ဝက္သက္ေရာဂါကို မေပါ့ဆသင့္ပါ
ဝက္သက္ေရာဂါသည္ လြန္စြာကူးစက္လြယ္ေသာ ေရာဂါျဖစ္ပါသည္။ ကပ္ေရာဂါသဖြယ္ျဖစ္ၿပီး လူမ်ားစြာ ေသဆုံးႏိုင္ပါသည္။ အာဟာရခ်ိဳ႕တဲ့ေသာ ေသဆုံးႏိုင္ပါသည္။ အာဟာရခ်ိဳ႕တဲ့ေသာ ကေလးမ်ားတြင္ ေသဆုံးမႈမ်ားပါသည္။ ဝက္သက္ေရာဂါသည္ ကာကြယ္ေဆးျဖင့္ ကာကြယ္၍ ရပါသည္။ ကာကြယ္ေဆးမထိုးေသာ ကေလးမ်ားတြင္ အသက္အႏၲရာယ္စိုးရိမ္ရပါသည္။ ထို႔ေၾကာင့္ ဝက္သက္ေရာဂါကို မေပါ့ဆပဲ ဂ႐ုစိုက္ရပါမည္။
(၁) ဝက္သက္ေရာဂါဆိုသည္မွာ
ဝက္သက္ေရာဂါသည္ ဗိုင္းရပ္စ္ပိုးတစ္မ်ိဳးေၾကာင့္ ျဖစ္ပါသည္။ ကူးစက္လြယ္ၿပီး ျဖစ္ပြားသူ မ်ားသကဲ့သို႔ ေသဆုံးသူ အေရအတြက္လည္း မ်ားပါသည္။
(၂) ေရာဂါကူးစက္ျပန႔္ပြားျခင္း
ဝက္သက္ေရာဂါသည္ တစ္ႏွစ္ေအာက္ ကေလးငယ္မ်ားတြင္ အလြယ္တကူ ကူးစက္ျပန႔္ပြားပါသည္။ က်န္းမာေရးဌာနမ်ားႏွင့္ စာသင္ေက်ာင္းမ်ားသည္ ကေလးမ်ားစုေဝးတတ္၍ ကူးစက္လြယ္ပါသည္။ ဝက္သက္ေရာဂါျဖစ္ပြားသူ၏ လည္ေခ်ာင္းႏွင့္ ႏွာေခ်ာင္းတို႔မွထြက္ေသာ အရည္မ်ားႏွင့္ ထိေတြ႕ျခင္းႏွင့္ ၎တို႔မွ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္းတို႔ေၾကာင့္ ေလထဲတြင္ လြင့္ပါလာေသာ အမႈန္စက္မ်ားမွတစ္ဆင့္ ကူးစက္ျပန႔္ပြားပါသည္။
ဝက္သက္ေရာဂါလကၡဏာ စတင္မေပၚမီ ရက္မ်ားစြာႏွင့္ လကၡဏာေပၚၿပီးေနာက္ ရက္မ်ားစြာအထိ ဝက္သက္လူနာသည္ အျခားသူမ်ားအား ကူးစက္မႈေပးႏိုင္ပါသည္။
(၃) ေရာဂါလကၡဏာမ်ား
ဝက္သက္ေရာဂါျဖစ္ပြားသူႏွင့္ ထိေတြ႕ၿပီး ၁၀ ရက္မွ ၁၂ ရက္ခန႔္တြင္ အဖ်ားရွိတတ္ပါသည္။ အဖ်ားသည္ ရက္အနည္းငယ္ခန႔္ၾကာတတ္ၿပီး ႏွာရည္ယိုျခင္း၊ ေခ်ာင္းဆိုးျခင္း၊ မ်က္စိနီၿပီး မ်က္ရည္ထြက္ျခင္းႏွင့္ ပါးေစာင္တြင္ အျဖဴေရာင္အစက္ကေလးမ်ား ေပၚေနတတ္ပါသည္။
မ်က္ႏွာႏွင့္ ဂုတ္ပိုးအေပၚပိုင္းတြင္ အနည္းငယ္ႂကြေနေသာ အနီစက္ကေလးမ်ားသည္ ရက္အနည္းငယ္အၾကာတြင္ ေပၚလာပါသည္။ ေနာက္ထပ္ (၃) ရက္အတြင္း အနီကြက္ကေလးမ်ားသည္ ခႏၶာကိုယ္ပိုင္းႏွင့္ ေျခလက္မ်ားသို႔ ပ်ံ႕ႏွံ႔သြားတတ္ပါသည္။ အနီကြက္ကေလးမ်ားသည္ ခႏၶာကိုယ္ေပၚတြင္ ၅ ရက္၊ ၆ ရက္အထိရွိၿပီး ေပ်ာက္ကြယ္သြားတတ္ပါသည္။
(၄) ေရာဂါ၏ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား
