fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေး ၆ လ မပြည့်ခင် ထမင်းစောစောကျွေးမိရင်

518
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေး ၆ လ မပြည့်ခင် ထမင်းစောစောကျွေးမိရင်

မိမိကလေးများကို အသက် ၆ လမှ ထမင်းကျွေးရန်ဟု ဆရာဝန် ဆရာမများက မည်ကဲ့သို့သတိပေးတားဖြစ်ထားသော်လည်း ရှေးရိုးစွဲလူကြီးမိဘများနှင့် နေထိုင်သူများအဖို့ လိုက်နာရန် ခက်ခဲတတ်ကြပါတယ်။

အချို့မိဘများသည် မိမိမွေးဖွားလာသော ကလေးငယ်များ လစေ့ပေါင်ပြည့်သည်ကို တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ ထမင်းကျွေးမှသာ ကလေးငယ် ဝကစ်ကစ်ဖြစ်လာမည်ဟုဆိုကာ ထမင်းကျွေးရန် စိတ်စောနေကြပါတယ်။ မိခင်နို့တိုက်နေသည်ကို မိခင်နို့ကြောင့်ကလေးပိန်လှီနေပြီး ထမင်းကျွေးမှသာ အစာဝလင်သည်ဟု ထင်နေကြပါတယ်။ အချို့မိခင်များသည် ကလေးငယ် ၇ ရက်သားအရွယ်ပင် ဆိုသော်ငြားလည်း ထမင်းကို ပျားရည်နှင့် ကျွေးတတ်ကြပါတယ်။

ကလေးငယ်များ အသက် ၆ လမပြည့်မချင်း မိခင်နို့တိုက်ကျွေးရန်နှင့် မိခင်နို့မထွက်ပါက အသက် ၆ လအရွယ်နို့မူန့်ကိုသာ ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။ ထိုအခါမျိုးတွင် မိခင်သည် နို့တိုက်ကျွေးစဉ်ကာလတလျောက် အာဟာရစုံလင်စွာရရှိရန် ဗီတာမင်ပြည့်ဝစေသော အစာအစားများ ရွေးချယ်စားသုံးရန် လိုအပ်ပါတယ်။

ကလေးအသက် ၆ လမတိုင်ခင် ထမင်းစောကျွေသောကြောင့် ဖြစ်နိုင်သောဆိုးကျိုးများ

အစာအမာစောကျွေးခြင်းကြောင့် ကလေးတွင် အာဟာရဆိုင်ရာပြဿနာများ၊ စိတ်ပိုင်ဆိုင်ရာပြဿနာများနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာစသည်တို့ကိုကြုံတွေ့ရနိုင်ပါတယ်။

– အာဟာရချို့တဲ့ခြင်း

မိခင်နို့တိုက်ကျွေးခြင်းကို အသက် ၆ လမတိုင်ခင် ရပ်ခြင်းသည် အာဟာရချို့တဲ့ခြင်းဖြစ်စေသည်။ မိခင်နို့သည်သာ ကလေးငယ်အတွက် အကောင်းဆုံးအာဟာရပင် ဖြစ်ပါတယ်။ အသက် ၆ လ အောက်ကလေးငယ်အတွက် ကြီးထွားကျန်းမာရန် လိုအပ်သော အာဟာရအားလုံးပါဝင်ပါတယ်။

မိခင်နို့မတိုက်ကျွေးနိုင်သေ ာကလေးငယ်များအတွက် မိခင်နို့နီးပါးထုတ်ထားသော နို့မူန့်ကိုတိုက်ပါ။ ကလေးငယ်ကို အစာစောကျွေးလျှင် အာဟာရရှိသော အစာများကိုသာ ရွေးချယ်ကျွေးသည်ဆိုသော်ငြားလည်း ကလေးငယ်ရဲ့ အစာအိမ်သည် သေးငယ်၍ မိခင်နို့နှင့်ယှဉ်လျှင် လုံလောက်စွာ ရရှိရန် ခက်ပါတယ်။

– အဝလွန်ခြင်း

ကလေးများကို အစာမာစောကျွေးခြင်းသည် ကလေးငယ်အဝလွန်ရောဂါ ရရှိစေနိုင်ပါတယ်။ သုတေသနပြုချက်အရ အစာစောကျွေးသော ကလေးငယ်သည် မကျွေးသောကလေးငယ်ထက် အသက် ၃ နှစ်အရွယ်တွင် အဝလွန်ခြင်းဖြစ်ရန် ခြောက်ဆပိုများပါတယ်။

– မိခင်နှင့် ကလေးစိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုလျော့ခြင်း

