fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ
မြေစားတယ်ဆိုတာ
371
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/05/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
(Zawgyi ဖြင့်ဖတ်ရန်)
မြေစားတယ်ဆိုတာ
Author : Dr. မေ
(Unicode ဖြင့်ဖတ်ရန်)
မြေစားတယ်ဆိုတာ
ခုတလော facebook မှာ စားလို့ရတဲ့ မြေကြီးခဲ ရောင်းနေတဲ့ အမေအိုတစ်ယောက်ပုံက အစပြုလို့ မြေကြီးက စားလို့ရလို့လား။ ဘယ်လိုအရသာရှိတယ်။ စားရင် ဘာဖြစ်မယ်ဆိုပြီး လူတော်တော်များများ စိတ်ဝင်စားနေကြပါတယ်။ အမှန်တော့ မြေကြီးခဲစားတဲ့အကျင့်ဟာ ဟိုးအရင်ကတည်းက ရှိခဲ့ပါတယ်။ ၁၈ ရာစုလောက်ကတည်းက တောင်အာဖရိကမှာရှိတဲ့ လူမျိုးစုတွေမှာ အဓိကအားဖြင့် အမျိုးသမီးတွေဟာ မြေကြီးတွေကို စားသုံးခဲ့ကြပါတယ်။ မြေကြီးရဲ့ အရသာဟာ ဘယ်လိုဆိုတာ ပြောဖို့ ခက်ခဲပါတယ်။ မြေကြီးမှာ ပါဝင်တဲ့ အရောအနှောပစ္စည်းတွေ Ph level တွေအရ မြေကြီးအရသာဟာ ပြောင်းလဲနေတတ်ပါတယ်။ အက်စစ်ဓာတ်လွန်ကဲတဲ့ မြေကြီးဆို ချဉ်ပြုံးပြုံး အရသာ ရှိတတ်ပါတယ်။
မြေကြီးကို ဘာလို့ စားသုံးခဲ့ကြတာလဲဆိုတော့ ဆင်းရဲနွမ်းပါးမှုတွေကြောင့် စားခဲ့ကြတာတွေလည်း ရှိသလို မြေကြီးစားရတာကို ကြိုက်နှစ်သက်လို့ စားတာမျိုးလည်း ရှိပါတယ်။ မြေကြီးစားလိုက်ခြင်းဖြင့် ဗိုက်ပြည့်ဝသွားသလို ခံစားရနိုင်တဲ့အတွက် ဖြစ်ပါတယ်။ အရင်ကတော့ မြေကြီးစားရင် အသားဖြူတယ် အသားလတ်တယ်ဆိုပြီး စားကြတာမျိုးတောင် ရှိပါတယ်။ တချို့က မြေကြီးကို စွဲလမ်းပြီးတော့ မစားရ မနေနိုင်တာမျိုးတွေလည်း ရှိပါတယ်။
မြေကြီးကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ပိုအစားများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေကြီးစားလိုက်ခြင်းဖြင့် ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ဗိုက်ကြီးနာရောဂါတွေဖြစ်တဲ့ ပျို့တာ အန်တာတွေကို အထိုက်အလျောက် လျော့ပါးစေနိုင်တယ်လို့ ယုံကြည်ကြလို့ပါ။ ဗိုက်ကြီးနာစွဲနေသူတွေမှာဖြစ်တဲ့ အစာစားချင်စိတ်လျော့ပါးတာတွေကို သက်သာစေသလို နေလို့လည်း ကောင်းစေတယ်လို့ ယူဆကြပါတယ်။ ပြီးတော့ မြေကြီးမှာ ဇင့်ဓာတ်တွေ၊ သံဓာတ်တွေ ၊ ကယ်ဆီယမ်ဓာတ်တွေ ပါဝင်တယ်လို့ ထင်ခဲ့ကြပါတယ်။ တချို့ကလည်း မြေကြီးကို စားလိုက်တဲ့အခါမှာ ကိုယ်စားထားတဲ့ တခြားသော ပစ္စည်းတွေနဲ့ အစာအိမ်ထဲမှာ ပေါင်းသွားပြီး အစာချေဖျက်ဖို့ ခက်ခဲစေတယ်လို့ ဆိုပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြေကြီးစားခြင်းကို ဆရာဝန်အများစုက မပြုလုပ်သင့်တဲ့ အပြုအမူလို့ ယူဆပါတယ်။
တကယ်တော့ မြေကြီးစားတာ ကျန်းမာရေးအတွက် အလွန်အကျိုးထူးလားဆိုရင်တော့ မထူးပါဘူး။ မြေကြီးထဲမှာ ကျန်းမာရေးကို အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းမရှိပေမယ့် မြေကြီးနဲ့အတူ ရောပါနေနိုင်တဲ့ အညစ်အကြေးတွေ၊ ဓာတုပစ္စည်းတွေ၊ သန်ကောင်တုတ်ကောင်တွေရဲ့ ဥတွေကတော့ ကျန်းမာရေးအတွက် ဘေးဖြစ်စေမှာ မလွဲအမှန်ပါပဲ။ မြေကြီးထဲမှာ များသောအားဖြင့် သန်ကောင်တုတ်ကောင်တွေရဲ့ ဥတွေရောပါနေတတ်ပါတယ်။ ဒါကြောင့် မြေကြီးစားတတ်တဲ့သူတွေဟာ သန်ကောင်တုတ်ကောင်တွေကြောင့် သွေးအားနည်းရောဂါဖြစ်တာ ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။ မသန့်ရှင်းတဲ့ ပစ္စည်းတွေ ပါတဲ့အတွက် ဝမ်းကိုက်တာတွေလည်း ကြုံရနိုင်ပါတယ်။
ခဲဓာတ်များတဲ့ မြေကြီးကို စားမိတဲ့အခါ ခဲဆိပ်သင့်တာ ဖြစ်နိုင်သလို ၊ အလူမီနီယံဓာတ်များတဲ့ မြေကို သွားစားမိပြန်ရင်လည်း သူငယ်ပြန်ရောဂါ၊ အယ်ဇိုင်းမား ဖြစ်ဖို့ ပိုများပါတယ်။ ဒါတွေက မြေကြီးမှာ ရောနှောပါဝင်တဲ့ ပစ္စည်းတွေကြောင့် ရနိုင်တဲ့ဆိုးကျိုးတွေပါ။ ဒါပေမယ့် သန့်စင်တဲ့ မြေကြီးရဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြေကြီးကို စူးစမ်းတဲ့အနေနဲ့ စားမယ်ဆိုရင် သန့်တဲ့ မြေကြီးဖြစ်မဖြစ် ကြည့်ပါလို့ မှာကြားရင်း
Author : Dr. မေ
Previous Post
သုတ်ရည်သွေးပါခြင်း
Next Post
မီးယပ်သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
127
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.3k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.5k
အလွှာခြားတာကောင်းလား?
2 years ago
1.1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
609
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
မီးယပ်သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ
သားဥအိမ်မှာ အရည်အိတ်တည်ခြင်းအကြောင်း
ငါးစားခြင်းရဲ့အကျိုး
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.