fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

Diphtheria ဆုံဆို့နာ

143
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/12/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ဆုံဆို့နာ

ဆုံဆို့နာကို ဆေးပညာအရ Diphtheria လို့ခေါ်ပါတယ်။ Corynebacterium diphtheriae ဆိုတဲ့ ဘက်တီးရီးယားပိုး ကူးစက်ဝင်ရောက်ခံရလို့ ဖြစ်တာပါ။

ထိုဘက်တီးရီးယားက လေထဲကနေတဆင့် (ရောဂါရှိသူနှာချေ၊ ချောင်းဆိုးရာမှထွက်လာတဲ့ အမှုန်အမွှားတွေကို ရှုမိရာမှတဆင့်) ကူးစက်နိုင်သလို ရောဂါရှိသူနဲ့ နီးကပ်စွ ာထိတွေ့ခြင်းတွေ၊ ရောဂါပိုးကပ်ငြိနေတဲ့အရာဝတ္ထုပစ္စည်းများကို ထိတွေ့မိခြင်းတွေကနေလည်း ကူးစက်နိုင်ပါတယ်။Corynebacterium diphtheriae ဆိုသောဘက်တီးရီးယားပိုးသည် Exotoxin ဆိုသောအဆိပ်အမျိူးအစားထုတ်တဲ့အတွက် ပြင်းထန်ပါတယ်။

အသက်အရွယ်မရွေး ကျားမ မရွေးဖြစ်ပွားနိုင်ပါတယ်။

ဆုံဆို့နာအမျိူးအစား လေးမျိူးရှိပါတယ်။

၁။ အာခေါင်၊ အာသီးတို့မှာ ဖြစ်သောဆုံဆို့နာ (Faucial Diphtheria)

၂။ လည်ချောင်းထဲမှာ ဖြစ်သောဆုံဆို့နာ (Laryngeal Diphtheria)

၃။ နှာခေါင်းထဲမှာ ဖြစ်သောဆုံဆို့နာ (Nasal Diphtheria)

၄။ အရေပြားမှာ ဖြစ်သောဆုံဆို့နာ (Cutaneous Diphtheria)

ရောဂါပိုးဝင်ရောက်ပြီး ၂ ရက်ကနေ ၅ ရက်အတွင်းမှာ ရောဂါလက္ခဏာစပြပါတယ်။

အမျိူးအစားတခုစီမှာ သူနဲ့ဆိုင်တဲ့လက္ခဏာတွေရှိပေမယ့် အမျိူးအစားအားလုံးရဲ့ ယေဘုယျလက္ခဏာတွေကတော့ တငွေ့ငွေ့ဖျားတာ၊ လည်ချောင်းနာတာ၊ အစားသောက်ပျက်တာ၊ မအီမသာဖြစ်တာ၊ လည်ပင်းအကျိတ်တွေရောင်တာ စသဖြင့်ပါ။

အမျိူးအစားတခုချင်းစီရဲ့လက္ခဏာတွေကတော့

၁။ အာခေါင်အာသီးမှာ ဖြစ်သောဆုံဆို့နာ (Faucial Diphtheria)

ဒီအမျိုးအစားက အဖြစ်များတဲ့ အမျိူးအစားပါ။

အာခေါင်အာသီးမှာဖြစ်တဲ့ ဆုံဆို့နာမှာဆိုရင် အာခေါင်အာသီးနေရာမှာ ဖြူပြာရောင် သို့မဟုတ် အညိုရောင် အမြှေးပါး (Pseudomembrane) ဖြစ်တာ တွေ့နိုင်ပါတယ်။

၂။ လည်ချောင်းမှာဖြစ်သော ဆုံဆို့နာ (Laryngeal Diphtheria)

ဒီအမျိူးအစားကတော့ ဖြစ်တာရှားပါတယ်။ သို့သော် အပြင်းထန်ဆုံး အမျိုးအစားဖြစ်ပါတယ်။ ဒီအမျိုးအစားမှာကျ အမြှေးပါး (Pseudomembrane) က လည်ချောင်းမှာဖြစ်တဲ့အတွက် အသက်ရှုလမ်းကြောင်းကိုပိတ်စေနိုင်ပြီး အသက်ရှုရခက်တာ၊ အစာမျိူရခက်တာ၊ မွန်းကြပ်ပြီးပြာလာတာ၊ စကားမပြောနိုင်တာ၊ အသံသြလာတာတွေကို ဖြစ်စေနိုင်ပါတယ်။

