fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

အမေတွေသိဖို့လိုတဲ့ စနစ်မှန်တဲ့ ကလေးဆေးတိုက်နည်း

456
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/04/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးတစ်ယောက်နေမကောင်းဖြစ်ရင် မိဘတွေမှာ စိတ်ညစ်စရာ  နှစ်ခုရှိတယ်လို့ဆိုနိုင်ပါတယ်။
နံပါတ်တစ်က ကလေးရောဂါကြီးကြီးမားမားဖြစ်မှာ ကလေးတစ်ခုခုဖြစ်မှာစိုးရိမ်စိတ်ဖြစ်ပါတယ်။
နံပါတ်နှစ်ကတော့ နေမကောင်းဖြစ်နေတဲ့ ကလေးရဲ့ အလိုမကျမှု ဂျီကျ ငြင်းဆန်မှုတွေကို ကိုင်တွယ်ရခက်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။

ဒီနှစ်ချက်မှာ အပြန်အလှန်ဆက်စပ်နေတဲ့အပိုင်းတစ်ခုရှိပါတယ်။
ဒါကတော့ ကလေးဆေးတိုက်ရခက်တဲ့ ပြဿနာပဲဖြစ်ပါတယ်။
ဒီဆေးလေးသောက်လိုက်ရင် ကလေးမြန်မြန်နေကောင်းသွားမှာပဲလို့သိတဲ့ မိဘတွေရဲ့ အသိဉာဏ်နဲ့ ပူပင်မှုက ကလေးရဲ့ ဒီဆေးကခါးတယ်..ဆေးမသောက်ချင်ဘူး..နေမကောင်းရတဲ့အထဲ ဆေးတွေမသောက်ချင်ဘူးဆိုတဲ့ ငြင်းဆန်လိုစိတ်တွေကြားမှာ နှစ်ဖက်လုံးအတွက် စိတ်ညစ်စရာတွေပိုဖြစ်စေပါတယ်။
ကလေးအတွက် စိတ်ပူလေ ဆေးတိုက်ချင်လေ ကလေးကငြင်းလေ ပိုစိတ်ညစ်လေနဲ့ အတွေ့အကြုံမရှိတဲ့ အမေတွေဆိုရင် ရူးချင်လောက်အောင် စိတ်ညစ်ရတတ်ပါတယ်။

ဒါဆိုဆေးဘယ်လိုတိုက်ရမလဲ ??

ကလေးကို ဆေးဘယ်လိုတိုက်ရမလဲဆိုတာမပြောခင်မှာ ဘယ်လိုတော့ လုံးဝမတိုက်ရဘူးဆိုတဲ့အချက်ကို အရင်ပြောပါမယ်။

– ကလေးကို အသိမပေးဘဲ မတိုက်ပါနဲ့
– လုံးဝ ချုပ်ပြီးမတိုက်ပါနဲ့
– နှာခေါင်းပိတ်ပြီး အာခေါင်ထဲ ဆေးရည်ကို အမြန်ထည့်တာမျိုးမလုပ်ပါနဲ့
– လှဲနေရင်း မတိုက်ပါနဲ့
– ဆေးပမာဏအများကြီးကို တစ်ခါတည်းမတိုက်ပါနဲ့
– ဆရာဝန်ညွှန်ကြားချက်ထက်ပိုမတိုက်ပါနဲ့
– မိမိသဘောနဲ့မိမိမတိုက်ပါနဲ့
– အရင်တခါနေမကောင်းဖြစ်တုန်းကဆရာဝန်ညွှန်ကြားထားတဲ့ဆေးကို နောက်တစ်ကြိမ်နေမကောင်းဖြစ်ချိန်မှာဖြစ်စေ..နောက်ကလေးတစ်ယောက်နေမကောင်းဖြစ်ချိန်မှာဖြစ်စေ ပြန်မတိုက်ပါနဲ့

 

ဒီအချက်တွေကတော့ ကလေးတွေသီးပြီး အသက်ရှူလမ်းကြောင်းထဲဆေးဝင်သွားနိုင်တဲ့အချက်တွေ၊ အသက်အန္တရာယ်အထိဖြစ်သွားနိုင်တဲ့ အချက်တွေမို့ လုံးဝရှောင်ရပါမယ်။

ကလေးတစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ စနစ်တကျဆေးတိုက်မယ်ဆိုရင် ??

