fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

 သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း

619
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/03/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ္ျပင္ပ၌ သေႏၶတည္ျခင္း

သားအိမ္ျပင္ပတြင္ သေႏၶတည္ျခင္းဆိုသည္မွာ သေႏၶေအာင္ၿပီးေသာ မ်ိဳးဥသည္ သားအိမ္အတြင္းတြင္မဟုတ္ပဲ သားအိမ္ျပင္ပ တစ္ေနရာတြင္ သေႏၶတြယ္ျခင္းကို ဆိုလိုပါသည္။ သားအိမ္ျပင္ပ၌ သေႏၶတည္ျခင္းသည္ လြန္ခဲ့ေသာအႏွစ္ႏွစ္ဆယ္မွစ၍ ကိုယ္ဝန္ေဆာင္မ်ားတြင္ ျဖစ္ပြားမႈအမ်ားဆုံးေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။ မိခင္ေသဆုံးမႈႏႈန္းကိုလည္း မ်ားေစေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။

သားအိမ္ျပင္ပတြင္ သေႏၶတည္ျခင္းသည္ မ်ားေသာအားျဖင့္ သားဥႁပြန္တြင္ သေႏၶတယ္ျခင္းျဖစ္ေလ့ရွိပါတယ္။ ထို႔အျပင္
-ဝမ္းဗိုက္အတြင္း
-မ်ိဳးဥအိမ္
-သားအိမ္ေခါင္း
-ယခင္ဗိုက္ခြဲ၍ကေလးေမြးထားပါက ခ်ဳပ္႐ိုးအနာနားတစ္ဝိုက္ အစရွိသည့္ေနရာမ်ားတြင္လည္း သေႏၶတြယ္ေလ့ရွိပါတယ္။

သားအိမ္ျပင္ပ သေႏၶတည္ျခင္း ျဖစ္ႏိုင္ေျခမ်ားေသာ အေၾကာင္းအရာမ်ားမွာ-
-တင္ပဆုံအ႐ိုးကြင္းအတြင္း ေရာင္ရမ္းျခင္း၊
-မိန္းမကိုယ္ထဲသို႔ သေႏၶတားပစၥည္းထည့္ပုံ နည္းစနစ္မမွန္ကန္ျခင္း (သို႔) သေႏၶတားပစၥည္းထည့္ရာတြင္ ပိုးမသန႔္ပဲထည့္ျခင္း၊
-ေဆးလိပ္ေသာက္သုံးျခင္း – ကိုယ္ဝန္မေဆာင္မီကတည္းက ေဆးလိပ္ေသာက္သုံးသူမ်ားသည္ သားအိမ္ျပင္ပ၌သေႏၶတည္ျခင္း ပိုမိုျဖစ္ပြားႏိုင္ေျခရွိပါတယ္။
-ဖန္ႁပြန္သေႏၶသားျဖင့္ ကိုယ္ဝန္ေဆာင္ထားေသာ မိခင္မ်ား၊
-အိမ္ေထာင္သက္ၾကာေသာ္လည္း သားသမီးရဖို႔ အခက္အခဲရွိေနသူမ်ားႏွင့္ မ်ိဳးပြားေစေသာေဆးေသာက္သုံးေနသူမ်ား၊
-အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ခြဲစိတ္မႈျပဳလုပ္ရာတြင္ သားဥႁပြန္ပ်က္စီးသြားျခင္း၊
-သားဥႁပြန္ကို ျပန္လည္ျပဳျပင္ခြဲစိတ္ထားျခင္း၊
-သားဥႁပြန္ေရာင္ျခင္း၊ သားအိမ္အတြင္းနံရံ ေရာင္ရမ္းေနျခင္း၊
-ယခင္က သားအိမ္ျပင္ပ၌ သေႏၶတည္ဖူးေသာ မိခင္မ်ား၊
-အသက္၃၅ႏွစ္မွ ၄၄ႏွစ္အတြင္း အမ်ိဳးသမီးမ်ား အစရွိသည္တို႔ျဖစ္ပါတယ္။

