မိခင္ေလာင္းမ်ားတြင္ ထိုးသင့္ေသာ ကာကြယ္ေဆးမ်ား
ကာကြယ္ေဆးေတြထဲကမွ ကိုယ္ဝန္ေဆာင္ဖို႔ ျပင္ဆင္ေနတဲ့ မိခင္ေလာင္းေတြထိုးသင့္တဲ့ ကာကြယ္ေဆးေတြ နဲ႔ မထိုးသင့္တာေတြအေၾကာင္း နည္းနည္းရွင္းျပေပးပါမယ္။
မိခင္ေလာင္းေတြ ကာကြယ္ေဆး ဘာေၾကာင့္ ထိုးရလဲ???
မိခင္ေလာင္းေတြ ကာကြယ္ေဆးထိုးရတာဟာ ဝမ္းဗိုက္ထဲက သေႏၶသားကို ကိုယ္ဝန္လြယ္ခ်ိန္မွာ ေရာဂါကူးစက္ဖို႔ နည္းသြားေစဖို႔ နဲ႔ ေမြးဖြားခ်ိန္မွာ ျဖစ္တတ္တဲ့ တစ္ခ်ိဳ႕ေသာ ကူးစက္ႏိုင္တဲ့ ေရာဂါေတြရန္က ကာကြယ္ႏိုင္ဖို႔ဘဲ ျဖစ္ပါတယ္။
ေမးခိုင္ကာကြယ္ေဆး
ေမြးဖြားစ ရင္ေသြးငယ္မွာ ေမးခိုင္ေရာဂါ ျဖစ္ႏႈန္းကို သိသိသာသာ ေလ်ာ့က်ဖို႔အတြက္ ေမးခိုင္ကာကြယ္ေဆး ထိုးဖို႔က အေရးႀကီးပါတယ္။ အမ်ိဳးသမီးငယ္ေတြ ကိုယ္ဝန္ မေဆာင္ခင္ကတည္းက ေမးခိုင္ကာကြယ္ေဆးကို ႀကိဳထိုးထားလို႔ရပါတယ္။ ဒါေပမဲ့ ေမးခိုင္ကာကြယ္ေဆးဟာ သတ္မွတ္အေရအတြက္ ျပည့္ေအာင္ ထိုးရပါတယ္။
ကိုယ္ဝန္မေဆာင္ခင္ သတ္မွတ္အေရအတြက္ အားလုံးျပည့္ဖို႔ကေတာ့ ဒီအမ်ိဳးသမီးငယ္ဟာ ငယ္စဥ္ကတည္းက ကာကြယ္ေဆးကတ္ျပားနဲ႔ ထိုးလာခဲ့မွပဲ ျဖစ္ႏိုင္မွာပါ။ ဒီလိုထိုးထားခဲ့တာ ေသခ်ာရင္ေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ထပ္ထိုးဖို႔ မလိုအပ္ေတာ့ပါဘူး။ သတ္မွတ္အေရအတြက္ မျပည့္ေသးရင္ေတာ့ နီးစပ္ရာ ေဆး႐ုံေဆးခန္းေတြမွာ ကိုယ္ဝန္အပ္တဲ့အခ်ိန္မွာ ေမးခိုင္ကာကြယ္ေဆး ထိုးဖို႔လိုပါတယ္။ ဒီလိုထိုးတဲ့အခါမွာလည္း ကိုယ္အရင္က ထိုးထားခဲ့ဖူးတဲ့ ကာကြယ္ေဆး အေရအတြက္ကို တိတိက်က် အေထာက္အထား ရွိတယ္ဆိုရင္ေတာ့ လိုအပ္သေလာက္ကိုပဲ ကိုယ္ဝန္ေဆာင္တဲ့အခါ ထပ္ထိုးဖို႔လိုမွာပါ။
တုပ္ေကြးကာကြယ္ေဆး
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တုပ္ေကြးေရာဂါ ကာကြယ္ႏိုင္ဖို႔ အကာင္းဆုံးနည္းလမ္းကေတာ့ တုပ္ေကြးေရာဂါ ရွိတဲ့သူနဲ႔ ေဝးေဝးေနဖို႔ပါဘဲ။ ကိုယ္က ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လူစုလူေဝးရွိတဲ့ ေနရာေတြ ဒါမွမဟုတ္ တုပ္ေကြးျဖစ္တဲ့သူေတြနဲ႔ မေရွာင္ႏိုင္ဘူးဆိုရင္ေတာ့ ကာကြယ္ေဆး ထိုးထားတာက ေကာင္းပါတယ္။ ဒီကာကြယ္ေဆး ထိုးဖို႔ လိုမလိုကိုေတာ့ သက္ဆိုင္ရာ ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ လိုပါတယ္။ ကာကြယ္ေဆးထိုးၿပီးရင္ေတာ့ ေဆးေၾကာင့္ အနည္းငယ္ဖ်ားတာ ရွိႏိုင္ပါတယ္။
အသည္းေရာင္အသားဝါကာကြယ္ေဆး
အသည္းေရာင္ အသားဝါပိုးေတြ အမ်ားႀကီး ရွိပါတယ္။ ဒီထဲက လူသိမ်ားတာေတြကေတာ့ ေအပိုး ေဘပိုး စီပိုးေတြပါပဲ။ ေအပိုးကေတာ့ အစားအေသာက္က ကူးစက္တတ္ၿပီး ဘီပိုး စီပိုးေတြကေတာ့ ကိုယ္တြင္းအရည္ေတြက တစ္ဆင့္ ကူးစက္တတ္ပါတယ္။ ေအပိုး ဘီပိုးဟာ မျဖစ္ေအာင္ ကာကြယ္ေဆး ႀကိဳထိုးလို႔ ရပါတယ္။ တစ္ခါမွ ေရာဂါမျဖစ္ဖူးေသးရင္ ကာကြယ္ေဆး ႀကိဳထိုးထားသင့္ပါတယ္။ ေအပိုးနဲ႔ ဘီပိုးဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာလည္း ကူးႏိုင္ပါတယ္။
