fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကမျဉ်းနီကောင် ကိုက်ခံရာမှဖြစ်တဲ့ Typhus(တိုက်ဖတ်စ်)ရောဂါ

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2019
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကမျဉ်းနီကောင် ကိုက်ခံရာမှဖြစ်တဲ့ Typhus(တိုက်ဖတ်စ်)ရောဂါ

အကြောင်းတခုခုကြောင့် ချုံပုတ်တွေရှိတဲ့နေရာကိုသွားမိတဲ့အခါမှာ ကမျဉ်းနီကောင်အကိုက်ခံရပြီး Scrub typhus ရောဂါဖြစ်တတ်ပါတယ်။Scrub typhus ကို အချို့အရပ်အခေါ်အနေနဲ့တော့ ချုံပုတ်ငန်းဖန်းရောဂါလို့လည်းခေါ်ကြပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် တရုတ်၊အိန္ဒိယ၊အင်ဒိုနီးရှား၊ဂျပန် စတဲ့ အရှေ့တောင်အာရှနိုင်ငံအတော်များများမှာ အဖြစ်များတဲ့ရောဂါတခုဖြစ်ပါတယ်။ဒီရောဂါအကြောင်းကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့တာကတော့ ဂျပန်နိုင်ငံကပါ။

ကမျဉ်းနီကောင်ဆိုတာဟာ မွှားကောင်၊သန်းကောင် တွေထက်ပိုသေးပြီး ချုံပုတ်တွေရေစပ်တွေမှာနေတဲ့ အင်းဆက်ကောင်တမျိုးဖြစ်ပါတယ်။အင်္ဂလိပ်လိုတော့ ကမျဉ်းနီကောင်ကို Spider mite လို့ခေါ်ကြပါတယ်။ကမျဉ်းနီကောင် ကိုက်ခံရတိုင်းတော့ Scurb typhus မဖြစ်တတ်ပါ။Orienta tsutsugamushi လို့ခေါ်တဲ့ဘက်တီးရီးယားပိုးသယ်ဆောင်ထားတဲ့ ကမျဉ်းနီကောင်ကိုက်ခံရမှသာ Scrub typhus ဖြစ်တာပါ။Scrub typhus ရောဂါဟာ သေချာမကုရင် အသက်သေဆုံးသည်အထိဖြစ်တတ်တဲ့ရောဂါဖြစ်ပါတယ်။ဘက်တီးရီးယားပိုးပါတဲ့ ကမျဥ်းနီကောင် အကိုက်ခံရပြီးနောက် ၁၀ရက်လောက်မှာ Scrub typhus ရောဂါဖြစ်လေ့ရှိပါတယ်။

 

ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့အပူကြီးပြီး ချမ်းတုန်ဖျားတာအဖျားကြာရှည်တာခေါင်းကိုက်တာချောင်းဆိုးတာကိုယ်လက်ကြွက်သားတွေနာကျင်ကိုက်ခဲတာကမျဉ်းနီကောင်ကိုက်တဲ့နေရာမှာ Eschar ခေါ်အနာဖေးတက်သလိုမည်းမည်းလေးဖြစ်နေတာစိတ်အာရုံတွေပြောင်းလဲလာပြီး သတိလစ်တာ၊တက်တာပြန်ရည်အကျိတ်တွေရောင်လာတာကျောမှာအနီကွက်တွေပေါ်လာတာ စသဖြင့်ပါ။ဒီလိုလက္ခဏာတွေခံစားရပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး Scrub typhus ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊အာထရာဆောင်းရိုက်တာ စသဖြင့်လုပ်ရနိုင်ပါတယ်။Scurb typhus ရောဂါဟာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပျက်စီးပြီး သွေးယိုတာတွေဖြစ်ကာ အသက်သေဆုံးစေနိုင်တဲ့အတွက် Scrub typhus ရောဂါလက္ခဏာတွေခံစားနေရပြီဆိုတာနဲ့ မပေါ့ဆဘဲ ဆေးခန်းပြကုသမှုခံယူဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ နောက်ဆက်တွဲဆိုးကျိုးတွေမရှိရင် ပိုးသတ်ဆေး(Antibiotics)ကို ၇ရက်သို့မဟုတ် ၁၀ရက်သောက်လိုက်တာနဲ့ ပျောက်ကင်းသက်သာနိုင်ပါတယ်။ဒီလိုကုရလွယ်တဲ့အတွက်တချို့လူတွေက အထက်မှာဖော်ပြထားတဲ့လက္ခဏာတွေဖြစ်ပြီဆိုရင် ဆေးခန်းပြမစမ်းသပ်ဘဲ ပိုးသတ်ဆေး(Antibiotics)တွေကို ကိုယ့်သဘောနဲ့ကိုယ် ကြားဖူးနား၀ သို့မဟုတ် သူများညွန်တာတွေနောက်လိုက်ပြီး သောက်ကြတာမျိုးရှိပါတယ်။ဒါဟာအရမ်းအန္တရာယ်များပါတယ်။ဒီခေတ်မှာက ရောဂါအမျိုးအစားတွေတအားများပြီး ရောဂါတခုနဲ့တခု လက္ခဏာတွေက ခပ်ဆင်ဆင်ပါ။နောက်ပြီး ပိုးသတ်ဆေး(Antibiotics)တွေက တချို့တွေမှာ ဆေးမတည့်တာတွေဖြစ်တတ်ပါတယ်။ဆရာဝန်နဲ့မပြသမစမ်းဘဲ မိမိဘာသာ ကြားဖူးနားဝနဲ့ ပိုးသတ်ဆေးတွေလျှောက်သောက်ရင် ရောဂါနဲ့ဆေးလွဲပြီး ရောဂါပိုဆိုးနိုင်သလို ဆေးမတည့်တာတွေဖြစ်နိုင်ပြီး အသက်အန္တရာယ်လည်းထိခိုက်နိုင်ပါတယ်။ဒါကြောင့် ရောဂါလက္ခဏာတခုခုခံစားရပြီဆိုရင် ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး ကုသတာဟာအကောင်းဆုံးပါလို့ အကြံပေးချင်ပါတယ်။

Scrub typhus ရောဂါအတွက် ကာကွယ်ဆေးတော့မရှိသေးပါ။ရောဂါဖြစ်ပွားနိုင်ခြေနည်းအောင်ဆိုရင်တော့ကမျဉ်းနီကောင်အကိုက်မခံရအောင်နေပါ။Scurb typhus အဖြစ်များတဲ့အရပ်ဒေသတွေကိုမသွားပါနဲ့။ချုံပုတ်တွေပေါ်အဝတ်လှန်းတာတွေရှောင်ပါ။အိမ်အနီးနားဝန်းကျင်မှာချုံပုတ်တွေရှိရင် ရှင်းပစ်ပါ။တောထဲတောင်ထဲသွားမည်ဆိုပါက သို့မဟုတ် scrub typhus အဖြစ်များတဲ့အရပ်ဒေသတွေဆီ မဖြစ်မနေသွားရမည်ဆိုပါက အကျီရှည်အထူ၊ဘောင်းဘီရှည်အထူဝတ်သွားပါ။

Dr 528

Previous Post

ကာကွယ်ဆေးထိုးပြီးရင် ကလေးဖျားမှာလား။ဆေးနဲ့တည့်ပါ့မလား။

Next Post

ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ

ဆောင်းအကုန် နွေအကူးကာလမှာ အသားခြောက်တာကာကွယ်ဖို့

မိန်းမကိုယ်ရောင်ရမ်းခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.