အမ်ိဳးသမီးေတြ သတိထားရမဲ့ သားဥအိမ္ကင္ဆာ(သိုု႔မဟုုတ္) မ်ိဳးဥအိမ္ကင္ဆာ
အမ်ိဳးသမီးတစ္ဦးမွာ သားဥအိမ္ (သိုု႔) မ်ိဳးဥအိမ္ဟာ ၂ ဖက္ရွိပါတယ္။ မ်ိဳးဥအိမ္ဟာ တစ္လတစ္ခါ မ်ိဳးဥေလးတစ္လံုး ေၾကြက်ပါတယ္။ ၾကိဳက္တဲ့ဘက္မွ မ်ိဳးဥအိမ္မွ မ်ိဳးဥေလးတစ္လံုးဟာ ေၾကြက်တဲ့အခါမွာ မ်ိဳးဥျပြန္ထဲ ေရာက္သြားပါတယ္။ ဖိုမ်ိဳးေကာင္ႏွင့္ေတြ႕တဲ့အခါ သေႏၶသားေလာင္း ျဖစ္သြားပါတယ္။ ထိုမ်ိဳးဥေလးထုတ္ေပးတဲ့ မ်ိဳးဥအိမ္ဟာ ကင္ဆာျဖစ္တတ္ပါတယ္။ မ်ိဳးဥအိမ္ကင္ဆာဟာ ေသႏိုင္ေသာ ကင္ဆာေရာဂါေတြထဲမွာ ေလးခုေျမာက္ကင္ဆာေရာဂါ ျဖစ္ပါတယ္။ မ်ိဳးဥအိမ္ကင္ဆာဟာ ဘယ္အသက္အရြယ္မဆို ျဖစ္ႏိုင္ပါတယ္။ ကေလးတစ္ေယာက္မွ မရွိသူ ၊ အပ်ိဳေတြမွာ ၊ လူမႈစီးပြားေရးအေျခအေနျမင့္လြန္းျပီး ကေလးမယူၾကတဲ့အခါ ၊ မိသားစုထဲတြင္ ရင္သားကင္ဆာ ၊ အူမၾကီးကင္ဆာ ၊ မ်ိဳးဥအိမ္ကင္ဆာ ျဖစ္ထားဖူးတဲ့သူရွိလွ်င္ တစ္ျခားမရွိသူထက္စာလွ်င္ ပို၍ျဖစ္ႏိုင္ေျခရွိပါတယ္။ သေႏၶသား တားေဆးကဒ္ဟာ မ်ိဳးဥအိမ္ကင္ဆာကို ကာကြယ္ေပးႏိုင္ပါတယ္။ သားအိမ္တြင္း ပစၥည္းထည့္ျခင္း ၊ ေဆးလိပ္ေသာက္သံုးသူေတြမွာလည္း ပိုျဖစ္ႏိုင္ေျခရွိပါတယ္။
ကင္ဆာျဖစ္သည့္အတြက္ အဆင့္ေတြဆိုတာ ရွိလာပါတယ္။ အဆင့္ေလးဆင့္ရွိပါတယ္။ အဆင့္ ၁ ဆိုလွ်င္ ကင္ဆာဆဲလ္ဟာ မ်ိဳးဥအိမ္မွာပဲရွိပါေသးတယ္။ ထိုမွာမွ အဆင့္ေသး ၃ ဆင့္ ခြဲထားပါေသးတယ္။ အဆင့္ ၂ ေရာက္ေနျပီဆိုလွ်င္ မ်ိဳးဥျပြန္ေတြ ၊ သားအိမ္ေတြ ၊ ညွပ္ရိုးအတြင္းရွိ ကလီစာေတြကိုပ်ံ႕ေနပါျပီ။ အဆင့္ ၄ ေနာက္ဆံုးအဆင့္ကေတာ့ အေ၀းတစ္ေနရာဆီ ျပန္႔သြားပါျပီ။ ကင္ဆာအဆင့္ေတြအရ ေနာက္ ၅ ႏွစ္ထိ အသက္ရွင္ႏႈန္းဆိုျပီး တြက္ခ်က္ထားပါတယ္။ အဆင့္ ၁ ဆိုလွ်င္ ၅၀ – ၈၀ ရာခိုင္ႏႈန္း ၊ အဆင့္ ၂ ဆို ၂၅ – ၅၀ ရာခိုင္ႏႈန္းထိ ၊ အဆင့္ ၃ ဆို ၁၅ – ၂၀ ရာခိုင္ႏႈန္းထိနဲ႔ အဆင့္ ၄ ကင္ဆာဆိုလွ်င္ ေနာက္ ၅ ႏွစ္ထိ အသက္ရွင္ႏႈန္းဟာ ၅ ရာခိုင္ႏႈန္းေလာက္ပဲ က်န္ပါေတာ့တယ္။ အားလံုးျခံဳေျပာရရင္ ၃၀ ရာခိုင္ႏႈန္းေလာက္ရွိပါတယ္။ မ်ိဳးဥအိမ္ဟာ ကင္ဆာမေရာက္ခင္ အဆင့္လား ၊ ကင္ဆာလားဆိုတာ ဘယ္လိုခြဲမလဲဆိုရင္ အသက္ၾကီးမွျဖစ္လွ်င္ ကင္ဆာျဖစ္ဖို႔မ်ားပါတယ္။ ကင္ဆာရဲ႕ ျဖစ္ႏိုင္ေျခအခ်က္ေတြရွိထားမယ္။ ကင္ဆာမေရာက္ခင္အဆင့္ဆို နာက်င္မႈမရွိပါဘူး။ ကင္ဆာဆို နာက်င္ပါတယ္။ ကင္ဆာဆိုသည့္အတိုင္း ၾကီးထြားမႈက ျမန္ပါတယ္။ မ်ိဳးဥအိမ္ကင္ဆာေတြရဲ႕ ၇၅ ရာခိုင္ႏႈန္းဟာ ႏွစ္ဖက္ျဖစ္တတ္ပါတယ္။ ကင္ဆာျဖစ္ေနသူဟာ တစ္ျဖည္းျဖည္း ပိန္ခ်ဳန္းက်လာပါတယ္။
အရင္ဆံုးက အာလ္ထရာေဆာင္း ရိုက္ၾကည့္သင့္ပါတယ္။ မေသခ်ာေသးရင္ ကြန္ပ်ဴတာဓာတ္မွန္ ၊ သံလိုက္ဓာတ္မွန္ ရိုက္ရပါမယ္။ အဆင့္အေျခအေနကို သိႏိုင္ဖို႔အတြက္ ရင္ဘက္ဓာတ္မွန္ ၊ အသည္းလုပ္ငန္းစစ္ေျခင္း ၊ အူလမ္းေၾကာင္းကိုစစ္ေဆးျခင္း ၊ ဆီးလမ္းေၾကာင္းစစ္ေဆးျခင္းေတြ လုပ္ရပါတယ္။ ကင္ဆာအမွတ္အသားေတြျဖစ္တဲ့ CA 125 ၊ Alpha FP ၊ beta hcG အီစတိုဂ်င္ေတြ စစ္ေဆးလို႔ရပါတယ္။ ကုသမႈ စေပးရပါေတာ့မယ္။ ေစာေစာကုသမႈခံယူဖို႔လိုပါမယ္။ မ်ိဳးဥအိမ္ကင္ဆာရဲ႕ အဓိက ကုသမႈကေတာ့ ခြဲစိတ္မႈပါပဲ။ ကုသမႈအပိုင္းမွာ ခြဲစိတ္ကုသျခင္း ကင္ဆာေဆးမ်ားျဖင့္ကုသျခင္း ၊ ပူးေပါင္းကုသျခင္း ဆိုျပီး (၃) မ်ိဳးရွိပါသည္။ ခြဲစိတ္မႈအပိုင္းမွာ ေစာင့္ၾကည့္ျခင္း ၊ ထိေရာက္ေသာခြဲစိတ္မႈ ၊ ေနရာၾကီးၾကီးယူ၍ ခြဲစိတ္ျခင္းဆိုျပီး ရွိပါတယ္။ ေစာင့္ၾကည့္ခြဲစိတ္ျခင္းဆိုတာ တစ္ဖက္တည္းကို မ်ိဳးဥအိမ္ႏွင့္ မ်ိဳးဥျပြန္ကို ျဖတ္ထုတ္လိုက္တာပါ။ ထိေရာက္ေသာခြဲစိတ္မႈကေတာ့ သားအိမ္ေရာ ၊ မ်ိဳးဥျပြန္ေရာ ၊ မ်ိဳးဥအိမ္ ႏွစ္ဖက္စလံုးပါ ထုတ္လိုက္တာပါ။ ေနရာၾကီးၾကီးယူ၍ ခြဲစိတ္ျခင္းဆိုတာကေတာ့ ကင္ဆာျဖစ္ရာေနရာအျပင္ ေကာင္းတဲ့ေနရာထိပါ ခြဲထုတ္လိုက္ျခင္းပါ။