ဝက္သက္ေရာဂါျဖစ္ပြားေသာ တစ္ႏွစ္ေအာက္ကေလးငယ္မ်ားတြင္ ျပင္းထန္ ဝမ္းပ်က္၊ ဝမ္းေလွ်ာျဖစ္ၿပီး အရည္ခမ္းေျခာက္မႈ ျဖစ္တတ္ပါသည္။ ကေလးငယ္မ်ားတြင္ နား၏အလယ္ခန္းမ်ား ေရာင္ျခင္းႏွင့္ ျပင္းထန္ေသာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားျဖစ္ပြားတတ္ပါသည္။ ဝက္သက္ေရာဂါ ကာကြယ္ေဆး မထိုးထားေသာကေလးငယ္မ်ားသည္ ေသဆုံးႏိုင္ပါသည္။
အာဟာရဓာတ္ လြန္စြာခ်ိဳ႕တဲ့ေသာကေလး၊ ဗီတာမင္ေအ ခ်ိဳ႕တဲ့ေသာကေလး၊ အိပ္ခ်္အိုင္ဗြီ (သို႔မဟုတ္) အျခားေရာဂါ တစ္မ်ိဳးမ်ိဳးေၾကာင့္ ကိုယ္ခံအားက်ဆင္းေနေသာ ကေလးႏွင့္ လူမ်ားစြာ ႁပြတ္သိပ္ေနရေသာ အိမ္တြင္ေနထိုင္ေသာကေလးမ်ားတြင္ ေရာဂါ၏ ေနာက္ဆက္တြဲဆိုးက်ိဳးကို ပိုမိုခံစားရႏိုင္ပါသည္။
(၅) ေရာဂါကုသျခင္း
ဝက္သက္ေရာဂါျဖစ္ပြားေသာ ကေလးငယ္မ်ားအား အစားအေသာက္ႏွင့္ အရည္မ်ားစြာ တိုက္ေကြၽးရပါမည္။ အာဟာရျပည့္ဝေအာင္ ေဆာင္႐ြက္ရပါမည္။ အရည္ဓာတ္ ခမ္းေျခာက္ျခင္းကို သက္သာေစရန္ ဓာတ္ဆားရည္တိုက္ရပါမည္။ ဝက္သက္ေရာဂါျဖစ္ပြားပါက ဗီတာမင္ေအ အပိုေဆာင္းတိုက္ေကြၽးရပါမည္။ နားတြင္း ပိုးဝင္ျခင္းႏွင့္ အသက္ရွဴလမ္းေၾကာင္း ပိုးဝင္ျခင္း အတြက္ ပဋိဇီဝေဆးမ်ား ေပးရပါမည္။
(၆) ေရာဂါမျဖစ္ေစရန္ ကာကြယ္ျခင္း
ဝက္သက္ေရာဂါ မျဖစ္ပြားေစရန္ ဝက္သက္ေရာဂါ ကာကြယ္ေဆး ထိုးေပးရပါမည္။ ေဆး႐ုံမွတစ္ဆင့္ ဝက္သက္ေရာဂါကူးစက္မႈ မခံရေစရန္ အသက္ (၆) လမွ (၉) လၾကားကေလးမ်ား ေဆး႐ုံတက္ေရာက္ပါက ဝက္သက္ကာကြယ္ေဆး ထိုးသင့္ပါသည္။ ကေလးငယ္ အသက္ (၉) လမျပည့္မီ ဝက္သက္ကာကြယ္ေဆး ထိုးထားပါက အသက္ (၉)လ သို႔မဟုတ္ အသက္ (၉)လျပည့္ၿပီးလွ်င္ၿပီးျခင္း ဒုတိယအႀကိမ္ ထိုးေပးရပါမည္။
(၇) အႀကံျပဳခ်က္
ဝက္သက္ေရာဂါႏွင့္ ဆက္စပ္၍ ေသဆုံးရမႈမ်ားတြင္ နမိုးနီးယားေၾကာင့္ ေသဆုံးမႈသည္ အျဖစ္အမ်ားဆုံး ျဖစ္ပါသည္။ ဝက္သက္ေရာဂါ မျဖစ္ပြားေစရန္ ဝက္သက္ကာကြယ္ေဆး ထိုးေပးရပါမည္။ အစုလိုက္ဝက္သက္ေရာဂါ ကာကြယ္ေဆးထိုးေပးျခင္း အစီအစဥ္တြင္ ျပည္သူတိုင္း ပါဝင္သင့္ေၾကာင့္ အႀကံျပဳအပ္ပါသည္။
Author: ေဒါက္တာေကာင္းစံ, Healthcare Journal, Vol 8, no 49 (22.12.17) Pg 8
Unicode
ဝက်သက်ရောဂါကို မပေါ့ဆသင့်ပါ
