fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

Can you eat papaya during pregnancy?
560
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/09/2022
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်သည် တယောက်ဖြစ်လာရင် ပြည့်စုံမျှတတဲ့ အစာအာဟာရရရှိဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်မရှိခင်က ဘာစားစား ဘာသောက်သောက်ရပေမယ့် ကိုယ်ဝန်ရှိတဲ့အခါမှာ ပိုစားရမယ့်အစားအသောက်တွေ ရှောင်ရမယ့်အစားအသောက်တွေ ရှိလာပါတယ်။

 

ကိုယ်ဝန်ရှိတဲ့အခါမှာ သင့်ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ၊ အရပ်ထဲကသူတွေဆီကနေ စားတာ သောက်တာနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း ယုံရခက် ၊ မယုံရခက် စကားတွေကြားရတတ်ပါတယ်။ ကိုယ်ဝန်ရှိတဲ့အခါ ဘာစားရင် ယောက်ျားလေးဖြစ်မယ်၊ ဘာစားရင်မိန်းကလေးဖြစ်မယ်၊ ဘာစားရင် အမြွှာဖြစ်မယ်၊ ဘာစားရင် ကလေးမှာဘာဖြစ်တတ်တယ်၊ ဘာစားရင် ကိုယ်ဝန်ပျက်တယ် ဆိုတာမျိုးတွေကိုလည်း ကြားရလေ့ရှိနိုင်ပါတယ်။

 

အရပ်ထဲက အမျိုးသမီးကြီးတွေ ကိုယ်ဝန်ဆောင်တွေကို အများဆုံးပြောလေ့ရှိတာကတော့ ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးမစားဖို့ပါ။ ကိုယ်ဝန်ဆောင်ချိန်သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်ကျတာ၊ မွေးချိန်မတန်ဘဲ ဗိုက်နာပြီးမွေးတာ ဖြစ်တတ်တယ်လို့ ပြောကြလေ့ရှိပါတယ်။ ဒီလိုပြောတာတွေကိုကြားပြီး ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရမရ လာလာမေးကြတဲ့ကိုယ်ဝန်ဆောင်သည်တွေ အများကြီးရှိပါတယ်။

 

အဖြေကိုပြောရရင်တော့ စားလို့ရတယ်။ စားလို့မရဘူးလို့ နှစ်မျိုးဖြေရမှာပါပဲ။

 

ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်တွေအတွက် သင်္ဘောသီးအမှည့်ဟာ ကောင်းကျိုးတွေပေးနိုင်ပြီး မမှည့်တဲ့ သင်္ဘောသီး (သင်္ဘောသီးအစိမ်း) ကတော့ ဆိုးကျိုးတွေပေးနိုင်လို့ပါ။ သင်္ဘောသီးအမှည့်မှာ ဘီတာကယ်ရိုတင်း၊ ကိုလင်း၊ ဖောလိတ်၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်ဓါတ်၊ ဗီတာမင်အေ၊ ဘီ၊ စီတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေကို

  • ကိုယ်ခံအားကိုကောင်းစေကာ ပြင်ပမှ ရောဂါတွေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ခြင်း
  • မကောင်းတဲ့အဆီဓါတ်ကို လျော့နည်းစေကာ သွေးကြောကျဉ်းရောဂါနဲ့ ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်ခြင်း
  • ဝမ်းချုပ်ခြင်းကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို လျော့နည်းစေနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေများစွာပေးစွမ်းနိုင်ပါတယ်။

 

သင်္ဘောသီးအစိမ်းမှာတော့ အစေးဓါတ် နဲ့ Papain ဓါတ်က ကြွယ်ဝများပြားစွာပါဝင်နေပါတယ်။ ထိုဓါတ်တွေဟာ သားအိမ်ကို ကျုံ့ညှစ်စေတဲ့ အစွမ်းသတ္တိရှိပြီး အချိန်မတိုင်ခင်ကလေးမွေးတာ၊ကိုယ်ဝန်ပျက်ကျတာ တွေကိုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သန္ဓေသားရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးကိုစားလို့ရလားလို့မေးရင် သင်္ဘောသီးအမှည့်ဆိုရင်တော့ စားလို့ရပြီး သင်္ဘောသီးအစိမ်း (မမှည့်တဲ့သင်္ဘောသီး) ဆိုရင်တော့ စားလို့မရဘူးလို့ ဖြေရမှာပါ။

 

ကိုယ်ဝန်ဆောင်များအနေနဲ့ သင်္ဘောသီးထောင်း၊ သင်္ဘောသီးသုပ်တွေကို လုံးဝမစားသင့်ပါ။

 

တချို့ကိုယ်ဝန်ဆောင်တွေအနေနဲ့ကတော့ စိုးရိမ်လွန်တဲ့အတွက် သင်္ဘောသီးအမှည့်ကော၊ အစိမ်းကော ကို ကိုယ်ဝန်ရှိချိန်မှာ လုံးဝရှောင်ကြပါတယ်။ ဒါဟာလည်း ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သင်္ဘောသီးမှည့်ကရတဲ့ကောင်းကျိုးတွေကို တခြားသစ်သီးတွေစားခြင်းဖြင့်လည်း ရရှိနိုင်လို့ဖြစ်ပါတယ်။

 

Author: Dr သီတာနွယ်(အမရပူရ)

Previous Post

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းဖြစ်ရတဲ့ အကြောင်းအရင်းများ

Next Post

သတိပြုစရာ အဆုတ်ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
343

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
533

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
443

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
484

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား

3 years ago
158

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

Blood cancer

သွေးကင်ဆာဆိုတာ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.