fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

” ချစ်တင်းနှောခြင်း၏ အကျိုးအာနိသင်များ “

503
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/10/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

 

” ချစ်တင်းနှောခြင်း၏ အကျိုးအာနိသင်များ ”

 

လိင်ဆက်ဆံတာဆိုတာ ရှက်စရာတော့မဟုတ်ပါဘူး ။ သူကလည်း ကျွန်တော်တို့ရဲ့ ဘဝတစ်စိတ်တစ်ဒေသမှာ ပါဝင်နေတဲ့ လုပ်ဆောင်မှုလေးပါ ။ ရုပ်ပိုင်းဆိုင်ရာ ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ၊ စိတ်ခံစားမှုဆိုင်ရာ ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ စိတ်ကြည်နှူးမှု နဲ့ ပျော်ရွှင်မှုတို့ကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တဲ့ လိင်ဆက်ဆံရာမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင် ။

ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများ

 

လိင်ဆက်ဆံတာက တကယ်တော့ အသေးစားလေ့ကျင့်ခန်းလေးပါ ။ ဆက်ဆံဖို့ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုရတဲ့အတွက် သွေးလည်ပတ်မှု အားကောင်းစေပါတယ် ။ ကိုယ်လက်လှုပ်ရှားမှု အသေးစားနဲ့ တူတဲ့အတွက်

– သွေးပေါင်ကျခြင်း

– အဆီပိုတွေ လောင်ကျွမ်းခြင်း

– နှလုံးကျန်းမာရေးကို အထောက်အကူုပြုခြင်း

– ကြွက်သားတွေ ပိုမိုသန်စွမ်းလာခြင်း

– သွေးတိုး ၊ နှလုံးရောဂါ နဲ့ လေဖြတ်နိုင်မှု ရာခိုင်နှုန်းများကိုပါ လျှော့ချပေးနိုင်ပါတယ် ။

 

လေ့လာချက်များအရ လိင်ဆက်ဆံလေ့ရှိကြသူများက မဆက်ဆံကြသူတွေနဲ့ယှဉ်ရင် ကျန်းမာတဲ့ အစားအသောက်ကို ရွေးချယ်စားသောက်နိုင်ကြပြီး အားကစားကိုလည်း ပိုမိုလိုက်စားကြတာ တွေ့ရပါတယ် ။

 

— ခန္ဓာကိုယ်အတွင်း ခုခံအားပိုမိုကောင်းမွန်ခြင်း ။ ( Stronger Immune System )

 

ပညာရှင်များက ခုခံအားနဲ့ ချစ်သူရည်းစားများကြား ဆက်သွယ်မှုကို ရှာဖွေခဲ့ပါတယ် ။ ရလဒ်ကတော့ ပုံမှန်( တစ်ပတ်ကို တစ်ခါထက်မနည်း ) ချစ်တင်းနှောကြတဲ့ ချစ်သူရည်းစားတွေက ပုံမှန်ချစ်တင်းနှော့လေ့မရှိသူ ( တစ်ပတ်ကို တစ်ခါမှ မဆက်ဆံသူ ) တို့နဲ့ ယှဉ်လိုက်ရင် ခုခံအားမှာပါဝင်တဲ့ IgA ဆိုတဲ့ဓာတ်က တံထွေးထဲမှာ များနေတာကို တွေ့ရပါတယ် ။ IgA ဆိုတာကတော့ ဖျားနာရင် ပထမဆုံးကာကွယ်တဲ့ ခံတပ်ထဲက ဓာတ်တစ်မျိုးဖြစ်တဲ့အပြင် Human Papillomavirus ( HPV ) ကိုပါကာကွယ်ပေးပါတယ် ။

 

— ကောင်းမွန်သော အိပ်စက်မှုကို ရနိုင်ခြင်း ။ ( Better Sleep )

 

Oxytocin ( Love hormone လို့လည်းခေါ်ကြပါတယ် ) နဲ့ Endorphin ဆိုတဲ့ ဟော်မုန်းနှစ်မျိုးက ဆက်ဆံရင်း အထွတ်အထိပ်ရောက်နေတဲ့ အချိန်တွေဆိုထွက်ပါတယ် ။ ဒီဟော်မုန်း ၂ခု ပေါင်းလိုက်ရင်တော့ စိတ်ငြိမ်ပြီး အိပ်မောကျအောင် လုပ်ပေးနိုင်ပါတယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်တဲ့ အတွက်ကြောင့်မို့လို့ ခုခံအားပိုမိုကောင်းမွန်ခြင်း ၊ အသက်ရှည်ခြင်း ၊ အားအင်ပြည့်ခြင်း ၊ တစ်နေ့တာလို့ လန်းဆန်းနေခြင်း စတဲ့ အကျိုးကျေးဇူးတွေပါ ရနိုင်မှာဖြစ်ပါတယ် ။

 

— ခေါင်းတစ်ခြမ်းကိုက်ခြင်း ( သို့ ) Migraines ကို သက်သာစေခြင်း ။ ( Reilef Migraines )

 

ဆက်နွယ်မှု အတိအကျကို မသိရပေမဲ့လည်း လေ့လာချက်တွေအရ တချို့က ခေါင်းကိုက်သက်သာပြီး တချို့ကတော့ လုံးဝပျောက်ကင်းသွားတာကို အံ့သြစရာ တွေ့ရှိရပါတယ် ။

 

– အမျိုးသားများနဲ့ အမျိုးသမီးများအတွက် အကျိုးကျေးဇူးများ

 