ဒါေပမဲ့ ေအပိုးကာကြယ္ေဆးဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ထိုးဖို႔ စိတ္သိပ္မခ်ရတဲ့အတြက္ ေပးေလ့ေပးထ မရွိပါဘူး။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေအပိုးမကူးစက္ဖို႔အတြက္ အစားအသာက္ကို ဂ႐ုစိုက္ဖို႔အေရးႀကီးပါတယ္။ အသည္းေရာင္အသားဝါ ဘီပိုးကေတာ့ ေရာဂါမျဖစ္ဖူးေသးတဲ့ သူဆိုရင္ ထိုးလို႔ရပါတယ္။ အေမနဲ႔ ကေလးမွာ ကိုယ္ဝန္ေဆာင္ခ်ိန္ေရာ ေမြးဖြားခ်ိန္မွာပါ ေရာဂါမကူးစက္ေအာင္ ထိုးတာျဖစ္ပါတယ္။ ကာကြယ္ေဆး ထိုးမယ္ဆိုရင္ေတာ့ သုံးႀကိမ္ျပည့္ေအာင္ ထိုးဖို႔ေတာ့ လိုပါမယ္။
ဆုံဆို႔ ၾကက္ညႇာ
ဆုံဆို႔ ၾကက္ညႇာ ကို ေမးခိုင္ကာကြယ္ေဆးနဲ႔ တြဲၿပီး ဆုံဆို႔ ေမးခိုင္ ၾကက္ညႇာဆိုၿပီး သုံးမ်ိဳးစပ္ ထိုးေလ့ရွိပါတယ္။ ကိုယ္ဝန္ ၂၇ပတ္နဲ႔ ၃၆ ပတ္ၾကားမွာ ထိုးတတ္ၿပီး ရင္ေသြးေမြးကင္းစ အ႐ြယ္မွာ ၾကက္ညႇာေခ်ာင္းဆိုး မျဖစ္ဖို႔ အဓိက ရည္႐ြယ္ပါတယ္။
Mumps , Measles , Rubella
ပါးခ်ိပ္ေရာင္နဲ႔ ဝက္သက္ ပါဝင္တဲ့ ဒီသုံးမ်ိဳးစပ္ ေရာဂါကာကြယ္ေဆးဟာ အရင္တစ္ခါက ေျပာခဲ့သလိုပဲ အေကာင္အရွင္နဲ႔ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကာကြယ္ေဆးကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေပးလို႔မရပါဘူး။ ဒါဆို ဘာလို႔ထည့္ေျပာတာလဲ ေမးစရာရွိပါတယ္။ ဘာေၾကာင့္ ထည့္ေျပာတာလဲ ဆိုရင္ေတာ့ ဒီထဲက Rubella ေရာဂါပိုးဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကူးတဲ့အခါ ကေလးေမြးရာပါ အဂၤါခ်ိဳ႕ယြင္းမႈေတြ ပါလာေစတတ္လို႔ပါဘဲ။
အေမမွာ ေရာဂါပိုးကို တိုက္ထုတ္ႏိုင္တဲ့ Antibody မရွိခဲ့ရင္ ကိုယ္ဝန္ေဆာင္တဲ့အခါ ကေလးဆီေရာက္ဖို႔က ပိုမ်ားတဲ့အတြက္ ေရာဂါမျဖစ္ဖူးေသးတဲ့ အေမမွာ ကာကြယ္ေဆးထိုးထားရင္ ပိုစိတ္ခ်ရပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ထိုးလို႔မရတဲ့အတြက္ ကိုယ္ဝန္မေဆာင္ခင္မွာ ႀကိဳထိုးထားရပါမယ္။
ကေလးယူဖို႔ အစီအစဥ္ရွိခဲ့ရင္ ကိုယ္ဝန္မေဆာင္ခင္ တစ္လ ႏွစ္လေလာက္မွာ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ကာကြယ္ေဆး ထိုးသင့္ပါတယ္။ ကဲဒီေန႔ေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ ကိုယ္ဝန္မေဆာင္ခင္မွာ ထိုးလို႔ရတဲ့ ကာကြယ္ေဆးတစ္ခ်ိဳ႕ အေၾကာင္းကို ရွင္းျပေပးသြားပါတယ္…
Author : Dr. ေမႊး
မိခင်လောင်းများတွင် ထိုးသင့်သော ကာကွယ်ဆေးများ
ကာကွယ်ဆေးတွေထဲကမှ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတဲ့ မိခင်လောင်းတွေထိုးသင့်တဲ့ ကာကွယ်ဆေးတွေ နဲ့ မထိုးသင့်တာတွေအကြောင်း နည်းနည်းရှင်းပြပေးပါမယ်။
မိခင်လောင်းတွေ ကာကွယ်ဆေး ဘာကြောင့် ထိုးရလဲ???
