fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရင်သားအကျိတ် စိုးထိတ်ဖွယ်ရာ

845
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/07/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရင္သားအက်ိတ္ စိုးထိတ္ဖြယ္ရာ

အသက္အ႐ြယ္မေ႐ြးျဖစ္ပြားႏိုင္ၿပီး ျဖစ္ပြားမႈႏႈန္းမ်ားသည့္ အမ်ိဳးသမီး က်န္းမာေဆးဆိုင္ရာျပႆနာတရပ္မွာ ရင္သားဆိုင္ရာ အလုံးအက်ိတ္မ်ားျဖစ္သည္။ သာမန္ ရာသီစက္ဝန္းအလိုက္ ျဖစ္တတ္ေသာ ရင္သားဆိုင္ရာ အလုံးအက်ိတ္မ်ား ရွိသကဲ့သို႔ ကင္ဆာမဟုတ္ေသာ ေရာဂါတခုခုေၾကာင့္ျဖစ္သည့္ အလုံးအက်ိတ္မ်ားႏွင့္ ကင္ဆာေၾကာင့္ျဖစ္ေသာ အလုံးအက်ိတ္ မ်ားဟူ၍ အမ်ိဳးမ်ိဳးရွိႏိုင္သည္။ အသက္အ႐ြယ္ငယ္႐ြယ္သူမ်ားတြင္ ရင္သား ကင္ဆာေၾကာင့္ျဖစ္ေသာ ရင္သား အလုံးအက်ိတ္မ်ား ျဖစ္ပြားမႈႏႈန္း နည္းေသာ္လည္း အသက္၃၅ႏွစ္အထက္ အမ်ိဳးသမီးမ်ားတြင္ ႐ုတ္တရက္ေပၚလာသည့္ ရင္သားအက်ိတ္မ်ားကို စမ္းသပ္ ေတြ႕ရွိရလွ်င္ ကင္ဆာေၾကာင့္ျဖစ္ေသာ အလုံးအက်ိတ္မ်ားျဖစ္ေနႏိုင္သည္။ ရင္သား အက်ိတ္မ်ား၏ ကနဦးအဆင့္မ်ားတြင္ ကင္ဆာဟုတ္မဟုတ္ကို အလြယ္တကူ ခြဲျခား သိရွိႏိုင္ရန္ ခတ္ခဲသျဖင့္ အသက္အ႐ြယ္မေ႐ြး ရင္သားတြင္ အလုံးအက်ိတ္မ်ား စမ္းသတ္ေတြ႕ရွိ ခံစားရလွ်င္ ေပါ့ေလ်ာ့မေနသင့္ပဲ နားလည္တတ္ကြၽမ္းေသာ ဆရာဝန္ႏွင့္ အျမန္ဆုံး တိုင္ပင္ျပသကာ လိုအပ္ေသာကုသမႈခံယူသင့္သည္။

ကင္ဆာမဟုတ္ေသာ အလုံးအက်ိတ္မ်ားကို အလြယ္တကူ ကုသေပ်ာက္ကင္း ႏိုင္ေသာ္လည္း ကင္ဆာေၾကာင့္ျဖစ္ေသာ အလုံး အက်ိတ္မ်ားျဖစ္ေနပါက အျမန္ဆုံး ကုသမႈ မခံယူလွ်င္ ျဖစ္ပြားေနေသာ ရင္သားတစိတ္တပိုင္းကိုခြဲစိတ္ရျခင္း၊ ရင္သား တဖက္လုံး ျဖတ္ေတာက္လိုက္ရျခင္း ႏွင့္ ကင္ဆာဆဲလ္မ်ား ပ်ံ႕ႏွံ႔မႈေၾကာင့္ အသက္ ေသဆုံးရျခင္းမ်ားအထိ ခံစားရႏိုင္သည္။ရင္သားတြင္ ျဖစ္ပြားတတ္သည့္ အလုံးအက်ိတ္မ်ားအေၾကာင္းကို ဂဃနဏ ေသေသခ်ာခ်ာ မသိရွိၾကျခင္း၊ မိမိကိုယ္မိမိ စမ္းသပ္စစ္ေဆးမႈျပဳလုပ္ရန္ မသိရွိျခင္းႏွင့္ ပုံမွန္မျပဳလုပ္ျခင္း၊ အလုံးအက်ိတ္မ်ား စမ္းမိလွ်င္လည္း အခ်ိန္မီ ေဆးဝါးကုသမႈ စနစ္တက်မခံယူပဲ ေဆးၿမီးတိုမ်ားကို ဦးစြာ အားကိုးျခင္း၊ ေဆး႐ုံ/ေဆးခန္း ျပသရန္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တြန႔္ဆုတ္ေနမိျခင္းႏွင့္ ေဆးၿမီးတိုမ်ားျဖင့္ ကုသၿပီး သက္သာေပ်ာက္ကင္းျခင္း မရွိမွသာ ေဆး႐ုံ/ေဆးခန္းသို႔ ေနာက္က်၍ ေရာက္လာၾကျခင္း စသည့္တို႔ေၾကာင့္ ရင္သားကင္ဆာႏွင့္ အျခားေသာ ရင္သားဆိုင္ရာ ျပႆနာမ်ားကို ေရာဂါရင့္သည္အထိ ခံစားေနၾကရသည္။