– လေ့လာပါ

မိမိကလေးက ဘယ်လိုအရသာ ဘယ်လိုပုံစံကြိုက်တတ်တယ်..ဘယ်လိုပြောရင်ပိုအဆင်ပြေတယ်ဆိုတာမျိုးကို လေ့လာမှတ်သားထားပါ။
အရင်တစ်ခေါက်က အဆင်မပြေတဲ့နည်းလမ်း..အဆင်မပြေတဲ့ဆေးကိုပဲပြန်မသုံးမိပါစေနဲ့။

ကလေးတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူတတ်ပါဘူး။
တခါတလေကျရင် ကလေးကြိုက်အရသာထည့်ထားတဲ့ ဆေးရည်တွေမှာတောင် ချဉ်လို့ ကလေးမသောက်ချင်တာ အရမ်းချိုလို့ မသောက်ချင်တာမျိုးတွေရှိတတ်ပါတယ်။
ဘာလို့မသောက်ချင်တာလဲ မေးပါ။ ကလေးစကားကို အလေးအနက်ထားပါ။
ကျွန်တော်တွေ့ဖူးတဲ့ ကလေးတစ်ယောက်ဆိုရင် ဓာတ်ဆားရည်ကို ကလေးတွေအတွက် ထုတ်ထားတဲ့ အသီးအရသာပါတဲ့ တံဆိပ်မျိုးစုံကို ငြင်းဆန်ပေမဲ့ BPI ထုတ် ကလေးတွေကြိုက်လေ့မရှိတဲ့ ငန်ကျွိကျွိဓာတ်ဆားကိုမှ နှစ်နှစ်ခြိုက်ခြိုက်သောက်တာကို ထူးထူးဆန်းဆန်းတွေ့ရပါတယ်။
ဒီတော့ ကလေးတွေကို ပုံသေနည်းချပြီးတွက်လို့မရဘဲ အမြဲလေ့လာနေဖို့လိုပါတယ်။

– ကလေးကို အရင်အသိပေးပါ၊ ရှင်းပြပါ

ကလေးပေမဲ့လည်း လူသားတစ်ယောက်ဖြစ်လို့ သူ့မှာလည်း သိပိုင်ခွင့်၊ ရွေးချယ်ခွင့် ၊ ငြင်းဆန်ခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့။
သားအခုနေမကောင်းဖြစ်တာပျောက်သွားအောင် ကောင်းကောင်းဆော့နိုင်အောင် အပြင်ကိုလျှောက်လည်နိုင်အောင် ဒီဆေးလေးသောက်ဖို့လိုတယ်ဆိုတာ နားဝင်အောင် ချိုချိုသာသာပြောပါ။
နားမလည်နိုင်သေးတဲ့ ကလေးငယ်တွေဖြစ်ရင်တောင် ဆေးမတိုက်ခင် အရင်အသိပေးပြီးမှတိုက်ရပါမယ်။

– ရွေးချယ်ခွင့်ပေးပါ

ကလေးမို့ လူကြီးညွှန်ကြားတာအကုန်လိုက်နာရမယ်ဆိုတာမှားပါတယ်။
သူရွေးချယ်လို့ရတဲ့ဘောင်ထဲက ရွေးချယ်ခွင့်ပေးပါ။
သူကိုယ်တိုင်ရွေးချယ်ထားတဲ့အရာဖြစ်တဲ့အတွက် ပိုတိုက်ရလွယ်ပါလိမ့်မယ်။

ဆေးအရသာကို သူကြိုက်တဲ့ အသီးအရသာရွေးချယ်လို့ရပါတယ်။
ဆေးသောက်ဖို့နေရာကို သူရွေးချယ်လို့ရပါတယ်။ ဥပမာ သူကြိုက်တဲ့ထိုင်ခုံလေးနဲ့ထိုင်သောက်မလား ဝရန်တာမှာ ငှက်ကလေးတွေကြည့်ရင်းသောက်မလား.. ကာတွန်းကားကြည့်ရင်းသောက်မလား…ဆော့ရင်းသောက်မလား စသည်ဖြင့်ပေါ့။
သူစိတ်ဝင်စားမဲ့ သူကြိုက်မဲ့ Activity တစ်ခုခုနဲ့ တွဲပြီးဆေးတိုက်ရင် ပိုလွယ်ကူတတ်ပါတယ်။
နောက်တစ်ချက်ကတော့ သူကြိုက်တဲ့ ဇွန်း/ပန်းကန်လေးတွေထဲ ထည့်တိုက်ဖို့ ရွေးချယ်ခွင့်ပေးလို့ရပါတယ်။
ဆေးကိုအချိန်အတွယ်မှန်အောင် ထည့်ပေးဖို့တော့ အရေးကြီးပါတယ်။

