fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

နာတာရှည်ရောဂါများနှင့်ကိုယ်ဝန်ဆောင်ခြင်း 

58
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

နာတာရွည္ေရာဂါမ်ားႏွင့္ကိုယ္ဝန္ေဆာင္ျခင္း

ႏွလုံးေရာဂါမ်ားႏွင့္ ကိုယ္ဝန္

အိမ္ေထာင္ျပဳတယ္ဆိုရင္ သားသမီးလိုခ်င္တဲ့သူဟာ အေတာ္မ်ားပါတယ္။ ဒါေပမဲ့ ဒီလိုသားသမီးလိုခ်င္တဲ့သူေတြထဲမွာမွ ကိုယ္ဝန္လုံးဝမရႏိုင္တဲ့ ေရာဂါေတြရွိသူေတြလည္း ပါႏိုင္သလို တစ္ခ်ိဳ႕ေတြကေတာ့ ကိုယ္ဝန္ရႏိုင္တဲ့ အေျခအေနေတာ့ရွိေပမဲ့ နာတာရွည္ေရာဂါေတြေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာျဖစ္တဲ့ ခႏၶာေဗဒေျပာင္းလဲမႈဒဏ္ကို ခံႏိုင္ရည္ရွိဖို႔ ခက္ခဲႏိုင္သူေတြ ျဖစ္ေနႏိုင္ပါတယ္။ နာတာရွည္ေရာဂါအခ်ိဳ႕ဟာ ကိုယ္ဝန္ေဆာင္ရင္ အသက္အႏၲရာယ္ရွိႏိုင္လို႔ ဒီလိုအခါမ်ိဳးမွာ ဆရာဝန္ေတြဟာ ကိုယ္ဝန္မယူဖို႔ကို အႀကံေပးတတ္ၾကပါတယ္။

ကိုယ္ကနာတာရွည္ေရာဂါရွိတယ္။ ဒါေပမဲ့ ကေလးလိုခ်င္တယ္။ ဒါဆို ဒီလိုအခါမ်ိဳးမွာဆရာဝန္ေတြအမ်ားႀကီးနဲ႔ တိုင္ပင္ဖို႔လိုလာႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေရာဂါကိုထိန္းခ်ဳပ္ဖို႔အတြက္သမားေတာ္ေတြ၊ ကိုယ္ဝန္ကိုေစာင့္ေရွာက္ဖို႔အတြက္သားဖြားမီးယပ္ဆရာဝန္ႀကီးေတြ နဲ႔ အျခားေသာအေရးေပၚအေျခအေနေတြကုသဖို႔ အထူးကုသမားေတာ္ေတြလိုႏိုင္ပါတယ္။

ဒီလိုေရာဂါေတြကေတာ့အမ်ားႀကီးရွိပါတယ္။ ေသြးတိုးေရာဂါ ႏွလုံးေရာဂါရွိသူေတြ ၊ Cystic fibrosis လိုအဆုတ္ေရာဂါေတြ၊ ယေန႔ေခတ္မွာအျဖစ္မ်ားလာတဲ့ အေရျပားေလးဘက္နာေရာဂါေတြ အစရွိတဲ့ေရာဂါေတြဟာ ဒီလိုေစာင့္ၾကည့္ရမည့္ ေရာဂါမ်ိဳးေတြထဲမွာပါဝင္ပါတယ္။
ဒီလိုေရာဂါေတြထဲကမွ ဒီေန႔ေတာ့ကိုယ္ဝန္ေဆာင္ခ်ိန္မွာႏွလုံးေရာဂါေတြရွိတာဟာဘာေၾကာင့္ရႈပ္ေထြးေစႏိုင္သလဲ ဘယ္လိုကုသသြားတတ္သလဲဆိုတာကိုေျပာျပေပးခ်င္ပါတယ္။

၁) ႏွလုံးအေပါက္က်ယ္ျခင္းက်ဥ္းျခင္းရွိသူမ်ား

ႏွလုံးအေပါက္ ပုံသ႑ာန္မမွန္တာဟာ အေၾကာင္းမ်ိဳးစုံေၾကာင့္ ျဖစ္ႏိုင္ပါတယ္။တစ္ခါတစ္ရံ ေမြးရာပါေရာဂါေၾကာင့္ ျဖစ္သလို႔ အသက္ႀကီးမွ အျခားေရာဂါတစ္ခုေၾကာင့္ျဖစ္လာတာလည္းရွိပါတယ္။ ဥပမာေျပာရရင္ ျမန္မာျပည္မွာအျဖစ္မ်ားတဲ့ ပိုးေလးဘက္နာေရာဂါေၾကာင့္ ႏွလုံး လက္ဝဲဘက္ေသြးဝင္ခန္းႏွင့္ေသြးလႊတ္ခန္းၾကားႏွလုံးေပါက္( mitral area ) က်ဥ္းသြားႏိုင္ပါတယ္။