သားအိမ္ျပင္ပ၌ သေႏၶတည္ျခင္း၏ အဓိကအေၾကာင္းအရင္းမွာ သားဥႁပြန္ေရာင္ရမ္းေနျခင္းပင္ျဖစ္ပါတယ္။ ဒါ့အျပင္ သားဥႁပြန္ ပ်က္စီးေနျခင္း၊ သေႏၶေအာင္ၿပီးသား မ်ိဳးဥကို သယ္ေဆာင္သည့္လမ္းေၾကာင္းလႊဲ၍ ေနရာလႊဲမွား သေႏၶတြယ္ကပ္ျခင္းတို႔သည္လည္း သားအိမ္ျပင္ပ သေႏၶတည္ေစႏိုင္ေသာ အေၾကာင္းအရာမ်ားျဖစ္ပါတယ္။

သားဥႁပြန္ေရာင္ရမ္းရျခင္းမွာ သားဥႁပြန္အတြင္းသို႔ Chlamydia, Gonorrhoea အစရွိေသာ ဘက္တီးရီးယားပိုးမႊားမ်ား  ဝင္ေရာက္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ သားဥႁပြန္ေရာင္ရမ္းျခင္းေၾကာင့္ သားဥႁပြန္တစ္ေလွ်ာက္ ပိတ္ဆို႔ျခင္း၊   သားဥႁပြန္၏ လုပ္ငန္း  ေဆာင္တာမ်ား ပ်က္စီးျခင္းတို႔ကိုလည္း ျဖစ္ေစႏိုင္ပါေသးတယ္။

သားအိမ္ျပင္ပသေႏၶတည္ျခင္းေၾကာင့္ ႀကဳံေတြ႕ရေသာ ေရာဂါလကၡဏာမ်ားမွာ ဗိုက္နာျခင္း၊ ကိုယ္ဝန္ရွိစ၌ ေသြးဆင္းျခင္း သာမန္ကိုယ္ဝန္ရွိသကဲ့သို႔ ပ်ိဳ႕အန္ျခင္း၊ ရင္သားနာျခင္း စသည္တို႔ ခံစားရတတ္ပါတယ္။ ထိုမွ်သာမက ဝမ္းဗိုက္အတြင္းသို႔ ေသြးစိမ့္ထြက္ျခင္းေၾကာင့္ ႐ုတ္တရက္ဗိုက္နာျခင္း၊ ပခုံးနာျခင္း၊ ေသြးထြက္မ်ား၍ ေသြးလန႔္ျခင္း (shock) စသည့္ ဆိုး႐ြားေသာ ေရာဂါလကၡဏာမ်ားလည္း ခံစားရႏိုင္ပါတယ္။ ထိုကဲ့သို႔ ေရာဂါလကၡဏာမ်ား ေတြ႕ႀကဳံပါက နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းသို႔ အခ်ိန္မီ သြားေရာက္ဖို႔ လိုအပ္ပါတယ္။ သားအိမ္ျပင္ပ၌ သေႏၶတည္ျခင္းသည္ သာမန္ကိုယ္ဝန္မ်ားကဲ့သို႔ ဗိုက္အ႐ြယ္အစား ႀကီးထြားလာျခင္းမရွိပါဘူး။ ဒီအခ်က္ကိုေတာ့ သတိထားေစခ်င္ပါတယ္။

သားအိမ္ျပင္ပ သေႏၶတည္ျခင္း ဟုတ္/မဟုတ္ေသခ်ာစြာ သိႏိုင္ရန္ ျပင္ပစမ္းသပ္မႈမ်ားနဲ႔တင္မလုံေလာက္ပါ။ တစ္ျခားေသာ အေသးစိတ္စစ္ေဆးမႈမ်ား လိုအပ္ပါတယ္။

– Urine Pregnancy Test (UCG test)- သာမန္ကိုယ္ဝန္ကဲ့သို႔ပင္ ဆီးစစ္တံျဖင့္ စစ္ေဆးၾကည့္ပါက ကိုယ္ဝန္ရွိေၾကာင္း ျပသပါတယ္။

– ေသြးထဲတြင္ BHCG(Beta HCG) ဟုေခၚေသာ ေဟာ္မုန္းရွိ၊ မရွိစစ္ေဆးၾကည့္ပါက သားအိမ္ျပင္ပသေႏၶတည္ျခင္းတြင္ ၎ေဟာ္မုန္းသည္ သာမန္ကိုယ္ဝန္ႏွင့္ယွဥ္လွ်င္ ေလ်ာ့နည္းေနေၾကာင္း ေတြ႕ရွိရပါလိမ့္မယ္။

