fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

အသက်ကြီးလာရင် ဖက်တီးလို့ အခေါ်မခံရစေဖို့ ငယ်တုန်းမှာ ဒါတွေလိုက်နာပါ

97
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/06/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အဝလွန်ခြင်းဆိုတာ ဘာလို့ဖြစ်တာလဲ

အဝလွန်ခြင်းဆိုတဲ့ကျန်းမာရေးပြဿနာဟာ လူတော်တော်များများမှာ အတွေ့ရအများဆုံးဖြစ်ပြီး လူကြီးနဲ့ လူငယ်တွေသာမက ကလေးသူငယ်တွေမှာပါဖြစ်နိုင်တဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ အဝလွန်ခြင်းက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတဲ့ရောဂါတွေဖြစ်နိုင်ချေကို မြင့်တက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ရောဂါအထိပါ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင်းမှာ အဆီပါဝင်မှုရာခိုင်နှုန်း အရမ်းများနေရင် အဝလွန်တယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပြီး ဆေးပညာအရ အဓိပ္ပါယ်ဖွင့်ဆိုရရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်း (Body Mass Index, BMI) ဟာ ၃၀ ဒါမှမဟုတ် ၃၀ နဲ့အထက် ဖြစ်နေတယ်ဆိုရင် ဒါကို အဝလွန်တာလို့ ခေါ်နိုင်ပါတယ်။ ကလေးငယ်တွေမှာတော့ သူတို့အသက်အရွယ်အလိုက် အရပ်အမြင့်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို တွက်ချက်မှုရဲ့ ၃ ဆင့်နဲ့အထက် (+3 Standard deviation) ရောက်နေတယ်ဆိုရင် အဝလွန်တယ်လို့ ခေါ်ပါတယ်။

ဒီနေ့ခေတ် ကလေးငယ်တွေမှာ အဝလွန်ခြင်းဟာလည်း အဖြစ်များလာပြီး သူတို့ဟာ အသက်ကြီးလာတဲ့အချိန်မှာလည်း ဆက်ပြီးအဝလွန်နိုင်ချေ အရမ်းများပါတယ်။ အဝလွန်ခြင်းကြောင့် ကလေးငယ်တွေမှာ မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာမျိုး၊ ရွယ်တူပတ်ဝန်းကျင်မှာ စိတ်အားငယ်တတ်တာမျိုး စတဲ့စိတ်ပိုင်းဆိုင်ရာြပဿနာတွေ ကြုံတွေ့ရတတ်သလို အသက်ကြီးလာတဲ့အခါမှာလည်း အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ ဖက်တီးလို့ အခေါ်မခံရဖို့နဲ့ ရောဂါမထူစေဖို့ ငယ်စဉ်တည်းက လိုက်နာပေးရမယ့်နည်းလမ်းလေးတွေကို ဒီဆောင်းပါးမှာ ရေးသားမျှဝေပေးလိုက်ပါတယ်။

ကလေးတွေမှာ ဖြစ်တတ်တဲ့ အဝလွန်ခြင်းအကြောင်းရင်း

ကလေးသူငယ်တွေမှာ အဝလွန်ခြင်းကိုဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံးအကြောင်းရင်းတွေကတော့

၁။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်ပုံစံ

ကယ်လိုရီပါဝင်မှုများတဲ့ အစားအသောက်တွေ ဥပမာ အသင့်စား အမြန်စာ မုန့်ပဲသွားရည်စာတွေဖြစ်တဲ့ အာလူးကြော်၊ ဟမ်ဘာဂါ၊  ကိတ်မုန့်တွေ၊ အဆီကြော်စာတွေ၊ အချိုအဆိမ့်မုန့်တွေဟာ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် သကြားပါဝင်မှုများတဲ့ အသင့်သောက် အချိုရည်ဘူးတွေကလည်း အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း

ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်မလုပ်တဲ့ ကလေးဟာ တစ်နေ့တာ စားသုံးလိုက်တဲ့ ကယ်လိုရီတွေဟာ လောင်ကျွမ်းမှုမရှိတော့တာကြောင့် အဝလွန်ခြင်းကို ဖြစ်နိုင်ချေပိုများပါတယ်။ တီဗွီကြည့်တာ၊ ဂိမ်းဆော့နေတာကြောင့် အထိုင်များနေတာတွေကလည်း အဝလွန်ခြင်းကို ပိုပြီးဉီးတည်စေနိုင်ပါတယ်။

၃။ မိဘမျိုးရိုး ရှိခြင်း

အဝလွန်တဲ့မိသားစုက မွေးဖွားလာတဲ့ကလေးဟာလည်း ငယ်စဉ်မှာ အဝလွန်ခြင်း ပိုဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းကတော့ အဝလွန်တဲ့မိသားစုရဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စနစ်မကျတဲ့ စားသောက်မှုပုံစံနဲ့ ကိုယ်လက်လှုပ်ရှားမှုကို အားမပေးတဲ့၊ မလုပ်ဆောင်တဲ့ နေထိုင်မှုပုံစံကြောင့်ပဲ ဖြစ်ပါတယ်။ 

