fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သားသားလေးလား မီးမီးလေးလား

960
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/01/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A











Author : Dr. မေ

သားသားလေးလား မီးမီးလေးလား

ကိုယ်ဝန်သည် တော်တော်များများ သိချင်ကြတာက ကိုယ်လွယ်ထားရတဲ့ ကလေးလေးက သားသားလေးလား၊ မီးမီးလေးလား ဆိုတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ယုံတမ်းစကားတွေလည်း အများကြီး ကြားဖူးကြပါလိမ့်မယ်။

ယောက်ကျားလေး တစ်ယောက်ဖြစ်ဖို့ အတွက် မျိုးရိုး ဗီဇ ဖွဲ့စည်းမှုက XY ဖြစ်ရမှာ ဖြစ်ပြီး မိန်းကလေး တစ်ယောက်ဖြစ်ဖို့အတွက် မျိုးရိုးဗီဇ ဖွဲ့စည်းမှုက XX ဖြစ်ရမှာ ဖြစ်ပါတယ်။ XY နဲ့ XX က အဓိက က အဖေဖြစ်သူပေါ် မူတည်ပါတယ်။ ကလေးတစ်ယောက်ဖြစ်ဖို့အတွက် မျိုးရိုးဗီဇ အမေဆီက တစ်ဝက် အဖေဆီက တစ်ဝက် လိုပါတယ်။ မိခင်ဖြစ်သူရဲ့ မျိုးရိုးဗီဇအရ X ကိုသာ ပေးနိုင်ပါတယ်။ ကျန်တဲ့ တစ်ခုကတော့ အဖေဖြစ်သူရဲ့ X ဖြစ်မလား Y ဖြစ်မလားပေါ် မူတည်ပြီး ယောက်ကျားလေးဖြစ်တယ် ၊ မိန်းကလေးဖြစ်တယ် ကွဲပြားသွားရခြင်း ဖြစ်ပါတယ်။

အဖေဖြစ်သူရဲ့ သုက်ပိုးနဲ့ အမေဖြစ်သူရဲ့ မျိုးဥတို့ ပေါင်းစပ်ပြီး ကလေးဖြစ်ပေါ်လာပါတယ်။ အဲဒီအတွက် X ပါတဲ့ သုက်ပိုးနဲ့ ပေါင်းစပ်သွားရင် မိန်းကလေးမွေးဖွားမှာ ဖြစ်ပြီး Y ပါတဲ့သုက်ပိုးနဲ့ ပေါင်းစပ်ရင်တော့ ယောက်ကျားလေး မွေးဖွားမှာ ဖြစ်ပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ X ပါတဲ့ သုက်ပိုးနဲ့ Y ပါတဲ့ သုက်ပိုး လှုပ်ရှားမှုကို နှိုင်းယှဉ်လိုက်တဲ့အခါမှာ Y ပါတဲ့ သုက်ပိုးက ပိုပြီး လှုပ်ရှားမှု မြန်ဆန်ပါတယ်။ အရွယ်အားဖြင့်လည်း ပိုသေးပါတယ်။ ဒါကြောင့် မ မျိုးဥဆီကို တခြား X ပါတဲ့ သုက်ပိုးထက် မြန်မြန် ပိုရောက်စေနိုင်ပါတယ်။

ဒါပေမယ့် သက်တမ်းအားဖြင့် ဆိုရင်တော့ X ပါတဲ့ သုက်ပိုးက ပိုသက်တမ်းကြာပါတယ်။ ဒါကြောင့် မမျိုးဥ ကြွေတဲ့ နေ့ရက်မှာ လိင်ဆက်ဆံခြင်းဖြင့် ယောက်ကျားလေးမွေးဖို့ ပိုများပြီး မျိုးဥကြွေပြီး ၂ ရက် ၃ ရက်လောက်မှ လိင်ဆက်ဆံခြင်းဖြင့် မိန်းကလေး မွေးဖို့ ပိုများပါတယ်။ မျိုးဥကြွေတဲ့ ရက်ကို ဘယ်လိုတွက်ရမယ်ဆိုတာတော့ “ကလေးရနိုင်တဲ့ ရက်တွေ”ဆိုတဲ့ ဆောင်းပါးလေးမှာ ဖတ်ကြည့်နိုင်ပါတယ်။