– Transvaginal Ultrasound- မိန္းမကိုယ္ကေန ထည့္ၿပီး ႐ိုက္ရေသာ အာထရာေဆာင္းသည္ ကိုယ္ဝန္အေစာပိုင္းတြင္ သားအိမ္ျပင္ပသေႏၶတည္ျခင္း ဟုတ္၊ မဟုတ္ ဆုံးျဖတ္ရာတြင္ လြန္စြာအေရးပါလွပါတယ္။

အထက္ပါစစ္ေဆးမႈမ်ားအျပင္ အျခားေသာ ေသြးစစ္မႈမ်ား၊ တျခားေသာ ေဟာ္မုန္း level တိုင္းတာမႈ မ်ားစြာလည္း ျပဳလုပ္ႏိူင္ပါေသးတယ္။ ေသြးထြက္လြန္၍ ေသြးလန႔္ျခင္း ျဖစ္ေပၚေနသည့္ အေနအထားဆိုလွ်င္ အေရးေပၚဗိုက္ခြဲ၍ ေဆးစစ္မႈႏွင့္ ကုသမႈကို တစ္ၿပိဳင္တည္း ျပဳလုပ္လိုက္ရတာမ်ိဴးလည္း ရွိတတ္ပါတယ္။

ကုသမႈမ်ားအေနျဖင့္ ေဆးဝါးမ်ားျဖင့္ ကုသမႈမ်ားလည္းရွိပါတယ္။ ထို႔အျပင္ laparoscopic surgery ဟုေခၚေသာ ခ်က္နားတစ္ဝိုက္ အေပါက္ကေလးေဖာက္၍ ကင္မရာတပ္ထားေသာ ႁပြန္ကို ဝမ္းဗိုက္အတြင္းသို႔ အေပါက္ေလးမွတစ္ဆင့္ ထည့္သြင္းကာ ခြဲစိတ္ကုသျခင္း၊ အေရးေပၚအေျခအေန(သို႔) စက္ကိရိယာမျပည့္စုံေသာ အေနအထားတြင္ Laparotomy ဟုေခၚေသာ ဗိုက္ခြဲ၍ အေသးစိတ္ခြဲစိတ္ကုသျခင္း အစရွိသည့္ ကုသမႈမ်ားရွိပါတယ္။

ထိုကဲ့သို႔ အသက္အႏၲရာယ္အထိ ဆုံးရႈံးႏိုင္ေသာ သားအိမ္ျပင္ပ၌ သေႏၶတည္ျခင္း မျဖစ္ေစရန္ ေဖာ္ျပပါ ေတြ႕ႀကဳံရေသာ     လကၡဏာမ်ား၊ ျဖစ္ေစႏိုင္ေသာ အေၾကာင္းအရာမ်ားအား သိရွိထားသင့္သည့္အျပင္ ကာကြယ္ရန္နည္းလမ္းမ်ား၊ ေဆာင္ရန္၊ ေရွာင္ရန္တို႔ကိုလည္း သိထားရပါမယ္။ ၎တို႔မွာ-

– လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာ ေရာဂါမ်ားမျဖစ္ပြားေအာင္ လိင္ဆက္ဆံတိုင္း ကြန္ဒုံးကို စနစ္တက်အသုံးျပဳပါ။ တစ္လင္တစ္မယားစနစ္ က်င့္သုံးပါ။ မိမိအိမ္ေထာင္ဖက္အေပၚ သစၥာရွိပါ။

– အကယ္၍ လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာေရာဂါမ်ား ျဖစ္ေနသည္ဟု မိမိကိုယ္ကို သံသယရွိပါက နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းသို႔ သြားေရာက္ၿပီး အခ်ိန္မီကုသမႈခံယူပါ။

– ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။ ေဆးလိပ္ေသာက္သုံးမႈမ်ားေလေလ သားအိမ္ျပင္ပ၌ သေႏၶတည္ႏႈန္း မ်ားေလေလပင္ျဖစ္ပါတယ္။

– မိမိတြင္ သားအိမ္ျပင္ပ၌ သေႏၶတည္ႏိုင္ေသာ လကၡဏာမ်ား ေတြ႕ရွိေနပါက ဆရာဝန္ႏွင့္ မွန္မွန္ျပ၍ ကုသမႈခံယူပါ။

– ယခင္က သားအိမ္ျပင္ပသေႏၶတည္ဖူးေသာ မိခင္မ်ားသည္ ေနာက္ထပ္ကိုယ္ဝန္ေဆာင္ပါက ကိုယ္ဝန္စရွိစဥ္ကတည္းက ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးၿပီး ေစာစီးစြာ ေဆးကုသမႈခံယူသင့္ပါတယ္။