ဒီလိုႏွလုံးေပါက္က်ဥ္း၊ က်ယ္ေရာဂါရွိတဲ့ အမ်ိဳးသမီးငယ္ေတြဟာ ကိုယ္ဝန္ယူဖို႔ စိတ္ကူးရွိခဲ့တယ္ဆိုရင္ မိမိျပသေနတဲ့ ႏွလုံးအထူးကုသမားေတာ္နဲ႔အရင္ တိုင္ပင္ဖို႔ လိုပါလိမ့္မယ္။ မိမိရဲ႕ အေျခအေနက ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အသက္အႏၲရာယ္ရွိႏိုင္ေခ်ႏႈန္း ဘယ္ေလာက္ရွိတယ္ဆိုတာေပၚ မူတည္ၿပီး ကိုယ္ဝန္ယူသင့္ မယူသင့္ကို ဆရာဝန္က ဆုံးျဖတ္ေပးပါမယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ႏွလုံးခုန္ႏႈန္း ေသြးေပါင္ခ်ိန္ ေဖာေရာင္တာေတြရွိ၊ မရွိကို ပုံမွန္စမ္းသပ္ေနရပါမယ္။ ၿပီးေတာ့ပုံမွန္ကိုယ္ဝန္ေစာင့္ေရွာက္မႈေတြမွာ လိုအပ္တဲ့ စမ္းသပ္မႈေတြ နဲ႔ Ultrasound ႐ိုက္တာေတြအျပင္ Echocardiogram လို႔ေခၚတဲ့ ႏွလုံးဓာတ္မွန္ကိုလည္း ကိုယ္ဝန္ ၂၈ ပတ္ခန႔္မွာ ႐ိုက္ရတတ္ပါတယ္။ ႏွလုံးစမ္းသပ္မႈမ်ားစြာလည္း လုပ္ရပါမယ္။

ေနာက္ၿပီး ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ႏွလုံးဟာ မိခင္နဲ႔ရင္ေသြးႏွစ္ဦးစာ အလုပ္လုပ္ရပါတယ္။ ဒါေၾကာင့္ ႏွလုံးဟာ ပိုမိုအလုပ္လုပ္ရတဲ့အတြက္ ႏွလုံးေရာဂါရွိသူ မိခင္ေလာင္းေတြမွာ ႏွလုံးပင္ပန္းမႈမလြန္ကဲေအာင္ ဂ႐ုစိုက္ဖို႔က အလြန္အေရးႀကီးပါတယ္။ မိခင္ေလာင္းေတြဟာ သာမန္ထက္ပိုတဲ့ လႈပ္ရွားမႈမ်ိဳးေတြကို ေရွာင္ရွားဖို႔လိုပါလိမ့္မယ္။ ေသြးအားမနည္းဖို႔ အတြက္လည္း သံဓာတ္ျဖည့္တင္းဖို႔ကို ဂ႐ုစိုက္ရပါမယ္။

ေရာဂါရွိသူေတြမွာ ႏွလုံးအေပါက္မွာ ပုံမွန္မဟုတ္တဲ့ ေသြးခဲမႈေတြ ရွိတတ္ပါတယ္။ ဒီလိုေသြးခဲမႈေတြေၾကာင့္ ေလျဖတ္တာေတြ ရွိမွာစိုးရိမ္တဲ့အတြက္ သမားေတာ္ေတြဟာ ေရာဂါရွိသူေတြကို ေသြးက်ဲေဆးေတြေပးထားတတ္ပါတယ္။  ေရာဂါမရွိသူေတြမွာေတာင္ ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ ေသြးပ်စ္တဲ့ အေျခအေန ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပုံမွန္ေသြးက်ဲေဆး ေသာက္ေနရတဲ့ ႏွလုံးအေပါက္က်ဥ္းေရာဂါ ရွိသူေတြအတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးက်ဲေဆးဟာ ပိုမိုလိုအပ္ပါတယ္။

