ၾကက္ညႇာေခ်ာင္းဆိုး
ၾကက္ညႇာေခ်ာင္းဆိုးကို အဂၤလိပ္လို Whooping Cough လို႔ေခၚပါတယ္။ ေဆးပညာအရေတာ့ Pertussis လို႔ေခၚပါတယ္။ Bordetella pertussis လို႔ေခၚတဲ့ ဘက္တီးရီယားပိုးတမ်ိဳးေၾကာင့္ ျဖစ္တာပါ။
ထိုဘက္တီးရီးယား လူတဦးမွ တဦးသို႔ အသက္ရွဴလမ္းေၾကာင္း(ေရာဂါပိုးရွိသူ ေခ်ာင္းဆိုး၊ႏွာေခ်ရာကထြက္လာတဲ့ အမႈန္အမႊားေတြကို ရွဴမိရာ)မွတဆင့္ ကူးစက္ပါတယ္။
အသက္အ႐ြယ္မေ႐ြးျဖစ္ပြားႏိုင္ၿပီး အလြန္ကူးစက္ျမန္ပါတယ္။ တႏွစ္ေအာက္ ကေလးေတြမွာ အျဖစ္မ်ားဆုံးျဖစ္ပါတယ္။ လူႀကီးေတြမွာျဖစ္ရင္ သိပ္မဆိုးေပမယ့္ တႏွစ္ေအာက္ကေလးေတြမွာဆိုရင္ အသက္ေသဆုံးတာမ်ိဳးအထိ ျပင္းထန္ႏိုင္ပါတယ္။ အထူးသျဖင့္ ရာသီအကူးအေျပာင္းမွာ ပိုျဖစ္ႏိုင္ပါတယ္။
ပိုးဝင္ၿပီး ၇ ရက္ ကေန ၁၄ ရက္အတြင္းမွာ ေရာဂါလကၡဏာစျပေလ့ရွိပါတယ္။ ျဖစ္ကာစမွာ အေအးမိသသလိုပဲ။ ကိုယ္ပူမယ္ ႏွာေစးမယ္ မ်က္ရည္ပူက်မယ္ ညဘက္ေခ်ာင္းေျခာက္ဆိုးမယ္။ ေနာက္ပိုင္းမွာ ေခ်ာင္းေျခာက္ဆိုးတာက ေန႔ေရာ ညပါ ခဏခဏအႀကိမ္ေရမ်ားစြာ ဆိုးလာပါတယ္။
တႀကိမ္ဆိုးရင္ အဟြတ္ဟြတ္နဲ႔ အဆက္အျပတ္ဆိုးၿပီး တမိနစ္ေလာက္ ၾကာတတ္ပါတယ္။
အဟြတ္ဟြတ္နဲ႔ ဆက္တိုက္ေခ်ာင္းဆိုးေနခ်ိန္တြင္ အသက္ရွဴဖို႔အခ်ိန္မရွိဘဲ တႀကိမ္ဆိုးလို႔ၿပီးခါနီးမွာမွ အသက္ကိုရႈိက္ရွဴလိုက္ရေသာေၾကာင့္ “ဟု”(Whoop)ဆိုတဲ့အသံပါ ထြက္လာတတ္ပါတယ္။ ဒါေၾကာင့္ Whooping cough လို႔ေခၚတာပါ။
ေခ်ာင္းဆိုးတာနဲ႔အတူ အန္တာ၊ မ်က္ႏွာျပာလာတာ (အသက္ရွဴမဝေသာေၾကာင့္)၊ မ်က္လုံးနီတာ၊ မ်က္လုံးေတြ မို႔အစ္လာတာ၊ လွ်ာမွာ အနာျဖစ္တာေတြပါ တြဲျဖစ္ႏိုင္ပါတယ္။ အရမ္းငယ္တဲ့ ကေလးေလးေတြမွာဆိုရင္ေတာ့ “ဟု” ဆိုတဲ့အသံမၾကားရတတ္ပါဘူး။
သို႔ေသာ္တခုေၾကာက္စရာေကာင္းတာက ေခ်ာင္းဆိုးတာ တႀကိမ္နဲ႔ တႀကိမ္ ၾကားမွာ ကေလးငယ္ေလးေတြ အသက္ရွဴရပ္သြားတတ္ကာ အသက္ဆုံးရႈံးသည္အထိ ျဖစ္ႏိုင္ပါတယ္။
ၾကက္ညႇာေခ်ာင္းဆိုးေရာဂါရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ကေတာ့ နမိုးနီးယားျဖစ္တာ၊ ဦးေႏွာက္ေရာင္တာ တက္တာ၊ အူက်တာ၊ လိပ္ေခါင္းထြက္တာ စသျဖင့္ျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ အထက္မွာေျပာခဲ့တဲ့ လကၡဏာေတြရွိရင္ မေပါ့ဆပဲ ကြၽမ္းက်င္တဲ့ဆရာဝန္နဲ႔ ျပသစမ္းသပ္စစ္ေဆးမႈေတြ လုပ္သင့္ပါတယ္။ စမ္းသပ္စစ္ေဆးမႈေတြအေနနဲ႔ကေတာ့ ေသြးစစ္တာ၊ ရင္ဘတ္ဓါတ္မွန္႐ိုက္တာ၊ ELISA test လုပ္တာ၊ ပိုးေမြးတာ စသျဖင့္ပါ။
အဆုံးသတ္အေနနဲ႔ကေတာ့ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုထိေရာက္တယ္ဆိုတဲ့ေဆာင္ပုဒ္အတိုင္း မိဘေတြအေနနဲ႔ မိမိကေလးကို ၾကက္ညႇာေခ်ာင္းဆိုးျဖစ္ျခင္းမွ ကာကြယ္ႏိုင္ရန္အတြက္ အသက္၂လ၊၄လ၊၆လ မွာ ဆုံဆို႔၊ၾကက္ညႇာ၊ေမးခိုင္ကာကြယ္ေဆးကို မပ်က္မကြက္ သုံးႀကိမ္ျပည့္ေအာင္သြားေရာက္ထိုးႏွံေပးၾကပါလို႔ အႀကံျပဳရင္း နိဂုံးခ်ဳပ္လိုက္ရပါတယ္။
Author: Dr. 528
ကြက်ညှာချောင်းဆိုး
