fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကာကွယ်ဆေးထိုးပြီးရင် ကလေးဖျားမှာလား။ ဆေးနဲ့တည့်ပါ့မလား။

44
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/03/2019
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကာကွယ်ဆေးထိုးပြီးရင် ကလေးဖျားမှာလား။ ဆေးနဲ့တည့်ပါ့မလား။

အမေအများစုအနေနဲ့ မိမိကလေးကာကွယ်ဆေးထိုးရတော့မယ်ဆိုရင် ဆေးထိုးပြီးရင်ဖျားမှာလား ဆေးနဲ့တည့်မှတည့်ပါမလားဆိုတာတွေကို စဉ်းစားလေ့ရှိကြပါတယ်။

တချို့မိဘတွေဆိုရင် မိမိကလေးဆေးထိုးပြီးရင်ဖျားမှာ ဆေးနဲ့မတည့်မှာ စသဖြင့် အစိုးရိမ်လွန် အကြောက်လွန်ပြီး အိမ်တိုင်ရာရောက် သို့မဟုတ် ရပ်ကွက်ထဲစီမံချက်နဲ့ ကာကွယ်ဆေးလာထိုးတဲ့အခါမှာ ရှောင်နေလေ့ရှိတတ်ပါတယ်။

ဒီလိုလုပ်တာဟာ မှားပါတယ်။

ကာကွယ်ဆေးတွေဆိုတာ အဖြစ်များတဲ့ရောဂါတွေ၊ ဖြစ်လာရင်လည်းကုသဖို့ခက်ပြီး အသက်အန္တရာယ်ထိခိုက်တတ်၊ နောက်ဆက်တွဲဆိုးကျိုးများတတ်တဲ့ ရောဂါတွေကို မဖြစ်အောင်ကာကွယ်ပေးတဲ့ဆေးတွေပါ။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ကာကွယ်ဆေးတွေကို သူ့အချိန်နဲ့သူထိုးဖို့လိုပါတယ်။

တချို့ကာကွယ်ဆေးတွေက တကြိမ်နဲ့ပြီးပေမယ့် တချို့ဆေးတွေက နှစ်ကြိမ် သုံးကြိမ်ထိုးရတာမျိုးလည်းရှိပါတယ်။

ဆေးအများစုက ထိုးဆေးတွေဖြစ်ပြီး ပိုလီယိုကာကွယ်ဆေးကတော့ အစက်ချဆေးအနေနဲ့ရော ထိုးဆေးအနေနဲ့ရောရှိပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးက ကိုယ်ခံအားစနစ်ကို သွားပြီး လှုံ့ဆော်သောကြောင့် ကိုယ်ခံအားစနစ်ကတန်ပြန်တုံ့ပြန်တဲ့အခါ ကိုယ်အပူချိန်တက်ပြီး ဖျားတာ နုံးတာ မှိန်းတာ ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးတဲ့နေရာမှာလည်း အနည်းငယ်နီရဲနေတာမျိုးဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ကလေးက ဖျားတာ၊ မှိန်းတာဖြစ်လို့ရှိရင် ကလေးကို ပုံမှန်ကျွေးနေကျအတိုင်းဆက်ကျွေးတာအပြင် အရည်များများလည်းတိုက်ဖို့လိုပါတယ်။

အရည်ဆိုတာ ရေတမျိုးတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူး။ စွပ်ပြုတ်ရည် ဆန်ပြုတ်ကျဲကျဲ နို့၊ အိုဗာတင်းတို့လို အာဟာရဖြစ်မယ့်အရည်တွေ များများတိုက်သင့်ပါတယ်။ ခြောက်လအောက်ကလေးဆိုရင်တော့ မိခင်နို့များများတိုက်ပေးပါ။

ဘာလို့လဲဆိုတော့ ဖျားနေတဲ့အချိန်မှာ ချွေးထွက်မယ် နောက်ပီး ကလေးကအသက်ရှုမြန်နေတဲ့အခါ ခန္ဒာကိုယ်ထဲမှာရှိတဲ့ အရည်ဓါတ်တွေဟာ ပိုပြီးဆုံးရှုံးတဲ့အတွက် အရည်ခန်းခြောက်တဲ့ပြသာနာ ပိုဖြစ်နိုင်လို့ပါ။

