fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ကလေးတစ်ယောက်ဗိုက်နာတိုင်း စိတ်ပူဖို့လိုလား?

ကလေးများနှင့် ဗိုက်နာခြင်း အခြေအနေဟာ မိဘတိုင်းနီးပါး ကြုံတွေ့ဖူးကြပါလိမ့်မယ်။
မှတ်တမ်းများအရ ဗိုက်နာခြင်း အခြေအနေဟာ မိဘများအား ကလေးတွေကို ဆေးရုံသို့ ခေါ်ဆောင်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ အများဆုံးအကြောင်းအရင်း တစ်ခုဖြစ်တယ်။
သာမန် စိတ်မပူရတဲ့ အသေးစား အကြောင်းအရင်းမှသည် ခွဲစိတ်စရာလိုနိုင်တဲ့ အနေအထားအထိ ရှိတတ်ပါတယ်။
အများစုကတော့ နာရီပိုင်းအတွင်း ၊ ရက်ပိုင်းအတွင်း ကုသစရာမလိုဘဲ ကောင်းသွားလေ့ ရှိတတ်ပါ တယ်။
အူအတက်ရောင်ခြင်းကတော့ ခွဲစိတ်စရာလိုနိုင်တဲ့ ကလေးတွေမှာ အဖြစ်တတ်ဆုံး အခြေအနေ တစ်ခု ဖြစ်တယ်။


Q. ကလေးတစ်ယောက်ကို ဗိုက်နာစေသော အကြောင်းအရင်းများ

၁။ အူလမ်းကြောင်းပြဿနာများ – (၁) ဝမ်းချုပ်ခြင်း
(၂) လေထိုးလေအောင့်ခြင်း
(၃) အူလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်း
(၄) အူရောင်ခြင်း
(၅) အစာအိမ်နှင့်အူလမ်းကြောင်းပိုးဝင်ခြင်း
(၆) အစာအိမ်ယောင်ခြင်း
၂။ အစားအသောက်များ (a) အစာအဆိပ်ဖြစ်ခြင်း
(b) အစားအစာ နှင့် ဓာတ်မတည့်ခြင်း (Food allergy)
(c) ဗိုက်ကယ်အောင်စားသောက်ခြင်း
၃။ အူလမ်းကြောင်းပြင်ပ အကြောင်းအရာများ (a) ဆီးအိမ်ရောင်ခြင်း
(b) ကျောက်ကပ်ရောင်ခြင်း
(c) ဗိုက်ကြွက်သားနာခြင်း
၄။ ခွဲစိတ်ရန် လိုသည့် အခြေအနေများ (a) အူအတက်ရောင်ခြင်း
(b) အူပိတ်ခြင်း
(c) အူစွပ်ခြင်း

၅။ မိန်းကလေးများ – ရာသီမလာခင် ဗိုက်အောင့်ခြင်း

၆။ ယောင်္ကျားလေးများ – ဝှေးစေ့ ဗိုက်ထဲတွင် ကပ်ရှိနေခြင်း နှင့် ဝှေးစေ့ ကြိုးလိမ်ခြင်း
၇။ အဆိပ်ဖြစ်သော အခြေအနေများ – ဆပ်ပြာရည် (သို့မဟုတ်) ဆပ်ပြာခဲ စားသောက်မိခြင်း
ပင့်ကူနက်အကိုက်ခံရခြင်း