– ဆုပေးပါ

ကလေးတွေ အကြိုက်ဆုံးနည်းလမ်းဖြစ်ပါတယ်။
ဆေးတိုက်ခြင်းမှမဟုတ်ပါဘူး တခြားကိုင်တွယ်ထိန်းကျောင်းရခက်နေတဲ့အခြေအနေတွေအားလုံးမှာ Reward system ကို သုံးလို့ရပါတယ်။
ဒီဆေး ဘယ်နှစ်ကြိမ်သောက်ပြီးရင် သမီးလိုချင်တာရမယ်..ဆေးသောက်လို့ နေကောင်းသွားရင် သားသွားချင်တဲ့နေရာပို့ပေးမယ်ဆိုတာမျိုးတွေက များသောအားဖြင့် အလုပ်ဖြစ်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

 

ကလေးတွေကို ဆေးသောက်ဖို့ ဆွဲဆောင်တာအပြင် ဘာတွေသိဖို့လိုသေးလဲ ??

အရေးအကြီးဆုံး အချက်ကတော့ တိုက်မဲ့ဆေး မှန်ကန်ဖို့ ၊ အချိန်အတွယ် မှန်ကန်ဖို့ ၊ အကြိမ်ရေမှန်ကန်ဖို့ ၊ ဆေးသက်တမ်းမလွန်နေဖို့၊ ဆေးအထားအသိုမှန်ကန်ဖို့ ဒီအချက်လေးတွေ ထပ်ဂရုစိုက်ဖို့လိုပါတယ်။
ဒီတော့

– ဆရာဝန်ညွှန်ကြားချက်ကို တိတိကျကျလိုက်နာပါ
– ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ Over the counter ဝယ်လို့ရတဲ့ အိမ်သုံးဆေးဝါးတွေဖြစ်နေရင်တောင် နားလည်သူကို မေးမြန်းပြီးမှတိုက်ပါ
– ကလေးဆေးကို လူကြီးဆေးတွေနဲ့ ရောမထားပါနဲ့

– ကလေးတွေ လက်လှမ်းမမီတဲ့နေရာမှာပဲထားပါ

– အေးမြခြောက်သွေ့တဲ့နေရာမှာပဲဆေးတွေကို သိမ်းဆည်းပါ နေရောင်တိုက်ရိုက်မထိပါစေနဲ့

– ဆေးတိုက်ရင် ကလေးကို မတ်မတ်ထားပြီး တိုက်ပါ ဖြည်းဖြည်းညင်ညင်သာသာတိုက်ပါ

ဒါတွေ သတိထားပေးဖို့လိုပါမယ်။

နောက်ဆုံးအနေနဲ့ မှာချင်တဲ့ အရေးအကြီးဆုံးအချက်ကတော့ ကလေးနေမကောင်းဖြစ်ရင် ဆေးတိုက်ဖို့ထက် ကလေးနေမကောင်းမဖြစ်အောင် ကာကွယ်ဖို့က ပိုအရေးကြီးတာမို့ တစ်ကိုယ်ရည်သန့်ရှင်းရေးပိုဂရုစိုက်ပေးဖို့၊ ကာကွယ်ဆေးတွေပုံမှန်ထိုးနှံတိုက်ကျွေးဖို့ နဲ့ အစာအာဟာရပြည့်ဝမျှတအောင်ကျွေးဖို့ ပိုဂရုစိုက်ပေးကြပါလို့ မှာချင်ပါတယ်။

ကလေးတိုင်းကျန်းမာပျော်ရွှင်ကြပါစေ

Dr ဖြိုးဝေလင်း

Previous Post

ဒီအချိန်မှာ ကလေးတွေကိုနေမကောင်းမဖြစ်လွယ်အောင် ဘာတွေကျွေးဖို့လိုလဲ

Next Post

ပြန်ပျောက်နိုင်တဲ့ကင်ဆာဆိုတာ အမျိုးသမီးတွေမှာပဲရှိတာလား ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပြန်ပျောက်နိုင်တဲ့ကင်ဆာဆိုတာ အမျိုးသမီးတွေမှာပဲရှိတာလား ?

အစာမကြေရင်ကယ်ခြင်း

သားအိမ်ခေါင်းရောင်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.