မိခင်လောင်းတွေ ကာကွယ်ဆေးထိုးရတာဟာ ဝမ်းဗိုက်ထဲက သန္ဓေသားကို ကိုယ်ဝန်လွယ်ချိန်မှာ ရောဂါကူးစက်ဖို့ နည်းသွားစေဖို့ နဲ့ မွေးဖွားချိန်မှာ ဖြစ်တတ်တဲ့ တစ်ချို့သော ကူးစက်နိုင်တဲ့ ရောဂါတွေရန်က ကာကွယ်နိုင်ဖို့ဘဲ ဖြစ်ပါတယ်။
မေးခိုင်ကာကွယ်ဆေး
မွေးဖွားစ ရင်သွေးငယ်မှာ မေးခိုင်ရောဂါ ဖြစ်နှုန်းကို သိသိသာသာ လျော့ကျဖို့အတွက် မေးခိုင်ကာကွယ်ဆေး ထိုးဖို့က အရေးကြီးပါတယ်။ အမျိုးသမီးငယ်တွေ ကိုယ်ဝန် မဆောင်ခင်ကတည်းက မေးခိုင်ကာကွယ်ဆေးကို ကြိုထိုးထားလို့ရပါတယ်။ ဒါပေမဲ့ မေးခိုင်ကာကွယ်ဆေးဟာ သတ်မှတ်အရေအတွက် ပြည့်အောင် ထိုးရပါတယ်။
ကိုယ်ဝန်မဆောင်ခင် သတ်မှတ်အရေအတွက် အားလုံးပြည့်ဖို့ကတော့ ဒီအမျိုးသမီးငယ်ဟာ ငယ်စဉ်ကတည်းက ကာကွယ်ဆေးကတ်ပြားနဲ့ ထိုးလာခဲ့မှပဲ ဖြစ်နိုင်မှာပါ။ ဒီလိုထိုးထားခဲ့တာ သေချာရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ထပ်ထိုးဖို့ မလိုအပ်တော့ပါဘူး။ သတ်မှတ်အရေအတွက် မပြည့်သေးရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ကိုယ်ဝန်အပ်တဲ့အချိန်မှာ မေးခိုင်ကာကွယ်ဆေး ထိုးဖို့လိုပါတယ်။ ဒီလိုထိုးတဲ့အခါမှာလည်း ကိုယ်အရင်က ထိုးထားခဲ့ဖူးတဲ့ ကာကွယ်ဆေး အရေအတွက်ကို တိတိကျကျ အထောက်အထား ရှိတယ်ဆိုရင်တော့ လိုအပ်သလောက်ကိုပဲ ကိုယ်ဝန်ဆောင်တဲ့အခါ ထပ်ထိုးဖို့လိုမှာပါ။
တုပ်ကွေးကာကွယ်ဆေး
ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးရောဂါ ကာကွယ်နိုင်ဖို့ အကာင်းဆုံးနည်းလမ်းကတော့ တုပ်ကွေးရောဂါ ရှိတဲ့သူနဲ့ ဝေးဝေးနေဖို့ပါဘဲ။ ကိုယ်က ကိုယ်ဝန်ဆောင်ချိန်မှာ လူစုလူဝေးရှိတဲ့ နေရာတွေ ဒါမှမဟုတ် တုပ်ကွေးဖြစ်တဲ့သူတွေနဲ့ မရှောင်နိုင်ဘူးဆိုရင်တော့ ကာကွယ်ဆေး ထိုးထားတာက ကောင်းပါတယ်။ ဒီကာကွယ်ဆေး ထိုးဖို့ လိုမလိုကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ကာကွယ်ဆေးထိုးပြီးရင်တော့ ဆေးကြောင့် အနည်းငယ်ဖျားတာ ရှိနိုင်ပါတယ်။
အသည်းရောင်အသားဝါကာကွယ်ဆေး
အသည်းရောင် အသားဝါပိုးတွေ အများကြီး ရှိပါတယ်။ ဒီထဲက လူသိများတာတွေကတော့ အေပိုး ဘေပိုး စီပိုးတွေပါပဲ။ အေပိုးကတော့ အစားအသောက်က ကူးစက်တတ်ပြီး ဘီပိုး စီပိုးတွေကတော့ ကိုယ်တွင်းအရည်တွေက တစ်ဆင့် ကူးစက်တတ်ပါတယ်။ အေပိုး ဘီပိုးဟာ မဖြစ်အောင် ကာကွယ်ဆေး ကြိုထိုးလို့ ရပါတယ်။ တစ်ခါမှ ရောဂါမဖြစ်ဖူးသေးရင် ကာကွယ်ဆေး ကြိုထိုးထားသင့်ပါတယ်။ အေပိုးနဲ့ ဘီပိုးဟာ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ကူးနိုင်ပါတယ်။
