fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

တစ်ကိုယ်ရည် စိတ်ဆန္ဒဖြေဖျောက်မှု ( Masturbation )

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/09/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

” တစ်ကိုယ်ရည် စိတ်ဆန္ဒဖြေဖျောက်မှု ( Masturbation ) ”

ကိုယ့်အားကိုယ်ကိုးပြီး စိတ်ဆန္ဒဖြေဖျောက်တာက လူငယ်တွေရော ၊ လူုကြီးတွေကြားမှာရော ရေပန်းစားလှပါတယ် ။ ဒါက ကိုယ့်ရဲ့ ချုပ်တည်းထားတဲ့ ဆန္ဒကို လွှင့်ထုတ်ပစ်နိုင်တယ် ၊ စိတ်ကျေနပ်မှုကို ရရှိနိုင်တယ် ၊ ကိုယ့်ခန္ဓာကိုယ်အကြောင်းလည်း ပိုပြီးနားလည်နိုင်လာတယ့် စိတ်အချရဆုံး သဘာဝနည်းလည်းကောင်းလည်း ဖြစ်ပါတယ် ။ Masturbation ရဲ့ အဆိုး ၊ အကောင်း လေးတွေကို လေ့လာကြည့်ရအောင် ။

ဆိုးကျိုးတွေ

ပြောရလောက်အောင် ဆိုးကျိုးဆိုပြီး ဖော်ပြစရာ သိပ်မရှိပါဘူး ။ တချို့လူတွေကတော့ အပြစ်ရှိတယ်လို့ ခံစားရခြင်း နဲ့ အလွန်အကြူး အာသာဖြေခြင်း တို့ကိုတော့ ပြုလုပ်လေ့ရှိတယ် ။

အာသာဖြေခြင်း နဲ့ အပြစ်ရှိမှု

တချို့လူတွေက အာသာဖြေခြင်းက ပြစ်မှုတစ်ခု ကျူးလွန်တယ်လို့ ခံစားရစေပါတယ် ။ ဒါက ကိုးကွယ်တဲ့ ဘာသာနဲ့ ယုံကြည်သက်ဝင်မှုတို့နဲ့ သက်ဆိုင်နေပါတယ် ။ ရှေးရိုးဆန်တဲ့ လူကြီးတွေကလည်း ဒါက ရှက်စရာ ၊ မသန့်ရှင်းတဲ့ လုပ်ရပ်လို့ ထင်မြင်ယူဆကြပါတယ် ။ တကယ်တော့ ဒါက မဟုတ်ပါဘူး ။ တစ်ကိုယ်ရည်အာသာဖြေခြင်းက ဘယ်သူ့ကိုယ်မှလည်း မထိခိုက်သလို အပြစ်လည်းမရှိပါဘူး ။ လူတိုင်းလိုလို လုပ်ကြတဲ့ အလေ့ဖြစ်တာကြောင့် ရှက်စရာလည်း မကောင်းပါဘူး ။

တကယ်လို့ ကိုယ်ကအရမ်း စိုးရိမ်နေမယ်ဆိုရင်တော့ ကိုယ်အယုံကြည်ရဆုံးလူကို ကိုယ်ဘယ်လိခံစားရကြောင်း ဖွင့်ပြောပြသင့်ပါတယ် ။ ဒါမှသာ အနည်းငယ်ဖြစ်ဖြစ် ခံစားရတာ သက်သာသွားမှာပါ ။

အလွန်အကြူး  အာသာဖြေခြင်း

တကယ်လို့ သင်က အာသာဖြေဖို့အတွက်

လုပ်နေကြအလုပ်တွေ လုပ်ဖို့ပျက်ကွက်လာရင်
ကျောင်း ( သို့ ) အလုပ်သွားဖို့ ပျက်ကွက်လာရင်
မိသားစု ( သို့ ) သူငယ်ချင်းတွေနဲ့ တွေ့ဖိုအစီအစဉ်တွေ ပျက်ကွက်လာရင်
အရေးကြီးတဲ့ လူမှုရေးပွဲတွေ ပိက်ကွက်လာရင် သေချာပါပြီ ။ သင်က တစ်ကိုယ်ရေ အားသားဖြေခြင်းကို ရူးရူးမူးမူး စွဲလမ်းနေပါပြီ ။ ဒီလိုမျိုးအရမ်းကို ခုံမင်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ ။ဒါမှမဟုတ် အာသာဖြေဖို့ စိတ်ဆန္ဒ တောင့်တလာရင် အခြားလှုပ်ရှားမှုတွေကို စိတ်အာရုံလွှဲနိုင်ပါတယ် ။ ပြေးခြင်း ၊ ဒိုင်ယာရီရေးခြင်း ၊ သူငယ်ချင်းတွေနဲ့ အပြင်သွားခြင်း ၊ လမ်းထလျှောက်ခြင်း တို့ကို စမ်းကြည့်သင့်ပါတယ် ။
အာသာဖြေတဲ့ အတွက်ကြောင့် အထိအတွေ့ခံစားမှုတွေ လျော့ကျနိုင်လား ?