ရင္သားအက်ိတ္မ်ား
ရင္သားတြင္အက်ိတ္ျဖစ္ေစႏိုင္ေသာ အေၾကာင္းအရာမ်ား မ်ားစြာရွိသည္။ ျဖစ္ပြားရေသာ အေၾကာင္းအရင္းကိုလိုက္၍ အခ်ိဳ႕ အလုံးအက်ိတ္မ်ားကို အလြယ္တကူ စမ္းသပ္ေတြ႕ရွိႏိုင္ေသာ္လည္း အခ်ိဳ႕ကို အလြယ္တကူ မေတြ႕ႏိုင္ပဲ ရင္သား ဓာတ္မွန္႐ိုက္ျခင္းႏွင့္ Ultrasound ႐ိုက္ျခင္း စသည္တို႔ျဖင့္သာ ေတြ႕ရွိရတတ္သည္။ စတင္သိရွိခ်ိန္တြင္အ႐ြယ္အစား အမ်ိဳးမ်ိဳးႏွင့္ ပုံသ႑ာန္အမ်ိဳးမ်ိဳးရွိႏိုင္ၿပီး ကင္ဆာ မဟုတ္ေသာ အလုံးအက်ိတ္မ်ား ျဖစ္ႏိုင္သလို ကင္ဆာေၾကာင့္ျဖစ္ေသာ အလုံးအက်ိတ္မ်ားလည္း ျဖစ္ေနႏိုင္သည္။

အျခားေသာ အသက္အ႐ြယ္မေ႐ြး အမ်ိဳးသမီးမ်ားတြင္ အဆီက်ိတ္မ်ား၊ ေဟာ္မုန္းေျပာင္းလဲျခင္းေၾကာင့္ျဖစ္ေသာ အက်ိတ္မ်ား၊ ကင္ဆာမဟုတ္ေသာ အျခားအလုံးအက်ိတ္မ်ား၊ ရင္သားအတြင္းျဖစ္တတ္ေသာ အရည္အိတ္မ်ားႏွင့္ ရင္သားကို ထိခိုက္မိျခင္းမ်ားတြင္ ကင္ဆာေရာဂါမဟုတ္ေသာ ရင္သားအလုံး အက်ိတ္မ်ား ခံစားရႏိုင္သည္။ နာက်င္ျခင္းခံစားရႏိုင္သလို နာက်င္ျခင္းမရွိေသာ အလုံး အက်ိတ္မ်ားလည္းရွိၿပီး တခါတရံ ႏို႔သီးေခါင္းမွာ အရည္ထြက္တတ္ေသာ ရင္သား အက်ိတ္မ်ားလည္းရွိသည္။ ကင္ဆာေရာဂါဟုတ္မဟုတ္ အလြယ္တကူ မသိရွိႏိုင္သျဖင့္ မည္သည့္အေၾကာင္းေၾကာင့္ပင္ျဖစ္ေစ ရင္သားတြင္ အလုံးအက်ိတ္မ်ား ေတြ႕ရွိ ခံစား ရလွ်င္ နီးစပ္ရာဆရာဝန္ႏွင့္ တိုင္ပင္ျပသသင့္သည္။