သားအိမ္ျပင္ပ၌ သေႏၶတည္ျခင္းသည္ မိခင္ေရာ ကေလးပါ အသက္ဆုံးရႈံးသြားႏိုင္သည္အထိ အႏၲရာယ္ရွိပါတယ္။ အထက္ပါ ေဖာ္ျပခဲ့ေသာ အေၾကာင္းအရာမ်ားကို သိရွိနားလည္ၿပီး မိမိတြင္ ေတြ႕ႀကဳံေနရသည္ဟု သံသယရွိပါက ေစာစီးစြာ ေဆးကုသမႈခံယူသင့္ပါတယ္။

အသိေနာက္က်၍ တန္ဖိုးရွိလွေသာ အသက္မ်ား မဆုံးရႈံးေစဖို႔ ရည္႐ြယ္၍ ေရးသားလိုက္ရပါသည္။

Dr. သီတာလႈိင္(ေဆး-၂)

သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း

သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းဆိုသည်မှာ သန္ဓေအောင်ပြီးသော မျိုးဥသည် သားအိမ်အတွင်းတွင်မဟုတ်ပဲ သားအိမ်ပြင်ပ တစ်နေရာတွင် သန္ဓေတွယ်ခြင်းကို ဆိုလိုပါသည်။ သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်းသည် လွန်ခဲ့သောအနှစ်နှစ်ဆယ်မှစ၍ ကိုယ်ဝန်ဆောင်များတွင် ဖြစ်ပွားမှုအများဆုံးသော ရောဂါတစ်ခုဖြစ်ပါတယ်။ မိခင်သေဆုံးမှုနှုန်းကိုလည်း များစေသော ရောဂါတစ်ခုဖြစ်ပါတယ်။

သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းသည် များသောအားဖြင့် သားဥပြွန်တွင် သန္ဓေတယ်ခြင်းဖြစ်လေ့ရှိပါတယ်။ ထို့အပြင်
-ဝမ်းဗိုက်အတွင်း
-မျိုးဥအိမ်
-သားအိမ်ခေါင်း
-ယခင်ဗိုက်ခွဲ၍ကလေးမွေးထားပါက ချုပ်ရိုးအနာနားတစ်ဝိုက် အစရှိသည့်နေရာများတွင်လည်း သန္ဓေတွယ်လေ့ရှိပါတယ်။

သားအိမ်ပြင်ပ သန္ဓေတည်ခြင်း ဖြစ်နိုင်ခြေများသော အကြောင်းအရာများမှာ-
-တင်ပဆုံအရိုးကွင်းအတွင်း ရောင်ရမ်းခြင်း၊
-မိန်းမကိုယ်ထဲသို့ သန္ဓေတားပစ္စည်းထည့်ပုံ နည်းစနစ်မမှန်ကန်ခြင်း (သို့) သန္ဓေတားပစ္စည်းထည့်ရာတွင် ပိုးမသန့်ပဲထည့်ခြင်း၊
-ဆေးလိပ်သောက်သုံးခြင်း – ကိုယ်ဝန်မဆောင်မီကတည်းက ဆေးလိပ်သောက်သုံးသူများသည် သားအိမ်ပြင်ပ၌သန္ဓေတည်ခြင်း ပိုမိုဖြစ်ပွားနိုင်ခြေရှိပါတယ်။
-ဖန်ပြွန်သန္ဓေသားဖြင့် ကိုယ်ဝန်ဆောင်ထားသော မိခင်များ၊
-အိမ်ထောင်သက်ကြာသော်လည်း သားသမီးရဖို့ အခက်အခဲရှိနေသူများနှင့် မျိုးပွားစေသောဆေးသောက်သုံးနေသူများ၊
-အကြောင်းတစ်စုံတစ်ရာကြောင့် ခွဲစိတ်မှုပြုလုပ်ရာတွင် သားဥပြွန်ပျက်စီးသွားခြင်း၊
-သားဥပြွန်ကို ပြန်လည်ပြုပြင်ခွဲစိတ်ထားခြင်း၊
-သားဥပြွန်ရောင်ခြင်း၊ သားအိမ်အတွင်းနံရံ ရောင်ရမ်းနေခြင်း၊
-ယခင်က သားအိမ်ပြင်ပ၌ သန္ဓေတည်ဖူးသော မိခင်များ၊
-အသက်၃၅နှစ်မှ ၄၄နှစ်အတွင်း အမျိုးသမီးများ အစရှိသည်တို့ဖြစ်ပါတယ်။

သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း၏ အဓိကအကြောင်းအရင်းမှာ သားဥပြွန်ရောင်ရမ်းနေခြင်းပင်ဖြစ်ပါတယ်။ ဒါ့အပြင် သားဥပြွန် ပျက်စီးနေခြင်း၊ သန္ဓေအောင်ပြီးသား မျိုးဥကို သယ်ဆောင်သည့်လမ်းကြောင်းလွှဲ၍ နေရာလွှဲမှား သန္ဓေတွယ်ကပ်ခြင်းတို့သည်လည်း သားအိမ်ပြင်ပ သန္ဓေတည်စေနိုင်သော အကြောင်းအရာများဖြစ်ပါတယ်။

သားဥပြွန်ရောင်ရမ်းရခြင်းမှာ သားဥပြွန်အတွင်းသို့ Chlamydia, Gonorrhoea အစရှိသော ဘက်တီးရီးယားပိုးမွှားများ  ဝင်ရောက်ခြင်းကြောင့် ဖြစ်ပါတယ်။ သားဥပြွန်ရောင်ရမ်းခြင်းကြောင့် သားဥပြွန်တစ်လျှောက် ပိတ်ဆို့ခြင်း၊   သားဥပြွန်၏ လုပ်ငန်း  ဆောင်တာများ ပျက်စီးခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

သားအိမ်ပြင်ပသန္ဓေတည်ခြင်းကြောင့် ကြုံတွေ့ရသော ရောဂါလက္ခဏာများမှာ ဗိုက်နာခြင်း၊ ကိုယ်ဝန်ရှိစ၌ သွေးဆင်းခြင်း သာမန်ကိုယ်ဝန်ရှိသကဲ့သို့ ပျို့အန်ခြင်း၊ ရင်သားနာခြင်း စသည်တို့ ခံစားရတတ်ပါတယ်။ ထိုမျှသာမက ဝမ်းဗိုက်အတွင်းသို့ သွေးစိမ့်ထွက်ခြင်းကြောင့် ရုတ်တရက်ဗိုက်နာခြင်း၊ ပခုံးနာခြင်း၊ သွေးထွက်များ၍ သွေးလန့်ခြင်း (shock) စသည့် ဆိုးရွားသော ရောဂါလက္ခဏာများလည်း ခံစားရနိုင်ပါတယ်။ ထိုကဲ့သို့ ရောဂါလက္ခဏာများ တွေ့ကြုံပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီ သွားရောက်ဖို့ လိုအပ်ပါတယ်။ သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်းသည် သာမန်ကိုယ်ဝန်များကဲ့သို့ ဗိုက်အရွယ်အစား ကြီးထွားလာခြင်းမရှိပါဘူး။ ဒီအချက်ကိုတော့ သတိထားစေချင်ပါတယ်။

သားအိမ်ပြင်ပ သန္ဓေတည်ခြင်း ဟုတ်/မဟုတ်သေချာစွာ သိနိုင်ရန် ပြင်ပစမ်းသပ်မှုများနဲ့တင်မလုံလောက်ပါ။ တစ်ခြားသော အသေးစိတ်စစ်ဆေးမှုများ လိုအပ်ပါတယ်။

– Urine Pregnancy Test (UCG test)- သာမန်ကိုယ်ဝန်ကဲ့သို့ပင် ဆီးစစ်တံဖြင့် စစ်ဆေးကြည့်ပါက ကိုယ်ဝန်ရှိကြောင်း ပြသပါတယ်။

– သွေးထဲတွင် BHCG(Beta HCG) ဟုခေါ်သော ဟော်မုန်းရှိ၊ မရှိစစ်ဆေးကြည့်ပါက သားအိမ်ပြင်ပသန္ဓေတည်ခြင်းတွင် ၎င်းဟော်မုန်းသည် သာမန်ကိုယ်ဝန်နှင့်ယှဉ်လျှင် လျော့နည်းနေကြောင်း တွေ့ရှိရပါလိမ့်မယ်။

– Transvaginal Ultrasound- မိန်းမကိုယ်ကနေ ထည့်ပြီး ရိုက်ရသော အာထရာဆောင်းသည် ကိုယ်ဝန်အစောပိုင်းတွင် သားအိမ်ပြင်ပသန္ဓေတည်ခြင်း ဟုတ်၊ မဟုတ် ဆုံးဖြတ်ရာတွင် လွန်စွာအရေးပါလှပါတယ်။

