fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ရင်သားကင်ဆာကြောင့်ဖြစ်သောအဆုတ်ကင်ဆာ

268
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/03/2019
in ရောဂါကြီးများ
1 min read
A A

ရင်သားကင်ဆာကြောင့်ဖြစ်သောအဆုတ်ကင်ဆာ

ရင်သားကင်ဆာမှ အဆုတ်ကင်ဆာထိ ပြန့်နှံ့နိုင်ခြင်းသည် သတိထားစရာပါ။ ရင်သားအတွင်းအစပြုသောကင်ဆာသည် အဆုတ်ကင်ဆာထိ ဖြစ်လာနိုင်ပါတယ်။ ရင်သားကင်ဆာသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများစွာ အနှံ့ပြန့်တတ်ပြီး အရိုး၊ ဦးနှောက်၊ အကယ်၍ ရင်သားကင်ဆာသည် အဆုတ်ထိ ပြန့်နှံ့ပါက ဘယ်လိုခံစားရနိုင်သလဲဆိုတာ ရေးသားပေးလိုက်ပါတယ်။

ရင်သားကင်ဆာဆိုသည်မှာ အမျိုးသမီးအများစုတွင် ဖြစ်လေ့ရှိသောကင်ဆာအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာလို့သိရှိလိုက်သောအမျိုးသမီး 6-10%သည် ပြန့်နှံ့တတ်သောအမျိုးအစားဖြစ်နေပါတယ်။ ပြန့်နှံ့တတ်သော ရင်သားကင်ဆာအမျိုးအစားသည် အဆုတ်ကို ဒုတိယနေရာအဖြစ် ပြန့်နှံ့ပါတယ်။

လက္ခဏာများမှာ ………

ရင်သားကင်ဆာမှသည် အဆုတ်ထိပြန့်နှံ့ခံစားရသူသည် ချက်ချင်းကင်ဆာရောဂါလက္ခဏာများမခံစားရတတ်ပါ။ လက္ခဏာစပေါ်သည်နှင့် တုပ်ကွေးအအေးမိခြင်းနှင့်ဆင်တူနိုင်ပါတယ်။
– ရက်ကြာချောင်းဆိုးခြင်း
– အဆုတ်နေရာအောင့်ခြင်း
– အသက်ရှုခက်ခဲခြင်း
– ရင်ကြပ်အသံမြည်ခြင်း
– အားအင်ကုန်ခမ်းခြင်း
– အဆုတ်ထဲပိုးခဏခဏဝင်ခြင်း
– ချောင်းဆိုးသွေးပါခြင်း
– အစားအသောက်ပျက်ခြင်း
– ကိုယ်အလေးချိန်ကျခြင်းစသည့်လက္ခဏာများဖြစ်ပါတယ်။

အဆုတ်ထဲရောက်ရသောအကြောင်းရင်းများမှာ …………..

မူလကင်ဆာအကျိတ်နေရာတွင် ကင်ဆာဆဲလ်များပွားကြီးလာပြီး ဆဲလ်များပေါက်ထွက်ကာ ပြန်ရည်ကြော သို့မဟုတ် သွေးကြောမှတဆင့် အခြားနေရာများသို့ ပြန့်နှံ့ရောက်ရှိသွားနိုင်ပါတယ်။ အချို့လူနာများတွင် ကုသမူအစတွင် ကင်ဆာဆဲလ်အနည်းငယ်သည် အသက်ရှင်နေကျန်ရစ်ကာ မူလပင်ရင်းနေရာမှ အခြားနေရာသို့ ပြန့်နှံ့ကြီးထွားနိုင်ပါတယ်။ ရင်သားကင်ဆာသည် အဆုတ်ထဲသို့ပြန့်နှံရန် ဆဲလ်များ သိသာစွာပြောင်းလဲမူဖြစ်ပေါ်စေပါသည်။ ပုံမှန်အားဖြင့် ကင်ဆာဆဲလ်များသည် အခြားနေရာများသို့တပြိုင်နက်မပြန့်နှံ့နိုင်ပါ။