ကြက်ညှာချောင်းဆိုးကို အင်္ဂလိပ်လို Whooping Cough လို့ခေါ်ပါတယ်။ ဆေးပညာအရတော့ Pertussis လို့ခေါ်ပါတယ်။ Bordetella pertussis လို့ခေါ်တဲ့ ဘက်တီးရီယားပိုးတမျိုးကြောင့် ဖြစ်တာပါ။
ထိုဘက်တီးရီးယား လူတဦးမှ တဦးသို့ အသက်ရှူလမ်းကြောင်း(ရောဂါပိုးရှိသူ ချောင်းဆိုး၊နှာချေရာကထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရာ)မှတဆင့် ကူးစက်ပါတယ်။
အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အလွန်ကူးစက်မြန်ပါတယ်။ တနှစ်အောက် ကလေးတွေမှာ အဖြစ်များဆုံးဖြစ်ပါတယ်။ လူကြီးတွေမှာဖြစ်ရင် သိပ်မဆိုးပေမယ့် တနှစ်အောက်ကလေးတွေမှာဆိုရင် အသက်သေဆုံးတာမျိုးအထိ ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် ရာသီအကူးအပြောင်းမှာ ပိုဖြစ်နိုင်ပါတယ်။
ပိုးဝင်ပြီး ၇ ရက် ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာစပြလေ့ရှိပါတယ်။ ဖြစ်ကာစမှာ အအေးမိသသလိုပဲ။ ကိုယ်ပူမယ် နှာစေးမယ် မျက်ရည်ပူကျမယ် ညဘက်ချောင်းခြောက်ဆိုးမယ်။ နောက်ပိုင်းမှာ ချောင်းခြောက်ဆိုးတာက နေ့ရော ညပါ ခဏခဏအကြိမ်ရေများစွာ ဆိုးလာပါတယ်။
တကြိမ်ဆိုးရင် အဟွတ်ဟွတ်နဲ့ အဆက်အပြတ်ဆိုးပြီး တမိနစ်လောက် ကြာတတ်ပါတယ်။ အဟွတ်ဟွတ်နဲ့ ဆက်တိုက်ချောင်းဆိုးနေချိန်တွင် အသက်ရှူဖို့အချိန်မရှိဘဲ တကြိမ်ဆိုးလို့ပြီးခါနီးမှာမှ အသက်ကိုရှိုက်ရှူလိုက်ရသောကြောင့် “ဟု”(Whoop)ဆိုတဲ့အသံပါ ထွက်လာတတ်ပါတယ်။ ဒါကြောင့် Whooping cough လို့ခေါ်တာပါ။
ချောင်းဆိုးတာနဲ့အတူ အန်တာ၊ မျက်နှာပြာလာတာ (အသက်ရှူမဝသောကြောင့်)၊ မျက်လုံးနီတာ၊ မျက်လုံးတွေ မို့အစ်လာတာ၊ လျှာမှာ အနာဖြစ်တာတွေပါ တွဲဖြစ်နိုင်ပါတယ်။ အရမ်းငယ်တဲ့ ကလေးလေးတွေမှာဆိုရင်တော့ “ဟု” ဆိုတဲ့အသံမကြားရတတ်ပါဘူး။
သို့သော်တခုကြောက်စရာကောင်းတာက ချောင်းဆိုးတာ တကြိမ်နဲ့ တကြိမ် ကြားမှာ ကလေးငယ်လေးတွေ အသက်ရှူရပ်သွားတတ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ နမိုးနီးယားဖြစ်တာ၊ ဦးနှောက်ရောင်တာ တက်တာ၊ အူကျတာ၊ လိပ်ခေါင်းထွက်တာ စသဖြင့်ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အထက်မှာပြောခဲ့တဲ့ လက္ခဏာတွေရှိရင် မပေါ့ဆပဲ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသစမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ ELISA test လုပ်တာ၊ ပိုးမွေးတာ စသဖြင့်ပါ။
အဆုံးသတ်အနေနဲ့ကတော့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ဆောင်ပုဒ်အတိုင်း မိဘတွေအနေနဲ့ မိမိကလေးကို ကြက်ညှာချောင်းဆိုးဖြစ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် အသက်၂လ၊၄လ၊၆လ မှာ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်ကာကွယ်ဆေးကို မပျက်မကွက် သုံးကြိမ်ပြည့်အောင်သွားရောက်ထိုးနှံပေးကြပါလို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။
Author: Dr. 528