သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်ရေး နဲ့ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု မရှိရေး
တချို့ကတော့ သက်ငယ်မုဒိမ်းမှုတွေ များလာရတာက အိုင်တီခေတ် မှာ ဖုန်းတွေပေါများလာက ဆိုရှယ်မီဒီယာ တွေအားကောင်းလာ(မကောင်းတဲ့ဝက်ဆိုဒ်၊ပေ့တွေကိုဆိုလိုတာပါ) တာကြောင့်လို့ ပြောကြပါတယ်။ ဒါဟာမှန်သင့်သလောက် မှန်ပါတယ်။ သို့သော် တဖက်က ပြန်ကြည့်ပြီး သုံးသပ်ရရင်
သက်ငယ်မုဒိမ်းမှုဆိုတာက သိပ်မကြာခင် နှစ်တွေကမှဖြစ်တဲ့ ပြသာနာမဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်းအတွင်းမှာ ဆယ်စုနှစ် နှစ်ခု သုံးခု မကကြာအောင် လှိုက်စားပြီးဖြစ်နေခဲ့တာပါ။
ဒီဘက်ခေတ်မှာ လူတိုင်း ဖုန်းတွေနဲ့အင်တာနက်တွေ သုံးလာနိုင်ပြီး ပွင့်လင်းလာကာ ဆိုရှယ်မီဒီယာတွေ အားကောင်းလာ (ဒီစာကြောင်းမှာက သတင်းမီဒီယာပေ့၊ ဝက်ဆိုဒ်တွေကို ဆိုလိုတာပါ အပေါ်မှာလည်း ဒီစာလုံးပါလို့ ဒွိဟဖြစ်နေမှာစိုးလို့ ရှင်းပြရတာပါ) လို့သာ လူတွေသိလာကြရတာပါ။ ဒီလိုသတင်းဆိုရှယ်မီဒီယာတွေ အားကောင်းပြီး ပွင့်လင်းလာတဲ့ ခေတ်မှာတောင်မှ အမှုဆယ်မှုမှာ တမှုလောက်သာ လူသိရှင်ကြားဖြစ်တာပါ။
ကလေးလို့ရေးတဲ့နေရာမှာ ယောက်ျားလေးရော၊ မိန်းကလေးရော ပါပါတယ်။ အခုခေတ်က ငါတို့က သားယောက်ျားလေး မွေးထားတာပဲ။ စိုးရိမ်စရာမလိုပါဘူးကွာ လို့ပြောလို့မရတော့ပါ။ မုဒိမ်းကောင်တွေဟာ ကလေးငယ် ယောက်ျားလေးတွေကိုပါ ပစ်မှတ်ထားလာသည်အထိ ဆိုးသွမ်းလာကြပါပြီ။သတင်းတွေဖတ်ရင် တွေ့နိုင်ပါတယ်။
ဒါ့အပြင် ကလေးတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ဥပဒေအရ မုဒိမ်းမှု မမြှောက်တဲ့ ဘာပြစ်မှုမှ မမြှောက်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ (Sexual Abuse) ခံနေရကြတာတွေလည်း အများကြီးပါ။ ဥပမာပြောရရင် ကျွန်တော်တို့ဆီမှာ ကလေးငယ် (ယော်ကျားလေးဆိုရင်) သူရဲ့ ရွှေပန်း သို့မဟုတ် အင်္ဂါကို ဦးလေးဖြစ်သူက စတဲ့နောက်တဲ့သဘောနဲ့ ကိုင်တွယ်တာ ညှစ်တာမျိုးပါ။
ဒီလိုအပြုအမူဟာ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်္ကာပူမှာဆိုရင် စစ်ဆေးလို့တွေ့ရှိဟုတ်မှန်ခဲ့ရင် အဲ့ကလေးရဲ့ ဦးလေးကို ဘယ်လိုအာမခံမှ မပေးဘဲ ဆယ်နှစ်ထိ ထောင်ချပါတယ်။ ကလေးကယောက်ျားလေးမို့လို့ ကလေးရဲ့ဦးလေးမို့လို့ဆိုပြီး လျှော့ပေါ့ပေးတာမျိုး လုံးဝမရှိပါ။ သဘောရိုးနဲ့ကိုင်တွယ်တာလား မမှန်မကန်တဲ့ သဘောနဲ့ ကိုင်တွယ်တာလားလည်း လုံးဝ ထည့်စဉ်းစားမပေးပါဘူး။ No Excuse ပါ။ ဆိုလိုတာက ဘယ်လိုချွင်းချက်မှ ထည့်စဉ်းစားမပေးပါ။
ဒါတောင် Rape Case ဖြစ်တဲ့ မုဒိမ်းမှု မဟုတ်သေးဘူးနော်။ အဲ့လောက်ထိကို သူတို့နိုင်ငံမှာ နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေကို စောင့်ရှောက်ပေးထားပါတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ ဒီလိုဥပဒေမရှိသေးပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းအနေနဲ့လည်း မြို့ပေါ်အသိုင်းအဝိုင်းမှာကို ခင်မင်ရင်နှီးတဲ့ သို့မဟုတ် ဆွေမျိုးတော်စပ်သူတဦးက မိမိ ကလေးရဲ့ ရွှေပန်းကို ဆော့ကစားတဲ့၊ ဥကိုညှစ်တဲ့ အပြုအမှုမျိုးကို Sexual Abuse လုပ်တယ်လို့မမြင်ဘဲ ကလေးကို ချစ်လို့စတယ်လို့ပဲ မြင်နေကြသေးပါတယ်။
ဒါကြောင့် တဏှာစိတ်များတဲ့ စိတ်ထားမမှန်တဲ့သူတွေဟာ ကလေးယောက်ျားလေးတွေဆိုရင် ခုနတုန်းက အပြုအမှုမျိုးတွေ၊ ကလေးမိန်းကလေး တွေဆိုရင်လည်း မိမိပေါင်ပေါ် တက်ထိုင်ခိုင်းတာတွေလုပ်ပြီး ခပ်တည်တည်နဲ့ ကလေးသူငယ်တွေအပေါ်မှာ သူတို့စိတ်ကြိုက် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နေကြပါတယ်။
ဒါတွေဟာမဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ Sexual Abuse ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကနေ အခွင့်သာပါက တဆင့်တက်ပြီး ကလေးကိုမုဒိမ်းကျင့်တာ Child Rape Case ဖြစ်လာနိုင်ခြေအရမ်းများလို့ပါ။ ကျွန်တော့်အနေနဲ့တော့ သက်ငယ်မုဒိမ်းမှု Child Rape Case ဆိုတာဟာ မဖြစ်ခင်က ကြိုတင်ကာကွယ် ထားသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဖြစ်မှ အမှုရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် တရားခံကို အပြစ်ပေးဖို့အတွက် ကလေးငယ်ဟာ မိအေးနှစ်ခါနာဆိုသလို တရားရုံးမှာ အရွယ်နဲ့မမျှတဲ့ မေးခွန်းတွေကိုဖြေရပြီး ကိုယ် စိတ် နှလုံး သုံးပါးစလုံး ပင်ပန်းဆင်းရဲရနိုင်ပါတယ်။ ဒါဆိုကျွန်တော်တို့ သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်အောင် ဘယ်လိုကာကွယ်ကြမလဲ။
ဆက်လက်ဖော်ပြပါဦးမည်။
Author : Dr. 528