ရောဂါရှာဖွေခြင်း

အဆုတ်ထဲသို့ ရင်သားကင်ဆာဆဲလ်များပြန့်နှံခြင်းကို ရှာဖွေရန် ကနဦးစမ်းသပ်မူနှင့်သွေးစစ်ခြင်းများ ပထမဦးဆုံးပြုလုပ်သင့်ပါတယ်။ အကယ်၍ အဆုတ်ထိကင်ဆာဆဲလ်ပြန့်နှံ့နေသည်ဟု သံသယရှိပါက
– အဆုတ်ဓာတ်မှန်ရိုက်ခြင်း
– CT ရိုက်ခြင်း
– PET scanပြုလုပ်ခြင်းများပြုလုပ်ပါ။

အကယ်၍ ကင်ဆာအကျိတ်ကို အဆုတ်ထဲတွင် မတွေ့ရှိပါက နောက်ထပ်လိုအပ်သော ရှာဖွေမူများပြုလုပ်ပါ။ အခြားသောကင်ဆာသေချာစေရန် ရှာဖွေမူများမှာ …..

– ချွဲစစ်ခြင်း
– အဆုတ်ထဲသို့မှန်ပြောင်းဖြင့်ကြည့်ခြင်း
– အဆုတ်အသားစယူစစ်ဆေးခြင်းတို့ဖြစ်ပါတယ်။

ကင်ဆာပြန့်နှံ့မူကို လျော့ကျစေရန်ကာကွယ်သောနည်းလမ်းများမှာ …….

ရင်သားကင်ဆာကုသမူခံယူပြီးထားသောလူနာသည် အခြားနေရာသို့မပြန့်ခင် ကိုယ်ခန္ဓာထဲတွင်အောင်းနေတတ်သည်။ ကုသမူခံယူထားသောလူနာသည် အထက်ပါလက္ခဏာများခံစားရပါက ကင်ဆာပြန်လည်ဖြစ်သည်ကိုရည်ညွှန်းပါတယ်။ ကင်ဆာမပြန့်နှံ့စေရန်ရှောင်ရှားမူနည်းလမ်းသည်ဟု သီးသန့်မရှိပါ။ သို့သော် လျော့ကျစေရန် လူနေထိုင်မူစနစ်ကိုတော့ ပြောင်းလဲမူပြုလုပ်သင့်ပါတယ်။

– ကျန်းမာရေးပုံမှန်စစ်ဆေးပါ။
– ရင်သားကင်ဆာပုံမှန်စစ်ပါ။
– ကျန်းမာမျှတသောအစားအစာစားပါ။
– လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။
– ဆေးလိပ်မသောက်ပါနဲ့။
– အရက်သောက်ခြင်းရှောင်ပါ။
– ကိုယ်အလေးချိန်ထိန်းပါ။
– Vit Dပမာဏစောင့်ကြည့်ပါ။
– စိတ်ဖိဆီးမူလျော့ပါ။

ကုသမူများမှာ…….

အခြားနေရာသို့ပြန့်နှံ့နေသော ကင်ဆာအမျိုးအစားကို ရင်သားကင်ဆာအဆင့် လေးဟုယူဆနိုင်ပါတယ်။ ထိုအဆင့်သည် လုံးဝပျောက်ကင်းအောင် မကုသနိုင်ပါ။ ကင်ဆာကိုထိန်းကာ အသက်ရှင်မူရာခိုင်နူန်းတိုးရန်သာကုသလို့ရပါတယ်။

– ကင်ဆာဆေးသွင်း ကုသခြင်း
– ဟော်မုန်းဖြင့်ကုသခြင်း
– ဓာတ်ကင်ခြင်း စသည်တို့ဖြစ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

အဆုတ်ထိ ရင်သားကင်ဆာပြန့်နှံ့မူသည် လူနာရဲ့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ ဆိုးရွားစွာအဆုတ်ထဲရေဝင်ခြင်းကြောင့် လူနာသည် အသက်ရှုရန်ခက်ခဲခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်းဖြစ်စေနိုင်ပါတယ်။

Dr. ပြည့်ရှင်း

Previous Post

သိုင်းလောကသားတွေအတွက်မျှော့

Next Post

ကြီးမှဝက်သက်ပေါက်တဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
478
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
752
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
438

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြီးမှဝက်သက်ပေါက်တဲ့အခါ

ကာကွယ်ဆေးထိုးပြီးရင် ကလေးဖျားမှာလား။ ဆေးနဲ့တည့်ပါ့မလား။

ကလေးငယ်များနဲ့ ခဲဆိပ်အန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.