fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ ဗိုက်နာခြင်းများ

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/03/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

ကုိယ္ဝန္ေဆာင္ခ်ိန္ ျဖစ္တတ္ေသာ ဗုိက္ေအာင့္/ ဗုိက္နာျခင္းမ်ား (အပုိင္း ၂)

ျပင္းထန္ေသာ ဗိုက္ေအာင့္ဗိုက္နာျခင္းမ်ား

သာမန္အားျဖင့္ ဗိုက္ေအာင့္ျခင္းအမ်ားစုသည္ စိုးရိမ္ရန္မလိုေသာ္လည္း ေဖာ္ျပပါအေျခအေနမ်ားတြင္ မိခင္ေကာ ကေလးကိုပါ အႏၲရာယ္ျဖစ္ေစႏိုင္သျဖင့္ အျမန္ဆုံးနီးစပ္ရာ ေဆး႐ုံ/ေဆးခန္းမ်ားသို႔သြား၍ အခ်ိန္မီ ကုသမႈခံယူရန္အေရးႀကီး သျဖင့္ ေအာက္ပါအေျခအေနမ်ားကို ကိုယ္ဝန္ေဆာင္မိခင္ေလာင္းမ်ားအားလုံး သိရွိ ထားရန္အေရးႀကီးသည္။

(၁) ေနရာလြဲမွားသေႏၶသားေခၚ သားအိမ္ျပင္ပ ကိုယ္ဝန္ေဆာင္ျခင္း
မ်ိဳးေအာင္ေသာ သေႏၶသားသည္ သားအိမ္အတြင္းတြင္ တြယ္ကပ္ႏိုင္ျခင္းမရွိပဲ သားဥႁပြန္ (သို႔) ဝမ္းဗိုက္အတြင္းတြင္ ႀကီးထြားလာျခင္းေၾကာင့္ျဖစ္ပြားရသည္။ ဝမ္းဗိုက္ နာက်င္ျခင္းကို ျပင္းထန္စြာခံစားရႏိုင္ၿပီး ၎ႏွင့္အတူ မိန္းမကိုယ္မွ ေသြးဆင္းျခင္းကို တြဲ၍ခံစားရႏိုင္သည္။ ၎ေရာဂါေၾကာင့္ ဗိုက္ေအာင့္/ဗိုက္နာျခင္းကို ကိုယ္ဝန္ေဆာင္ ကာလ (၆)ပတ္မွ(၁၀)ပတ္အတြင္း ခံစားရႏိုင္သည္။ အခ်ိဳ႕အမ်ိဳးသမီးမ်ားတြင္ ဗိုက္နာ၍ ေဆး႐ုံ/ေဆးခန္းေရာက္မွသာ ဆီးစစ္ၾကည့္ၿပီးမွ ကိုယ္ဝန္ရွိမွန္းသိၾကသည္။

သားအိမ္ ျပင္ပတြင္ရွိေသာ သေႏၶသားကိုယ္ဝန္သည္ ေမြးဖြားရန္ မျဖစ္ႏိုင္သလို မိခင္ အတြက္လည္း အသက္အႏၲရာယ္ရွိသည့္အတြက္ အျမန္ဆုံး ခြဲစိတ္ ဖယ္ရွားပစ္ရန္ လိုသည္။ ထို႔ေၾကာင့္ ပုံမွန္ေသြးေပၚခ်ိန္တြင္ေသြးမေပၚေသာ (သို႔) ကိုယ္ဝန္ရွိေၾကာင္း သိေသာအမ်ိဳးသမီးမ်ားတြင္ ျပင္းထန္ေသာ ဗိုက္ေအာင့္/ ဗိုက္နာျခင္းကို ခံစားရလွ်င္ ေဆး႐ုံ/ေဆးခန္းသို႔ အျမန္ဆုံးသြားေရာက္ ျပသရန္လိုသည္။

