fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သတိပြုစရာလူငယ်သွေးတိုးရောဂါ

3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/05/2020
in ရောဂါကြီးများ
3 min read
A A
-လူငယ်သွေးတိုးဆိုတာ အသက် ၄၀နှစ်အောက် အရွယ်တွင် သွေးတိုးရောဂါခံစားနေရသူများကိုဆိုလိုပါတယ်။
-ပြောင်းလဲလာသောလူမှုနေထိုင်မှုပုံစံ၊အစားအသောက်ပုံစံ နှင့် အဝလွန်သောလူဦးရေ များပြားလာသည့်အတွက် လူငယ်သွေးတိုးသူများ ပိုများပြားလာပါတယ်။
-စစ်တမ်းများအရ US တွင်  အသက်၂၀နှစ်အထက်လူငယ်များတွင် လူငယ်သွေးတိုးဖြစ်နှုန်းမှာ 86 မီလီယံနီးပါးခန့်ရှိတယ်လို့ဆိုပါတယ်။
-လူငယ် ၃ယောက်မှာ တစ်ယောက်ခန့် သွေးတိုးခြင်းစဖြစ်နေတယ်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။
-သင့် သွေးပေါင်ချိန်ဟာ ပေါ်သွေး ၁၄၀ နှင့် အောက်သွေး ၉၀ (140/90mmHg)အထက် ရှိနေပြီ ဆိုလျှင် ယေဘုယျအားဖြင့် သွေးတိုးစနေပြီဟုယူဆနိုင်ပါတယ်။
-သွေးတိုးခြင်းဟာ လေဖြတ်ခြင်း၊ နှလုံးနှင့်သွေးကြောထိခြင်း နှင့် ကျော်ကပ်ထိခြင်း ဖြစ်စေသော အဓိက အကြောင်းအရင်းဖြစ်တယ်။
-သွေးတိုးတိုင်းလက္ခဏာမပြတတ်တာကြောင့် အသံတိတ်လူသတ်သမား လို့ တင်စားကြတယ်။
-ဒါကြောင့် သင်ဟာ အသက်၄၀အောက်အရွယ်ဖြစ်နေသော်လည်း လူငယ်သွေးတိုး ဖြစ်မဖြစ်အခြေအနေအတွက် သွေးပေါင်ချိန်ကြည့်သင့်ပါတယ်နော်။
Q.သွေးတိုးရောဂါဟုသတ်မှတ်ခြင်း
-အသက်၁၈နှစ်အထက် လူတစ်ယောက်ရဲ့ပုံမှန်သွေးပေါင်ချိန်ကို အပေါ်သွေး ၁၂၀ နှင် အောက်သွေး ၈၀အောက်(120/80mmHg)လို့ သတ်မှတ်ပါတယ်။
-အပေါ်သွေး ၁၃၀-၁၃၉ နှင့် အောက်သွေး၈၅-၈၉(130-139/85-89mmHg) အခြေအနေကိုတော့ သွေးတိုးရောဂါလို့မသတ်မှတ်သေးပဲ သွေးတိုးအကြိုအဆင့်လို့ သတ်မှတ်ပါတယ်။
-အပေါ်သွေး ၁၄၀-၁၅၉နှင့် အောက်သွေး ၉၀-၉၉ (140-159/80-99mmHg)ကို သွေးတိုးအဆင့်၁ စပြီ လို့သတ်မှတ်ပါတယ်။
-အပေါ်သွေး ၁၆၀-၁၇၉ နှင့် အောက်သွေး ၁၀၀ -၁၀၉ (160-179/100-109)ဆိုလျှင် သွေးတိုးအဆင့် ၂ လို့သတ်မှတ်ပါတယ်။
-180/110mmHgနှင့်အထက်သွေးတိုးနေပြီဆိုလျှင်တော့ သွေးတိုးအဆင့်၃ လို့သတ်မှတ်ပါတယ်၊
-သွေးတိုးရောဂါသတ်မှတ်ချက်အတွက် သေချာစေရန် ခဏနား၍ ၂ကြိမ်သွေးပေါင်ချိန်ခြင်း (သို့မဟုတ်) ဆေးခန်းသို့ ၂ရက်လာ၍သွေးပေါင်ချိန်ခြင်း လိုအပ်ပါတယ်။
Q.အရေးပေါ်သွေးတိုးခြင်းအခြေအနေသတ်မှတ်ချက်များ
****အရေးပေါ်အန္တရာယ်ရှိသောသွေးတိုးခြင်း
-သွေးပေါင်ချိန် ၁၈၀/၁၂၀mmHg အထက် နှင့်အတူအောက်ပါလက္ခဏာများတွဲဖြစ်လျှင်
1.ရင်ဖတ်အောင့်ခြင်း
2.ခေါင်းကိုက်ခြင်း
3.အသက်ရှူမဝခြင်း
4.မူးဝေခြင်း
5.အမြင်အာရုံပြောင်းလဲခြင်း
6.အန်ခြင်း
-သွေးတိုးဝေဒနာရှင်များထဲမှ 1-3%ဟာ ၎င်းအခြေအနေမျိုးကိုကြုံတွေ့နိုင်ပါတယ်။
