fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဆီးကပြောတဲ့ ကာလသားရောဂါ

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/09/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ဆီးကပြောတဲ့ ကာလသားရောဂါ

မိမိအိမ်ထောင်ဖက် မဟုတ်သည့် အခြားတဦးဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ပြုလုပ်လိုက်သည်နှင့် ဆစ်ဖလစ်၊ ဂနို၊ HIV စသည့် ရောဂါများအပြင်  ရေယုန်၊ ကြွက်နို့ စသည်ဖြင့် လိင်မှတဆင့် ကူးစက်တတ်သော ကာလသားရောဂါများ ကူးစက်နိုင်ခြေ ရှိသွားပြီဖြစ်သည်။

၎တို့အထဲမှ ဆီးလမ်းကြောင်းအတွင်း ကူးစက်ဝင်ရောက်နိုင်ကာ ဆီးသွားတိုင်းလည်း လူကို ဒုက္ခပေးတတ်ပြီး နောက်ဆက်တွဲ ပြဿနာများပါ ခံစားရ စေနိုင်သည့် ရောဂါတခုမှာ ဂနိုးရီးယားခေါ် ဆီးပူညောင်းကျ ရောဂါဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးသည့် နေရာများတွင်သာမက မြို့ကြီးများရှိ ရောဂါကူးစက်ခြင်းခံရသူများပင် ဂနိုရီးယားရောဂါ၏ လက္ခဏာဖြစ်သည့် ဆီးသွားရာတွင် ပူခြင်း၊ နာခြင်းနှင့် ပြည်ကဲ့သို့ အရည်များထွက်လာခြင်း စသည့် လက္ခဏာများ ခံစားရလျှင် ရှက်စဖွယ်ကိစ္စရပ်တခု အဖြစ်သာ ယူဆကြပြီး ဆေးရုံ၊ ဆေးခန်းပြ၍ လိုအပ်သော ကုသမှု ခံယူခြင်းထက် နီးစပ်ရာဆိုင်မှ ကောင်းမည်ထင်သည့် ဆေးဝါး များကိုသာ တိုးတိုး တိတ်တိတ် ဝယ်ယူကာ သောက်သုံးနေဆဲဖြစ်သည်။

အစပိုင်းတွင် သက်သာသလိုရှိခဲ့ သော်လည်း မှန်ကန်သော ဆေးကိုသောက်သုံးမှု မရှိခြင်း၊  သောက်သင့်သော ဆေးဝါးပမာဏ  မှန်ကန်မှုမရှိခြင်းနှင့် ရောဂါပျောက်ကင်းသည်အထိ ကုသမှုမခံယူခြင်း စသည်တို့ကြောင့် အမြစ်ပြတ်ပျောက်ကင်းခြင်းမရှိပဲ  နောက်ဆက်တွဲ  ပြဿနာများကို ခံစားကြရသည်။

စနစ်တကျ ကုသမှု ခံယူခြင်းမရှိကြသဖြင့် ဆေးမတိုးသော ရောဂါပိုးများဖြစ်လာကာ အဆိုပါပိုးများ ထပ်မံ ကူးစက်ခံရလျှင် ကုသရန် ခက်ခဲနိုင်သလို နောက်ဆက်တွဲ ပြဿနာများလည်း ပိုမိုဆိုးရွား ပြင်းထန်စွာ ခံစားရနိုင်သည်။

ရောဂါလက္ခဏာများ

ဆီးပြွန်၊ မိန်းမကိုယ်၊ အာခေါင်နှင့် မျက်လုံးများရှိ ချွဲမြှေးများတွင် ရောဂါပိုးများ  ပေါက်ပွားနိုင်ပြီး ဖြစ်ပွားသော နေရာကို လိုက်၍ ရောဂါလက္ခဏာများ ခံစားရနိုင်သည်။  ရောဂါပိုး စတင်ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာများ စတင်ခံစားရချိန်အထိသည် (၁) ရက်မှ (၁၄) ရက်အထိ ကြာမြင့်နိုင်ပြီး အချို့လူများတွင် ထိုထက်ပို၍ ကြာမြင့်နိုင်သည်။ ရောဂါမပြင်းထန်သော လူများတွင် (အထူးသဖြင့် အမျိုးသမီးများ) မည်သည့် ရောဂါလက္ခဏာမျှ မပြပဲ အခြားလူများသို့ ထပ်မံ၍ ကူးစက်စေနိုင်သည်။