တကယ်တော့ ပိုပီးတော့တာင် မြင့်တက်နိုင်ပါတယ် ။ လေ့လာချက်တစ်ခုအရ masturbation ကြောင့် အမျိုးသားရော အမျိုးသမီးပါ လိင်ဆန္ဒပိုမိုဖြစ်လာပြီး ပိုပြီးလိုချင်တပ်မက်လာပါတယ် ။ အမျိုးသမီးတွေကတော့ မိန်းမကိုယ်မှာ ဆက်ဆံရင် ထွက်လာတတ်တဲ့ အရည်ပိုများလာပြီး အမျိုးသားတွေကတော့ ပန်းသေပန်းညှိုုးမှု ရာခိုင်နှုန်းကျသွားပါတယ် ။

တကယ်လို့ အမျိုးသားတွေက လိင်တံကို ခပ်ကြမ်းကြမ်းကိုင်တွယ် ရင်တော့ အာရုံခံစားနိုင်မှု ကျလာတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်တွယ်မှု ညင်သာရပါမယ် ။

ကောင်းကျိုးတွေ

အာသာဖြေခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ် ။ ဒါတွေကတော့

စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ခြင်း ။
နှစ်ခြိုက်စွာ အိပ်မောကျနိုင်ခြင်း ။
စိတ်ပျော်ရွှင်လာခြင်း ။
သက်တောင့်သက်သာ နေနိုင်ခြင်း ။
စိတ်ကျေနပ်မှု ရရှိခြင်း ။
အကြောတက်မှု ၊ ညောင်းညာမှုများကို ကာကွယ်ပေးခြင်း ။
ကာမဆန္ဒကို ဖြေဖျောက်နိုင်ခြင်း ။
လိင်ဆက်ဆံလျှင် ပို၍အဆင်ပြေလာခြင်း ။
ကိုယ်ဆန္ဒပြီးမြောက်ဖို့ လိုအပ်ချက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာခြင်း ။
မိမိဆက်ဆံဖော်နှင့် အာသာဖြေသည့်တိုင်အောင် ကလေးမရနိုင်ခြင်း ။


အာသာဖြေခြင်း နဲ့ ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ဆိုတာ အမျိုးသားတိုင်းမှာ ရှိတဲ့ အစိတ်အပိုင်းပါ ။ အာသာမှန်မှန်ဖြေတဲ့ သူတွေက ဆီးကျိတ်ကင်ဆာဖြစ်ဖို့ရာခိုင်နှုန်း လျော့ကျလာနိုင်ပါတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ် ။ လေ့လာခိက်တစ်ခုအရ ၁လမှာ အနည်းဆုံး ၂၁ခါ ဆန္ဒပြီးမြောက်ရင် ဆီးကျိတ်ုဖစ်ပွားနိုင်မှုနှုန်းကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ် ။

အာသာဖြေခြင်းနဲ့ ကိုယ်ဝန်ဆောင်ချိန်

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကာမဆန္ဒကို ပုံမှန်ထက်ပိုပြီး လိုချင်တပ်မက်တတ်ပါတယ် ။ ဒီအချိန် တစ်ကိုယ်ရေအာသာဖြေခြင်းက စိတ်ဆန္ဒကို ဖြည့်တည်းနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်ရင် ခံစားရတဲ့ ကျောနာခြင်းကိုပါ သက်သာစေပါတယ် ။

သတိပြူရမှာက သတိထားကိုယ်ဝန် ( High-risk Pregnacny ) တွေမှာဆိုရင်တော့ မလုပ်သင့်ပါဘူး ။ စိတ်ဆန္ဒပြီးမြောက်သွားတာက အဲ့ကိုယ်ဝန်တွေမှာ ပုံမှန်ထက်ပိုပြီး စောမွေးခြင်း ဖြစ်နိုင်လို့ပါပဲ ။

ဒါတွေကတော့ Masturbation အကြောင်း ကောင်းကျိုး ၊ ဆိုးကျိုးလေးတွေ ဖြစ်ပါတယ် ။ စာဖတ်သူတွေလည်း စဉ်းစားချင့်ချိန်နိုင်ကြပါစေလို့ Dr.Z မှ ဆန္ဒပြုလိုက်ရပါတယ် ။

Dr.Z

Previous Post

ကလေးများနှင့် နားပြည်ယိုခြင်း

Next Post

ဟိုကြား ဒီကြား အမဲကွက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဟိုကြား ဒီကြား အမဲကွက်များ

ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

ဆီးကပြောတဲ့ ကာလသားရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.