ဝက်သက်ရောဂါသည် လွန်စွာကူးစက်လွယ်သော ရောဂါဖြစ်ပါသည်။ ကပ်ရောဂါသဖွယ်ဖြစ်ပြီး လူများစွာ သေဆုံးနိုင်ပါသည်။ အာဟာရချို့တဲ့သော သေဆုံးနိုင်ပါသည်။ အာဟာရချို့တဲ့သော ကလေးများတွင် သေဆုံးမှုများပါသည်။ ဝက်သက်ရောဂါသည် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရပါသည်။ ကာကွယ်ဆေးမထိုးသော ကလေးများတွင် အသက်အန္တရာယ်စိုးရိမ်ရပါသည်။ ထို့ကြောင့် ဝက်သက်ရောဂါကို မပေါ့ဆပဲ ဂရုစိုက်ရပါမည်။
(၁) ဝက်သက်ရောဂါဆိုသည်မှာ
ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပါသည်။ ကူးစက်လွယ်ပြီး ဖြစ်ပွားသူ များသကဲ့သို့ သေဆုံးသူ အရေအတွက်လည်း များပါသည်။
(၂) ရောဂါကူးစက်ပြန့်ပွားခြင်း
ဝက်သက်ရောဂါသည် တစ်နှစ်အောက် ကလေးငယ်များတွင် အလွယ်တကူ ကူးစက်ပြန့်ပွားပါသည်။ ကျန်းမာရေးဌာနများနှင့် စာသင်ကျောင်းများသည် ကလေးများစုဝေးတတ်၍ ကူးစက်လွယ်ပါသည်။ ဝက်သက်ရောဂါဖြစ်ပွားသူ၏ လည်ချောင်းနှင့် နှာချောင်းတို့မှထွက်သော အရည်များနှင့် ထိတွေ့ခြင်းနှင့် ၎င်းတို့မှ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် လေထဲတွင် လွင့်ပါလာသော အမှုန်စက်များမှတစ်ဆင့် ကူးစက်ပြန့်ပွားပါသည်။
ဝက်သက်ရောဂါလက္ခဏာ စတင်မပေါ်မီ ရက်များစွာနှင့် လက္ခဏာပေါ်ပြီးနောက် ရက်များစွာအထိ ဝက်သက်လူနာသည် အခြားသူများအား ကူးစက်မှုပေးနိုင်ပါသည်။
(၃) ရောဂါလက္ခဏာများ
ဝက်သက်ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ပြီး ၁၀ ရက်မှ ၁၂ ရက်ခန့်တွင် အဖျားရှိတတ်ပါသည်။ အဖျားသည် ရက်အနည်းငယ်ခန့်ကြာတတ်ပြီး နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မျက်စိနီပြီး မျက်ရည်ထွက်ခြင်းနှင့် ပါးစောင်တွင် အဖြူရောင်အစက်ကလေးများ ပေါ်နေတတ်ပါသည်။
မျက်နှာနှင့် ဂုတ်ပိုးအပေါ်ပိုင်းတွင် အနည်းငယ်ကြွနေသော အနီစက်ကလေးများသည် ရက်အနည်းငယ်အကြာတွင် ပေါ်လာပါသည်။ နောက်ထပ် (၃) ရက်အတွင်း အနီကွက်ကလေးများသည် ခန္ဓာကိုယ်ပိုင်းနှင့် ခြေလက်များသို့ ပျံ့နှံ့သွားတတ်ပါသည်။ အနီကွက်ကလေးများသည် ခန္ဓာကိုယ်ပေါ်တွင် ၅ ရက်၊ ၆ ရက်အထိရှိပြီး ပျောက်ကွယ်သွားတတ်ပါသည်။
(၄) ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