ကင္ဆာေဆးကုထံုးကိုေတာ့ ခြဲစိတ္ျခင္းနဲ႔တြဲျပီး ကုသတတ္ပါတယ္။ ကင္ဆာအဆင့္ ျမင့္ေနျပီ ဆိုလွ်င္ေတာ့ သက္သာေအာင္အေနနဲ႔ပဲ ကုသပါတယ္။ ၃ ပတ္ ၊ ၄ပတ္ တစ္ခါ ကင္ဆာေဆးသြင္းတာ ၆ ခါ ကေန ၉ ခါထိ သြင္းရပါတယ္။ တံု႔ျပန္မႈ ရွိမရွိကို CA 125 ဓာတ္ စစ္ေဆးေနရပါတယ္။ ကင္ဆာေဆးေၾကာင့္ ေက်ာက္ကပ္အဆိပ္သင့္တတ္ျခင္း ၊ အာရံုေၾကာထိခိုက္ျခင္း ၊ အၾကားအာရံုဆံုးရႈံျခင္း ၊ ပ်ိဳ႕ျခင္း ၊ အန္ျခင္းေတြ ျဖစ္တတ္ပါတယ္။ က်န္တာကေတာ့ က်န္းမာေရးအသိပညာေပးျခင္း ၊ ႏွစ္သိမ့္ေဆြးေႏြးေပးျခင္း ၊ အစားအေသာက္ ၊ အာဟာရဓာတ္ တစ္ျခားခံစားတတ္တဲ့ လကၡဏာေတြကို သက္သာေအာင္ျပဳလုပ္ေပးရပါတယ္။
Dr.Lynn
Unicode Version
အမျိုးသမီးတွေ သတိထားရမဲ့ သားဥအိမ်ကင်ဆာ(သို့မဟုတ်) မျိုးဥအိမ်ကင်ဆာ
အမျိုးသမီးတစ်ဦးမှာ သားဥအိမ် (သို့) မျိုးဥအိမ်ဟာ ၂ ဖက်ရှိပါတယ်။ မျိုးဥအိမ်ဟာ တစ်လတစ်ခါ မျိုးဥလေးတစ်လုံး ကြွေကျပါတယ်။ ကြိုက်တဲ့ဘက်မှ မျိုးဥအိမ်မှ မျိုးဥလေးတစ်လုံးဟာ ကြွေကျတဲ့အခါမှာ မျိုးဥပြွန်ထဲ ရောက်သွားပါတယ်။ ဖိုမျိုးကောင်နှင့်တွေ့တဲ့အခါ သန္ဓေသားလောင်း ဖြစ်သွားပါတယ်။ ထိုမျိုးဥလေးထုတ်ပေးတဲ့ မျိုးဥအိမ်ဟာ ကင်ဆာဖြစ်တတ်ပါတယ်။ မျိုးဥအိမ်ကင်ဆာဟာ သေနိုင်သော ကင်ဆာရောဂါတွေထဲမှာ လေးခုမြောက်ကင်ဆာရောဂါ ဖြစ်ပါတယ်။ မျိုးဥအိမ်ကင်ဆာဟာ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ကလေးတစ်ယောက်မှ မရှိသူ ၊ အပျိုတွေမှာ ၊ လူမှုစီးပွားရေးအခြေအနေမြင့်လွန်းပြီး ကလေးမယူကြတဲ့အခါ ၊ မိသားစုထဲတွင် ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ မျိုးဥအိမ်ကင်ဆာ ဖြစ်ထားဖူးတဲ့သူရှိလျှင် တစ်ခြားမရှိသူထက်စာလျှင် ပို၍ဖြစ်နိုင်ခြေရှိပါတယ်။ သန္ဓေသား တားဆေးကဒ်ဟာ မျိုးဥအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း ၊ ဆေးလိပ်သောက်သုံးသူတွေမှာလည်း ပိုဖြစ်နိုင်ခြေရှိပါတယ်။
