(Zawgyi)
ေမာင္ေမာင္တစ္ေယာက္ သူ႔အေမနဲ႔ အသုဘလိုက္ပို႔ခဲ့ပါတယ္။ ေနာက္ ၄ ရက္ေလာက္လည္း ၾကာေရာ ဖ်ားပါေလေရာ။ ဖ်ားၿပီး ကေယာင္ကတမ္းေတြ ေအာ္ ၊ မ်က္စိကလည္း ရဲတြတ္ေနလို႔။ အေမွာင္ထဲမွာ ကုတ္ကုတ္ေလး အဖ်ားေတြတက္ေနတဲ့ ေမာင္ေမာင္ကို သူ႔အဖြားက သရဲဝင္ပူးေနပါတယ္ဆိုၿပီး ေရပန္းေတြေတာက္၊ ေမာင္ေမာင့္အေမကို ရမရာ မရွိေအာင္ ဆူေတာ့တာပဲ။ ေမာင္ေမာင္အေမ့ကေတာ့ ညေန ေဆးခန္းသြားျပမွ ျဖစ္မယ္ဆိုၿပီး ေမာင္ေမာင့္ကို ေရပတ္တိုက္ေပးရင္း ညေနကိုသာ ေစာင့္ေနေတာ့တယ္။
ညေန ေဆးခန္းဖြင့္တာနဲ႔ ေဆးခန္းတန္းေျပးေတာ့တာပဲ။ ဆရာဝန္က ေရာဂါလကၡဏာေတြကိုေမးေတာ့ အဖ်ားႀကီးတဲ့အေၾကာင္း ႏွာရည္ေတြက်ၿပီး ေခ်ာင္းေတြဆိုးတဲ့အေၾကာင္းေျပာျပတယ္။ မ်က္စိေတြလည္း နီၿပီး အလင္းလည္း ေၾကာက္လို႔ အဖြားျဖစ္သူကေတာင္ သရဲဝင္ပူးတယ္ထင္ေနတဲ့အေၾကာင္းေျပာျပေတာ့ ဆရာဝန္မေလးခမ်ာ ရယ္ပါေလေရာ။ ေနာက္စမ္းသပ္စစ္ေဆးမႈေတြလုပ္ၿပီး ကေလးကို ကာကြယ္ေဆးထိုးဖူးလား ေမးတယ္။
ေမာင္ေမာင့္ေမေမက ေမာင္ေမာင့္ကို အရမ္းခ်စ္ေတာ့ ကာကြယ္ေဆးထိုးရင္ ကေလးနာမွာစိုးလို႔ဆိုၿပီး ဘာမွ မထိုးတဲ့အေၾကာင္းေျပာေတာ့ ဆရာဝန္မေလးက အဲလိုမလုပ္ဖို႔ ေျပာပါေလေရာ။ ေနာက္ေမာင္ေမာင္ကို ပါးစပ္ဟခိုင္းၿပီး ၾကည့္တယ္။ ဝက္သက္ျဖစ္ႏိုင္ေၾကာင္း ရွင္းျပၿပီး ကေလးကို မူႀကိဳမပို႔ေသးဖို႔ ေဆးေသခ်ာတိုက္ဖို႔ အဖ်ားႀကီးရင္ ေရပတ္တိုက္ေပးဖို႔ေတြကို ေသခ်ာမွာတယ္။ ေဆးခန္းကို ေနာက္ေန႔လာဖို႔လည္း မွာလိုက္တယ္။
ေနာက္လူနာလည္း မလာေသးေတာ့ ေမာင္ေမာင့္ေမေမက ဝက္သက္ေရာဂါဆိုတာ ဘာလည္း ဘာေတြျဖစ္ႏိုင္လဲဆိုၿပီး သိခ်င္တာေတြ ေမးေနတယ္။ ဆရာဝန္မေလးက ဝက္သက္ေရာဂါဆိုတာ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တာျဖစ္ေၾကာင္း ေလကတဆင့္ ကူးစက္တတ္ေၾကာင္း ဒါမွမဟုတ္ ေရာဂါပိုးရွိသူရဲ႕ တံေတြး သလိပ္စတဲ့ တစ္ခုခုကို ကိုင္တြယ္မိရာကေနတဆင့္လည္း ကူးစက္တတ္ေၾကာင္း ေျပာျပတယ္။ ေမာင္ေမာင္ေလးကို ေသခ်ာေမးမွ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္က သူ႔မူႀကိဳက သူငယ္ခ်င္းတစ္ေယာက္ ဖ်ားၿပီး အနီစက္ေတြထြက္တယ္တဲ့။