ကင္ဆာေရာဂါေၾကာင့္ျဖစ္ေသာ အလုံးအက်ိတ္မ်ားကို အသက္၃၅ႏွစ္ႏွင့္ အထက္အမ်ိဳးသမီးမ်ားတြင္ အမ်ားဆုံးေတြ႕ရသည္။ ေရာဂါျဖစ္စတြင္ နာက်င္မႈမရွိေသာ သာမန္အလုံး အက်ိတ္တခုကဲ့သို႔ပင္ ခံစားရႏိုင္ေသာ္လည္း နားလည္တတ္ကြၽမ္းေသာ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး ရင္သားဓာတ္မွန္႐ိုက္ကူးျခင္း၊ Ultrasound ႐ိုက္ကူးျခင္းႏွင့္ လိုအပ္လွ်င္ အသားစ စစ္ေဆးျခင္း ျပဳလုပ္ရမည္ျဖစ္ၿပီး ရင္သားကင္ဆာဟု အေျဖသိရလွ်င္ လိုအပ္ေသာ ကုသမႈ အျမန္ဆုံး ခံယူရမည္ျဖစ္သည္။

ရင္သားတြင္ အလုံးအက်ိတ္မ်ား ခံစားရလွ်င္
ကင္ဆာမဟုတ္ေသာ အလုံးအက်ိတ္မ်ားႏွင့္ ရင္သား နာက်င္မႈရွိေသာ အလုံး အက်ိတ္မ်ားသည္ အမ်ိဳးသမီး ေဟာ္မုန္းမ်ား မမွန္ျခင္းေၾကာင့္ အမ်ားဆုံး ျဖစ္ပြားရျခင္း ျဖစ္သျဖင့္ သေႏၶတားေဆး (လက္ညႇိဳးထိုးကတ္) ေသာက္သုံးေသာအမ်ိဳးသမီးမ်ားတြင္ ေဟာ္မုန္းေျပာင္းလဲ ျခင္းေၾကာင့္ျဖစ္သည့္ အလုံးအက်ိတ္မ်ား ျဖစ္ပြားမႈနည္းႏိုင္ၿပီး အလုံးအက်ိတ္ ျဖစ္ပြားလွ်င္လည္း သေႏၶတားေဟာ္မုန္းေဆးကတ္မ်ား ပုံမွန္ ေသာက္သုံးျခင္းျဖင့္ သက္သာႏိုင္သည္။ နာက်င္မႈရွိေသာ ရင္သား အလုံး အက်ိတ္မ်ား ခံစားရလွ်င္ ေကာ္ဖီ၊ ကိုလာ၊ ေခ်ာကလတ္ စသည့္အစားအေသာက္မ်ား ေလ်ာ့၍ စားေသာက္ျခင္း၊ အဆီေလ်ာ့၍စား သုံးျခင္းႏွင့္ အမွ်င္ဓာတ္မ်ားေသာ အစားအေသာက္မ်ား ပို၍ စားသုံးျခင္းျဖင့္ နာက်င္မႈသက္သာေစၿပီး ရင္သားအလုံးအက်ိတ္မ်ားကိုလည္း ေလ်ာ့ပါးသက္သာေစႏိုင္သည္။ ဗီတာမင္ “E”၊ ဗီတာမင္“C”၊ Burplex စသည့္ ဗီတာမင္ အားျဖည့္ေဆးမ်ားေသာက္သုံးျခင္း၊ Evening Primose Oil ပါဝင္သည့္ ျဖည့္စြက္စာမ်ား သုံးစြဲျခင္းစသည္တို႔ျဖင့္လည္း ေဟာ္မုန္းမ်ား ေျပာင္းလဲျခင္းေၾကာင့္ျဖစ္သည့္ ရင္သားနာက်င္ျခင္းႏွင့္ အလုံးအက်ိတ္မ်ားကို အလြယ္တကူ ေပ်ာက္ကင္း သက္သာေစႏိုင္သည္။

ရင္သားအက်ိတ္မ်ားကိုကုသမႈ ခံယူျခင္း
ရင္သားတြင္ျဖစ္သည့္ အလုံးအက်ိတ္မ်ား အလြယ္တကူ ေပ်ာက္ကင္း သက္သာသြားျခင္းမရွိလွ်င္ နီးစပ္ရာ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး ေရာဂါျဖစ္ပြားရေသာ အေၾကာင္းအရင္းကိုလိုက္၍ လိုအပ္ေသာကုသမႈကို ခံယူရမည္ျဖစ္သည္။ လိုအပ္သလို စမ္းသတ္စစ္ေဆးၿပီး အဆီက်ိတ္မ်ားကို ခြဲစိတ္ျခင္း၊ အရည္အိတ္မ်ားကို စုပ္ထုတ္ ဖယ္ရွားျခင္းႏွင့္ လိုအပ္လွ်င္ ပဋိဇီဝပိုးသတ္ေဆးမ်ားျဖင့္ ကုသမႈ ခံယူရႏိုင္သည္။

