fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

သတိမမူမိတဲ့ အဆုတ်ကျန်းမာရေးထိခိုက်နိုင်သော အလေ့အထများ

652
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/04/2022
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

မိမိတို့ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ရရှိရန်နှင့် အသက်ရှူခြင်း ဇီဝကမ္မဖြစ်စဉ်အတွက် အရေးကြီးသော အဂ်ါအစိတ်အပိုင်းမှာ အဆုတ်ဖြစ်ပါသည်။ ထို့ကြောင့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ အလွန်အရေးကြီးပါသည်။ မိမိတို့ နေ့စဉ်ပြုမူနေတဲ့ အလေ့အထတွေမှာ သတိမမူမိပဲ အဆုတ်ကျန်းမာရေးထိခိုက်နိုင်သော အမူအကျင့်တွေ ရှိနေတတ်ပါသည်။

အဆုတ်ကျန်းမာရေးထိခိုက်နိုင်သော အလေ့အထများမှာ

၁။ အဆုတ်ကင်ဆာရောဂါ ဖြစ်နိုင်သည့်နှုန်းကို မြင့်တက်စေသည့် ဆေးလိပ်သောက်ခြင်း သို့မဟုတ် တဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်ခြင်း passive smoking၊ ဆေးလိပ်အစားထိုး vape အသုံးပြုခြင်း

၂။ အခန်းတွင်းရှိ လေအေးပေးစက် aircon၊ ပန်ကာ၊ အစိုဓါတ်ပေး လေသန့်စင်စက် Humidifier စသည်တို့ကို ပုံမှန်သန့်ရှင်း ဆေးကြောခြင်း မပြုလုပ်ခြင်း

၃။ လေထုညစ်ညမ်းမှုများသော နေရာတွင် နေထိုင်ခြင်း

၄။ အိပ်ယာ၊ ကော်ဇော စသည့်အရာဝတ္ထုများရှိ ဖုန်မှုန့်များကို သန့်ရှင်းရေးမပြုလုပ်ခြင်း

၅။ မီးခိုးငွေ့၊ ဓါတ်ငွေ့၊ ကျောက်မီးသွေးကဲ့သို့ ဒြပ်ပေါင်းအမှုန်အမွှားများ အမြဲရှူရှိုက်နေရခြင်း

၆။ ဓါတုဗေဒဆေးများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် အမြဲထိတွေ့နေရခြင်း

၇။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများဖြစ်သည့် အဆီနှင့် ဆိုဒီယမ်ဓါတ်မြင့်သည့် အသင့်စားအစာများ၊ ဆီကြော်၊ ပေါင်မုန့်၊ ဘီယာအရက်များ အလွန်အကျွံ မှီဝဲခြင်း

၈။ ကျောရိုးအနေအထား ရှေ့သို့ကိုင်းခြင်း၊ ကုန်းခြင်းကဲ့သို့ ကိုယ်နေဟန်ထား ပုံမမှန်ခြင်းကြောင့် အဆုတ်၏ အသက်ရှူလုပ်ငန်း ထိခိုက်ခြင်း

၉။ အဝလွန်ခြင်းကြောင့် အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။ ကိုယ်အလေးချိန်ကို ပုံမှန်သတ်မှတ်ချက် အတွင်းရှိအောင် မထိန်းခြင်းသည်လည်း အဆုတ်ကျန်းမာရေးကို ထိခိုက်စေပါသည်။

၁၀။ အဆုတ်နှင့် ပါတ်သက်သည့် ရောဂါလက္ခဏာများဖြစ်သည့် နာတာရှည်ချောင်းဆိုးခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ရင်ကြပ်ခြင်း စသည်တို့ခံစားရသော်လည်း စစ်ဆေးကုသမှု မခံယူခြင်း

၁၁။ အဆုတ်ကျန်းမာရေး ကောင်းစေသည့် ကိုယ်လက်လှုပ်ရှားခြင်းနှင့် အသက်ရှုလေ့ကျင့်ခန်းများ ပုံမှန်မပြုလုပ်ခြင်း

၁၂။ ရာသီတုပ်ကွေးကဲ့သို့ ကူးစက်ရောဂါ ပျံ့ပွါးမှုကာလတွင် လူထူထပ်ရာနေရာများသွားခြင်း၊ နှာခေါင်းစည်း mask အကာအကွယ်များ မတပ်ဆင်ခြင်း၊ လက်ကို ရေ၊ ဆပ်ပြာ၊ လက်သန့်ဆေးရည်တို့ဖြင့် မဆေးကြောခြင်း

၁၃။ ရာသီတုပ်ကွေးနှင့် ကိုဗစ်ကာကွယ်ဆေးကဲ့သို့ ကာကွယ်ဆေးများ ပုံမှန်ထိုးရန် ပျက်ကွက်ခြင်း

၁၄။ မိမိတွင် ပန်းနာရင်ကြပ်ကဲ့သို့ အဆုတ်၊အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါအခံရှိသော်လည်း ဆေးကုသမှုမခံယူခြင်းတို့ဖြစ်သည်။

အထက်ပါအချက်များသည် မိမိတို့နေ့စဉ်ဘဝတွင် သတိမမှုမိဘဲ ပြုလုပ်မိလျက်ရှိသော အဆုတ်ကျန်းမာရေး ထိခိုက်နိုင်သည့် အကြောင်းအရာများဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ နေထိုင်မှု ဘဝပုံစံ၊ ပါတ်ဝန်းကျင် အခြေအနေ၊ ရောဂါအခံနှင့် အလုပ်အကိုင်တို့ကို ပြန်လည်စစ်ဆေးပြီး ကျန်းမာသော အဆုတ်နှင့်ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်အောင် ဆောင်ရွက်သင့်ပါသည်။

Author: Dr. Yee Mon

Previous Post

အဖျားကြီးပြီး တက်တတ်သောကလေး

Next Post

အပူချိန်လွန်ကဲလို့ ခေါင်းကိုက်တဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
375
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
671

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
683
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
845
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပူချိန်လွန်ကဲလို့ ခေါင်းကိုက်တဲ့အခါ

မကြာခဏ နှာချေရခြင်းအကြောင်းရင်း

နာတာရှည်ဒူးနာခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.