မိခင်နို့သည်သာ အကောင်းဆုံးဟုဆိုရာတွင် အာဟာရသည်သာမက မိခင်နှင့် ကလေးကြား နို့တိုက်ခြင်းကြောင့် နွေးထွေးသောချစ်ခြင်းကိုလည်း ဖြစ်စေပါတယ်။ အစာကျွေးစောခြင်းကြောင့် နို့တိုက်ခြင်းကို လျော့စေကာ မိခင်နှင့် စိတ်ပိုင်ဆိုင်ရာနွေးထွေးမှု လျော့စေပါတယ်။

– အစာနင်ခြင်းနှင့် သီးခြင်း

ကလေးငယ်သည် ထိုင်နိုင်၊ ဝါးနိုင်၊ မျိုချနိုင်သောအရွယ် အသက် ၆ လအရွယ်မတိုင်ခင် ကျွေးပါက ကလေးငယ်ရဲ့ ပါးစပ်နှင့် မေရိုးသည် ကောင်းစွာ မဖွံဖြိုးသေးပါ။ မျိုချရန်ခက်ခဲခြင်းကြောင့် အစာနင်ခြင်းနှင့် အစာသီးခြင်း၊ အဆုတ်ထဲရောက်ခြင်းစသည်တို့ကို ဖြစ်စေကာ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

– ကိုယ်ခံအားနည်းခြင်းနှင့် ပိုးကူးစက်ခြင်း

ကလေးငယ်များရဲ့ ကိုယ်ခံအားသည် အလွန်နည်းနေသောကြောင့် အစာစောကျွေးလျှင် ပိုးကူးစက်ရန် လွယ်ကူပါတယ်။

အစာတွင် မသန့်ရှင်းသောကြောင့် မမြင်နိုင်သော ပိုးမွှားများပါလာကာ ကူးစက်ရောဂါများ ပိုမိုဖြစ်လွယ်ပါတယ်။ ရောဂါများတိုက်ထုတ်နိုင်သော ဓာတ်များမပေါ်သေးသောကြောင့်
ပြင်းထန်သော ကူးစက်ရောဂါအဆင့်သို့ အမြန်ရောက်လွယ်ပါတယ်။ မိခင်နို့သည် ပိုးမွှားမပါရှိခြင်းနှင့် ရောဂါတိုက်ထုတ်နိုင်သော ဓာတ်များပါရှိခြင်းသည် အလွန်တန်ဖိုးရှိလှပါတယ်။

– ဓာတ်မတည့်ခြင်း

မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်ဓာတ်မတည့်မှုကို ကာကွယ်ပြီး အစာစောကျွေးခြင်းကြောင့် ကလေးငယ်သည် ဓာတ်မတည့်မှုဆိုင်ရာပြဿနာများ ရင်ဆိုင်ရနိုင်ပါတယ်။

– အစာအိမ်လမ်းကြောင်း ရောဂါများ ရရှိခြင်း

ကလေးငယ်ရဲ့ တံထွေးတွင် ကာဗွန်ဟိုက်ဒရိတ်ကို ချေဖျက်နိုင်သော ပစ္စည်းများမပါဝင်ခြင်းကြောင့် အသက် ၆ လမတိုင်ခင်ကျွေးပါက အစာကောင်းစွာမခြေဖျက်နိုင်ဘဲ အစာမကြေခြင်းနှင့် အခြားသော အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ ဖြစ်လာနိုင်ပါတယ်။ အာဟာရစုပ်ယူမှုအားနည်းခြင်း၊ အူလှုပ်ရှားမှုနှေးခြင်းကြောင့် အန်ခြင်းနှင့် အူပိတ်ခြင်းစသည်တို့ကို ခံစားရနိုင်ပါတယ်။

– ကျောက်ကပ်

အသက် ၆ လမပြည့်သေ ာကလေးငယ်များတွင် အစာတွင်ပါလာနိုင်သော ဆိုဒီယမ်ဓာတ်ကို စုပ်ယူမူမပြုနိုင်သောကြောင့် ကျောက်ကပ်နှင့်ဆိုင်သော ရောဂါဖြစ်ပွားနိုင်ပါတယ်။
ထို့ကြောင့်အသက် ၆ လမတိုင်ခင် အစာမာစောကျွေးခြင်းသည် ကလေးငယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးများသာ ဖြစ်စေနိုင်ပြီး ကလေးငယ်ကျန်းမာရေးအတွက် အထူးအရေးကြီးတာမို့ သိရှိထားရန်လိုအပ်ပါတယ်။

Dr. ပြည့်ရှင်း

Previous Post

မိုးရာသီနဲ့ဓါတ်လိုက်ခြင်းအန္တရာယ်

Next Post

ကလေးမရတာ ဘယ်သူကြောင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးမရတာ ဘယ်သူကြောင့်လဲ

မပေါက်စေချင်သော အမွှေးများ

သင့်အမျိုးသားGymဆော့တိုင်း တမျိုးထင်မနေပါနဲ့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.