ေအာက္ေဖာ္ျပပါ အေျခအေနမ်ားသည္ ရင္သားကင္ဆာေရာဂါ၏ လကၡဏာမ်ားျဖစ္ၿပီး အဆိုပါလကၡဏာမ်ား ခံစားရလွ်င္ နားလည္တတ္ကြၽမ္းေသာ ဆရာဝန္ႏွင့္ အျမန္ဆုံး တိုင္ပင္ျပသၿပီး လိုအပ္ေသာ ကုသမႈ ခံယူရမည္ျဖစ္သည္။
– ရင္သားေပၚရွိအေရျပားမွာ လိေမၼာ္သီးအခြံကဲ့သို႔ ရႈံ႕ေနျခင္းႏွင့္ ခ်ိဳင့္ေသာ ေနရာမ်ား ေပၚေနျခင္း
– လစဥ္ပုံမွန္စမ္းသတ္ေနစဥ္ ႐ုတ္တရက္ေပၚလာေသာ အလုံးအက်ိတ္မ်ားရွိျခင္း
– ရင္သားကိုထိခိုက္မိျခင္းမရွိေသာ္လည္း ဒဏ္ရာကဲ့သို႔ ျဖစ္ေနျခင္း(ညိဳမဲေနျခင္း)
– ႏို႔သီးေခါင္းထိပ္မွ ေသြး (သို႔မဟုတ္)ေသြးေရာင္သမ္းေသာ အရည္မ်ား စိမ့္ထြက္ျခင္း
– ႏို႔သီးေခါင္းအတြင္းသို႔ ခ်ိဳင့္ဝင္သြားျခင္း စသည့္အေျခအေနမ်ား မိမိတြင္ ေတြ႕ရွိရလွ်င္ နီးစပ္ရာဆရာဝန္ႏွင့္ အျမန္ဆုံးတိုင္ပင္ျပသၿပီး လိုအပ္ေသာ စစ္ေဆးမႈမ်ား ျပဳလုပ္ရမည္ျဖစ္ကာ ၫႊန္ၾကားေသာ ကုသမႈမ်ားကို စနစ္တက် လိုက္နာ ရမည္ျဖစ္သည္။

အသက္ (၂၀)ႏွင့္အထက္ အမ်ိဳးသမီးမ်ားအေနႏွင့္ နားလည္တတ္ကြၽမ္းေသာ ဆရာဝန္ႏွင့္တိုင္ပင္ကာ မိမိရင္သားကိုမိမိ မည္သို႔မည္ပုံစမ္းသပ္ ရမည္ကို သိရွိေအာင္ျပဳလုပ္ထားသင့္ၿပီး အသက္၄၀ႏွင့္အထက္ အမ်ိဳးသမီးမ်ား အေနႏွင့္လည္း ရင္သားဓာတ္မွန္႐ိုက္ကူးျခင္းကဲ့သို႔ေသာ ရင္သားကင္ဆာရွာေဖြသည့္ နည္းလမ္းမ်ားကို ဆရာဝန္ႏွင့္တိုင္ပင္ၿပီး ၫႊန္ၾကားခ်က္အတိုင္း ပုံမွန္ျပဳလုပ္သင့္သည္။

ရင္သားကင္ဆာ
ေရာဂါျဖစ္ပြားေစေသာ အေၾကာင္းအရင္းမ်ား မ်ားစြာရွိသျဖင့္ ေရာဂါကို မျဖစ္ပြားေစရန္ ကာကြယ္ျခင္းထက္ ေရာဂါျဖစ္ပြားသည္ကို ေစာစီးစြာ သိရွိေအာင္ ျပဳလုပ္ျခင္းႏွင့္ အျမန္ဆုံးကုသမႈခံယူျခင္းကိုသာ အထူးဂ႐ုျပဳ လုပ္ေဆာင္သင့္သည္။ ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း အသက္၄၀အ႐ြယ္အမ်ိဳးသမီးမ်ား ရင္သားဓာတ္မွန္ ပုံမွန္ ႐ိုက္ကူးျခင္း၊ မိမိရင္သားကိုမိမိ အနည္းဆုံးတလလွ်င္ တႀကိမ္ ပုံမွန္စမ္းသပ္ စစ္ေဆးေနျခင္းႏွင့္ သုံးႏွစ္လွ်င္ တႀကိမ္ခန႔္ နားလည္တတ္ကြၽမ္းေသာ ဆရာဝန္ထံတြင္ စစ္ေဆးမႈ ခံယူျခင္း စသည္ျဖင့္ ရင္သားကင္ဆာလကၡဏာမ်ားကို ေစာစီးစြာ သိရွိႏိုင္သည္။