အရေးပေါ်ဆေးရုံသွားရန်လိုအပ်ပါတယ်။
****ရုတ်တရတ်သွေးဆောင့်တက်ခြင်း
-မည်သည့်လက္ခဏာမှမခံစားရပဲ သွေးပေါင်ချိန် 180/120mmHg အထက်ရှိနေသည့်အခြေအနေဖြစ်ပါတယ်။
-မြန်မြန်ကုသမှုခံယူရန်လိုပါတယ်။
-ကုသမှုရယူဖို့နောက်ကျလျှင် အရေးပေါ်အန္တရာယ်ရှိသောသွေးတိုးခြင်းအဖြစ်ရောက်ရှိနိုင်ပါတယ်။
Q.လူငယ်များသွေးတိုးရသောအကြောင်းအရင်း
-90 -95%ဟာ primary hypertension လို့ခေါ်တဲ့ ကိုယ်တွင်းရောဂါများကြောင့်မဟုတ်ဘဲ မျိုးရိုး၊အစားအသောက်၊အနေအထိုင်နှင့်ဆေးဝါးတစ်ချို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။
-5-10%ကတော့ ကိုယ်တွင်းရောဂါအခံများကြောင့် ဖြစ်တယ်။secondary hypertensionလို့ခေါ်ကြလေ့ရှိတယ်။
(A)ရောဂါကြောင့်မဟုတ်ဘဲသွေးတိုးရသောအကြောင်းအရင်းများ
1.အဝလွန်ခြင်း
2.အဆီ၊အကြော်၊အငံ၊အချိုကဲသောအစားအသောက်နှင့် အချိုရည်များစားသောက်ခြင်း
3.အထိုင်များခြင်း
4.လေ့ကျင့်ခန်းမလုပ်ခြင်း၊
5.အရက်၊ဘီယာ၊ဆေးလိပ် နှင့် ဆေးရွက်ကြီး
6.စိတ်ကြွဆေးများ
7.သွေးတိုးးမျိုးရိုးရှိခြင်း
(B)လူငယ်သွေးတိုးဖြစ်စေသောရောဂါများ
1. ကျောက်ကပ်ရောဂါ
-အဖြစ်အများဆုံးဖြစ်ပါတယ်။
-2.5-6%နီးပါးဟာ အောက်ပါကျောက်ကပ်ရောဂါအခြေအနေတွေကြောင်ု့ဖစ်ပါတယ်။
*ကျောက်ကပ်ရေအိတ်တည်ခြင်း
*reninဓာတ်ထုတ်သောကျောက်ကပ်အကျိတ်ရှိနေခြင်း
*ဆီးလမ်းကြောင်းပိတ်နေခြင်း
*ကျောက်ကပ်ပျက်ခြင်း
2.သွေးကြောရောဂါများ
*နှလုံးပင်မသွေးကြောကျဉ်းခြင်း
*သွေးကြောရောင်ခြင်း
*သွေးကြောတွင်းရှိကော်လဂျင်ဓာတ်ကိုထိစေသောရောဂါများ
3.ဟော်မုန်းရောဂါများ
*နေ့စဉ်သောက်ကိုယ်ဝန်တားဆေးများ
*စတီးရိုက်ပါသောဆေးများ
*NSAIDအုပ်စု အကိုက်အခဲပျောက်ဆေးများ
*သိုင်းရွိုက်ဟော်မုန်းများခြင်း
*Aldosteroneဓာတ်များခြင်း
*Pheochromocytomaရောဂါ
4.ဦးနှောက်နှင့်အာရုံကြောရောဂါများ
*ဦးနှောက်အကျိတ်
*အိပ်လျှင်အသက်ရှုခဏခဏရပ်တတ်သောရောဂါ
*အော်တိုနောမစ်အာရုံကြောထိန်းချုပ်မှုစနစ်ဖောက်ပြန်ခြင်း
5 အခြား
*ကိုယ်ဝန်ရှိခြင်း
*ဆီးချို
*အေခရိုမက်ဂလီရောဂါ
Q.လူငယ်သွေးတိုးနောက်ဆက်တွဲဆိုးကျိုးများ
1.လေဖြတ်ခြင်း
2.နှလုံးထိခြင်း
3.ကျောက်ကပ်ထိခြင်း
4.မျက်လုံးထိခြင်း
Q.လူငယ်သွေးတိုးစသည်ဟုသံသယရှိလျှင်
-သွေးတိုးအတွက်ပေါ့ပေါ့စစမနေပဲ ဆရာဝန်နှင့် ဆွေးနွေးပြီး ဆေးသောက်ရန် နှင့် စစ်ဆေးမှုပြုလုပ်ရန် လိုမလို ဆွေးနွေးပါ။
-သွေးတိုးအခြေအနေတည်ငြိမ်မှု ရှိမရှိခန့်မှန်းသိရှိနိုင်ရန် သွေးပေါင်ချိန်သည့်အလေ့အထမွေးမြူပါ။
-သွေးတိုးနိုင်ခြေနှင့် ရောဂါအခံရှိမရှိ ကြိုတင်သိရှိနိုင်ရန် ကျန်းမာရေးစစ်ဆေးခြင်းပြုလုပ်သင့်ပါတယ်။