ေရာဂါပိုးကူးစက္ခံရၿပီး ၁၀ ရက္ကေန ၁၄ ရက္အတြင္းမွာ လကၡဏာျပေၾကာင္း တစ္ပတ္ေလာက္ ၾကာတတ္ေၾကာင္းနဲ႔ အနီစက္ေတြ ထြက္လာတတ္တယ္ဆိုတာလည္း မွာလိုက္တယ္။ ေရမ်ားမ်ားတိုက္ဖို႔လည္း မွာလိုက္ေသးတယ္။ ဆရာမေလး ေျပာသလိုပါပဲ ေနာက္ေန႔က် ေမာင္ေမာင့္ ပါးနဲ႔ လည္ပင္းေတြမွာ အနီစက္ေတြထြက္လာတယ္။ ေနာက္တစ္ရက္ ေဆးခန္းသြားျပေတာ့ ဆရာမေလးက အသက္ရွဴရခက္တာေတြ ၊ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တာေတြ ရွိလား။ နားကိုက္ေသးလား ၊ ေခါင္းမူးေခါင္းကိုက္ျဖစ္လားေမးတယ္။ မ်က္စိေကာ ၾကည့္လို႔ေကာင္းလားတဲ့။ ေမာင္ေမာင္က လူရည္လည္း လည္တယ္၊ သြက္လည္း သြက္တဲ့ကေလးဆိုေတာ့ ဆရာမေမးသမွ် ခ်က္က်က် ျပန္ေျဖတတ္တယ္။
ဆရာမက ေမာင္ေမာင္ကို စမ္းသပ္ၿပီးေတာ့ ဝက္သက္ရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ မရွိလို႔ ေတာ္ပါေသးရဲ႕ ဆိုၿပီး ေျပာတယ္။ ဝက္သက္ရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ အေနနဲ႔ နမိုးနီးယားေခၚ အဆုတ္အေအးပတ္တဲ့ ေရာဂါေတြ ၊ ျပင္းထန္တဲ့ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တာေတြ၊ မ်က္စိအျမင္ ခ်ိဳ႕ယြင္းသြားတာေတြ ျဖစ္တတ္တယ္။ ေမာင္ေမာင့္မွာ ဒီလို လကၡဏာေတြေတာ့ မရွိပါဘူး။ အနီစက္ေတြကေတာ့ တစ္ကိုယ္လုံး ထြက္တတ္တယ္။ ၅ ရက္ေလာက္ဆို ေပ်ာက္သြားလိမ့္မယ္ေျပာတယ္။
ၿပီးေတာ့ ဆရာမေလးက ေျပာေသးတယ္။ ဝက္သက္ေရာဂါဆိုတာ ေၾကာက္စရာေကာင္းတယ္ အစ္မရဲ႕။ အရင္က ဝက္သက္ကာကြယ္ေဆး မေပၚခင္ ၁၉၆၃ မတိုင္ခင္ေလာက္ကဆို တစ္ႏွစ္ကို အၾကမ္းပ်ဥ္းအားျဖင့္ ၂.၆ သန္းေလာက္ေတာင္ ေသၾကတယ္။ အခုလို ကာကြယ္ေဆးေတြ ေပၚတုန္းအခ်ိန္မွာေတာင္ ၂၀၁၆ ကဆို တစ္ကမာၻလုံးအေနနဲ႔ ၈ ေသာင္း ၉ ေထာင္ေက်ာ္ေလာက္ ေသတယ္လို႔ WHO က ခန႔္မွန္းထားတယ္။ ဒါေၾကာင့္ ကြၽန္မက ေမာင္ေမာင္ေလးကို စိတ္ပူေနတာ။