ရင္သားကင္ဆာေရာဂါကာကြယ္ရန္
– ပုံမွန္ေသြးပူေလ့က်င့္ခန္းျပဳလုပ္ျခင္း
– ေယာဂေလ့က်င့္ခန္းမ်ားျပဳလုပ္ျခင္း
– အဆီေလ်ာ့၍စားသုံးျခင္း
– ဟင္းသီးဟင္း႐ြက္၊ အသီးအႏွံမ်ားႏွင့္ အမွ်င္ဓာတ္ ႂကြယ္ဝသည့္အစားအစာမ်ား စားသုံးျခင္း
– အရက္ဘီယာမ်ား ေရွာင္က်ဥ္ျခင္း စသည္တို႔ျဖင့္လည္း ရင္သားကင္ဆာေရာဂါ မျဖစ္ပြားေစေရး ကာကြယ္ထားႏိုင္သည္။
ရင္သားကင္ဆာေရာဂါ ကင္းေဝးေသာ အမ်ိဳးသမီးမ်ား ျဖစ္ၾကပါေစ။

Dr. တင့္တယ္

(Unicode)

ရင်သားအကျိတ် စိုးထိပ်ဖွယ်ရာ

အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ဖြစ်ပွားမှုနှုန်းများသည့် အမျိုးသမီး ကျန်းမာဆေးဆိုင်ရာပြဿနာတရပ်မှာ ရင်သားဆိုင်ရာ အလုံးအကျိတ်များဖြစ်သည်။ သာမန် ရာသီစက်ဝန်းအလိုက် ဖြစ်တတ်သော ရင်သားဆိုင်ရာ အလုံးအကျိတ်များ ရှိသကဲ့သို့ ကင်ဆာမဟုတ်သော ရောဂါတခုခုကြောင့်ဖြစ်သည့် အလုံးအကျိတ်များနှင့် ကင်ဆာကြောင့်ဖြစ်သော အလုံးအကျိတ် များဟူ၍ အမျိုးမျိုးရှိနိုင်သည်။ အသက်အရွယ်ငယ်ရွယ်သူများတွင် ရင်သား ကင်ဆာကြောင့်ဖြစ်သော ရင်သား အလုံးအကျိတ်များ ဖြစ်ပွားမှုနှုန်း နည်းသော်လည်း အသက်၃၅နှစ်အထက် အမျိုးသမီးများတွင် ရုတ်တရက်ပေါ်လာသည့် ရင်သားအကျိတ်များကို စမ်းသပ် တွေ့ရှိရလျှင် ကင်ဆာကြောင့်ဖြစ်သော အလုံးအကျိတ်များဖြစ်နေနိုင်သည်။ ရင်သား အကျိတ်များ၏ ကနဦးအဆင့်များတွင် ကင်ဆာဟုတ်မဟုတ်ကို အလွယ်တကူ ခွဲခြား သိရှိနိုင်ရန် ခတ်ခဲသဖြင့် အသက်အရွယ်မရွေး ရင်သားတွင် အလုံးအကျိတ်များ စမ်းသတ်တွေ့ရှိ ခံစားရလျှင် ပေါ့လျော့မနေသင့်ပဲ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသကာ လိုအပ်သောကုသမှုခံယူသင့်သည်။