အထက်ပါစစ်ဆေးမှုများအပြင် အခြားသော သွေးစစ်မှုများ၊ တခြားသော ဟော်မုန်း level တိုင်းတာမှု များစွာလည်း ပြုလုပ်နိူင်ပါသေးတယ်။ သွေးထွက်လွန်၍ သွေးလန့်ခြင်း ဖြစ်ပေါ်နေသည့် အနေအထားဆိုလျှင် အရေးပေါ်ဗိုက်ခွဲ၍ ဆေးစစ်မှုနှင့် ကုသမှုကို တစ်ပြိုင်တည်း ပြုလုပ်လိုက်ရတာမျိူးလည်း ရှိတတ်ပါတယ်။

ကုသမှုများအနေဖြင့် ဆေးဝါးများဖြင့် ကုသမှုများလည်းရှိပါတယ်။ ထို့အပြင် laparoscopic surgery ဟုခေါ်သော ချက်နားတစ်ဝိုက် အပေါက်ကလေးဖောက်၍ ကင်မရာတပ်ထားသော ပြွန်ကို ဝမ်းဗိုက်အတွင်းသို့ အပေါက်လေးမှတစ်ဆင့် ထည့်သွင်းကာ ခွဲစိတ်ကုသခြင်း၊ အရေးပေါ်အခြေအနေ(သို့) စက်ကိရိယာမပြည့်စုံသော အနေအထားတွင် Laparotomy ဟုခေါ်သော ဗိုက်ခွဲ၍ အသေးစိတ်ခွဲစိတ်ကုသခြင်း အစရှိသည့် ကုသမှုများရှိပါတယ်။

ထိုကဲ့သို့ အသက်အန္တရာယ်အထိ ဆုံးရှုံးနိုင်သော သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း မဖြစ်စေရန် ဖော်ပြပါ တွေ့ကြုံရသော     လက္ခဏာများ၊ ဖြစ်စေနိုင်သော အကြောင်းအရာများအား သိရှိထားသင့်သည့်အပြင် ကာကွယ်ရန်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်တို့ကိုလည်း သိထားရပါမယ်။ ၎င်းတို့မှာ-

– လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမဖြစ်ပွားအောင် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို စနစ်တကျအသုံးပြုပါ။ တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။ မိမိအိမ်ထောင်ဖက်အပေါ် သစ္စာရှိပါ။

– အကယ်၍ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်နေသည်ဟု မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြီး အချိန်မီကုသမှုခံယူပါ။

– ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်သုံးမှုများလေလေ သားအိမ်ပြင်ပ၌ သန္ဓေတည်နှုန်း များလေလေပင်ဖြစ်ပါတယ်။

– မိမိတွင် သားအိမ်ပြင်ပ၌ သန္ဓေတည်နိုင်သော လက္ခဏာများ တွေ့ရှိနေပါက ဆရာဝန်နှင့် မှန်မှန်ပြ၍ ကုသမှုခံယူပါ။

– ယခင်က သားအိမ်ပြင်ပသန္ဓေတည်ဖူးသော မိခင်များသည် နောက်ထပ်ကိုယ်ဝန်ဆောင်ပါက ကိုယ်ဝန်စရှိစဉ်ကတည်းက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး စောစီးစွာ ဆေးကုသမှုခံယူသင့်ပါတယ်။

သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်းသည် မိခင်ရော ကလေးပါ အသက်ဆုံးရှုံးသွားနိုင်သည်အထိ အန္တရာယ်ရှိပါတယ်။ အထက်ပါ ဖော်ပြခဲ့သော အကြောင်းအရာများကို သိရှိနားလည်ပြီး မိမိတွင် တွေ့ကြုံနေရသည်ဟု သံသယရှိပါက စောစီးစွာ ဆေးကုသမှုခံယူသင့်ပါတယ်။

အသိနောက်ကျ၍ တန်ဖိုးရှိလှသော အသက်များ မဆုံးရှုံးစေဖို့ ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။

Dr. သီတာလှိုင်(ဆေး-၂)

Previous Post

ဘယ်မှာ စုံစမ်းရမှာလဲ

Next Post

အလွဲလေးတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အလွဲလေးတွေ

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ဗိုက်နာခြင်းများ (အပိုင်း ၁)

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ ဗိုက်နာခြင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.