ဒုတိယအချက်အနေနဲ့ကတော့ ကလေးတွေဖျားတဲ့အခါမှာ ရာသီဥတုနဲ့ သင့်တော်မယ့်အဝတ်အစားများကိုပဲ ဝတ်ဆင်ပေးပါ။

ရာသီဥတုကအေးလို့ သို့မဟုတ် လေတွေတအားတိုက်လို့ ဖျားတဲ့ကလေးကို အနွေးထည်ဝတ်ပေးတာမျိုးက ရပါတယ်။

သို့သော် ရာသီဥတုကပူအိုက်တဲ့အခါမျိုးမှာဆိုရင်တော့ ဖျားတဲ့ကလေးကို အဝတ်ထူတွေဝတ်ပေးတာ၊ စောင်အထပ်ထပ်ခြုံပေးတာ၊ ကလေးငယ်လေးတွေဆိုရင် အဝတ်ထူထူဖြင့်ထုတ်ထားတာမျိုးတွေကိုမလုပ်ပါနဲ့။

ကလေးက အဖျားကြီးတဲ့အခါ (အဖျားက ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ပိုတဲ့အခါ) ရေပတ်တိုက်ပေးပါ (သို့မဟုတ်) ရေချိုးခန်းထဲမှာ ရေခပ်သွက်သွက်ချိုးပေးပါ။

ရေခဲတုံးလေးများကို ပလတ်စတစ်အိတ်တွင်ထည့်ပြီး နဖူး၊ လည်ပင်း၊ ဂျိုင်း၊ ပေါင်ခြံစသည့် သွေးကြောကြီးများရှိသောနေရာများမှာလည်း ကပ်ပေးနိုင်ပါတယ်။

ပါရာစီတမောကို အသက်အရွယ်အလိုက်သင့်တော်သော ဆေးအချိန်အဆ အကြိမ်ရေအတိုင်း ပါးစပ်မှတိုက်တာ သို့မဟုတ် စအိုမှ (အရပ်အခေါ် ဒုံးကျည်,ဂြိုလ်တု)ထည့်တာ လုပ်နိုင်ပါတယ်။

သို့သော် Antibiotics ခေါ် ပိုးသေဆေး၊ ပဋိဇီဝဆေးများကိုတော့ ဆရာဝန်နဲ့ပြသထားခြင်းမရှိဘဲ မိမိသဘောနဲ့ မတိုက်ကျွေးရပါ။

ဒီလိုအိမ်မှာ ပြုစုနေရင်းနဲ့ ကလေးက အဖျားအပူချိန်ကျမသွားဘဲ ပိုပိုမြင့်တက်လာတာ၊ အဖျားက နှစ်ရက်၊ သုံးရက် ကြာသော်လည်းမပျောက်တာ၊ သို့မဟုတ်

အစာလုံးဝမ၀င်တာ၊ ကလေးက လန်းဆန်းမှုမရှိဘဲ တအားမှိန်းလွန်းတာ၊ အီနေတာ၊ အန်တာ၊ ဗိုက်နာတာ၊ အသက်ရှုကျပ်တာ စသဖြင့် ဖြစ်လာရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်း အမြန်ပြဖို့လိုပါတယ်။

အများအားဖြင့်တော့ ကာကွယ်ဆေးထိုးပြီးဖျားတာ မှိန်းတာက စိုးရိမ်ရတဲ့အခြေအနေကို မရောက်တတ်ဘဲ ကာကွယ်ဆေးထိုးပြီး နှစ်ရက်လောက်ဆို သက်သာပျောက်ကင်းသွားတတ်ပါတယ်။

နောက်တချက်အနေနဲ့ပြောရရင် ကာကွယ်ဆေးနဲ့မတည့်တာကဖြစ်တော့ဖြစ်နိုင်ပေမယ့် အလွန့်အလွန်ရှားပါတယ်။ ဆေးတည့်မတည့်ကလည်း ဒီအတိုင်းသိဖို့မလွယ်ပါဘူး။ ဆေးသုံးကြည့်မှပဲသိနိုင်တာပါ။