အမျိုးသားများတွင်ဖြစ်သော ရောဂါလက္ခဏာများ

(၁) ဆီးလမ်းကြောင်းရောင်ရမ်းခြင်းကြောင့်

– ကိုယ်လက်ကိုက်ခဲ၍ ဖျားနာခြင်း

– မကြာခဏဆီးသွားခြင်း

– ဆီးစွန့်ရာတွင် ဆီးပြွန်တလျောက်နာကျင်ခြင်း၊ မီးကဲ့သို့ပူခြင်း

– ပြည်/ပြည်ကဲ့သို့ အရည်များ ဆီးလမ်းကြောင်းမှထွက်ခြင်း

– တခါတရံဆီးနှင့်အတူ သွေးများ ပါလာတတ်ခြင်း

– ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း

– လိင်ဆက်ဆံရာတွင် နာကျင်ခြင်း

(၂) ဝှေးစေ့၊ ဝှေးညှာရောင်ရမ်းခြင်းကြောင့်

– ဝှေးစေ့တဖက်တည်း (သို့) နှစ်ဖက်စလုံးရောင်ခြင်း၊ နာခြင်း

– မျိုးပွားနိုင်စွမ်း လျော့နည်းလာခြင်း၊ သားသမီးရရန် ခက်ခဲခြင်း

– ဆီးလမ်းကြောင်း ရောင်ရမ်းခြင်းကြောင့်ဖြစ်သော လက္ခဏာများကိုပါ တွဲ၍ ခံစားရခြင်း စသည်ဖြင့် အမျိုးသားများတွင် ခံစားရနိုင်သည်။

အမျိုးသမီးများတွင်ဖြစ်သော ရောဂါလက္ခဏာများ

အများစုမှာ မည်သည့်ရောဂါလက္ခဏာမျှ ခံစားရခြင်းမရှိပဲ ဖြစ်နေနိုင်ပြီး အခြားသူများသို့ ကူးစက်မှုဖြစ်စေနိုင်သည်။ အဖြစ်များသော လက္ခဏာများမှာ သားအိမ်ခေါင်း ရောင်ရမ်းခြင်းနှင့် ဆီးပြွန်ရောင်ရမ်းခြင်းတို့ ဖြစ်သည်။

(၁) သားအိမ်ခေါင်းရောင်ရမ်းခြင်းကြောင့်

– ကိုယ်လက်ကိုက်ခဲခြင်း

– နုံးချိန်နေတတ်ခြင်း

– ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း

– ပုံမှန်မဟုတ် အဖြူဆင်းခြင်း၊ နာခြင်း

– ရာသီလာချိန်မဟုတ်ပဲ သွေးဆင်းတတ်ခြင်း

– လိင်ဆက်ဆံရာတွင် နာကျင်ခြင်း

– လိင်ဆက်ဆံရာတွင် သားအိမ်ခေါင်းမှ သွေးယိုစီးခြင်း စသည်တို့ဖြစ်နိုင်သည်။

(၂) ဆီးပြွန်ရောင်ရမ်းခြင်းကြောင့်

– ဖျားနာခြင်း

– ဆီးသွားရာတွင် နာကျင်ခြင်း စသည်တို့ ခံစားရနေနိုင်ပြီး အများစုမှာ လက္ခဏာမပြပဲ ရှိနေနိုင်သည်။