ကင်ဆာဖြစ်သည့်အတွက် အဆင့်တွေဆိုတာ ရှိလာပါတယ်။ အဆင့်လေးဆင့်ရှိပါတယ်။ အဆင့် ၁ ဆိုလျှင် ကင်ဆာဆဲလ်ဟာ မျိုးဥအိမ်မှာပဲရှိပါသေးတယ်။ ထိုမှာမှ အဆင့်သေး ၃ ဆင့် ခွဲထားပါသေးတယ်။ အဆင့် ၂ ရောက်နေပြီဆိုလျှင် မျိုးဥပြွန်တွေ ၊ သားအိမ်တွေ ၊ ညှပ်ရိုးအတွင်းရှိ ကလီစာတွေကိုပျံ့နေပါပြီ။ အဆင့် ၄ နောက်ဆုံးအဆင့်ကတော့ အဝေးတစ်နေရာဆီ ပြန့်သွားပါပြီ။ ကင်ဆာအဆင့်တွေအရ နောက် ၅ နှစ်ထိ အသက်ရှင်နှုန်းဆိုပြီး တွက်ချက်ထားပါတယ်။ အဆင့် ၁ ဆိုလျှင် ၅၀ – ၈၀ ရာခိုင်နှုန်း ၊ အဆင့် ၂ ဆို ၂၅ – ၅၀ ရာခိုင်နှုန်းထိ ၊ အဆင့် ၃ ဆို ၁၅ – ၂၀ ရာခိုင်နှုန်းထိနဲ့ အဆင့် ၄ ကင်ဆာဆိုလျှင် နောက် ၅ နှစ်ထိ အသက်ရှင်နှုန်းဟာ ၅ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်။ အားလုံးခြုံပြောရရင် ၃၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ မျိုးဥအိမ်ဟာ ကင်ဆာမရောက်ခင် အဆင့်လား ၊ ကင်ဆာလားဆိုတာ ဘယ်လိုခွဲမလဲဆိုရင် အသက်ကြီးမှဖြစ်လျှင် ကင်ဆာဖြစ်ဖို့များပါတယ်။ ကင်ဆာရဲ့ ဖြစ်နိုင်ခြေအချက်တွေရှိထားမယ်။ ကင်ဆာမရောက်ခင်အဆင့်ဆို နာကျင်မှုမရှိပါဘူး။ ကင်ဆာဆို နာကျင်ပါတယ်။ ကင်ဆာဆိုသည့်အတိုင်း ကြီးထွားမှုက မြန်ပါတယ်။ မျိုးဥအိမ်ကင်ဆာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ နှစ်ဖက်ဖြစ်တတ်ပါတယ်။ ကင်ဆာဖြစ်နေသူဟာ တစ်ဖြည်းဖြည်း ပိန်ချုန်းကျလာပါတယ်။