ေတာ္ေသးတယ္။ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ဝင္မလာလို႔။ ဝက္သက္မွာ ေသတယ္ဆိုတာက အဓိက က ေနာက္ဆက္တြဲဆိုးက်ိဳးေတြေၾကာင့္ေလ။ ကိုယ္ခံအား မေကာင္းတဲ့ ကေလးငယ္ေတြ ၊ ကိုယ္ဝန္သည္ေတြမွာျဖစ္ရင္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ခံစားရတတ္တယ္။ ဗီတာမင္ေအ ခ်ိဳ႕တဲ့တဲ့ ကေလးငယ္ေတြမွာ ျဖစ္ရင္လည္း ျပင္းထန္တတ္တယ္။ ဒါနဲ႔ အစ္မက ဘာလို႔ ကေလးကို ကာကြယ္ေဆး မထိုးေပးတာလဲဆိုၿပီး ေမးပါေလေရာ။ ေမာင္ေမာင့္ေမေမလည္း ကြၽန္မက ကေလးနာမွာစိုးတာေရာ ေနာက္ၿပီး ကာကြယ္ေဆးထိုးၿပီးရင္ ေအာ္တစ္ဇမ္ျဖစ္တယ္ဆိုၿပီး ၾကားမိလို႔ စိတ္ပူတာနဲ႔ မထိုးမိတာပါ ဆရာမ။
ဝက္သက္ကာကြယ္ေဆးထိုးတာေၾကာင့္ ေအာ္တစ္ဇမ္ျဖစ္တယ္ဆိုတာ မဟုတ္ပါဘူး။ ကာကြယ္ေဆးထိုးတဲ့အတြက္ အဖ်ားႀကီးၿပီး တက္တာမ်ိဳး ရွိေပမယ့္ အလြန္ကို ျဖစ္ခဲတဲ့ ကိစၥပါ။ အခု ကာကြယ္ေဆးမထိုးဘဲေနေတာ့ တကယ္တမ္းျဖစ္လာေတာ့ အစ္မလည္း စိတ္ပူရ ကေလးလည္း ခံစားရတယ္။ ေနာက္ ကာကြယ္ေဆးေတြ ထိုးေပးဖို႔ ရွိခဲ့ရင္လည္း မထိုးဘဲ မေနပါနဲ႔ အစ္မ။ အခုလည္း ကေလးကို အားျပန္ရွိေအာင္ လတ္လတ္ဆတ္ဆတ္ ဟင္းသီးဟင္း႐ြက္ေတြ မ်ားမ်ားေကြၽးေပးပါ။ အနီစက္ေတြ အကုန္ထြက္ၿပီး ၄ ရက္ေလာက္ေနၿပီးမွ မူႀကိဳပို႔ပါဆိုၿပီး ေသခ်ာမွာၾကားလိုက္ပါေတာ့တယ္။
Author : Dr. ေမ
(Unicode)
မောင်မောင်တစ်ယောက် သူ့အမေနဲ့ အသုဘလိုက်ပို့ခဲ့ပါတယ်။ နောက် ၄ ရက်လောက်လည်း ကြာရော ဖျားပါလေရော။ ဖျားပြီး ကယောင်ကတမ်းတွေ အော် ၊ မျက်စိကလည်း ရဲတွတ်နေလို့။ အမှောင်ထဲမှာ ကုတ်ကုတ်လေး အဖျားတွေတက်နေတဲ့ မောင်မောင်ကို သူ့အဖွားက သရဲဝင်ပူးနေပါတယ်ဆိုပြီး ရေပန်းတွေတောက်၊ မောင်မောင့်အမေကို ရမရာ မရှိအောင် ဆူတော့တာပဲ။ မောင်မောင်အမေ့ကတော့ ညနေ ဆေးခန်းသွားပြမှ ဖြစ်မယ်ဆိုပြီး မောင်မောင့်ကို ရေပတ်တိုက်ပေးရင်း ညနေကိုသာ စောင့်နေတော့တယ်။
ညနေ ဆေးခန်းဖွင့်တာနဲ့ ဆေးခန်းတန်းပြေးတော့တာပဲ။ ဆရာဝန်က ရောဂါလက္ခဏာတွေကိုမေးတော့ အဖျားကြီးတဲ့အကြောင်း နှာရည်တွေကျပြီး ချောင်းတွေဆိုးတဲ့အကြောင်းပြောပြတယ်။ မျက်စိတွေလည်း နီပြီး အလင်းလည်း ကြောက်လို့ အဖွားဖြစ်သူကတောင် သရဲဝင်ပူးတယ်ထင်နေတဲ့အကြောင်းပြောပြတော့ ဆရာဝန်မလေးခမျာ ရယ်ပါလေရော။ နောက်စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး ကလေးကို ကာကွယ်ဆေးထိုးဖူးလား မေးတယ်။