Q. ဗိုက်နာခြင်း စိုးရိမ်ရေမှတ် ယေဘုယျ အခြေအနေ လက္ခဏာများ
၁။ ဗိုက်နာသည့်ကြာချိန် (Duration)
သာမာန်မစိုးရိမ်ရသော ဗိုက်နာခြင်းများဟာ အချိန်ကြာလေ့မရှိပါဘူး။
နာရီပိုင်း (သို့မဟုတ်) ရက်ပိုင်းအတွင်း အလိုလို ကောင်းသွားလေ့ရှိပါတယ်။
24 နာရီထက် ကြာသော ဗိုက်နာခြင်းများကတော့ ဆရာဝန် နှင့်ပြသဖို့ လိုအပ်ပါတယ်။
၂။ ဗိုက်နာသည့်နေရာ (location)
သာမာန် ဗိုက်နာခြင်းများဟာ ချက်ပတ်လည် တစ်နည်းအားဖြင့် ဗိုက်အလယ်တွင်သာ နာလေ့ရှိပါတယ်။
ချက်ညာဘက်ဘေး (Right Iliac Fossa) နေရာတွင် နာလျှင်တော့ အူအတက်ရောင်ခြင်း ဖြစ်နိုင်ချေ များသည့်အတွက် စိုးရိမ်ရပါတယ်။
ဗိုက်အလယ် (သို့မဟုတ်) ချက်ဘေးနား တစ်ဝိုက် မဟုတ်သော ဗိုက်နာခြင်းများဟာ ဆရာဝန် နှင့် ပြသရန် လိုအပ်ပါတယ်။
၃။ ကလေးရဲ့ ယေဘုယျအခြေအနေ
ဗိုက်နာခြင်းနှင့်အတူ ကလေးဟာ အရမ်းနေမကောင်းဖြစ်သည့်အနေအထား၊ ချွေးစေးပြန် သည့် အနေအထား၊ ဖြူဖျော့နေသည့် အနေအထား မှိန်းခြင်း နှင့် ဂဏာမငြိမ်ခြင်း အနေအထားများ တွေ့ရလျှင် ဆရာဝန် နှင့် ပြသရန် လိုအပ်ပါတယ်။
၄။ အန်ခြင်း
အန်ခြင်းဟာ အမြဲ စိုးရိမ်ရတဲ့ အနေအထားတစ်ခုကို ညွှန်ပြတာတော့ မဟုတ်ပါဘူး။
24 နာရီကျော်သည်အထိ အန်တာမရပ်လျှင်တော့ ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။
ထို့အပြင် အန်သည့်အခါ သွေးစပါလျှင်၊ အမဲရောင်များ အန်လျှင် ၊ ရေဓာတ်ဆုံးရှုံးသော အခြေအနေများ (ရေငတ်ခြင်း၊ ဆီးနည်းခြင်း၊ ခြေလက်အေးခြင်း၊ မှိန်းခြင်း၊ ငယ်ထိပ်နှင့် မျက်တွင်း ချိုင့်ခြင်း) များရှိလျှင် အရေးကြီးပါတယ်။


၅။ ဝမ်းလျှောခြင်း
သာမန်ဗိုက်နာပြီး ဝမ်းလျှောခြင်းများဟာ ၃ ရက်အတွင်း ကောင်းသွားလေ့ရှိပါတယ်။
၃ ရက်ကျော်သည်အထိ ဝမ်းမရပ်လျှင် ၊ ရေဓာတ်ဆုံးရှုံးလျှင်၊ ဝမ်းထဲသွေးပါလျှင် ဆရာဝန် နှင့် ပြသဖို့ လိုအပ်ပါတယ်။
၆။ ဖျားခြင်း
အဖျားရှိတိုင်း ဆိုးရွားတဲ့ အခြေအနေကို ညွှန်ပြတာတော့ မဟုတ်ပါဘူး။
သို့သော် အဖျားကြီးလျှင် ၊ ချက်ညာဘက်ဘေးနား (Right, Iliac fossa) နာခြင်းနှင့် တွဲလျှင် ဆရာဝန် ပြသရန် လိုပါတယ်။
၇။ အခြားလက္ခဏာများ
ဗိုက်နာခြင်းနှင့်အတူ ဗိုက်ဖောင်းလာလျှင်
အရေပြားတွင် အနီစက်များ / အကွက်များပေါ်လျှင်
ပေါင် ခြံ ပါနာလျှင်
ဆီးပူ၊ ဆီးကျဉ်၊ ဆီးနည်းခြင်း တွဲလျှင်
အစားအစာနှင့် ရေမသောက်တော့လျှင် ဆရာဝန်နှင့် သွားရောက်ပြသရပါမယ်။

Dr. Yin Yin Win
M.B ; B.S (Ygn)
Dip.Med.Sc (Family Medicine)

ဆက်စပ် ဆောင်းပါးများ