နောက်ထပ်တစ်ခုကတော့ လိင်ဆက်ဆံတဲ့အချိန်မှာ အမေဖြစ်သူမှာ စိတ်ဖိစီးမှုတွေ များနေခဲ့ရင် ယောက်ကျားလေးမွေးဖို့ ပိုများပါတယ်။ စိတ်ဖိစီးတဲ့အချိန်မှာ testrosterone နဲ့ cortisol တွေ ထွက်ပါတယ်။ အဲဒီ ဟော်မုန်းဓာတ်တွေက မမျိုးဥ ကို အနည်းငယ် ပြောင်းလဲစေပါတယ်။ ပြောင်းလဲမှုတွေကြောင့် မိန်းကလေးဖြစ်စေတဲ့ X ပါတဲ့ သုက်ပိုးထက်စာရင် Y ပါတဲ့ သုက်ပိုးက ပိုပြီး ထိုးဖောက်ဝင်ရောက်မှု လွယ်ကူစေပါတယ်။

ယောက်ကျားလေး မိန်းကလေးလားဆိုတာ အမေ အဖေရဲ့ အသက်ပေါ်မှာလည်း မူတည်ပါသေးတယ်။ အသက်ကြီးတဲ့ စုံတွဲတွေက ကလေး မိန်းကလေး ရဖို့ ပိုပြီး များပါတယ်။ အသက်အရွယ်ကြောင့် မိခင်မှာ ဟော်မုန်း ပြောင်းလဲမှုတွေကြောင့်ရော ဖခင်မှာ ယောက်ကျားလေး ဖြစ်စေတဲ့ Y ပါတဲ့ သုက်ပိုးတွေ နည်းလာတာကြောင့်ရော ဖြစ်နိုင်ပါတယ်။

ပြီးတော့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဗိုက်ကြီးနာ ( အော့ခြင်း ၊ အန်ခြင်း ) တွေ ပိုခံစားနေရရင်လည်း သင့်ကလေးဟာ မိန်းကလေးဖြစ်ဖို့ များပါတယ်။ ဒါတွေက များသောအားဖြင့် ဖြစ်တတ်တဲ့ အကြောင်းအရင်းတွေနဲ့ သဘောတရားတွေကို ပြောပြတာပါ။ ဒါတွေအပြင် အရပ်ထဲမှာ ဗိုက်က လုံးနေလား ၊ ပြားနေလား ဆိုတာနဲ့ ခန့်မှန်းတာတွေရှိသလို အဆီတွေ က တင်ပါးမှာ စုနေတာလား ၊ ဗိုက်မှာ စုနေတာလားတွေပေါ် ကြည့်ပြီး ခန့်မှန်းတာတွေလည်း ရှိပါတယ်။

မိမိရတဲ့ ကလေးက ယောက်ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လိမ္မာအောင် ပြုစုပျိုးထောင်ပေးရင် လိမ္မာယဉ်ကျေးပြီး အားကိုးအားထားပြုရမှာပါ။ မိန်းကလေးမို့ အချစ်ပိုမယ် ယောက်ကျားလေးမို့ အချစ်လျော့တယ်။ ယောက်ကျားမွေးလို့ မြတ်တယ်၊ မိန်းကလေးမွေးလို့ သိမ်ငယ်တယ်ဆိုတာတွေ မဖြစ်စေချင်ပါဘူး။

ကိုယ်ဝန်ကာလ အပတ် ၂၀ ကျော်တဲ့အခါ အာထရာဆောင်း ရိုက်ကြည့်ရင် ယောက်ကျားလေးလား ၊ မိန်းကလေးလား အကြမ်းပျဉ်း ခွဲနိုင်သလို ကလေးမှာ ချို့ယွင်းချက်တွေ ရှိမရှိ ၊ သားအိမ်အနေအထား အချင်းအနေအထားတွေလည်း သိနိုင်လို့ အရပ်ထဲက ယုံတမ်းစကားတွေအပြင် အာထရာဆောင်း ရိုက်ကြည့်ဖို့ အကြံပေးရင်း ……….

Author : Dr. မေ

Previous Post

အသားအရေ လှပစေဖို့

Next Post

ကာကွယ်ဆေးထိုးဖို့လိုလား


ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
699

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
676
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.6k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

2 years ago
1.5k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

2 years ago
827

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကာကွယ်ဆေးထိုးဖို့လိုလား

သင်သိသင့်တဲ့ အသည်းရောင်ရောဂါ

ကလေးတို့ အမြဲ ကျန်းမာစေဖို့ရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.