သုတ်ရည်သွေးပါခြင်း
အမျိုးသမီးနှင့်အတူ နေပြီးသော်လည်းကောင်း သို့မဟုတ် အာသာဖြေပြီးနောက်သော်လည်း သင့်ရဲ့သုတ်ရည်တွင် သွေးစများတွေ့ရလျှင် သင့်အလွန်အမင်းစိုးရိမ်ထိတ်လန့်မှာ အသေချာပင်ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်မလဲဟု စိတ်ပူပန်စွာ မေးမြန်းကြပါတယ်။ ကံကောင်းထောက်မစွာအဖြေက သုတ်ရည်သွေးပါမှုသည် ရောဂါကြီးမားမှုရဲ့ လက္ခဏာတစ်ရပ်ဟု အတိအကျမပြောနိုင်ပါ။
အောက်ခံရောဂါအခြေခံကြီးမား မှုမရှိသည် အသက် ၄၀ နှစ်အောက် အမျိုးသားများသည် သုတ်ရည်သွေးပါမှုအပြင် အခြားသော ထူးခြားသည် လက္ခဏာများမဖြစ်ပေါ်ပါက အဆိုပါသွေးပါသောလက္ခဏာသည် တဖြေးဖြေးသူ့အလိုလိုပျောက်ကင်းတတ်ပါတယ်။ သို့သော် အသက် ၄၀ နှစ်အထက် အမျိုးသားများသည် သုတ်ရည်သွေးပါမှု ခံစားရပါက ဆေးကုသမှု လိုအပ်နိုင်ပါတယ်။
အထူးသဖြင့်
– အမြဲတစေသုတ်ရည်သွေးပါခြင်း
– ဆီးသွားခြင်းပြဿနာများ
– သုတ်လွှတ်ခြင်းပြဿနာများ
– ကင်ဆာဖြစ်နိုင်သောအခြားသောအကြောင်းရင်းများ
– အခြားသောသွေးယိုစိမ့် မှုလက္ခဏာများခံစားနေရသောအမျိုးသားများသည် ကုသမှုခံယူရန်လိုအပ်ပါတယ်။
ပုံမှန်အားဖြင့် အမျိုးသားများသည် သုတ်လွှတ်ချိန်တွင် မိမိသုတ်ရည်ကို သွေးပါ၊ သွေးမပါ သတိမထားမိတတ်ကြပါ။
(၁) ဖြစ်နိုင်သောအကြောင်းရင်းများမှာ
(က) ပိုးဝင်ခြင်းနှင့် ရောင်ရမ်းခြင်း
အမျိုးသားမျိုးပွားအင်္ဂါလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ကူးစက်မူဖြစ်ပါက သုတ်ရည်သွေးပါမှု ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သော ကာလသားပိုးရောဂါ၊ ဂနိုနှင့် အခြားသောဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးများကြောင့် ကူးစက်ခံရတတ်ပါတယ်။
(ခ) ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ဆေးကုသ မှုနောက်ဆက်တွဲ
ထိခိုက်ဒဏ်ရာရသောကြောင့် သုတ်ရည်သွေးပါနိုင်သလို ဆီးလမ်းကြောင်း ခွဲစိတ်မူခံယူပြီးနောက်လည်း ယာယီသွေးပါမှုဖြစ်စေနိုင်ပါတယ်။ ဓာတ်ကင်ခြင်း၊ သားကြောဖြတ်ခြင်းနှင့် လိပ်ခေါင်းကုသမှုများ ပြုလုပ်ပြီးနောက် တခါတရံသွေးပါတတ်ပါတယ်။ အာသာဖြေခြင်းနှင့် လိင်ဆက်ဆံမှု ကြောင့်ထိခိုက်ခြင်းတွင်လည်း သွေးပါတတိပါတယ်။
(ဂ) ပိတ်ဆို့ခြင်း
မျိုးပွားအင်္ဂါလမ်းကြောင်း ပိတ်ဆို့မှုဖြစ်ပါက သွေးကြောများပေါက်ကာ သွေးစများသုတ်ရည်တွင် ပါတတ်ပါတယ်။ ဆီးကျိတ်ကြီးလျှင် အဆိုပါအခြေအနေဖြစ်စေပါတယ်။
(ဃ) အကျိတ်နှင့်အသားပိုများ
ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ တက်စတိကင်ဆာနှင့် အခြားသောမျိုးပွားလမ်းကြောင်းအင်္ဂါ ကင်ဆာများကြောင့် သုတ်ရည်ထဲသွေးပါခြင်း ဖြစ်စေနိုင်ပါတယ်။ အသားပိုများကြောင့်လည်း သွေးပါမှုဖြစ်စေပါတယ်။
(င) သွေးကြောပြဿနာများ
သုတ်လွှတ်ချိန်တွင် သွေးကြောပျက်စီးကာ သုတ်ရည်တွင် သုတ်ပိုးနှင့် သွေးမျှင်များပါလာတတ်ပါတယ်။
(စ) အခြားသော သွေးတိုးရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါများကြောင့်လည်း ဖြစ်တတ်ပါတယ်။
သုတ်ရည်သွေးပါမှုဖြစ်ပါက အကြောင်းရင်းရှာဖွေရန်လိုအပ်သော စမ်းသပ်မူများ ပြုလုပ်သင့်ပါတယ်။
ကုသမှုအနေဖြင့် ဖြစ်စေနိုင်သော အကြောင်းရင်းပေါ် မှုတည်၍
– ပိုးသတ်ဆေးဖြင့်ကုသခြင်း
– ရောင်ရမ်းမှု သက်သာစေသောဆေးများဖြင့်ကုသခြင်း
– သွေးတိုး၊ အသည်း၊ သွေးရောဂါများအလိုက်ကုသခြင်း
– ဆီးကျိတ်အသားစယူစစ်ဆေးကုသခြင်းစသည့်နည်းလမ်းများဖြင့်ကုသ မှုခံယူသင့်ပါတယ်။ အချို့လူငယ်များတွင် အခြားပြင်းထန်သောလက္ခဏာများမရှိပါက ကုသရန်မလိုအပ်ပါ။ သို့သော် ဆီးလမ်းကြောင်းပြဿနာများ၊ သုတ်လွှတ်ခြင်းပြဿနာမျာပါခံစားရပါက ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်နှင့် တိုင်ပင်ကုသပါ။
Author : Dr. Pyae Shin