တအားဆိုးရင် အသက်ရှုရပ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။

ဒါ့အပြင် လည်ပင်းရောင်ကိုင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။

၃။ နှာခေါင်းမှာဖြစ်သော ဆုံဆို့နာ (Nasal Diphtheria)

ဒီအမျိူးအစားကတော့ အဖြစ်လည်းမများသလို လည်ချောင်းမှာဖြစ်တဲ့ ဆုံဆို့နာလောက်လည်း မပြင်းထန်ပါဘူး။ ဒီမှာဆိုရင်တော့ အမြှေးပါးက နှာရိုးရဲ့ Turbinates နေရာမှာရှိနိုင်ပါတယ်။ ဒါ့အပြင် နှာခေါင်းတဖက်သို့မဟုတ် နှစ်ဖက်စလုံးက ပြည်လိုမျိဳး အနံ့အသက်မကောင်းတဲ့ အရည်တွေလည်းစီးကျနိုင်ပါတယ်။

၄။ အရေပြားမှာဖြစ်သော ဆုံဆို့နာ (Cutaneous Diphtheria)

အပူပိုင်းဒေသတွေမှာ အဖြစ်များပါတယ်။

ဒီအမျိူးအစားကကျ အရေပြားပေါ်မှာ ပြည်တည်အနာတွေ ဖြစ်ပွားပါတယ်။ ထိုပြည်တည်အနာတွေမှာ အညိုရောင်အမြှေးပါးလိုမျိူးတွေ့ရတတ်ကာ အနာဖြစ်တဲ့နေရာက နီရဲရောင်ရမ်းနေတာမျိဳး ဖြစ်နိုင်ပါတယ်။

ဘယ်အမျိဳးအစားပဲဖြစ်ဖြစ် စောစီးစွာ ကုသမှုမခံယူပါက အသက်အန္တရာယ်ရှိနိုင်ပြီး တခြားသူတွေကိုပါကူးစက်နိုင်ပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သားများနှင့် နှလုံးအဆို့များထိခိုင်ရောင်ရမ်းပြီး

နာတာရှည်နှလုံးရောဂါဖြစ်တာ၊ နှလုံးအလုပ်ကောင်းကောင်းမလုပ်နိုင်တာ

အာရုံကြောကို ထိခိုက်ပျက်စီးပြီး အကြောသေတာ

ကျောက်ကပ်ထိခိုက်ပျက်စီးတာ တွေပါဖြစ်နိုင်ပါတယ်။

ဒါကြောင့်အထက်မှာဖော်ပြတဲ့လက္ခဏာတွေရှိပါက နီးစပ်ရာကျန်းမာရေးဌာနကို စောစောစီးစီးသွားပြကာ ဆုံဆို့နာဟုတ်မဟုတ်သိဖို့ ဆရာဝန်ညွန်ကြားတဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပြုချင်တာကတော့ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတဲ့ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မိဘတွေအနေနဲ့ မိမိကလေးကို ဆုံဆို့ရောဂါဖြစ်ခြင်းမှကာကွယ်နိုင်ရန်အတွက် အသက်၂လ၊ ၄လ၊ ၆လ မှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေးကို မပျက်မကွက် သုံးကြိမ်ပြည့်အောင် သွားရောက်ထိုးနှံပေးကြပါလို့ အကြံပြုရင်း နိဂုံးချူပ်လိုက်ရပါတယ်။

Author: Dr 528

Previous Post

လက်၊ ခြေဖဝါးနှင့် ပါးစပ် ရောဂါ

Next Post

စိတ်ဖိစီးမှုတွေများလာရင် ဘာတွေ စားကြမလဲ ???

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
262

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
319

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
836

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
673

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ဖိစီးမှုတွေများလာရင် ဘာတွေ စားကြမလဲ ???

ကျွန်တော် တို့ နေ့စဉ် စားနေတဲ့ စားသုံးဆီ တွေထဲ မှာ ဘယ်လို ဆီမျိုး ကို စားသင့်ပါသလဲ????

ကင်ဆာရောဂါကို ဘယ်လို ကာကွယ်ကြမလဲ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.