ေသြးက်ဲေဆးတစ္မ်ိဳးျဖစ္တဲ့ warfarin ဟာ ကေလးကို ကိုယ္အဂၤါဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစႏိုင္ပါတယ္။  ဒါ့ေၾကာင့္ ေသြးက်ဲေဆး ေနာက္တစ္မ်ိဳးျဖစ္တဲ့ Heparin ကို ဒီအခ်ိန္မွာ ေပးတတ္ပါတယ္။ ဒါေပမဲ့ Heparin ဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးခဲမႈကို ကာကြယ္ဖို႔အတြက္ မလုံေလာက္ဘူးလို႔ ယူဆခ်က္မ်ားလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ Warfarin နဲ႔ Heparin ကိုခ်ိန္ဆေသာက္သုံးဖို႔အတြက္ ဆရာဝန္နဲ႔ အၿမဲမျပတ္ ေဆြးေႏြးတိုင္ပင္ႏိုင္ဖို႔ လိုပါတယ္။

ေမြးဖြားခ်ိန္မွာေတာ့ သာမန္မီးဖြားမႈကို ခြင့္ျပဳေပးထားပါတယ္။ ဒါေပမဲ့ နာက်င္မႈေၾကာင့္ႏွလုံးအလုပ္ပိုလုပ္ရၿပီး အေမာေဖာက္မွာကို စိုးရိမ္တဲ့အတြက္ သာမန္ေမြးဖြားမႈမွာ Painless labour ( နာက်င္မႈမရွိဘဲ ကေလးေမြးျခင္း) ကို လုပ္လာၾကပါတယ္။

၂) ေသြးတိုးေရာဂါရွိသူမ်ား

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးတိုးတာဟာ ႏွစ္မ်ိဳးႏွစ္စား ရွိပါတယ္။

၁။ပထမတစ္မ်ိဳးကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေသြးတိုးျခင္း( gestational hypertension ) ျဖစ္ပါတယ္။ ကိုယ္ဝန္မေဆာင္မီ ေသြးတိုးမရွိတဲ့သူေတြမွာ ျဖစ္တတ္ၿပီး ကိုယ္ဝန္ပတ္ ၂၀ ေက်ာ္တဲ့ အခ်ိန္မွာ စျဖစ္တတ္ပါတယ္။

၂။ေနာက္တစ္မ်ိဳးကေတာ့ ကိုယ္ဝန္မေဆာင္မီကတည္းက ေသြးတိုးေရာဂါရွိၿပီးသား ျဖစ္တယ္လို႔ယူဆရတဲ့ ေသြးတိုးေရာဂါ ျဖစ္ပါတယ္။

မည္သည့္အေၾကာင္းေၾကာင့္ ေသြးတိုးသည္ျဖစ္ေစ ေသြးတိုးေရာဂါရွိသူေတြမွာ ေသြးေပါင္အၿမဲခ်ိန္ၿပီး လိုအပ္ရင္ ေဆးေသာက္ေနရပါမယ္။ ဘာ့ေၾကာင့္လဲဆိုရင္ ေသြးတိုးႏွစ္မ်ိဳးစလုံးဟာ ပုံမွန္မထိန္းခ်ဳပ္ႏိုင္ရင္ ကိုယ္ဝန္ဆိပ္တက္ျခင္း( Eclampsia) အထိ ျဖစ္သြားႏိုင္ပါတယ္။ ဒီလိုျဖစ္တဲ့အခါ မိခင္ေရာကေလးပါ အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။

ေသြးတိုးေရာဂါရွိသူေတြမွာ ကိုယ္ဝန္ဆိပ္တက္တာကို ေစာစီးစြာသိရွိကုသႏိုင္ဖို႔အတြက္ ဆီးထဲကအသားဓာတ္ (Urine protein) စစ္ေဆးတာနဲ႔ သေႏၶသားႀကီးထြားမႈကို အၿမဲမျပတ္ေစာင့္ၾကည့္တာကို လုပ္ေပးရပါတယ္။

ေသြးတိုးေရာဂါကို ပုံမွန္ထိန္းခ်ဳပ္ထားႏိုင္တဲ့ ကိုယ္ဝန္ေတြမွာေတာ့ ပုံမွန္ေမြးဖြားခ်ိန္အထိေစာင့္ေလ့ရွိပါတယ္။

