မိမိကိုယ်ကိုအပြစ်တင်ခြင်း၊ဝမ်းနည်းလွယ်ခြင်း အလုပ်တွင်စိတ်ပါလက်ပါမရှိခြင်း၊စိတ်ပူပန်မှုများခြင်း စွဲမှတ်ထားခြင်း၊မည်သည့်အခြေအနေမျိုးတွင်မဆို ပဋိပက္ခ ဖြစ်တာကို ရှောင်ကြဉ်ခြင်း၊လှုပ်ရှားမှုများ နှေးကွေးလေးလံလာခြင်း၊မိမိကိုယ်မိမိ မကျေနပ်မှုများ သံသယဖြစ်မှုများအား တခြားသူများကိုထုတ်ဖော်ပြောလိုခြင်း၊အစားအသောက် သူငယ်ချင်း ချစ်ခြင်း တိုဖြင့် မိမိကိုယ်မိမိ ကုစားခြင်းတွေပါပဲ…အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လိင်ဆက်ဆံရေး လျော့ကျလာသလို အခြားသော အကြောင်းအရာတွေကြောင့်လည်း လိင်ဆက်ဆံရေး လျော့ကျလေ့ရှိပါတယ်။ဒါပေမယ့် လိင်စိတ်နည်းပါးတာကတော့ ဘာကြောင့်လဲဆိုတာ သိရင် ဖြေရှင်းလို့ ရနိုင်တဲ့ အကြောင်းတခု ဖြစ် ပါတယ်။
စိတ်ဖိစီးမှု ဒီတခုကတော့ နည်းနည်းရယ်စရာကောင်းပါတယ်။ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တယ်လို့ အများက သိထားကြပါတယ်။ မိတ်ဆွေ အပေါင်း အသင်းတွေနဲ့ ဝိုင်သောက်ရင်း အချိန်ဖြုန်းတာမျိုးတွေ၊ ညစာ စားအပြီးမှာ မိမိရဲ့ အမျိုးသားနဲ့ ရှေးဟောင်းနှောင်းဖြစ် စကား စမြည်ပြောတာမျိုးတွေက စိတ်တည်ငြိမ်အေးချမ်းမှုရဖို့ အထောက်အကူဖြစ်စေပါတယ်။ ယောဂ ကျင့်စဉ်က လည်း စိတ်ကို ငြိမ်းချမ်းစေပါတယ်။
ပြင်းထန်တဲ့ဆေးဝါးတွေ သောက်သုံးကုသမှု ခံယူနေသူတွေဟာ ကုသမှုရဲ့ တစိတ်တပိုင်း သက်ရောက်မှုအဖြစ် လိင်စိတ် နိုးကြားမှုကို ခက်ခဲစေတယ်ဆိုတာကို ဆရာဝန် အများစုက သတိထားမိတတ်ကြပါတယ်။ သွေးကျဆေး၊ စိတ်ကျရောဂါ ပျောက်ဆေး တွေသာမက ပဋိသန္ဓေတားဆေးလိုမျိုး ဆေးဝါးတွေကို သောက်သုံးနေသူတွေတောင် လိင်စိတ်လျော့ကျ စေနိုင်တဲ့၊ လိင်ဆက်ဆံမှုရဲ့ အထွဋ်အထိပ်ကို ရောက်ရှိဖို့ အခက်အခဲဖြစ်စေနိုင်တဲ့ အလားအလာတွေရှိနေပါတယ်။ ဒီ ပြဿနာကို အလွယ်ဆုံးဖြေရှင်းနည်းကတော့ မိမိရဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဘယ်လိုဆေးကြောင့် ဒီပြဿနာ ဖြစ်ခဲ့တယ်ဆိုတာကို အဖြေရှာဖို့ ဖြစ်ပါတယ်။ ကိုယ့်ဖာသာကိုယ် ဆေးပြောင်းသောက်တာ၊ သောက်လက်စဆေးကို ရပ် တန့် ပစ်လိုက်တာမျိုးတွေ မလုပ်ပါနဲ့။ စုံတွဲတွေ၊ အိမ်ထောင်ဘက်တွေကြားမှာ မဖြေရှင်းရသေးတဲ့ ပြဿနာတွေရှိနေရင်လည်း လိင်ကိစ္စမှာ စိတ်ဝင်စားမှုလျော့ ကျစေပါတယ်။ ဆက်ဆံရေး အဆင်မပြေတာ၊ ဒေါသကို ချုပ်တည်းနေရတာ၊ ယုံကြည်မှုကင်းမဲ့နေတာ၊ ရင်းနှီးမှု ပျောက် ဆုံး သလိုခံစားနေရတာတွေက စိတ်မဆလုံခြုံမှုကို ဖြစ်စေပြီးတော့ လိင်စိတ်ကိုလျော့ကျစေပါတယ်။ ဖြေရှင်းနည်းကတော့ ရှင်းပါတယ်။ ပြဿနာတွေ ပဋိပက္ခတွေကို ဖြေရှင်းလိုက်ပါ။ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ။ ဆွေးနွေးပါ။ လိုအပ်ရင် စိတ် ကျန်းမာရေး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းမှန်သမျှက လိင်မှုကိစ္စကိုလည်း ထိခိုက်နိုင်ပါတယ်။ မူးယစ်ဆေးနဲ့ စီးကရက် က ကိုယ်ခန္ဓာအတွင်းက လုပ်ငန်းဆောင်တာတွေကို ဖရိုဖရဲဖြစ်စေပါတယ်။ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုကို လျော့ကျစေ ပါတယ်။ ဒီပြဿနာကို အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေး သုံးစွဲမှုတွေကို ရပ်ပစ်လိုက်တဲ့ နည်းနဲ့ ဖြေရှင်းလို့ ရပါတယ်။ ဖြစ် နိုင်ရင် အားလုံးကို ဖြတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။
ကျန်းမာကြပါစေ
Dr Lynn