fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

မေမေ့ဗိုက်ထဲကကလေးလေး  ဘယ်လိုကြီးလာလဲ

5.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/08/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မိခင်လောင်းများအနေဖြင့် မိမိလွယ်ထားသော ကိုယ်ဝန်အတွက် သားသားလား မီးမီးလား သိချင်သူများရှိသကဲ့သို့၊ ကလေးလေး ကိုယ်အင်္ဂါစုံရဲ့လား? ဘယ်အချိန် နှလုံးခုန်မလဲကအစ ရင်ခုန်စိတ်လူပ်ရှားမူအပြည့်ဖြင့် သိချင်ဇောများကြပါတယ်။

ကိုယ်ဝန်ဆောင်ရက်စတွက်ရာမှာ အမျိုးသမီးရဲ့ နောက်ဆုံးရာသီလာတဲ့ ပထမဦးဆုံးရက်က စတင်တွက်ချက်ပါတယ်။ ကိုယ်ဝန်ပတ် ၄၀ ခန့်လွယ်ထားရပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့ကာလကို ၃ ပိုင်းပိုင်းပြီး အမည်တပ်သတ်မှတ်လေ့ ရှိပါတယ်။ ပထမ၊ ဒုတိယနဲ့ တတိယပိုင်းဆိုပြီး တစ်ပိုင်းလျှင် ၃ လစီ သတ်မှတ်ထားပါတယ်။ မိခင်တွေ အလွယ်တကူနားလည်စေရန် လအပိုင်းအခြားလိုက် တလအတွင်းကြီးထွားမှုကို ဗဟုသုတအဖြစ်မှတ်သားရန် ရေးသားပေးလိုက်ပါတယ်။

(1) ပထမလ

မမျိုးဥနဲ့ သုက်ပိုးတွေ့ရှိကာ သန္ဓေအောင်မြင်ပြီးနောက် သန္ဓေသားလောင်းဟာ ရေမြှုပ်ကဲ့သို့ကာရံထားတဲ့ အိတ်အတွင်းစတင်ကြီးထွားစဉ် ကာလဖြစ်ပါတယ်။ မိခင်နဲ့ဆက်သွယ်ရန် အချင်းဖြစ်ပေါပြီး မျက်နှာနှင့် နှလုံးအဖြစ်ကြီးထွားရန် ကနဦးအစပိုင်းကာလလည်းဖြစ်ပါတယ်။ ပထမတစ်လပြီးနောက် သန္ဓေသားလောင်းဟာ တစ်လက်မရဲ့ ၄ ပုံ ၁ ပုံခန့် ရှည်လျားနေပါတယ်။

(2) ဒုတိယလ

ကိုယ်ဝန် ၂ လအချိန်မှာ ကလေးမျက်နှာအသွင်အပြင်ဖွံဖြိုးလာပြီး ခြေချောင်း၊ လက်ချောင်း၊ မျက်စိစတင်ကြီးထွားရန် အစပျိုးတဲ့ကာလပင် ဖြစ်ပါတယ်။ ဦးနှောက်နဲ့ အစာအိမ်လမ်းကြောင်း၊ အရိုးစတာတွေလည်း အစပျိုးကြီးထွားချိန် ဖြစ်ပါတယ်။ ကိုယ်ဝန် ၂ လမှာ သန္ဓေသားလောင်းဟာ ၁ လက်မခန့်နဲ့ ၁/၃၀ အောင်စခန့်ရှိနေပါပြီ။

(3) တတိယလ

ကိုယ်ဝန်ဆောင် ၃ လချိန်မှာ ကလေးဟာ ခြေလက်တွေ ပီပီပြင်ပြင်ကြီးထွားလာပါပြီ။ ကျား/ မခွဲခြားရန်မလွယ်ကူပေမဲ့ မျိုးပွားအင်္ဂါ စတင်ကြီးထွားချိန် ဖြစ်ပါတယ်။ ၃ လပြည့်တာနဲ့ ကလေးလေးဟာ အင်္ဂါစုံလင်ပြီး သွေးလည်ပတ်စတင်ကာ ဆီးလမ်းကြောင်း စတင်အလုပ်လုပ်ပြီး အသည်းမှလည်း သည်းခြေအရည်စတင်ထုတ်ချိန် ဖြစ်ပါတယ်။ ကလေးဟာ ၄ လက်မအရှည်ရှိပြီး တစ်အောင်စ အလေးချိန်သို့ ကြီးထွားလာပါပြီ။