ဝက်သက်ရောဂါဖြစ်ပွားသော တစ်နှစ်အောက်ကလေးငယ်များတွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပြီး အရည်ခမ်းခြောက်မှု ဖြစ်တတ်ပါသည်။ ကလေးငယ်များတွင် နား၏အလယ်ခန်းများ ရောင်ခြင်းနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားတတ်ပါသည်။ ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးထားသောကလေးငယ်များသည် သေဆုံးနိုင်ပါသည်။
အာဟာရဓာတ် လွန်စွာချို့တဲ့သောကလေး၊ ဗီတာမင်အေ ချို့တဲ့သောကလေး၊ အိပ်ချ်အိုင်ဗွီ (သို့မဟုတ်) အခြားရောဂါ တစ်မျိုးမျိုးကြောင့် ကိုယ်ခံအားကျဆင်းနေသော ကလေးနှင့် လူများစွာ ပြွတ်သိပ်နေရသော အိမ်တွင်နေထိုင်သောကလေးများတွင် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကို ပိုမိုခံစားရနိုင်ပါသည်။
(၅) ရောဂါကုသခြင်း
ဝက်သက်ရောဂါဖြစ်ပွားသော ကလေးငယ်များအား အစားအသောက်နှင့် အရည်များစွာ တိုက်ကျွေးရပါမည်။ အာဟာရပြည့်ဝအောင် ဆောင်ရွက်ရပါမည်။ အရည်ဓာတ် ခမ်းခြောက်ခြင်းကို သက်သာစေရန် ဓာတ်ဆားရည်တိုက်ရပါမည်။ ဝက်သက်ရောဂါဖြစ်ပွားပါက ဗီတာမင်အေ အပိုဆောင်းတိုက်ကျွေးရပါမည်။ နားတွင်း ပိုးဝင်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း အတွက် ပဋိဇီဝဆေးများ ပေးရပါမည်။
(၆) ရောဂါမဖြစ်စေရန် ကာကွယ်ခြင်း
ဝက်သက်ရောဂါ မဖြစ်ပွားစေရန် ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးပေးရပါမည်။ ဆေးရုံမှတစ်ဆင့် ဝက်သက်ရောဂါကူးစက်မှု မခံရစေရန် အသက် (၆) လမှ (၉) လကြားကလေးများ ဆေးရုံတက်ရောက်ပါက ဝက်သက်ကာကွယ်ဆေး ထိုးသင့်ပါသည်။ ကလေးငယ် အသက် (၉) လမပြည့်မီ ဝက်သက်ကာကွယ်ဆေး ထိုးထားပါက အသက် (၉)လ သို့မဟုတ် အသက် (၉)လပြည့်ပြီးလျှင်ပြီးခြင်း ဒုတိယအကြိမ် ထိုးပေးရပါမည်။
(၇) အကြံပြုချက်
ဝက်သက်ရောဂါနှင့် ဆက်စပ်၍ သေဆုံးရမှုများတွင် နမိုးနီးယားကြောင့် သေဆုံးမှုသည် အဖြစ်အများဆုံး ဖြစ်ပါသည်။ ဝက်သက်ရောဂါ မဖြစ်ပွားစေရန် ဝက်သက်ကာကွယ်ဆေး ထိုးပေးရပါမည်။ အစုလိုက်ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်တွင် ပြည်သူတိုင်း ပါဝင်သင့်ကြောင့် အကြံပြုအပ်ပါသည်။
Author: ဒေါက်တာကောင်းစံ, Healthcare Journal, Vol 8, no 49 (22.12.17) Pg 8
Unicode