(၂) ကိုယ္ဝန္ပ်က္က်ျခင္း
ေနာက္ဆုံးေသြးေပၚခဲ့သည့္ပထမရက္မွစ၍ (၁၂)ပတ္အတြင္း ျဖစ္ေသာ ဗိုက္နာ ဗိုက္ေအာင့္ျခင္းႏွင့္အတူ ေသြးဆင္းျခင္း အမ်ားစုသည္ ကိုယ္ဝန္ပ်က္က်ျခင္းေၾကာင့္ ျဖစ္တတ္သည္။ လိုအပ္ေသာကုသမႈကို ခံယူႏိုင္ရန္အတြက္ ဗိုက္နာၿပီး ေသြးဆင္းေသာ ကိုယ္ဝန္ေဆာင္တိုင္း ေဆး႐ုံ/ေဆးခန္း အျမန္ဆုံးသြားေရာက္ျပသရန္လိုသည္။

(၃) ေမြးခ်ိန္မတိုင္ခင္ ဗိုက္နာျခင္း(သို႔) ဆက္တိုက္ဗိုက္နာျခင္း
ဗိုက္နာျခင္းသည္ ကေလးေစာေမြးျခင္း၏ လကၡဏာတရပ္လည္း ျဖစ္ေန ႏိုင္သည္။ ကိုယ္ဝန္(၃၇)ပတ္ မတိုင္ခင္ျဖစ္ေသာ ဗိုက္နာျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ဆီးစပ္ ကိုက္ျခင္း၊ ခါးနာျခင္းႏွင့္ အခ်ိဳ႕ကိုယ္ဝန္ေဆာင္မ်ားတြင္ ခြၽဲ/ေသြးဆင္းတတ္ျခင္း စသည္ တို႔သည္ ေစာေမြးရန္ျဖစ္ႏိုင္ေသာ လကၡဏာမ်ားျဖစ္သည့္အတြက္ ခန႔္မွန္းေမြးရက္ မေရာက္ေသးေသာ္လည္း အထက္ပါလကၡဏာမ်ား ခံစားရလွ်င္ လိုအပ္ေသာ ကုသမႈ ခံယူႏိုင္ရန္ ေဆး႐ုံ / ေဆးခန္းသို႔ အျမန္ဆုံးသြားေရာက္ျပသရန္လိုသည္။ ေမြးရက္ ေစာလြန္းေသးလွ်င္ ကေလးအတြက္ အႏၲရာယ္ရွိႏိုင္သျဖင့္ နားလည္တတ္ကြၽမ္းေသာ ဆရာဝန္ႏွင့္ ျပသၿပီး ေဆး႐ုံ/ေဆးခန္းတြင္ပင္ အနီးကပ္ ေစာင့္ေရွာက္မႈျဖင့္ နားေနရန္ လိုသည္။

(၄) အခ်င္းကြာျခင္း
သာမန္အားျဖင့္ အခ်င္းသည္ သားအိမ္၏ အေပၚပိုင္းအတြင္းနံရံတြင္ တြယ္ကပ္ ေနၿပီး ကေလးေမြးဖြားမွသာ ကေလးႏွင့္အတူကြာလာမည္ျဖစ္သည္။ အခ်ိဳ႕ေသာ အေျခအေနမ်ားတြင္ ပုံမွန္မဟုတ္ပဲ အခ်င္းကြာျခင္းျဖစ္ႏိုင္ၿပီး ျပင္းထန္ေသာဗိုက္နာျခင္း ႏွင့္အတူ ေသြးဆင္းျခင္းကို ခံစားရႏိုင္သည္။ အထူးသျဖင့္ အခ်င္းကြာျခင္းျဖစ္ဖူးသူမ်ား၊ ေသြးတိုးေရာဂါရွိသူမ်ား၊ ကိုယ္ဝန္ဆိပ္တက္ျခင္း ခံစားေနရသူမ်ားႏွင့္ လတ္တေလာ ဝမ္းဗိုက္ကို ထိခိုက္မိသူမ်ားတြင္ အခ်င္းကြာျခင္းျဖစ္ႏိုင္ၿပီး ေရာဂါအေျခအေနကို လိုက္၍ လိုအပ္ေသာကုသမႈခံယူႏိုင္ရန္ ေဆး႐ုံခ်က္ခ်င္းသြားရန္လိုသည္။

