fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ဗိုက်နာခြင်းများ (အပိုင်း ၁)

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/03/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A






Author : တင့်တယ်

 

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ဗိုက်နာခြင်းများ (အပိုင်း ၁)

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဗိုက်နာခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနှင့် အစိုးရိမ်ဆုံး လက္ခဏာတရပ်ဟု ဆိုလျှင် ဗိုက်နာခြင်းဟုပင် ဆိုနိုင်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအနေနှင့် ကိုယ်ဝန်ဆောင်ကာလတလျောက် ခံစားလေ့ရှိတဲ့ ဗိုက်အောင့်/ဗိုက်နာခြင်းများသည် သာမန်အားဖြင့် တဖြည်းဖြည်း ကြီးထွားလာသော သန္ဓေသားကြောင့်ဖြစ်သော ဖြစ်ရိုးဖြစ်စဉ် (ရာသီလာစဉ်ဖြစ်သော ဗိုက်နာခြင်းကဲ့သို့) ဗိုက်အောင့်/ ဗိုက်နာခြင်းများ ရှိသကဲ့သို့ ရောဂါကြောင့်ဖြစ်သော အန္တရာယ်ရှိသည့် ပြင်းထန်သော ဗိုက်အောင့် ဗိုက်နာခြင်းများ လည်းရှိသည်။

ကိုယ်ဝန်ဆောင်မိခင်လောင်းများ အနေနှင့် ကိုယ်ဝန်ဆောင်ကာလ ဗိုက်အောင့်ဗိုက်နာခြင်း ဖြစ်စေနိုင်သော အကြောင်းရင်းများကို သိရှိထားရန်လိုသည်။ သို့မှသာ အကယ်၍ မိမိတွင် ဗိုက်အောင့် ဗိုက်နာခြင်း ခံစားရလျှင်လည်း အန္တရာယ်ရှိသော ဗိုက်နာခြင်းနှင့် အန္တရာယ်မရှိသော သာမန် ဗိုက်အောင့်/ဗိုက်နာခြင်းများကို ယေဘုယျခွဲခြား သိရှိနိုင်မှာဖြစ်ပြီး လိုအပ်သလို ကုသမှု ခံယူနိုင်မှာ ဖြစ်တယ်။

စိုးရိမ်ရန်မလိုသည့် အဖြစ်အများဆုံးသော ဗိုက်အောင့်/ဗိုက်နာခြင်းများ
ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဗိုက်အောင့်/ဗိုက်နာခြင်းများသည် အောက်ပါ အကြောင်းများကြောင့် အများဆုံးဖြစ်ပွားရခြင်းဖြစ်သည်။
(၁) ကြီးထွားလာသော သားအိမ်ကြောင့်ဖြစ်သော ဗိုက်အောင့်ခြင်း၊
သားအိမ်ကြီးထွားလာသည်နှင့်အမျှ မအီမသာဖြစ်ခြင်း၊ ဝမ်းဗိုက်ပြည့်တင်းခြင်း၊ သားအိမ်ကိုဆိုင်းပေးထားသောအရွတ်များတင်းခြင်းနှင့် အူနှင့် အစာအိမ်ကို ဖိမိခြင်း ကြောင့် ဗိုက်အောင့်ခြင်းကို ခံစားရနိုင်သည်။ ရာသီလာစဉ်ဖြစ်သောနာကျင်ခြင်းနှင့် တူ၍ အများအားဖြင့် ကိုယ်ဝန်၂၄ပတ်ကျော်မှစပြီး ခံစားရနိုင်ကာ အချိန်ကြာမြင့်စွာ ရပ်နေခြင်း၊ လမ်းလျောက်ခြင်း၊ လှုပ်ရှားမှုလုပ်ခြင်း စသည်တို့ကြောင့် ပိုဆိုးလာ တတ်သော်လည်း စိုးရိမ်ရန်မလိုပါ။ ကောင်းမွန်စွာအနားယူ ပေးခြင်းဖြင့် သက်သာ စေနိုင်သည်။
(၂) လေထခြင်းနှင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်သော ဗိုက်နာခြင်း
ဟော်မုန်းများပြောင်းလဲခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနှင့် ဝမ်းချုပ်ခြင်းနှင့် လေထခြင်း/လေပွခြင်းများ မကြာခဏခံစားရနိုင်ပြီး ဗိုက်အောင့်ခြင်းကို တွဲ၍ ခံစားရနိုင်သဖြင့် ဝမ်းမချုပ်စေရန် ဂရုပြုပေးရမည်။ ရေများများသောက်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝသော ဟင်းသီး ဟင်းရွက်များစားပေးခြင်း၊ လတ်ဆတ်သန့်ရှင်းသော အသီးအနှံများနှင့် ဖျော်ရည်များ သောက်ပေးခြင်းဖြင့် ကာကွယ်နိုင်သည်။
(၃) စောမွေးခြင်းမဟုတ်သော သားအိမ်ကျုံ့ခြင်း(သားအိမ်ကျင့်ခြင်း)
ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ သားအိမ်ကျင့်ခြင်းဟုခေါ်ဆိုသော ဆက်တိုက် နာကျင်ခြင်းမဟုတ်သည့် နာကျင်ခြင်းများကို ရံဖန်ရံခါ ခံစားရနိုင်သည်။ ရေသောက် နည်းသူ (သို့မဟုတ်) ရေဓာတ်နည်းသူများတွင် ပိုမိုခံစားရနိုင်သဖြင့် ရေများများ သောက်ပေးရန်လိုသည်။ နာကျင်ခြင်းသည် ဆက်တိုက်ဖြစ်လာပြီး သွေး/ချွဲများ ဆင်းလာပါက စောမွေးခြင်း၏ လက္ခဏာများဖြစ်သည့်အတွက် သားဖွားခန်း(သို့) ဆေးရုံသို့ အမြန် သွားရန်လိုသည်။

Author : တင့်တယ်

Previous Post

အလွဲလေးတွေ

Next Post

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ ဗိုက်နာခြင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ ဗိုက်နာခြင်းများ

အမျိုးသမီးများ သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ

ဘယ်လိုသိနိုင်မလဲ လေဖြတ် မဖြတ် 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.