-သွေးတိုးခြင်းအခြေအနေဟာ ဘဝတစ်သက်တာ အခြေအနေ ဖြစ်နိုင်ခြေရှိသည့်အတွက် ရေရှည် အစားအသောက် အနေအထိုင်ဆင်ခြင်ခြင်း၊ဆေးသောက်ရန်လိုအပ်သူများသည် ဆရာဝန်ရက်ချိန်းအတိုင်း ပုံမှန်ပြသ၍ ဆေးချိန်သောက်ခြင်း တို့ပြုလုပ်ရပါမယ်။
Q.လူငယ်သွေးတိုးနှင့် ဆောင်ရန်ရှောင်ရန်များ
-ကိုယ်အလေးချိန်ထိန်းပါ။ကိုယ်ထည်အရွယ်အစား(BMI)ကို 20-25kg/m²အတွင်းထိန်းပါ။ခါးအရွယ်အစား ယောက်ျားလေးဆိုလျှင် 94cm အောက်၊မိန်းခလေးဆိုလျှင် 80cm အောက်သာရှိပါစေ။
-လှုပ်ရှားမှုရှိအောင်နေပါ။လေ့ကျင်ခန်းပုံမှန်လုပ်ပါ။
(တစ်နေ့လျှင် မိနစ်၃၀ သွိုမဟုတ် တစ်ပတ်လျှင် မိနစ်၁၅၀ အနည်းဆုံး လေ့ကျင်ခန်းလုပ်ပါ။)
*လမ်းလျှောက်ခြင်း၊
*ရေကူးခြင်း၊
*ခပ်ဖွဖွပြေးခြင်း၊
*စက်ဘီးနင်းခြင်း၊
*ကခုန်ခြင်း သည်သွေးပေါင်ကျစေရန်အသင့်တော်ဆုံးလေ့ကျင့်ခန်းများဖြစ်တယ်။
-ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်သာရွေးချယ်စားသောက်ပါ။
(အဆီ၊အငံ၊အချို များသော အစာနှင်ွ အချိုရည်များ၊အကြော်များ ရှောင်ပါ။
ဟင်းသီးဟင်းရွက်၊အသီးအနှံ၊အဆီမပါသောအသားများ၊ပင်လယ်စာများပိုစားပေးပါ။)
-ဆေးလိပ်၊အရက်၊ဘီယာ၊ဆေးရွက်ကြီး၊စိတ်ကြွဆေးအျား ရှောင်ပါ။
-ကဖင်းပါသောအစားအသောက်များလျှော့ပါ။
-စိတ်အပန်းဖြေချိန်ပေးပါ။
-အိမ်တွင်သွေးပေါင်ချိန်ခြင်း၊ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆရာဝန်ရက်ချိန်းပုံမှန်ပြသခြင်း လုပ်ဆောင်ပါ။
Q.ဆရာဝန်နှင့်အရေးပေါ်ပြရန်
-အရေးပေါ်အန္တရာယ်ရှိသော သွေးတိုးခြင်းဖြစ်လျှင်
နှင် ရုတ်တရက်သွေးပေါင်ဆောင့်တက်ခြင်းဖြစ်လျှင်
*သွေးပေါင်ချိန် -180/120mmHg အထက် နှင့်
*ခေါင်းကိုက်လျှင်
*ရင်ဖတ်အောင့်လျှင်
*အသက်ရှူမဝလျှင်
*မူးဝေလျှင်
*အမြင်အာရုံပြောင်းလဲလျှင်
*အန်လျှင်
*ခြေ၊လက်၊မျက်နှာနှင် ကိုယ်တစ်ခြမ်းအားနည်းလျှင်
*စကားပလုံးပထွေးဖြစ်လျှင်၊အာလေးလျှာလေးဖြစ်လျှင်
Dr.Yin Yin Win
M.B.,B.S (YGN)
Dip.Med.Sc(Family Medicine)
Previous Post

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ အတွက် မရှိမဖြစ် ခံတပ်များ

Next Post

အူပိတ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
901
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
757
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
444

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အူပိတ်ခြင်း

ကလေးတွေကို တစ်သက်လုံးကျန်းကျန်းမာမာနေနိုင်အောင် ငယ်ငယ်တည်းက ဘာတွေသင်ပေးဖို့လိုလဲ

အမေတွေမသိလို့မဖြစ်တဲ့ ကလေးတွေကို အာဟာရချို့တဲ့စေတဲ့ အချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.