(4) စတုတ္ထလ

၄လမှာ သင့်ကလေးနှလုံးခုန်သံကို နားထောင်တဲ့ကိရိယာဖြင့် ကြားနေရပါပြီ။ မျက်နှာအနေအထားပြည့်စုံပြီး ခြေလက်လှုပ်ရှားမှု စတင်နေချိန်ဖြစ်ပါတယ်။ အာရုံကြောများ ကောင်းစွာအလုပ်လုပ်ပြီး ကျား/မခွဲခြား၍ ရနိုင်ချိန်လည်းဖြစ်ပါတယ်။ ကလေးဟာ ၆ လက်မရှည်ပြီး ၄ အောင်စအလေးချိန်ရောက်နေပါပြီ။

(5) ပဉ္စမလ

ကိုယ်ဝန်ဆောင်ချိန် ၅ လဟာ ကလေးလေးစတင်လှုပ်ရှားခြင်းကို မိခင်မှခံစားသိနိုင်ချိန် ဖြစ်ပါတယ်။ ဆံပင်မှအစအရေပြားစတဲ့ အသေးစိတ် အင်္ဂါများဖွံ့ဖြိုးလာပါတယ်။ အရပ်မှာ ၁၀ လက်မရှည်ပြီး တစ်ပေါင်မှ တစ်ပေါင်ခွဲခန့် အလေးချိန်ရှိလာပါပြီ။

(6) ဆဌမလ

ကိုယ်ဝန် ၆ လမှာ ကလေးလေးဟာ အသားအရေအရောင်နဲ့ ခြေရာလက်ရာထင်ရှားလာပြီး မျက်လုံးပွင့်လာပါပြီ။ အသံကို တုံပြန့်နိုင်စွမ်းရှိလာပါပြီ။ ကိုယ်ဝန် ၆ လမှာ ၁၂ လက်မရှည်ပြီး၂ ပေါင်အလေးချိန်ထိ ကြီးထွားလာပါပြီ။

(7) သတ္တမလ

ကိုယ်ဝန်ဆောင် ၇ လမှာ ကလေးဟာ ကောင်းစွာကြီးထွားပြီး တုံ့ပြန်မှုအား ကောင်းလာပါတယ်။ လစေ့တဲ့ ကလေးအဖြစ်သို့ ရောက်ရှိကာ ၁၄ လက်မအရှည်ရှိပြီး ၄ ပေါင်ထိ ဖွံဖြိုးလာပါပြီ။

(8) အဌမလ

ကိုယ်ဝန်ဆောင်ကာလ ၈ လမြောက်မှာ ကလေးဟာ လှုပ်ရှားမှုအားကောင်းကာ ဦးနှောက်ကောင်းစွာ အလုပ်လုပ်နေပါပြီ။ အဆုတ်မှာမူ ဖွံဖြိုးဆဲအခြေအနေသာ ရှိပါသေးတယ်။ ၁၈ လက်မနဲ့ ၅ ပေါင်ခန့်သို့ ကြီးထွားလာပါပြီ။

(9) နဝမလ

ကိုယ်ဝန်ဆောင်ကာလ ၉ လမှာ အဆုတ်ကောင်းစွာဖွံ့ဖြိုးပြီး မွေးဖွားရန် အသင့်အနေအထားအဖြစ် မွေးလမ်းကြောင်းသို့ ရောက်ရှိနေပါပြီ။ မိခင်တင်ပါးဆုံကွင်းအတွင်း ကလေးခေါင်းရောက်ရှိနေပါပြီ။ ကလေးဟာ ၂၀ လက်မခန့်နဲ့ ၇ ပေါင်အလေးချိန် ရှိနေပါပြီ။

Author: Dr. Pyae Shin

Previous Post

ဆီးချိုသွေးချိုရောဂါနှင့် ရုတ်တရက်လေဖြတ်ခြင်း ဘယ်လိုဆက်စပ်လဲ

Next Post

ဗီတာမင်ဒီ ချို့တဲ့ခြင်း အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
254

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
308

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
815

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
985
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
560

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင်ဒီ ချို့တဲ့ခြင်း အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ

သံဓာတ်အားဆေးဖြည့်စွက်စာများ သောက်သုံးမယ်ဆိုရင်

အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း သက်သာစေဖို့ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.