မောင်မောင့်မေမေက မောင်မောင့်ကို အရမ်းချစ်တော့ ကာကွယ်ဆေးထိုးရင် ကလေးနာမှာစိုးလို့ဆိုပြီး ဘာမှ မထိုးတဲ့အကြောင်းပြောတော့ ဆရာဝန်မလေးက အဲလိုမလုပ်ဖို့ ပြောပါလေရော။ နောက်မောင်မောင်ကို ပါးစပ်ဟခိုင်းပြီး ကြည့်တယ်။ ဝက်သက်ဖြစ်နိုင်ကြောင်း ရှင်းပြပြီး ကလေးကို မူကြိုမပို့သေးဖို့ ဆေးသေချာတိုက်ဖို့ အဖျားကြီးရင် ရေပတ်တိုက်ပေးဖို့တွေကို သေချာမှာတယ်။ ဆေးခန်းကို နောက်နေ့လာဖို့လည်း မှာလိုက်တယ်။
နောက်လူနာလည်း မလာသေးတော့ မောင်မောင့်မေမေက ဝက်သက်ရောဂါဆိုတာ ဘာလည်း ဘာတွေဖြစ်နိုင်လဲဆိုပြီး သိချင်တာတွေ မေးနေတယ်။ ဆရာဝန်မလေးက ဝက်သက်ရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်ကြောင်း လေကတဆင့် ကူးစက်တတ်ကြောင်း ဒါမှမဟုတ် ရောဂါပိုးရှိသူရဲ့ တံတွေး သလိပ်စတဲ့ တစ်ခုခုကို ကိုင်တွယ်မိရာကနေတဆင့်လည်း ကူးစက်တတ်ကြောင်း ပြောပြတယ်။ မောင်မောင်လေးကို သေချာမေးမှ လွန်ခဲ့တဲ့ ၂ ပတ်လောက်က သူ့မူကြိုက သူငယ်ချင်းတစ်ယောက် ဖျားပြီး အနီစက်တွေထွက်တယ်တဲ့။
ရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာ လက္ခဏာပြကြောင်း တစ်ပတ်လောက် ကြာတတ်ကြောင်းနဲ့ အနီစက်တွေ ထွက်လာတတ်တယ်ဆိုတာလည်း မှာလိုက်တယ်။ ရေများများတိုက်ဖို့လည်း မှာလိုက်သေးတယ်။ ဆရာမလေး ပြောသလိုပါပဲ နောက်နေ့ကျ မောင်မောင့် ပါးနဲ့ လည်ပင်းတွေမှာ အနီစက်တွေထွက်လာတယ်။ နောက်တစ်ရက် ဆေးခန်းသွားပြတော့ ဆရာမလေးက အသက်ရှူရခက်တာတွေ ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ ရှိလား။ နားကိုက်သေးလား ၊ ခေါင်းမူးခေါင်းကိုက်ဖြစ်လားမေးတယ်။ မျက်စိကော ကြည့်လို့ကောင်းလားတဲ့။ မောင်မောင်က လူရည်လည်း လည်တယ်၊ သွက်လည်း သွက်တဲ့ကလေးဆိုတော့ ဆရာမမေးသမျှ ချက်ကျကျ ပြန်ဖြေတတ်တယ်။
ဆရာမက မောင်မောင်ကို စမ်းသပ်ပြီးတော့ ဝက်သက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မရှိလို့ တော်ပါသေးရဲ့ ဆိုပြီး ပြောတယ်။ ဝက်သက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အနေနဲ့ နမိုးနီးယားခေါ် အဆုတ်အအေးပတ်တဲ့ ရောဂါတွေ ၊ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ၊ မျက်စိအမြင် ချို့ယွင်းသွားတာတွေ ဖြစ်တတ်တယ်။ မောင်မောင့်မှာ ဒီလို လက္ခဏာတွေတော့ မရှိပါဘူး။ အနီစက်တွေကတော့ တစ်ကိုယ်လုံး ထွက်တတ်တယ်။ ၅ ရက်လောက်ဆို ပျောက်သွားလိမ့်မယ်ပြောတယ်။