# အမျိုးသားများ

 

ဆီးကျိတ်ကင်ဆာဆိုတာ အမျိုးသားများကို အသက်ကြီးလာတာနဲ့အမျှ ခြောက်လန့်နေတဲ့ရောဂါတစ်ခုပါ ။ လိင်ပုံမှန်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားများအဖို့တော့ ကင်ဆာဖြစ်ဖို့အလားအလာ နည်းပါသွားတာကို ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ် ။

 

လိင်ဆက်ဆံတာမဟုတ်ဘဲ တစ်ကိုယ်ရေအာသာဖြေတဲ့သူတွေအတွက်လည်း အကျိူးမယုတ်ပါဘူး ။ တစ်ပတ်ကို ၅ခါ ကနေ ၇ခါအထိဂအာသာဖြေတဲ့သူတွေက တစ်ပတ်ကို ၂ခါလောက်ပဲ အာသာဖြေတဲ့သူတွေနဲ့ ယှဉ်ရင် အသက် ၇၀ မတိုင်ခင်အထိ ၃၆ ရာခိုင်နှုန်းအထိ ဆီကျိတ်ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းလျော့နည်းပါတယ် ။

 

နောက်တစ်ချက်ကတော့ အရေးကြီးသလို ထူးလည်းထူးဆန်းပါတယ် ။ ၁၀ နှစ်တာကြာခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ ၁ပတ်အတွင်းမှာ ၂ခါနဲ့အထက် လိင်ဆက်ဆံရာကနေ ဆန္ဒပြီးမြောက်ကြတဲ့အမျိုးသားတွေရဲ့ သေဆုံးမှုနှုန်းက လိင်ဆက်ဆံလေ့မရှိတဲ့အမျိုးသားတွေနဲ့ယှဉ်ရင် ထက်ဝက်လောက် လျော့နည်းနေတာကို တွေ့ရပါတယ် ။

 

နောက်ဆုံးတစ်ခုကတော့ အငြင်းပွားဆဲပါပဲ ။ ချစ်တင်းနှောမှုများတဲ့ အမျိုးသားတွေရဲ့သုတ်ကောင်ရဲ့ အရည်အသွေးက တခြားသူတွေထက် ပိုမိုကောင်းမွန်ပြီး ကျန်းမာတယ် ဆိုတာပါပဲ ။

 

# အမျိုးသမီးများ

 

ဆန္ဒပြီးမြောက်ခြင်းက သွေးလည်ပတ်မှုကိုကောင်းစေပါတယ် ။ ဒါ့အပြင်

* ဆီးအိမ်ပိုမိုကောင်းမွန်လာခြင်း ။

* ဆီးမထိန်ူနိုင်မှု မဖြစ်တော့ခြင်း ။

* ရာသီလာခါနီး ကိုက်ခဲမှုကို လျှော့ချပေးခြင်း ။

* ကလေးပိုရနိုင်ခြင်း ။

* တင်ပါးကြွက်သားတွေ ပိုအားကောင်းလာခြင်း ။

* မိန်းမကိုယ်မှ ချောဆီပိုမိုထုတ်လာနိုင်ခြင်း ။

 

တင်ပါးကြွက်သား အားကောင်းလာခြင်းက ဆက်ဆံစဉ်နာကျင်ခြင်းကို လျော့ချနိုင်ပြီး သားအိမ်လန်ခြင်း ( Vaginal Prolapse )  ကိုလည်း ကာကွယ်ပေးပါတယ် ။

 

သွေးဆုးံပြီးတဲ့တိုင်အောင် ဆက်ဆံလေ့ရှိကြသော အမျိုးသမီးများမှာ သားအိမ်ကျုံ့ခြင်း ( Vaginal Atrophy ) နှေးကွေးတာကိုလည်း တွေ့ရပါတယ် ။

 

စိတ်ပိုင်းဆိုင်ရာ အကျိူးကျေးဇူးများ

 

* စိတ်ဖိစီးမှု ၊ စိတ်လှုပ်ရှားမှု ကိုလျှော့ချပေးခြင်း ။

* ဆက်ဆံဖော်ကို ပိုမိုယုံကြည်လာခြင်း ။

* ကိုယ်ခံစားနေရတာကို ထုတ်ဖော်ပြောဖို့ မကြောက်ရွံ့တော့ခြင်း ။

* စိတ်ဓာတ်ကျခြင်း နဲ့ အထီးကျန်ခြင်းတို့ လွယ်လွယ်နဲ့ မခံစားရခြင်း ။

* မိမိကိုယ်ကို ယုံကြည်မှု ရှိလာခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရပါတယ် ။

 

နိဂုံးချုပ်ရရင်တော့ ချစ်တင်းနှောခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်တဲ့အတွက် စာဖတ်သူတို့လည်း အဲ့အကျိုးကျေးဇူးအကုန်လုံးကို ရကြပါစေလ်ု့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ။ ။

 

Dr.Z

Previous Post

နို့တိုက်မိခင်မဟုတ်ပဲ  နို့ထွက်နေတာ   ရောဂါလား

Next Post

မျက်ကွင်းတွေ မညိုအောင် ဘယ်လိုလုပ်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်ကွင်းတွေ မညိုအောင် ဘယ်လိုလုပ်မလဲ

မိန်းမကိုယ်ယားယံခြင်း

ကလေးတယောက်နဲ့တယောက်ကြားမှာ အချိန် ဘယ်လောက်ခြားသင့်သလဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.