူမလောင်ရလေအောင် ထမင်းပူ ၊ဟင်းပူ ၊အရည်ပူ ၊ရေနွေးအိုးများကို စားပွဲအစွန်းတွင် တင်မထားပါနဲ့။
-ထမင်းစားပွဲ အခင်းကိုလည်း ကလေး လှမ်းဆွဲ မမီနိုင်အောင် ခပ်တိုတိုပဲ ထားပါ။

မိသားစု နားနေခန်းမှာ
-စာအုပ်စင် ၊ဘီဒိုများ ၊တီဗီစင်များကို ငြိမ်အောင် ထားပါ။
-စာအုပ်များဟာ ကလေးငယ် အလွယ်တကူ ဆုတ်ဖြဲနိုင်သော စာအုပ်များ မဖြစ်စေရ။
-အလွယ်တကူ လှမ်းယူနိုင်သော စာကြည့်မီးအိမ် ၊မီးအုပ်ဆောင်းများကို ဖယ်ထားပါ။
-ပရိဘောဂပစ္စည်းများကို အဆင့်ဆင့်ထပ်ပြီး ဆော့ကစားနိုင်တဲ့အတွက် မလိုလားအပ်တာများ မဖြစ်ရလေအောင် ကြိုတင် ကာကွယ်ထားပါ။

ကလေး အိပ်ခန်းမှာ
-ကလေး အိပ်ရာခင်းကို မကြာခဏ လဲပေးပါ။
-ကလေး အနှီး ၊ဘောင်းဘီ စတာတွေမှာ ချိတ်လေ့ရှိတဲ့ ချိတ်များ ၊ပင်အပ်များ ၊ကလေး ပေါင်ဒါ ဆေးဝါးများကို ကလေး လက်လှမ်းမမီတဲ့နေရာတွင် ထားပါ။
-ကစားစရာ အရုပ်များကို ကလေးအရွယ်အလိုက် ရွေးချယ် ဝယ်ပါ။
-ကလေး ကစားစရာ အရုပ်များတွင် ပါဝင်တဲ့ သေးငယ်တဲ့ အစိတ်အပိုင်းများ ၊ဆေးရောင်ခြယ်ထားတဲ့ အရုပ်များကို သတိထား ကြည့်ရှုစစ်ဆေးပါ။

ရေချိုးခန်းမှာ
-ရေဘုံဘိုင် ဖွင့်ကာ ရေဇလုံထဲ ရေဖြည့်နေစဉ် ကလေးငယ် တစ်ယောက်တည်း မထားခဲ့ပါနဲ့။
-ရေနွေး ရေအေးစပ်တဲ့အခါ ရေအေးကို အရင်ထည့်ပြီးမှ ရေနွေးထည့်စပ်ပါ။

Author : ခေတ်သစ် ဇီဝက

Previous Post

ဆီများတဲ့အရေပြား

Next Post

လည်ပင်းကြီးရောဂါလို့ ပြောကြရာဝယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လည်ပင်းကြီးရောဂါလို့ ပြောကြရာဝယ်

အသားအရေ လှအောင်ဘာတွေစားကြမလဲ????

ထပ်ခါထပ်ခါပြန်သုံးနေတဲ့ ဆီတွေ က ဘယ်လောက် အန္တရာယ်များလဲ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.