အရင်ဆုံးက အာလ်ထရာဆောင်း ရိုက်ကြည့်သင့်ပါတယ်။ မသေချာသေးရင် ကွန်ပျူတာဓာတ်မှန် ၊ သံလိုက်ဓာတ်မှန် ရိုက်ရပါမယ်။ အဆင့်အခြေအနေကို သိနိုင်ဖို့အတွက် ရင်ဘက်ဓာတ်မှန် ၊ အသည်းလုပ်ငန်းစစ်ခြေင်း ၊ အူလမ်းကြောင်းကိုစစ်ဆေးခြင်း ၊ ဆီးလမ်းကြောင်းစစ်ဆေးခြင်းတွေ လုပ်ရပါတယ်။ ကင်ဆာအမှတ်အသားတွေဖြစ်တဲ့ CA 125 ၊ Alpha FP ၊ beta hcG အီစတိုဂျင်တွေ စစ်ဆေးလို့ရပါတယ်။ ကုသမှု စပေးရပါတော့မယ်။ စောစောကုသမှုခံယူဖို့လိုပါမယ်။ မျိုးဥအိမ်ကင်ဆာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်မှုပါပဲ။ ကုသမှုအပိုင်းမှာ ခွဲစိတ်ကုသခြင်း ကင်ဆာဆေးများဖြင့်ကုသခြင်း ၊ ပူးပေါင်းကုသခြင်း ဆိုပြီး (၃) မျိုးရှိပါသည်။ ခွဲစိတ်မှုအပိုင်းမှာ စောင့်ကြည့်ခြင်း ၊ ထိရောက်သောခွဲစိတ်မှု ၊ နေရာကြီးကြီးယူ၍ ခွဲစိတ်ခြင်းဆိုပြီး ရှိပါတယ်။ စောင့်ကြည့်ခွဲစိတ်ခြင်းဆိုတာ တစ်ဖက်တည်းကို မျိုးဥအိမ်နှင့် မျိုးဥပြွန်ကို ဖြတ်ထုတ်လိုက်တာပါ။ ထိရောက်သောခွဲစိတ်မှုကတော့ သားအိမ်ရော ၊ မျိုးဥပြွန်ရော ၊ မျိုးဥအိမ် နှစ်ဖက်စလုံးပါ ထုတ်လိုက်တာပါ။ နေရာကြီးကြီးယူ၍ ခွဲစိတ်ခြင်းဆိုတာကတော့ ကင်ဆာဖြစ်ရာနေရာအပြင် ကောင်းတဲ့နေရာထိပါ ခွဲထုတ်လိုက်ခြင်းပါ။
ကင်ဆာဆေးကုထုံးကိုတော့ ခွဲစိတ်ခြင်းနဲ့တွဲပြီး ကုသတတ်ပါတယ်။ ကင်ဆာအဆင့် မြင့်နေပြီ ဆိုလျှင်တော့ သက်သာအောင်အနေနဲ့ပဲ ကုသပါတယ်။ ၃ ပတ် ၊ ၄ပတ် တစ်ခါ ကင်ဆာဆေးသွင်းတာ ၆ ခါ ကနေ ၉ ခါထိ သွင်းရပါတယ်။ တုံ့ပြန်မှု ရှိမရှိကို CA 125 ဓာတ် စစ်ဆေးနေရပါတယ်။ ကင်ဆာဆေးကြောင့် ကျောက်ကပ်အဆိပ်သင့်တတ်ခြင်း ၊ အာရုံကြောထိခိုက်ခြင်း ၊ အကြားအာရုံဆုံးရှုံခြင်း ၊ ပျို့ခြင်း ၊ အန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကျန်တာကတော့ ကျန်းမာရေးအသိပညာပေးခြင်း ၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း ၊ အစားအသောက် ၊ အာဟာရဓာတ် တစ်ခြားခံစားတတ်တဲ့ လက္ခဏာတွေကို သက်သာအောင်ပြုလုပ်ပေးရပါတယ်။