” ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ” ဆိုတဲ့ စကားနှင့်အညီ အစာအိမ် နှင့် အူလမ်းကြောင်း ကျန်းမာရေး ကလည်း အရေးကြီးပါတယ်။
အစာအိမ် နှင့် အူလမ်းကြောင်း ဝေဒနာအများစုဟာ အစာချေစနစ်ကို ဒုက္ခပေးတဲ့ အစားအသောက် နှင့် နေထိုင်စားသောက်မှု ပုံစံ မမှန်ကန်ခြင်းများကြောင့် များသောအားဖြင့် ဖြစ်ပေါ်လာလေ့ရှိတယ်။
အောက်ပါ အစားအသာက် (၁၂) မျိုးကတော့ သင့် အစာချေစနစ်ကို ဒုက္ခပေးလေ့ရှိပါတယ်။
( 1) အဆီများသော အစားအစာများ
Eg- ဆီပြန်ဟင်းများ၊ ဆီကြော်အစာများ၊ ထောပတ် နှင့် ခရင်များသော အချိုပွဲများ၊ ချိစ် နှင့် ရေခဲမုန့်
၎င်းအစားအသောက်များဟာ အစာချေဖျက်ဖို့အတွက် အဆိုးဆုံး အစားအသောက်ထဲမှာ ပါဝင်ပါတယ်။
ဆီပမာဏ များလေများလေ သည်းချေစနစ် နှင့် ပန်ကရိယကို ပိုမိုဝန်ပိစေပါတယ်။
သည်းခြေကျောက်တည်ခြင်း၊ သည်းချေအိတ်ရောင်ခြင်း၊ ပန်ကရိယရောင်ခြင်းကို ပိုဖြစ်စေနို င်ပါတယ်။
ရင်ပူခြင်း၊ GERD လို့ ခေါ်တဲ့ အစာအိမ်အက်စစ် လည်ချောင်းထဲသို့ လျှံတတ်ခြင်း ဖြစ်စေပါတယ်။
အဆီစား အရမ်းများလျှင် အဆီဝမ်းသွားနိုင်သလို အကြော်အစားများလျှင် အမျှင် ဓာတ် ပါဝင်မှု နည်းသည့်အတွက် ဝမ်းချုပ်နိုင်ပါတယ်။
(2) အသင့်လုပ်ထားသော တာရှည်ခံ အစားအသောက်များ
Eg- အသင့်လုပ် အစားအသောက်များထဲမှာ ပါဝင်တဲ့ ကစီဓာတ်ဟာ အစာချေဖျက်ဖို့ ခန္ဓာကိုယ်အတွက် ခက်ခဲစေပါတယ်။
ထို့အပြင်အမျှင် ဓာတ်ပါဝင်မှုလည်း နည်းပါးပါတယ်။
ဒါကြောင့် ဗိုက်ကယ်ခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်း၊ ရင်ပြည့်ခြင်း ၊ လေပွခြင်းတို့ ဖြစ်စေပါတယ်။
(3) စပ်သော အစားအသောက်များ
Eg- အထူးသဖြင့် ငရုတ်သီး နှင့် ငရုပ်ကောင်းမှာပါတဲ့ Capsaicin ဆိုတဲ့ အစပ်ဓာတ်ကြောင့် ဖြစ်တယ်။
အစာမကြေခြင်း၊ ရင်ပူခြင်း နှင့် အစာအိမ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် ညအိပ်ယာဝင်ချိန် နှင့် နီးကပ်စွာ စားမိလျှင် သို့မဟုတ် စားပြီး လဲလျောင်းလိုက်လျှင် ပိုဆိုးစေနိုင်ပါတယ်။
ငရုတ်သီး များတွင် Aflatoxin လို့ခေါ်တဲ့ မှိုတစ်မျိုး ပါလေ့ရှိသည့်အတွက် နေ သေချာ မလှမ်း ထားသော ငရုတ်သီးစားမိလျှင် သင့် အသည်းကို ထိခိုက်စေနိုင်ပါတယ်။
ပူပူစပ်စပ် ကြိုက်သူများ သတိထားသင့်ပါတယ်။
(4) ချောကလတ်
Eg- သင့်အစာချေစနစ်အတွက် ချောကလတ်ဟာ အကျိုးရှိစေတဲ့ အစားအသောက်တစ်ခု မဟုတ်ပါဖူး။
ရင်ပူခြင်း နှင့် အစာအိမ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။
တစ်ချို့လူတွေအတွက် ဝမ်းလျှောခြင်းကိုပင် ဖြစ်စေနိုင်ပါတယ်။
သွားကျန်းမာရေးအတွက်လည်း ဒုက္ခပေးပါတယ်။
(5) အက်စစ်ဓာတ်များသော / ချဉ်သော အသီးများ
Eg- သံပုရာသီး ၊ စပျစ်သီး ၊ ခရမ်းချဉ်သီး ၊ လိမ္မော်သီး
အစာမရှိဘဲ စားမိလျှင် အစာအိမ်နံရံကို ထိခိုက်စေနိုင်ပါတယ်။