(၅) ကိုယ္ဝန္ဆိပ္တက္ျခင္း
ကိုယ္ဝန္ေဆာင္ကာလ (၂၀)ပတ္ေက်ာ္လွ်င္ျဖစ္ႏိုင္ေသာ ျပႆနာတရပ္ျဖစ္ၿပီး ေသြးတိုးျခင္းႏွင့္ ဆက္စပ္လ်က္ရွိသည္။ ကိုယ္ဝန္ဆိပ္ တက္ေသာလကၡဏာမ်ား ျဖစ္သည့္ ေဖာျခင္း၊ ေခါင္းကိုက္ျခင္း၊ မအီမသာ ျဖစ္ျခင္းႏွင့္အတူ ဝမ္းဗိုက္ အေပၚပိုင္း နာက်င္ျခင္းႏွင့္ မ်က္စိမႈန္ဝါးလာျခင္းစသည့္လကၡဏာမ်ားပါ တြဲ၍ ခံစားရလွ်င္ နီးစပ္ရာ ဆရာဝန္ႏွင့္ အျမန္ဆုံးျပသရန္ လိုသည္။

(၆) အျခားေရာဂါမ်ားေၾကာင့္ ဝမ္းဗိုက္နာက်င္တတ္ျခင္း
– ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (ဆီးသြားရာတြင္ ပူျခင္း၊ ေသြးပါျခင္း)
– အူအတက္ေရာင္ျခင္း (အန္ျခင္း၊ အစားမစားလိုျခင္း၊ ဝမ္းခ်ဳပ္ျခင္း)
– သည္းေျခေက်ာက္တည္ျခင္း (အဝလြန္သူမ်ားႏွင့္ အသက္၃၅ႏွစ္အထက္)
– ေမြးလမ္းေၾကာင္းပိုးဝင္ျခင္း
စသည္တို႔ေၾကာင့္လည္း ဗိုက္ေအာင့္/ဗိုက္နာျခင္း၊ အခ်ိန္မတန္ပဲ ကေလးေမြးျခင္းႏွင့္ ေရာဂါ၏ေနာက္ဆက္တြဲ ျပႆနာမ်ားလည္း ခံစားရႏိုင္သျဖင့္ နီးစပ္ရာဆရာဝန္(သို႔) ဗိုက္အပ္ထားေသာ ဆရာဝန္ႏွင့္ အျမန္ဆုံးျပသရန္လိုသည္။

လူနာအေနႏွင့္ ေအာက္ပါအေျခအေနမ်ားတြင္ ဆရာဝန္ႏွင့္ အျမန္ဆုံးျပသရမည္။
– ကိုယ္ဝန္ (၁၂)ပတ္မတိုင္ခင္ ဗိုက္နာျခင္း
– ကိုယ္ဝန္ေဆာင္ကာလတေလ်ာက္ ေသြးဆင္းျခင္/ေရဆင္းျခင္း
– မ်က္စိမႈန္ဝါးလာျခင္း
– ေခါင္းကိုက္ျခင္း
– လက္၊ ေျခေထာက္ႏွင့္ မ်က္ႏွာ ေဖာေယာင္ျခင္း
– ဆီးသြားရာတြင္ ပူျခင္း/နာျခင္း၊ ဆီးသြားရခက္ခဲျခင္း၊ ဆီးအတြင္းေသြးပါျခင္း
– ကေလးအလႈပ္နည္းျခင္း

ျပင္းထန္ျခင္းမရွိေသာ သာမန္ဗိုက္ေအာင့္၊ ဗိုက္နာျခင္းမ်ားအတြက္
– အစားအစာကို နည္းနည္းႏွင့္ မၾကာခဏစားေပးပါ။
– ေၾကလြယ္ေသာ အစားအစာမ်ားကိုသာ စားသုံးပါ။
– အလြန္စပ္ေသာ၊ ခ်ဥ္ေသာ အစားအစာမ်ား ေရွာင္ပါ။
– အမွ်င္ဓာတ္ႂကြယ္ဝေသာ အသီးအႏွံမ်ားကိုစားေပးပါ။
– အသားငါး၊ အသီးအ႐ြက္စုံေအာင္ စားသုံးေပးပါ။
– ေရမ်ားမ်ားေသာက္ပါ။ ဆီးသြားမည္စိုး၍ ေရေလ်ာ့ေသာက္ျခင္းေရွာင္က်ဥ္ပါ။
– ဆီးသြားခ်င္လွ်င္လည္း ေအာင့္ထားျခင္းကိုေရွာင္က်ဥ္ပါ။
– ေန႔ခင္းပိုင္းမ်ားတြင္ တေရးတေမာအိပ္စက္ေပးပါ။ ညတြင္လည္း ေစာေစာအိပ္ပါ။