ကင်ဆာမဟုတ်သော အလုံးအကျိတ်များကို အလွယ်တကူ ကုသပျောက်ကင်း နိုင်သော်လည်း ကင်ဆာကြောင့်ဖြစ်သော အလုံး အကျိတ်များဖြစ်နေပါက အမြန်ဆုံး ကုသမှု မခံယူလျှင် ဖြစ်ပွားနေသော ရင်သားတစိတ်တပိုင်းကိုခွဲစိတ်ရခြင်း၊ ရင်သား တဖက်လုံး ဖြတ်တောက်လိုက်ရခြင်း နှင့် ကင်ဆာဆဲလ်များ ပျံ့နှံ့မှုကြောင့် အသက် သေဆုံးရခြင်းများအထိ ခံစားရနိုင်သည်။ရင်သားတွင် ဖြစ်ပွားတတ်သည့် အလုံးအကျိတ်များအကြောင်းကို ဂဃနဏ သေသေချာချာ မသိရှိကြခြင်း၊ မိမိကိုယ်မိမိ စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန် မသိရှိခြင်းနှင့် ပုံမှန်မပြုလုပ်ခြင်း၊ အလုံးအကျိတ်များ စမ်းမိလျှင်လည်း အချိန်မီ ဆေးဝါးကုသမှု စနစ်တကျမခံယူပဲ ဆေးမြီးတိုများကို ဦးစွာ အားကိုးခြင်း၊ ဆေးရုံ/ဆေးခန်း ပြသရန် အကြောင်းအမျိုးမျိုးကြောင့် တွန့်ဆုတ်နေမိခြင်းနှင့် ဆေးမြီးတိုများဖြင့် ကုသပြီး သက်သာပျောက်ကင်းခြင်း မရှိမှသာ ဆေးရုံ/ဆေးခန်းသို့ နောက်ကျ၍ ရောက်လာကြခြင်း စသည့်တို့ကြောင့် ရင်သားကင်ဆာနှင့် အခြားသော ရင်သားဆိုင်ရာ ပြဿနာများကို ရောဂါရင့်သည်အထိ ခံစားနေကြရသည်။

ရင်သားအကျိတ်များ
ရင်သားတွင်အကျိတ်ဖြစ်စေနိုင်သော အကြောင်းအရာများ များစွာရှိသည်။ ဖြစ်ပွားရသော အကြောင်းအရင်းကိုလိုက်၍ အချို့ အလုံးအကျိတ်များကို အလွယ်တကူ စမ်းသပ်တွေ့ရှိနိုင်သော်လည်း အချို့ကို အလွယ်တကူ မတွေ့နိုင်ပဲ ရင်သား ဓာတ်မှန်ရိုက်ခြင်းနှင့် Ultrasound ရိုက်ခြင်း စသည်တို့ဖြင့်သာ တွေ့ရှိရတတ်သည်။ စတင်သိရှိချိန်တွင်အရွယ်အစား အမျိုးမျိုးနှင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိနိုင်ပြီး ကင်ဆာ မဟုတ်သော အလုံးအကျိတ်များ ဖြစ်နိုင်သလို ကင်ဆာကြောင့်ဖြစ်သော အလုံးအကျိတ်များလည်း ဖြစ်နေနိုင်သည်။

အခြားသော အသက်အရွယ်မရွေး အမျိုးသမီးများတွင် အဆီကျိတ်များ၊ ဟော်မုန်းပြောင်းလဲခြင်းကြောင့်ဖြစ်သော အကျိတ်များ၊ ကင်ဆာမဟုတ်သော အခြားအလုံးအကျိတ်များ၊ ရင်သားအတွင်းဖြစ်တတ်သော အရည်အိတ်များနှင့် ရင်သားကို ထိခိုက်မိခြင်းများတွင် ကင်ဆာရောဂါမဟုတ်သော ရင်သားအလုံး အကျိတ်များ ခံစားရနိုင်သည်။ နာကျင်ခြင်းခံစားရနိုင်သလို နာကျင်ခြင်းမရှိသော အလုံး အကျိတ်များလည်းရှိပြီး တခါတရံ နို့သီးခေါင်းမှာ အရည်ထွက်တတ်သော ရင်သား အကျိတ်များလည်းရှိသည်။ ကင်ဆာရောဂါဟုတ်မဟုတ် အလွယ်တကူ မသိရှိနိုင်သဖြင့် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ရင်သားတွင် အလုံးအကျိတ်များ တွေ့ရှိ ခံစား ရလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။