ကာကွယ်ဆေးထိုးပြီး မျက်နှာနဲ့ နှုတ်ခမ်းတွေဖောရောင်လာတာ၊ အသက်ရှုကြပ်လာတာ၊ အနီကွက်အင်ပျဉ်တွေထလာတာတွေရှိရင်တော့ ကာကွယ်ဆေးနဲ့ မတည့်တာဖြစ်နိုင်ပြီး ချက်ချင်းနီးစပ်ရာဆေးခန်းဆေးရုံပြဖို့လိုပါတယ်။

ကာကွယ်ဆေးထိုးပြီး ဒီလိုတွေဖြစ်ဖူးတဲ့ကလေးတွေဆိုရင် နောက်တကြိမ်ကာကွယ်ဆေးထိုးတဲ့အခါမှာ ဆေးမထိုးခင် ဆေးထိုးပေးမယ့်သူကို ဒီအကြောင်းကို ဖြစ်တုန်းကဆေးမှတ်တမ်းနဲ့တကွ ပြောပြဖို့လိုပါမယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာက မိမိကလေးကို ကာကွယ်ဆေးထိုးရင်ဖျားမှာ မတည့်မှာကြောက်ပြီး မထိုးဘဲနေပါက ဖြစ်လာမယ့်ဆိုးကျိုးကကြီးမားပါတယ်။

ဆေးထိုးပြီးဖျားတာ၊ဆေးမတည့်တာတွေက ထိုးတဲ့ကလေးတိုင်းမဖြစ်တတ်သလို ဖြစ်လာရင်လည်း အဲ့ဒါတွေက ကုသလို့ရပြီး နောက်ဆက်တွဲဆိုးကျိုးမရှိတတ်ပါ။

ဒါပေမယ့် ကာကွယ်ဆေးမထိုးဘဲနေမယ်ဆိုရင် အဖြစ်များပြီး ပြင်းထန်တဲ့ရောဂါပိုးဝင်ရောက်ကူးစက်လွယ်ပြီး ရောဂါနဲ့ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေကို ကလေးကခံစားရနိုင်ပါတယ်။

ဥပမာအနေနဲ့ဆိုရင် ဆေးမတည့်မှာ ဖျားမှာကြောက်ပြီး ပိုလီယိုကာကွယ်ဆေးမထိုးထားဘူးဆိုရင် ကလေးကပိုလီယိုပိုးဝင်ကာ ပိုလီယိုရောဂါဖြစ်ပြီး တသက်လုံးဒုက္ခိတ ဖြစ်ပွားတာမျိုးဖြစ်နိုင်ပါတယ်။

ဒါကြောင့်မိဘများအနေနဲ့ ကာကွယ်ဆေးထိုးလို့ဖျားမှာ၊ဆေးမတည့်မှာကို တအားစိုးရိမ်လွန်ပြီး ကာကွယ်ဆေးမထိုးဘဲနေတာမျိုးမလုပ်ဘဲ မိမိကလေးကို သူ့အသက်အရွယ်သူ ထိုးရမယ့်ကာကွယ်ဆေးတွေအားလုံး ထိုးပေးသင့်ပါကြောင်း အကြံပြုချင်ပါတယ်။

Dr 528

Previous Post

ကြီးမှဝက်သက်ပေါက်တဲ့အခါ

Next Post

ကလေးငယ်များနဲ့ ခဲဆိပ်အန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 months ago
121

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 months ago
371
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

7 months ago
358
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

9 months ago
292
When newborn babies have red spots on their faces

မွေးကင်းစကလေးတွေ မျက်နှာမှာအနီစက်လေးတွေထွက်တဲ့အခါ

9 months ago
696
What does it take to be an ideal mother?

စံပြမိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

10 months ago
240

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များနဲ့ ခဲဆိပ်အန္တရာယ်

နလုံးခုန်သံ နှေးနေသလား

ပိုလီယိုကာကွယ်ဆေး အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.