ပြီးတော့ ဆရာမလေးက ပြောသေးတယ်။ ဝက်သက်ရောဂါဆိုတာ ကြောက်စရာကောင်းတယ် အစ်မရဲ့။ အရင်က ဝက်သက်ကာကွယ်ဆေး မပေါ်ခင် ၁၉၆၃ မတိုင်ခင်လောက်ကဆို တစ်နှစ်ကို အကြမ်းပျဉ်းအားဖြင့် ၂.၆ သန်းလောက်တောင် သေကြတယ်။ အခုလို ကာကွယ်ဆေးတွေ ပေါ်တုန်းအချိန်မှာတောင် ၂၀၁၆ ကဆို တစ်ကမ္ဘာလုံးအနေနဲ့ ၈ သောင်း ၉ ထောင်ကျော်လောက် သေတယ်လို့ WHO က ခန့်မှန်းထားတယ်။ ဒါကြောင့် ကျွန်မက မောင်မောင်လေးကို စိတ်ပူနေတာ။
တော်သေးတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ ဝင်မလာလို့။ ဝက်သက်မှာ သေတယ်ဆိုတာက အဓိက က နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လေ။ ကိုယ်ခံအား မကောင်းတဲ့ ကလေးငယ်တွေ ၊ ကိုယ်ဝန်သည်တွေမှာဖြစ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရတတ်တယ်။ ဗီတာမင်အေ ချို့တဲ့တဲ့ ကလေးငယ်တွေမှာ ဖြစ်ရင်လည်း ပြင်းထန်တတ်တယ်။ ဒါနဲ့ အစ်မက ဘာလို့ ကလေးကို ကာကွယ်ဆေး မထိုးပေးတာလဲဆိုပြီး မေးပါလေရော။ မောင်မောင့်မေမေလည်း ကျွန်မက ကလေးနာမှာစိုးတာရော နောက်ပြီး ကာကွယ်ဆေးထိုးပြီးရင် အော်တစ်ဇမ်ဖြစ်တယ်ဆိုပြီး ကြားမိလို့ စိတ်ပူတာနဲ့ မထိုးမိတာပါ ဆရာမ။
ဝက်သက်ကာကွယ်ဆေးထိုးတာကြောင့် အော်တစ်ဇမ်ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးတဲ့အတွက် အဖျားကြီးပြီး တက်တာမျိုး ရှိပေမယ့် အလွန်ကို ဖြစ်ခဲတဲ့ ကိစ္စပါ။ အခု ကာကွယ်ဆေးမထိုးဘဲနေတော့ တကယ်တမ်းဖြစ်လာတော့ အစ်မလည်း စိတ်ပူရ ကလေးလည်း ခံစားရတယ်။ နောက် ကာကွယ်ဆေးတွေ ထိုးပေးဖို့ ရှိခဲ့ရင်လည်း မထိုးဘဲ မနေပါနဲ့ အစ်မ။ အခုလည်း ကလေးကို အားပြန်ရှိအောင် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ များများကျွေးပေးပါ။ အနီစက်တွေ အကုန်ထွက်ပြီး ၄ ရက်လောက်နေပြီးမှ မူကြိုပို့ပါဆိုပြီး သေချာမှာကြားလိုက်ပါတော့တယ်။
Author : Dr. မေ