ကင်ဆာရောဂါကြောင့်ဖြစ်သော အလုံးအကျိတ်များကို အသက်၃၅နှစ်နှင့် အထက်အမျိုးသမီးများတွင် အများဆုံးတွေ့ရသည်။ ရောဂါဖြစ်စတွင် နာကျင်မှုမရှိသော သာမန်အလုံး အကျိတ်တခုကဲ့သို့ပင် ခံစားရနိုင်သော်လည်း နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပြီး ရင်သားဓာတ်မှန်ရိုက်ကူးခြင်း၊ Ultrasound ရိုက်ကူးခြင်းနှင့် လိုအပ်လျှင် အသားစ စစ်ဆေးခြင်း ပြုလုပ်ရမည်ဖြစ်ပြီး ရင်သားကင်ဆာဟု အဖြေသိရလျှင် လိုအပ်သော ကုသမှု အမြန်ဆုံး ခံယူရမည်ဖြစ်သည်။

ရင်သားတွင် အလုံးအကျိတ်များ ခံစားရလျှင်
ကင်ဆာမဟုတ်သော အလုံးအကျိတ်များနှင့် ရင်သား နာကျင်မှုရှိသော အလုံး အကျိတ်များသည် အမျိုးသမီး ဟော်မုန်းများ မမှန်ခြင်းကြောင့် အများဆုံး ဖြစ်ပွားရခြင်း ဖြစ်သဖြင့် သန္ဓေတားဆေး (လက်ညှိုးထိုးကတ်) သောက်သုံးသောအမျိုးသမီးများတွင် ဟော်မုန်းပြောင်းလဲ ခြင်းကြောင့်ဖြစ်သည့် အလုံးအကျိတ်များ ဖြစ်ပွားမှုနည်းနိုင်ပြီး အလုံးအကျိတ် ဖြစ်ပွားလျှင်လည်း သန္ဓေတားဟော်မုန်းဆေးကတ်များ ပုံမှန် သောက်သုံးခြင်းဖြင့် သက်သာနိုင်သည်။ နာကျင်မှုရှိသော ရင်သား အလုံး အကျိတ်များ ခံစားရလျှင် ကော်ဖီ၊ ကိုလာ၊ ချောကလတ် စသည့်အစားအသောက်များ လျော့၍ စားသောက်ခြင်း၊ အဆီလျော့၍စား သုံးခြင်းနှင့် အမျှင်ဓာတ်များသော အစားအသောက်များ ပို၍ စားသုံးခြင်းဖြင့် နာကျင်မှုသက်သာစေပြီး ရင်သားအလုံးအကျိတ်များကိုလည်း လျော့ပါးသက်သာစေနိုင်သည်။ ဗီတာမင် “E”၊ ဗီတာမင်“C”၊ Burplex စသည့် ဗီတာမင် အားဖြည့်ဆေးများသောက်သုံးခြင်း၊ Evening Primose Oil ပါဝင်သည့် ဖြည့်စွက်စာများ သုံးစွဲခြင်းစသည်တို့ဖြင့်လည်း ဟော်မုန်းများ ပြောင်းလဲခြင်းကြောင့်ဖြစ်သည့် ရင်သားနာကျင်ခြင်းနှင့် အလုံးအကျိတ်များကို အလွယ်တကူ ပျောက်ကင်း သက်သာစေနိုင်သည်။

ရင်သားအကျိတ်များကိုကုသမှု ခံယူခြင်း
ရင်သားတွင်ဖြစ်သည့် အလုံးအကျိတ်များ အလွယ်တကူ ပျောက်ကင်း သက်သာသွားခြင်းမရှိလျှင် နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ရောဂါဖြစ်ပွားရသော အကြောင်းအရင်းကိုလိုက်၍ လိုအပ်သောကုသမှုကို ခံယူရမည်ဖြစ်သည်။ လိုအပ်သလို စမ်းသတ်စစ်ဆေးပြီး အဆီကျိတ်များကို ခွဲစိတ်ခြင်း၊ အရည်အိတ်များကို စုပ်ထုတ် ဖယ်ရှားခြင်းနှင့် လိုအပ်လျှင် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသမှု ခံယူရနိုင်သည်။

