” ချစ်တင်းနှောခြင်း၏ အကျိုးအာနိသင်များ ”
လိင်ဆက်ဆံတာဆိုတာ ရှက်စရာတော့မဟုတ်ပါဘူး ။ သူကလည်း ကျွန်တော်တို့ရဲ့ ဘဝတစ်စိတ်တစ်ဒေသမှာ ပါဝင်နေတဲ့ လုပ်ဆောင်မှုလေးပါ ။ ရုပ်ပိုင်းဆိုင်ရာ ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ၊ စိတ်ခံစားမှုဆိုင်ရာ ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ စိတ်ကြည်နှူးမှု နဲ့ ပျော်ရွှင်မှုတို့ကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တဲ့ လိင်ဆက်ဆံရာမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင် ။
ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများ
လိင်ဆက်ဆံတာက တကယ်တော့ အသေးစားလေ့ကျင့်ခန်းလေးပါ ။ ဆက်ဆံဖို့ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုရတဲ့အတွက် သွေးလည်ပတ်မှု အားကောင်းစေပါတယ် ။ ကိုယ်လက်လှုပ်ရှားမှု အသေးစားနဲ့ တူတဲ့အတွက်
– သွေးပေါင်ကျခြင်း
– အဆီပိုတွေ လောင်ကျွမ်းခြင်း
– နှလုံးကျန်းမာရေးကို အထောက်အကူုပြုခြင်း
– ကြွက်သားတွေ ပိုမိုသန်စွမ်းလာခြင်း
– သွေးတိုး ၊ နှလုံးရောဂါ နဲ့ လေဖြတ်နိုင်မှု ရာခိုင်နှုန်းများကိုပါ လျှော့ချပေးနိုင်ပါတယ် ။
လေ့လာချက်များအရ လိင်ဆက်ဆံလေ့ရှိကြသူများက မဆက်ဆံကြသူတွေနဲ့ယှဉ်ရင် ကျန်းမာတဲ့ အစားအသောက်ကို ရွေးချယ်စားသောက်နိုင်ကြပြီး အားကစားကိုလည်း ပိုမိုလိုက်စားကြတာ တွေ့ရပါတယ် ။
— ခန္ဓာကိုယ်အတွင်း ခုခံအားပိုမိုကောင်းမွန်ခြင်း ။ ( Stronger Immune System )
ပညာရှင်များက ခုခံအားနဲ့ ချစ်သူရည်းစားများကြား ဆက်သွယ်မှုကို ရှာဖွေခဲ့ပါတယ် ။ ရလဒ်ကတော့ ပုံမှန်( တစ်ပတ်ကို တစ်ခါထက်မနည်း ) ချစ်တင်းနှောကြတဲ့ ချစ်သူရည်းစားတွေက ပုံမှန်ချစ်တင်းနှော့လေ့မရှိသူ ( တစ်ပတ်ကို တစ်ခါမှ မဆက်ဆံသူ ) တို့နဲ့ ယှဉ်လိုက်ရင် ခုခံအားမှာပါဝင်တဲ့ IgA ဆိုတဲ့ဓာတ်က တံထွေးထဲမှာ များနေတာကို တွေ့ရပါတယ် ။ IgA ဆိုတာကတော့ ဖျားနာရင် ပထမဆုံးကာကွယ်တဲ့ ခံတပ်ထဲက ဓာတ်တစ်မျိုးဖြစ်တဲ့အပြင် Human Papillomavirus ( HPV ) ကိုပါကာကွယ်ပေးပါတယ် ။
— ကောင်းမွန်သော အိပ်စက်မှုကို ရနိုင်ခြင်း ။ ( Better Sleep )
Oxytocin ( Love hormone လို့လည်းခေါ်ကြပါတယ် ) နဲ့ Endorphin ဆိုတဲ့ ဟော်မုန်းနှစ်မျိုးက ဆက်ဆံရင်း အထွတ်အထိပ်ရောက်နေတဲ့ အချိန်တွေဆိုထွက်ပါတယ် ။ ဒီဟော်မုန်း ၂ခု ပေါင်းလိုက်ရင်တော့ စိတ်ငြိမ်ပြီး အိပ်မောကျအောင် လုပ်ပေးနိုင်ပါတယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်တဲ့ အတွက်ကြောင့်မို့လို့ ခုခံအားပိုမိုကောင်းမွန်ခြင်း ၊ အသက်ရှည်ခြင်း ၊ အားအင်ပြည့်ခြင်း ၊ တစ်နေ့တာလို့ လန်းဆန်းနေခြင်း စတဲ့ အကျိုးကျေးဇူးတွေပါ ရနိုင်မှာဖြစ်ပါတယ် ။
— ခေါင်းတစ်ခြမ်းကိုက်ခြင်း ( သို့ ) Migraines ကို သက်သာစေခြင်း ။ ( Reilef Migraines )