အခြားသော ရောဂါလက္ခဏာများမှာ –

– စအိုအတွင်း ရောဂါပိုးဝင်လျှင် ဝမ်းသွားရာတွင် နာကျင်ခြင်း

– မျက်စိအတွင်း ရောဂါပိုးဝင်လျှင် မျက်စိနာခြင်း

– လည်ချောင်းအတွင်း ရောဂါပိုးဝင်ရောက်လျှင် လည်ချောင်းနာခြင်း

– လက္ခဏာမပြပဲ သွေးအတွင်းတိုက်ရိုက်ဝင်သော ရောဂါပိုးကြောင့် ကိုယ်တွင်း ကလီစာများနှင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်းများလည်း ဖြစ်စေနိုင်သည်။

ကိုယ်ဝန်ဆောင်များ ကူးစက်ခံရလျှင်

ကိုယ်ဝန်ဆောင်ချိန်  ရောဂါကူးစက်ခံရလျှင် မွေးလာသောကလေးတွင် စော၍ မွေးခြင်း၊ မွေးရာပါ မျက်စိနာဖြစ်ခြင်း၊ အရိုးအဆစ်များ ရောင်ရမ်းခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်း၊ ဦးခေါင်းတွင် အနာများဖြစ်ခြင်း၊ လည်ချောင်းတွင် အနာများဖြစ်ခြင်း စသည်ဖြင့် ဂနိုရောဂါ ကြောင့်ဖြစ်သော ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

ရောဂါကာကွယ်ရန်အတွက်

အိမ်ထောင်သည်များအနေနှင့် မိမိအိမ်ထောင်ဖက် အပေါ် သစ္စာရှိရန်လိုပြီး အပျော်အပါး လိုက်စားလိုသူများအနေနှင့်လည်း အချိန်တိုင်းတွင် အကာအကွယ် အသုံးပြုကြရန် အလွန်အရေးကြီးသည်။

ဆီးပူညောင်းကျရောဂါလက္ခဏာများ ခံစားရလျှင်

ဆီးပူညောင်းကျရောဂါသည် ဘတ်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည့်အတွက် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသမှုခံယူလျှင် အချိန်တိုအတွင်း သက်သာပျောက်ကင်းနိုင်သော ရောဂါမျိး ဖြစ်သည်။

မိမိတွင် ဖော်ပြပါလက္ခဏာများ ခံစားနေရလျှင် ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သော ဆေးဝါးကုသမှုခံယူရန်လိုပြီး  ရောဂါ လက္ခဏာများ စတင်ခံစားရချိန်မှစ၍ ကုသပျောက်ကင်းသည့်ချိန်အထိ လိင်ဆက်ဆံခြင်းကို အထူးဂရုပြု ရှောင်ကျဉ်ကြရန်လည်း အလွန်အရေးကြီးသည်။

မိမိ၏ အဖော်တွင်လည်း ရောဂါပိုး ကူးစက်ခံနေရနိုင်ပြီး ရောဂါလက္ခဏာမပြပဲ ရှိနေနိုင်သဖြင့်  ဆေးဝါးကုသမှု ခံယူရာတွင် ရောဂါဝေဒနာရှင်နှင့်အတူ မိမိ၏ လိင်ဆက်ဆံဖော် / အိမ်ထောင်ဖက် ကိုလည်း တပါတည်းတိုင်ပင်ဆွေးနွေးပြီး ကုသမှု ခံယူစေရန် အလွန်အရေးကြီးသည်။

ဆီးပူညောင်းကျရောဂါဖြစ်ခြင်းနှင့် အခြားသောနောက်ဆက်တွဲ  ပြဿနာများမှ  ရှောင်ကျဉ်နိုင်ကြပါစေ။

Dr. တင့်တယ်

Previous Post

ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

Next Post

ပိုးသတ်ဆေးများနှင့် ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

3 weeks ago
321
Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

2 months ago
1.8k
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

3 months ago
731
Men's Skincare

အမျိုးသားတို့ Skincare ဖို့

4 months ago
650
bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

4 months ago
634
How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

4 months ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပိုးသတ်ဆေးများနှင့် ကျန်းမာရေး

အချင်းရှေ့ရောက်ခြင်း

အမျိုးသမီးများတွင်လည်း မရှားပါ အဆုတ် ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.