(6) သကြားအစားထိုး အချိုထုတ်များ (Artificial Sugar)
Eg- သကြားအစားထိုး အချိုထုတ်လေးများတွင် Sorbitol ဓာတ်ပါဝင်ပါတယ်။
၎င်း Sorbitol ဓာတ်ဟာ သင့်ရဲ့ အူမကြီး အတွင်းမှာ လေပွစေပါတယ်။
50 grams အထက် sorbital ပမာဏ စားမိလျှင် ဝမ်းလျှောခြင်း ဖြစ်စေနိုင်တယ်လို့ FDA က သတိပေး တားချက် ရှိပါတယ်။
(7) နို့ နှင့် နို့ထွက် ပစ္စည်းများ
Eg- နွားနို့ နှင့် မတည့်သူများနှင့် Lactose လို့ ခေါ်တဲ့ နို့မှာပါတဲ့ သဘာဝ သကြားဓာတ်ကို မခံနိုင်သော အခြေအနေတွေမှာ သင့်ရဲ့ အစာချေစနစ်ကို ဒုက္ခရောက်စေပါတယ်။
လေပွခြင်း၊ ရင်ကယ်ခြင်း ၊ ဗိုက်ကယ်ခြင်း၊ ဝမ်းလျှောခြင်းခံစား ရနိုင်ပါတယ်။
(8) ကဖင်းဓတ်ပါသော အစားအစာများ
Eg- လက်ဖက်ရည် ၊ ကော်ဖီ ၊ ဆိုဒါ ၊ ချောကလတ် တွေမှာ ကဖင်းဓာတ်ပါလေ့ရှိပါတယ်။
ကဖင်းဓတ်ဟာ အူလှုပ်ရှားမှုကို မြန်စေပြီး ဝမ်းလျှောခြင်း ကို ဖြစ်စေပါတယ်။
(9) ပဲများ
Eg- ပဲတွေမှာ ကျန်းမာရေး နှင့် ညီညွတ်သော ပရိုတင်းဓာတ် နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သော် လည်း အစာချေဖျက်ဖို့ ခက်ခဲတဲ့ သကြားဓာတ်တစ်မျိုးလည်း ပါဝင်နေတဲ့အတွက် လေပွခြင်း၊ လေထိုးခြင်းကို ဖြစ်စေပါတယ်။
သင့်ခန္ဓာကိုယ်မှာ ထိုသကြားဓာတ်ကို ကောင်းစွာ ချေဖျက်ပို့ အင်ဇိုင်းတွေ မလုံလောက်တဲ့အခါ အူလမ်းကြောင်းထဲရှိ သဘာဝ အကျိုးပြု ဘက်တီးရီးယား ပိုးတွေက ကူညီချေဖျက်ပေးပါတယ်။
ထိုအခါ လေများ ပိုထွက်လာပြီး ဗိုက်ပွခြင်း၊ လေထိုးခြင်း၊ ဖြစ်စေပါတယ်။
ဒါကြောင့် ပဲတွေကို စားသောက်မည်ဆိုပါက အနည်းဆုံး (၄) နာရီခန့် ကြာအောင် ရေစိမ်ထားပြီး မချက်ခင် သေချာ ရေဆေးသင့်ပါတယ်။
(10) အမျှင်ဓာတ်များသော အသီးအရွက်များကို တရားလွန်စားခြင်း
Eg- ယေဘုယျအားဖြင့် အမျှင်ဓာတ်များတဲ့ အရွက်များဟာ အူလမ်းကြောင်းအထွက် ကောင် း စေပါတယ်။
သို့သော် ” တန်ဆေး ၊ လွန်ဘေး ” ဆိုတဲ့ စကားအတိုင်း ချေဖျက်ဖို့ ခက်ခဲသော အမျှင်ဓာတ်များစွာ ပါတဲ့ အသီးအရွက်များကို မချက်ပြုတ်ပဲ များစွာစားမိလျှင် လေပွခြင်း၊ ဗိုက်ကယ်ခြင်း ဖြစ် စေပါတယ်။
Eg- ပြောင်းဖူးတွေမှာ ဆဲလူးလို့စ် လို့ခေါ်တဲ့ သကြားဓာတ်တစ်မျိုးပါဝင်ပါတယ်။
ဆဲလူးလို့စ်ဓာတ်ကို လူတွေရဲ့ အစာအိမ်က ကောင်းစွာ ချက်နိုင်လေ့မရှိပါဘူး။
ထို့အတွက် များစွာ စားမိလျှင် ရင်ပြည့် ရင်ကယ် နှင့် လေးထိုးလေအောင့်ဖြစ်စေပါတယ်။
(12) အရက်
Eg- အရက်ဟာ သင့် အစာအိမ်နံရံကို ဒုက္ခပေးပါတယ်။
အစာမျိုပြွန် အစွန်းရှိ ညှစ်ကြွက်သားကို အားနည်းလျော့ရဲစေသည့်အတွက် အစာအိမ် အက်စစ် လျှံတက်ခြင်း၊ ရင်ပူခြင်း ဖြစ်စေပါတယ်။
ပမာဏ များစွာ သောက်လျှင် ၊ ရေရှည်သောက်လျှင် အစာအိမ်နံရံရောင်ခြင်း၊ အနာဖြစ်ခြင်း၊ အစာ အိမ်ပေါက်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ အသည်းထိခြင်း ဖြစ်စေပါတယ်။
Dr. Yin Yin Win
M.B; B.S (YGN)
Dip. Med. Sc