ကိုယ္ဝန္ေဆာင္ကာလတေလ်ာက္ စိတ္ေရာကိုယ္ပါ ခ်မ္းသာစြာႏွင့္ က်န္းမာ သန္စြမ္းၿပီး ဉာဏ္ရည္ထက္ျမက္ေသာ မ်ိဳးဆက္သစ္ကေလးမ်ား ပိုင္ဆိုင္ၾကေစေရး ဆုမြန္ေကာင္း ေတာင္းအပ္ပါသည္။
Author : တင့္တယ္

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ ဗိုက်နာခြင်းများ (အပိုင်း ၂)

ပြင်းထန်သော ဗိုက်အောင့်ဗိုက်နာခြင်းများ

သာမန်အားဖြင့် ဗိုက်အောင့်ခြင်းအများစုသည် စိုးရိမ်ရန်မလိုသော်လည်း ဖော်ပြပါအခြေအနေများတွင် မိခင်ကော ကလေးကိုပါ အန္တရာယ်ဖြစ်စေနိုင်သဖြင့် အမြန်ဆုံးနီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့သွား၍ အချိန်မီ ကုသမှုခံယူရန်အရေးကြီး သဖြင့် အောက်ပါအခြေအနေများကို ကိုယ်ဝန်ဆောင်မိခင်လောင်းများအားလုံး သိရှိ ထားရန်အရေးကြီးသည်။

(၁) နေရာလွဲမှားသန္ဓေသားခေါ် သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း
မျိုးအောင်သော သန္ဓေသားသည် သားအိမ်အတွင်းတွင် တွယ်ကပ်နိုင်ခြင်းမရှိပဲ သားဥပြွန် (သို့) ဝမ်းဗိုက်အတွင်းတွင် ကြီးထွားလာခြင်းကြောင့်ဖြစ်ပွားရသည်။ ဝမ်းဗိုက် နာကျင်ခြင်းကို ပြင်းထန်စွာခံစားရနိုင်ပြီး ၎င်းနှင့်အတူ မိန်းမကိုယ်မှ သွေးဆင်းခြင်းကို တွဲ၍ခံစားရနိုင်သည်။ ၎င်းရောဂါကြောင့် ဗိုက်အောင့်/ဗိုက်နာခြင်းကို ကိုယ်ဝန်ဆောင် ကာလ (၆)ပတ်မှ(၁၀)ပတ်အတွင်း ခံစားရနိုင်သည်။ အချို့အမျိုးသမီးများတွင် ဗိုက်နာ၍ ဆေးရုံ/ဆေးခန်းရောက်မှသာ ဆီးစစ်ကြည့်ပြီးမှ ကိုယ်ဝန်ရှိမှန်းသိကြသည်။

သားအိမ် ပြင်ပတွင်ရှိသော သန္ဓေသားကိုယ်ဝန်သည် မွေးဖွားရန် မဖြစ်နိုင်သလို မိခင် အတွက်လည်း အသက်အန္တရာယ်ရှိသည့်အတွက် အမြန်ဆုံး ခွဲစိတ် ဖယ်ရှားပစ်ရန် လိုသည်။ ထို့ကြောင့် ပုံမှန်သွေးပေါ်ချိန်တွင်သွေးမပေါ်သော (သို့) ကိုယ်ဝန်ရှိကြောင်း သိသောအမျိုးသမီးများတွင် ပြင်းထန်သော ဗိုက်အောင့်/ ဗိုက်နာခြင်းကို ခံစားရလျှင် ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသရန်လိုသည်။