ကိုယ္ဝန္ဆိပ္တက္ႏိုင္ေခ်ရွိသူေတြ နဲ႔ ေဆးနဲ႔ထိန္းခ်ဳပ္ဖို႔ အလြန္ခက္ခဲတဲ့သူေတြမွာေတာ့သေႏၶသား ဖြံ႕ၿဖိဳးမႈေႏွးေကြး(သို႔) ရပ္တန႔္ေနတယ္ဆိုရင္ ကေလးနဲ႔မိခင္ အသက္အႏၲရာယ္ရွိႏိုင္ေခ်ကိုခ်ိန္ဆၿပီး ကိုယ္ဝန္ကိုေစာေမြးသင့္မသင့္ ခ်ိန္ဆဆုံးျဖတ္ရေတာ့ပါတယ္။ ခြဲေမြးဖို႔လည္းလိုအပ္ႏိုင္ပါတယ္။

ေမြးဖြားၿပီးစအခ်ိန္ ၄၈ နာရီအတြင္းထိကိုယ္ဝန္ဆိပ္တက္ျခင္းျဖစ္ႏိုင္လို႔ ေသြးေပါင္ခ်ိန္ကိုဆက္ေစာင့္ၾကည့္ဖို႔လိုပါလိမ့္မယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာေသြးတိုးျခင္း( gestational hypertension ) ရွိသူေတြအမ်ားစုဟာေမြးဖြားၿပီးတဲ့အခ်ိန္မွာ ေသြးေပါင္ျပန္က်သြားတတ္ပါတယ္။ အနည္းစုမွာေတာ့ ေသြးတိုးေရာဂါ ဆက္ရွိသြားတတ္ပါတယ္။

နဂိုကတည္းက ေသြးတိုးေရာဂါရွိေနသူေတြဟာလည္း ေမြးဖြားၿပီးခ်ိန္မွာ ပုံမွန္ေသြးတိုးက်ေဆးကို ဆက္ေသာက္ေနဖို႔ လိုပါလိမ့္မယ္။ ေသြးတိုးက်ေဆးအမ်ားစုဟာ ႏို႔တိုက္မိခင္ေတြေသာက္သုံးဖို႔ေဘးကင္းတဲ့အတြက္ ေမြးဖြားၿပီးခ်ိန္မွာ ေသြးတိုးေရာဂါဆက္ရွိသူေတြမွာ ကုသဖို႔အဆင္ေျပပါတယ္။

ဒါေၾကာင့္ႏွလုံးေရာဂါရွိသူေတြမွာ ကိုယ္ဝန္ေဆာင္ဖို႔ သင္၊ မသင့္ ေကာင္းက်ိဳး၊ ဆိုးက်ိဳးကိုဆရာဝန္နဲ႔တိုင္ပင္ၿပီး မိမိဘာသာ ခ်ိန္ဆရပါမယ္။

ကဲဒီေန႔ေတာ့ဒီေလာက္ပါဘဲ။ ခ်စ္စရာေကာင္းတဲ့ကေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ ေမေမတို႔ေရ …

Author : Dr. ေမႊး

နာတာရှည်ရောဂါများနှင့်ကိုယ်ဝန်ဆောင်ခြင်း

နှလုံးရောဂါများနှင့် ကိုယ်ဝန်

အိမ်ထောင်ပြုတယ်ဆိုရင် သားသမီးလိုချင်တဲ့သူဟာ အတော်များပါတယ်။ ဒါပေမဲ့ ဒီလိုသားသမီးလိုချင်တဲ့သူတွေထဲမှာမှ ကိုယ်ဝန်လုံးဝမရနိုင်တဲ့ ရောဂါတွေရှိသူတွေလည်း ပါနိုင်သလို တစ်ချို့တွေကတော့ ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေတော့ရှိပေမဲ့ နာတာရှည်ရောဂါတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ခန္ဓာဗေဒပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ ခက်ခဲနိုင်သူတွေ ဖြစ်နေနိုင်ပါတယ်။ နာတာရှည်ရောဂါအချို့ဟာ ကိုယ်ဝန်ဆောင်ရင် အသက်အန္တရာယ်ရှိနိုင်လို့ ဒီလိုအခါမျိုးမှာ ဆရာဝန်တွေဟာ ကိုယ်ဝန်မယူဖို့ကို အကြံပေးတတ်ကြပါတယ်။