အောက်ဖော်ပြပါ အခြေအနေများသည် ရင်သားကင်ဆာရောဂါ၏ လက္ခဏာများဖြစ်ပြီး အဆိုပါလက္ခဏာများ ခံစားရလျှင် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသပြီး လိုအပ်သော ကုသမှု ခံယူရမည်ဖြစ်သည်။
– ရင်သားပေါ်ရှိအရေပြားမှာ လိမ္မော်သီးအခွံကဲ့သို့ ရှုံ့နေခြင်းနှင့် ချိုင့်သော နေရာများ ပေါ်နေခြင်း
– လစဉ်ပုံမှန်စမ်းသတ်နေစဉ် ရုတ်တရက်ပေါ်လာသော အလုံးအကျိတ်များရှိခြင်း
– ရင်သားကိုထိခိုက်မိခြင်းမရှိသော်လည်း ဒဏ်ရာကဲ့သို့ ဖြစ်နေခြင်း(ညိုမဲနေခြင်း)
– နို့သီးခေါင်းထိပ်မှ သွေး (သို့မဟုတ်)သွေးရောင်သမ်းသော အရည်များ စိမ့်ထွက်ခြင်း
– နို့သီးခေါင်းအတွင်းသို့ ချိုင့်ဝင်သွားခြင်း စသည့်အခြေအနေများ မိမိတွင် တွေ့ရှိရလျှင် နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသပြီး လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကာ ညွှန်ကြားသော ကုသမှုများကို စနစ်တကျ လိုက်နာ ရမည်ဖြစ်သည်။

အသက် (၂၀)နှင့်အထက် အမျိုးသမီးများအနေနှင့် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်တိုင်ပင်ကာ မိမိရင်သားကိုမိမိ မည်သို့မည်ပုံစမ်းသပ် ရမည်ကို သိရှိအောင်ပြုလုပ်ထားသင့်ပြီး အသက်၄၀နှင့်အထက် အမျိုးသမီးများ အနေနှင့်လည်း ရင်သားဓာတ်မှန်ရိုက်ကူးခြင်းကဲ့သို့သော ရင်သားကင်ဆာရှာဖွေသည့် နည်းလမ်းများကို ဆရာဝန်နှင့်တိုင်ပင်ပြီး ညွှန်ကြားချက်အတိုင်း ပုံမှန်ပြုလုပ်သင့်သည်။

ရင်သားကင်ဆာ
ရောဂါဖြစ်ပွားစေသော အကြောင်းအရင်းများ များစွာရှိသဖြင့် ရောဂါကို မဖြစ်ပွားစေရန် ကာကွယ်ခြင်းထက် ရောဂါဖြစ်ပွားသည်ကို စောစီးစွာ သိရှိအောင် ပြုလုပ်ခြင်းနှင့် အမြန်ဆုံးကုသမှုခံယူခြင်းကိုသာ အထူးဂရုပြု လုပ်ဆောင်သင့်သည်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း အသက်၄၀အရွယ်အမျိုးသမီးများ ရင်သားဓာတ်မှန် ပုံမှန် ရိုက်ကူးခြင်း၊ မိမိရင်သားကိုမိမိ အနည်းဆုံးတလလျှင် တကြိမ် ပုံမှန်စမ်းသပ် စစ်ဆေးနေခြင်းနှင့် သုံးနှစ်လျှင် တကြိမ်ခန့် နားလည်တတ်ကျွမ်းသော ဆရာဝန်ထံတွင် စစ်ဆေးမှု ခံယူခြင်း စသည်ဖြင့် ရင်သားကင်ဆာလက္ခဏာများကို စောစီးစွာ သိရှိနိုင်သည်။

ရင်သားကင်ဆာရောဂါကာကွယ်ရန်
– ပုံမှန်သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်း
– ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း
– အဆီလျော့၍စားသုံးခြင်း
– ဟင်းသီးဟင်းရွက်၊ အသီးအနှံများနှင့် အမျှင်ဓာတ် ကြွယ်ဝသည့်အစားအစာများ စားသုံးခြင်း
– အရက်ဘီယာများ ရှောင်ကျဉ်ခြင်း စသည်တို့ဖြင့်လည်း ရင်သားကင်ဆာရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထားနိုင်သည်။
ရင်သားကင်ဆာရောဂါ ကင်းဝေးသော အမျိုးသမီးများ ဖြစ်ကြပါစေ။

Previous Post

ရုတ်တရက်သေဆုံးခြင်း

Next Post

ကော်ဖီသောက်ခြင်း နဲ့ ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကော်ဖီသောက်ခြင်း နဲ့ ကျန်းမာရေး

ကလေးငယ်များ ကိုယ်ပူနေစဉ် ရေပတ်တိုက်သင့်သလား၊ အစာကျွေးသင့်သလား?

သွေးလွန်တုပ်ကွေးအန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.