ဒါပေမဲ့ အေပိုးကာကွယ်ဆေးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးဖို့ စိတ်သိပ်မချရတဲ့အတွက် ပေးလေ့ပေးထ မရှိပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အေပိုးမကူးစက်ဖို့အတွက် အစားအသာက်ကို ဂရုစိုက်ဖို့အရေးကြီးပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကတော့ ရောဂါမဖြစ်ဖူးသေးတဲ့ သူဆိုရင် ထိုးလို့ရပါတယ်။ အမေနဲ့ ကလေးမှာ ကိုယ်ဝန်ဆောင်ချိန်ရော မွေးဖွားချိန်မှာပါ ရောဂါမကူးစက်အောင် ထိုးတာဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးမယ်ဆိုရင်တော့ သုံးကြိမ်ပြည့်အောင် ထိုးဖို့တော့ လိုပါမယ်။
ဆုံဆို့ ကြက်ညှာ
ဆုံဆို့ ကြက်ညှာ ကို မေးခိုင်ကာကွယ်ဆေးနဲ့ တွဲပြီး ဆုံဆို့ မေးခိုင် ကြက်ညှာဆိုပြီး သုံးမျိုးစပ် ထိုးလေ့ရှိပါတယ်။ ကိုယ်ဝန် ၂၇ပတ်နဲ့ ၃၆ ပတ်ကြားမှာ ထိုးတတ်ပြီး ရင်သွေးမွေးကင်းစ အရွယ်မှာ ကြက်ညှာချောင်းဆိုး မဖြစ်ဖို့ အဓိက ရည်ရွယ်ပါတယ်။
Mumps , Measles , Rubella
ပါးချိပ်ရောင်နဲ့ ဝက်သက် ပါဝင်တဲ့ ဒီသုံးမျိုးစပ် ရောဂါကာကွယ်ဆေးဟာ အရင်တစ်ခါက ပြောခဲ့သလိုပဲ အကောင်အရှင်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကာကွယ်ဆေးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပေးလို့မရပါဘူး။ ဒါဆို ဘာလို့ထည့်ပြောတာလဲ မေးစရာရှိပါတယ်။ ဘာကြောင့် ထည့်ပြောတာလဲ ဆိုရင်တော့ ဒီထဲက Rubella ရောဂါပိုးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကူးတဲ့အခါ ကလေးမွေးရာပါ အင်္ဂါချို့ယွင်းမှုတွေ ပါလာစေတတ်လို့ပါဘဲ။
အမေမှာ ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ Antibody မရှိခဲ့ရင် ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးဆီရောက်ဖို့က ပိုများတဲ့အတွက် ရောဂါမဖြစ်ဖူးသေးတဲ့ အမေမှာ ကာကွယ်ဆေးထိုးထားရင် ပိုစိတ်ချရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးလို့မရတဲ့အတွက် ကိုယ်ဝန်မဆောင်ခင်မှာ ကြိုထိုးထားရပါမယ်။
ကလေးယူဖို့ အစီအစဉ်ရှိခဲ့ရင် ကိုယ်ဝန်မဆောင်ခင် တစ်လ နှစ်လလောက်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေး ထိုးသင့်ပါတယ်။ ကဲဒီနေ့တော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်မဆောင်ခင်မှာ ထိုးလို့ရတဲ့ ကာကွယ်ဆေးတစ်ချို့ အကြောင်းကို ရှင်းပြပေးသွားပါတယ်…
Author : Dr. မွှေး