(၂) ကိုယ်ဝန်ပျက်ကျခြင်း
နောက်ဆုံးသွေးပေါ်ခဲ့သည့်ပထမရက်မှစ၍ (၁၂)ပတ်အတွင်း ဖြစ်သော ဗိုက်နာ ဗိုက်အောင့်ခြင်းနှင့်အတူ သွေးဆင်းခြင်း အများစုသည် ကိုယ်ဝန်ပျက်ကျခြင်းကြောင့် ဖြစ်တတ်သည်။ လိုအပ်သောကုသမှုကို ခံယူနိုင်ရန်အတွက် ဗိုက်နာပြီး သွေးဆင်းသော ကိုယ်ဝန်ဆောင်တိုင်း ဆေးရုံ/ဆေးခန်း အမြန်ဆုံးသွားရောက်ပြသရန်လိုသည်။

(၃) မွေးချိန်မတိုင်ခင် ဗိုက်နာခြင်း(သို့) ဆက်တိုက်ဗိုက်နာခြင်း
ဗိုက်နာခြင်းသည် ကလေးစောမွေးခြင်း၏ လက္ခဏာတရပ်လည်း ဖြစ်နေ နိုင်သည်။ ကိုယ်ဝန်(၃၇)ပတ် မတိုင်ခင်ဖြစ်သော ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆီးစပ် ကိုက်ခြင်း၊ ခါးနာခြင်းနှင့် အချို့ကိုယ်ဝန်ဆောင်များတွင် ချွဲ/သွေးဆင်းတတ်ခြင်း စသည် တို့သည် စောမွေးရန်ဖြစ်နိုင်သော လက္ခဏာများဖြစ်သည့်အတွက် ခန့်မှန်းမွေးရက် မရောက်သေးသော်လည်း အထက်ပါလက္ခဏာများ ခံစားရလျှင် လိုအပ်သော ကုသမှု ခံယူနိုင်ရန် ဆေးရုံ / ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန်လိုသည်။ မွေးရက် စောလွန်းသေးလျှင် ကလေးအတွက် အန္တရာယ်ရှိနိုင်သဖြင့် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် ပြသပြီး ဆေးရုံ/ဆေးခန်းတွင်ပင် အနီးကပ် စောင့်ရှောက်မှုဖြင့် နားနေရန် လိုသည်။

(၄) အချင်းကွာခြင်း
သာမန်အားဖြင့် အချင်းသည် သားအိမ်၏ အပေါ်ပိုင်းအတွင်းနံရံတွင် တွယ်ကပ် နေပြီး ကလေးမွေးဖွားမှသာ ကလေးနှင့်အတူကွာလာမည်ဖြစ်သည်။ အချို့သော အခြေအနေများတွင် ပုံမှန်မဟုတ်ပဲ အချင်းကွာခြင်းဖြစ်နိုင်ပြီး ပြင်းထန်သောဗိုက်နာခြင်း နှင့်အတူ သွေးဆင်းခြင်းကို ခံစားရနိုင်သည်။ အထူးသဖြင့် အချင်းကွာခြင်းဖြစ်ဖူးသူများ၊ သွေးတိုးရောဂါရှိသူများ၊ ကိုယ်ဝန်ဆိပ်တက်ခြင်း ခံစားနေရသူများနှင့် လတ်တလော ဝမ်းဗိုက်ကို ထိခိုက်မိသူများတွင် အချင်းကွာခြင်းဖြစ်နိုင်ပြီး ရောဂါအခြေအနေကို လိုက်၍ လိုအပ်သောကုသမှုခံယူနိုင်ရန် ဆေးရုံချက်ချင်းသွားရန်လိုသည်။

(၅) ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်ဆောင်ကာလ (၂၀)ပတ်ကျော်လျှင်ဖြစ်နိုင်သော ပြဿနာတရပ်ဖြစ်ပြီး သွေးတိုးခြင်းနှင့် ဆက်စပ်လျက်ရှိသည်။ ကိုယ်ဝန်ဆိပ် တက်သောလက္ခဏာများ ဖြစ်သည့် ဖောခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာ ဖြစ်ခြင်းနှင့်အတူ ဝမ်းဗိုက် အပေါ်ပိုင်း နာကျင်ခြင်းနှင့် မျက်စိမှုန်ဝါးလာခြင်းစသည့်လက္ခဏာများပါ တွဲ၍ ခံစားရလျှင် နီးစပ်ရာ ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုသည်။