ကိုယ်ကနာတာရှည်ရောဂါရှိတယ်။ ဒါပေမဲ့ ကလေးလိုချင်တယ်။ ဒါဆို ဒီလိုအခါမျိုးမှာဆရာဝန်တွေအများကြီးနဲ့ တိုင်ပင်ဖို့လိုလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါကိုထိန်းချုပ်ဖို့အတွက်သမားတော်တွေ၊ ကိုယ်ဝန်ကိုစောင့်ရှောက်ဖို့အတွက်သားဖွားမီးယပ်ဆရာဝန်ကြီးတွေ နဲ့ အခြားသောအရေးပေါ်အခြေအနေတွေကုသဖို့ အထူးကုသမားတော်တွေလိုနိုင်ပါတယ်။

ဒီလိုရောဂါတွေကတော့အများကြီးရှိပါတယ်။ သွေးတိုးရောဂါ နှလုံးရောဂါရှိသူတွေ ၊ Cystic fibrosis လိုအဆုတ်ရောဂါတွေ၊ ယနေ့ခေတ်မှာအဖြစ်များလာတဲ့ အရေပြားလေးဘက်နာရောဂါတွေ အစရှိတဲ့ရောဂါတွေဟာ ဒီလိုစောင့်ကြည့်ရမည့် ရောဂါမျိုးတွေထဲမှာပါဝင်ပါတယ်။
ဒီလိုရောဂါတွေထဲကမှ ဒီနေ့တော့ကိုယ်ဝန်ဆောင်ချိန်မှာနှလုံးရောဂါတွေရှိတာဟာဘာကြောင့်ရှုပ်ထွေးစေနိုင်သလဲ ဘယ်လိုကုသသွားတတ်သလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

၁) နှလုံးအပေါက်ကျယ်ခြင်းကျဉ်းခြင်းရှိသူများ

နှလုံးအပေါက် ပုံသဏ္ဍာန်မမှန်တာဟာ အကြောင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။တစ်ခါတစ်ရံ မွေးရာပါရောဂါကြောင့် ဖြစ်သလို့ အသက်ကြီးမှ အခြားရောဂါတစ်ခုကြောင့်ဖြစ်လာတာလည်းရှိပါတယ်။ ဥပမာပြောရရင် မြန်မာပြည်မှာအဖြစ်များတဲ့ ပိုးလေးဘက်နာရောဂါကြောင့် နှလုံး လက်ဝဲဘက်သွေးဝင်ခန်းနှင့်သွေးလွှတ်ခန်းကြားနှလုံးပေါက်( mitral area ) ကျဉ်းသွားနိုင်ပါတယ်။

ဒီလိုနှလုံးပေါက်ကျဉ်း၊ ကျယ်ရောဂါရှိတဲ့ အမျိုးသမီးငယ်တွေဟာ ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိခဲ့တယ်ဆိုရင် မိမိပြသနေတဲ့ နှလုံးအထူးကုသမားတော်နဲ့အရင် တိုင်ပင်ဖို့ လိုပါလိမ့်မယ်။ မိမိရဲ့ အခြေအနေက ကိုယ်ဝန်ဆောင်ချိန်မှာ အသက်အန္တရာယ်ရှိနိုင်ချေနှုန်း ဘယ်လောက်ရှိတယ်ဆိုတာပေါ် မူတည်ပြီး ကိုယ်ဝန်ယူသင့် မယူသင့်ကို ဆရာဝန်က ဆုံးဖြတ်ပေးပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ နှလုံးခုန်နှုန်း သွေးပေါင်ချိန် ဖောရောင်တာတွေရှိ၊ မရှိကို ပုံမှန်စမ်းသပ်နေရပါမယ်။ ပြီးတော့ပုံမှန်ကိုယ်ဝန်စောင့်ရှောက်မှုတွေမှာ လိုအပ်တဲ့ စမ်းသပ်မှုတွေ နဲ့ Ultrasound ရိုက်တာတွေအပြင် Echocardiogram လို့ခေါ်တဲ့ နှလုံးဓာတ်မှန်ကိုလည်း ကိုယ်ဝန် ၂၈ ပတ်ခန့်မှာ ရိုက်ရတတ်ပါတယ်။ နှလုံးစမ်းသပ်မှုများစွာလည်း လုပ်ရပါမယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ နှလုံးဟာ မိခင်နဲ့ရင်သွေးနှစ်ဦးစာ အလုပ်လုပ်ရပါတယ်။ ဒါကြောင့် နှလုံးဟာ ပိုမိုအလုပ်လုပ်ရတဲ့အတွက် နှလုံးရောဂါရှိသူ မိခင်လောင်းတွေမှာ နှလုံးပင်ပန်းမှုမလွန်ကဲအောင် ဂရုစိုက်ဖို့က အလွန်အရေးကြီးပါတယ်။ မိခင်လောင်းတွေဟာ သာမန်ထက်ပိုတဲ့ လှုပ်ရှားမှုမျိုးတွေကို ရှောင်ရှားဖို့လိုပါလိမ့်မယ်။ သွေးအားမနည်းဖို့ အတွက်လည်း သံဓာတ်ဖြည့်တင်းဖို့ကို ဂရုစိုက်ရပါမယ်။