ဆက်နွယ်မှု အတိအကျကို မသိရပေမဲ့လည်း လေ့လာချက်တွေအရ တချို့က ခေါင်းကိုက်သက်သာပြီး တချို့ကတော့ လုံးဝပျောက်ကင်းသွားတာကို အံ့သြစရာ တွေ့ရှိရပါတယ် ။
– အမျိုးသားများနဲ့ အမျိုးသမီးများအတွက် အကျိုးကျေးဇူးများ
# အမျိုးသားများ
ဆီးကျိတ်ကင်ဆာဆိုတာ အမျိုးသားများကို အသက်ကြီးလာတာနဲ့အမျှ ခြောက်လန့်နေတဲ့ရောဂါတစ်ခုပါ ။ လိင်ပုံမှန်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားများအဖို့တော့ ကင်ဆာဖြစ်ဖို့အလားအလာ နည်းပါသွားတာကို ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ် ။
လိင်ဆက်ဆံတာမဟုတ်ဘဲ တစ်ကိုယ်ရေအာသာဖြေတဲ့သူတွေအတွက်လည်း အကျိူးမယုတ်ပါဘူး ။ တစ်ပတ်ကို ၅ခါ ကနေ ၇ခါအထိဂအာသာဖြေတဲ့သူတွေက တစ်ပတ်ကို ၂ခါလောက်ပဲ အာသာဖြေတဲ့သူတွေနဲ့ ယှဉ်ရင် အသက် ၇၀ မတိုင်ခင်အထိ ၃၆ ရာခိုင်နှုန်းအထိ ဆီကျိတ်ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းလျော့နည်းပါတယ် ။
နောက်တစ်ချက်ကတော့ အရေးကြီးသလို ထူးလည်းထူးဆန်းပါတယ် ။ ၁၀ နှစ်တာကြာခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ ၁ပတ်အတွင်းမှာ ၂ခါနဲ့အထက် လိင်ဆက်ဆံရာကနေ ဆန္ဒပြီးမြောက်ကြတဲ့အမျိုးသားတွေရဲ့ သေဆုံးမှုနှုန်းက လိင်ဆက်ဆံလေ့မရှိတဲ့အမျိုးသားတွေနဲ့ယှဉ်ရင် ထက်ဝက်လောက် လျော့နည်းနေတာကို တွေ့ရပါတယ် ။
နောက်ဆုံးတစ်ခုကတော့ အငြင်းပွားဆဲပါပဲ ။ ချစ်တင်းနှောမှုများတဲ့ အမျိုးသားတွေရဲ့သုတ်ကောင်ရဲ့ အရည်အသွေးက တခြားသူတွေထက် ပိုမိုကောင်းမွန်ပြီး ကျန်းမာတယ် ဆိုတာပါပဲ ။
# အမျိုးသမီးများ
ဆန္ဒပြီးမြောက်ခြင်းက သွေးလည်ပတ်မှုကိုကောင်းစေပါတယ် ။ ဒါ့အပြင်
* ဆီးအိမ်ပိုမိုကောင်းမွန်လာခြင်း ။
* ဆီးမထိန်ူနိုင်မှု မဖြစ်တော့ခြင်း ။
* ရာသီလာခါနီး ကိုက်ခဲမှုကို လျှော့ချပေးခြင်း ။
* ကလေးပိုရနိုင်ခြင်း ။
* တင်ပါးကြွက်သားတွေ ပိုအားကောင်းလာခြင်း ။
* မိန်းမကိုယ်မှ ချောဆီပိုမိုထုတ်လာနိုင်ခြင်း ။
တင်ပါးကြွက်သား အားကောင်းလာခြင်းက ဆက်ဆံစဉ်နာကျင်ခြင်းကို လျော့ချနိုင်ပြီး သားအိမ်လန်ခြင်း ( Vaginal Prolapse ) ကိုလည်း ကာကွယ်ပေးပါတယ် ။
သွေးဆုးံပြီးတဲ့တိုင်အောင် ဆက်ဆံလေ့ရှိကြသော အမျိုးသမီးများမှာ သားအိမ်ကျုံ့ခြင်း ( Vaginal Atrophy ) နှေးကွေးတာကိုလည်း တွေ့ရပါတယ် ။
စိတ်ပိုင်းဆိုင်ရာ အကျိူးကျေးဇူးများ
* စိတ်ဖိစီးမှု ၊ စိတ်လှုပ်ရှားမှု ကိုလျှော့ချပေးခြင်း ။
* ဆက်ဆံဖော်ကို ပိုမိုယုံကြည်လာခြင်း ။
* ကိုယ်ခံစားနေရတာကို ထုတ်ဖော်ပြောဖို့ မကြောက်ရွံ့တော့ခြင်း ။
* စိတ်ဓာတ်ကျခြင်း နဲ့ အထီးကျန်ခြင်းတို့ လွယ်လွယ်နဲ့ မခံစားရခြင်း ။
* မိမိကိုယ်ကို ယုံကြည်မှု ရှိလာခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရပါတယ် ။
နိဂုံးချုပ်ရရင်တော့ ချစ်တင်းနှောခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်တဲ့အတွက် စာဖတ်သူတို့လည်း အဲ့အကျိုးကျေးဇူးအကုန်လုံးကို ရကြပါစေလ်ု့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ။ ။
Dr.Z