(၆) အခြားရောဂါများကြောင့် ဝမ်းဗိုက်နာကျင်တတ်ခြင်း
– ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ဆီးသွားရာတွင် ပူခြင်း၊ သွေးပါခြင်း)
– အူအတက်ရောင်ခြင်း (အန်ခြင်း၊ အစားမစားလိုခြင်း၊ ဝမ်းချုပ်ခြင်း)
– သည်းခြေကျောက်တည်ခြင်း (အဝလွန်သူများနှင့် အသက်၃၅နှစ်အထက်)
– မွေးလမ်းကြောင်းပိုးဝင်ခြင်း
စသည်တို့ကြောင့်လည်း ဗိုက်အောင့်/ဗိုက်နာခြင်း၊ အချိန်မတန်ပဲ ကလေးမွေးခြင်းနှင့် ရောဂါ၏နောက်ဆက်တွဲ ပြဿနာများလည်း ခံစားရနိုင်သဖြင့် နီးစပ်ရာဆရာဝန်(သို့) ဗိုက်အပ်ထားသော ဆရာဝန်နှင့် အမြန်ဆုံးပြသရန်လိုသည်။

လူနာအနေနှင့် အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့် အမြန်ဆုံးပြသရမည်။
– ကိုယ်ဝန် (၁၂)ပတ်မတိုင်ခင် ဗိုက်နာခြင်း
– ကိုယ်ဝန်ဆောင်ကာလတလျောက် သွေးဆင်းခြင်/ရေဆင်းခြင်း
– မျက်စိမှုန်ဝါးလာခြင်း
– ခေါင်းကိုက်ခြင်း
– လက်၊ ခြေထောက်နှင့် မျက်နှာ ဖောယောင်ခြင်း
– ဆီးသွားရာတွင် ပူခြင်း/နာခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ဆီးအတွင်းသွေးပါခြင်း
– ကလေးအလှုပ်နည်းခြင်း

ပြင်းထန်ခြင်းမရှိသော သာမန်ဗိုက်အောင့်၊ ဗိုက်နာခြင်းများအတွက်
– အစားအစာကို နည်းနည်းနှင့် မကြာခဏစားပေးပါ။
– ကြေလွယ်သော အစားအစာများကိုသာ စားသုံးပါ။
– အလွန်စပ်သော၊ ချဉ်သော အစားအစာများ ရှောင်ပါ။
– အမျှင်ဓာတ်ကြွယ်ဝသော အသီးအနှံများကိုစားပေးပါ။
– အသားငါး၊ အသီးအရွက်စုံအောင် စားသုံးပေးပါ။
– ရေများများသောက်ပါ။ ဆီးသွားမည်စိုး၍ ရေလျော့သောက်ခြင်းရှောင်ကျဉ်ပါ။
– ဆီးသွားချင်လျှင်လည်း အောင့်ထားခြင်းကိုရှောင်ကျဉ်ပါ။
– နေ့ခင်းပိုင်းများတွင် တရေးတမောအိပ်စက်ပေးပါ။ ညတွင်လည်း စောစောအိပ်ပါ။

ကိုယ်ဝန်ဆောင်ကာလတလျောက် စိတ်ရောကိုယ်ပါ ချမ်းသာစွာနှင့် ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်သော မျိုးဆက်သစ်ကလေးများ ပိုင်ဆိုင်ကြစေရေး ဆုမွန်ကောင်း တောင်းအပ်ပါသည်။
Author : တင့်တယ်

Previous Post

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ဗိုက်နာခြင်းများ (အပိုင်း ၁)

Next Post

အမျိုးသမီးများ သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများ သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ

ဘယ်လိုသိနိုင်မလဲ လေဖြတ် မဖြတ် 

မိခင်နှင့် နို့ချိုတိုက်ကျွေးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.