ရောဂါရှိသူတွေမှာ နှလုံးအပေါက်မှာ ပုံမှန်မဟုတ်တဲ့ သွေးခဲမှုတွေ ရှိတတ်ပါတယ်။ ဒီလိုသွေးခဲမှုတွေကြောင့် လေဖြတ်တာတွေ ရှိမှာစိုးရိမ်တဲ့အတွက် သမားတော်တွေဟာ ရောဂါရှိသူတွေကို သွေးကျဲဆေးတွေပေးထားတတ်ပါတယ်။  ရောဂါမရှိသူတွေမှာတောင် ကိုယ်ဝန်ဆောင်ချိန်ဟာ သွေးပျစ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံမှန်သွေးကျဲဆေး သောက်နေရတဲ့ နှလုံးအပေါက်ကျဉ်းရောဂါ ရှိသူတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးကျဲဆေးဟာ ပိုမိုလိုအပ်ပါတယ်။

သွေးကျဲဆေးတစ်မျိုးဖြစ်တဲ့ warfarin ဟာ ကလေးကို ကိုယ်အင်္ဂါဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။  ဒါ့ကြောင့် သွေးကျဲဆေး နောက်တစ်မျိုးဖြစ်တဲ့ Heparin ကို ဒီအချိန်မှာ ပေးတတ်ပါတယ်။ ဒါပေမဲ့ Heparin ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးခဲမှုကို ကာကွယ်ဖို့အတွက် မလုံလောက်ဘူးလို့ ယူဆချက်များလည်း ရှိပါတယ်။ ဒါ့ကြောင့် Warfarin နဲ့ Heparin ကိုချိန်ဆသောက်သုံးဖို့အတွက် ဆရာဝန်နဲ့ အမြဲမပြတ် ဆွေးနွေးတိုင်ပင်နိုင်ဖို့ လိုပါတယ်။

မွေးဖွားချိန်မှာတော့ သာမန်မီးဖွားမှုကို ခွင့်ပြုပေးထားပါတယ်။ ဒါပေမဲ့ နာကျင်မှုကြောင့်နှလုံးအလုပ်ပိုလုပ်ရပြီး အမောဖောက်မှာကို စိုးရိမ်တဲ့အတွက် သာမန်မွေးဖွားမှုမှာ Painless labour ( နာကျင်မှုမရှိဘဲ ကလေးမွေးခြင်း) ကို လုပ်လာကြပါတယ်။

၂) သွေးတိုးရောဂါရှိသူများ

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာဟာ နှစ်မျိုးနှစ်စား ရှိပါတယ်။

၁။ပထမတစ်မျိုးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးခြင်း( gestational hypertension ) ဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်မီ သွေးတိုးမရှိတဲ့သူတွေမှာ ဖြစ်တတ်ပြီး ကိုယ်ဝန်ပတ် ၂၀ ကျော်တဲ့ အချိန်မှာ စဖြစ်တတ်ပါတယ်။

၂။နောက်တစ်မျိုးကတော့ ကိုယ်ဝန်မဆောင်မီကတည်းက သွေးတိုးရောဂါရှိပြီးသား ဖြစ်တယ်လို့ယူဆရတဲ့ သွေးတိုးရောဂါ ဖြစ်ပါတယ်။

မည်သည့်အကြောင်းကြောင့် သွေးတိုးသည်ဖြစ်စေ သွေးတိုးရောဂါရှိသူတွေမှာ သွေးပေါင်အမြဲချိန်ပြီး လိုအပ်ရင် ဆေးသောက်နေရပါမယ်။ ဘာ့ကြောင့်လဲဆိုရင် သွေးတိုးနှစ်မျိုးစလုံးဟာ ပုံမှန်မထိန်းချုပ်နိုင်ရင် ကိုယ်ဝန်ဆိပ်တက်ခြင်း( Eclampsia) အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိခင်ရောကလေးပါ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါရှိသူတွေမှာ ကိုယ်ဝန်ဆိပ်တက်တာကို စောစီးစွာသိရှိကုသနိုင်ဖို့အတွက် ဆီးထဲကအသားဓာတ် (Urine protein) စစ်ဆေးတာနဲ့ သန္ဓေသားကြီးထွားမှုကို အမြဲမပြတ်စောင့်ကြည့်တာကို လုပ်ပေးရပါတယ်။

သွေးတိုးရောဂါကို ပုံမှန်ထိန်းချုပ်ထားနိုင်တဲ့ ကိုယ်ဝန်တွေမှာတော့ ပုံမှန်မွေးဖွားချိန်အထိစောင့်လေ့ရှိပါတယ်။

ကိုယ်ဝန်ဆိပ်တက်နိုင်ချေရှိသူတွေ နဲ့ ဆေးနဲ့ထိန်းချုပ်ဖို့ အလွန်ခက်ခဲတဲ့သူတွေမှာတော့သန္ဓေသား ဖွံ့ဖြိုးမှုနှေးကွေး(သို့) ရပ်တန့်နေတယ်ဆိုရင် ကလေးနဲ့မိခင် အသက်အန္တရာယ်ရှိနိုင်ချေကိုချိန်ဆပြီး ကိုယ်ဝန်ကိုစောမွေးသင့်မသင့် ချိန်ဆဆုံးဖြတ်ရတော့ပါတယ်။ ခွဲမွေးဖို့လည်းလိုအပ်နိုင်ပါတယ်။

မွေးဖွားပြီးစအချိန် ၄၈ နာရီအတွင်းထိကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်လို့ သွေးပေါင်ချိန်ကိုဆက်စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးခြင်း( gestational hypertension ) ရှိသူတွေအများစုဟာမွေးဖွားပြီးတဲ့အချိန်မှာ သွေးပေါင်ပြန်ကျသွားတတ်ပါတယ်။ အနည်းစုမှာတော့ သွေးတိုးရောဂါ ဆက်ရှိသွားတတ်ပါတယ်။

နဂိုကတည်းက သွေးတိုးရောဂါရှိနေသူတွေဟာလည်း မွေးဖွားပြီးချိန်မှာ ပုံမှန်သွေးတိုးကျဆေးကို ဆက်သောက်နေဖို့ လိုပါလိမ့်မယ်။ သွေးတိုးကျဆေးအများစုဟာ နို့တိုက်မိခင်တွေသောက်သုံးဖို့ဘေးကင်းတဲ့အတွက် မွေးဖွားပြီးချိန်မှာ သွေးတိုးရောဂါဆက်ရှိသူတွေမှာ ကုသဖို့အဆင်ပြေပါတယ်။

ဒါကြောင့်နှလုံးရောဂါရှိသူတွေမှာ ကိုယ်ဝန်ဆောင်ဖို့ သင်၊ မသင့် ကောင်းကျိုး၊ ဆိုးကျိုးကိုဆရာဝန်နဲ့တိုင်ပင်ပြီး မိမိဘာသာ ချိန်ဆရပါမယ်။

ကဲဒီနေ့တော့ဒီလောက်ပါဘဲ။ ချစ်စရာကောင်းတဲ့ကလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ မေမေတို့ရေ …

Author : Dr. မွှေး

 

 

 

Previous Post

Papaya သဘောင်္သီးအကြောင်း

Next Post

COPD ( သိုု႔) အဆုုတ္ေလျပြန္က်ဥ္းတဲ့နာတာရွည္ေရာဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

COPD ( သိုု႔) အဆုုတ္ေလျပြန္က်ဥ္းတဲ့နာတာရွည္ေရာဂါ

မျက်စိကလေးကျန်းမာဖို့ အာဟာရပြည့်အောင် စားကြစို့ (1)

မသန့်ရှင်းတဲ့ စားသောက်ဆိုင်များ ရဲ့ အန္တရာယ်များ နှင့် ဘယ်လိုကာကွယ်ကြမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.