၄။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

နောက်ဆုံးအချက်ဆိုပေမယ့် ဒီနေ့ခေတ်မှာလည်း အရေးကြီးတဲ့အချက်ကတော့ စိတ်ပိုင်းဆိုင်ရာြပဿနာတွေပဲ ဖြစ်ပါတယ်။ ကလေးတွေမှာ စိတ်ဖိစီးမှုတွေရှိနေတာ၊ မိသားစုဆိုင်ရာပြဿနာတွေ ရှိနေတာဟာလည်း ကလေးကို ပိုအစားလွန်စေပြီး အဝလွန်တာကို ပိုပြီးဖြစ်စေနိုင်ပါတယ်။

ဒီလိုအချက်တွေကို သိရှိထားမယ်ဆိုရင် မိဘတွေအနေနဲ့ ကိုယ့်ကလေးငယ် အဝလွန်နေပြီလားဆိုတာကို သုံးသပ်နိုင်ပြီး အဝလွန်ခြင်းရှိ၊ မရှိကို နီးစပ်ရာကျန်းမာရေးဌာနတွေမှာ သွားရောက်စစ်ဆေးသင့်ပါတယ်။ 

အဝလွန်ခြင်းနောက်ဆက်တွဲ ပြဿနာများ

အဝလွန်ခြင်းဟာ အမျိုးမျိုးသော နောက်ဆက်တွဲရောဂါတွေ ခံစားရနိုင်ပါတယ်။ အဲဒါတွေကတော့ 

၁။ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ သွေးတွင်းအဆီများရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းရောဂါ

၂။ ဆီးချိုရောဂါ

၃။ ပန်းနာရင်ကြပ်ရောဂါ၊ အိပ်ပျော်နေချိန် ရုတ်တရက်အသက်ရှူရပ်တဲ့ ရောဂါ (Obstructive Sleep Apnea)နဲ့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ

၄။ ငယ်စဉ်မှာ အရိုးကျိုးတာ၊ အသက်ကြီးလာချိန်မှာ အရိုးကျီးပေါင်းရောဂါခံစားရတာ

၅။ ကင်ဆာရောဂါတချို့ ဥပမာ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်နဲ့ အူမကြီးကင်ဆာ စတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်ပါတယ်။ 

အဝလွန်တဲ့ ကလေးငယ်တွေမှာ အများအားဖြင့် တခြားကလေးတွေက စနောက်တာ၊ အနိုင်ကျင့်တာမျိုး ကြုံတွေ့ရတတ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းတာ၊ စာသင်ကြားတဲ့အခါမှာ စိတ်ပါဝင်စားမှုနည်းတာ၊ စာမလိုက်နိုင်တာအပြင် စိတ်ဖိစီးမှုများပြီး အသက်ကြီးလာတဲ့အခါ စိတ်ဓါတ်ကျခြင်းအခြေအနေအထိပါ ခံစားရတတ်ပါတယ်။ 

အဝလွန်ခြင်းမဖြစ်စေဖို့ ငယ်ငယ်တည်းက လိုက်နာရမယ့် အချက်များ

အဝလွန်ခြင်းအခြေအနေဟာ ကျန်းမာရေးဆိုင်ရာရှုထောင့်အပြင် စိတ်ပိုင်းဆိုင်ရာအရပါ အရေးကြီးကြောင်း မိဘများအနေနဲ့ သေသေချာချာ သိရှိထားဖို့ လိုပါတယ်။ မိမိတို့ရဲ့သားသားမီးမီးတွေ အဝလွန်ခြင်းမဖြစ်စေဘဲ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ပေးသင့်ပါတယ်။

၁။ ကလေးငယ်ရဲ့စားသောက်မှုပုံစံကို ပြုပြင်ထိန်းသိမ်းပေးပါ။ 

ကလေးငယ်ရဲ့ နေ့စဉ်အစားအစာမှာ ကယ်လိုရီ၊ အဆီအဆိမ့်နဲ့ သကြားပါဝင်မှု များတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပေးရပါမယ်။ အဲဒီအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီပါဝင်မှုနည်းတဲ့ အသား၊ ငါးတွေကိုပဲ ကျွေးမွေးပေးသင့်ပါတယ်။ ကလေးနဲ့အတူ မိသားစုလိုက် အပြင်စားသောက်ဆိုင်မှာ သွားစားတာကို လျှော့ပေးသင့်ပြီး အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ကျွေးမွေးပေးသင့်ပါတယ်။ ရေများများသောက်ခိုင်းပါ။

ကျွေးမွေးတဲ့အခါမှာလည်း အသက်အရွယ်အလိုက် သင့်တော်ရုံပမာဏသာ ကျွေးမွေးပေးသင့်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ ရေရှည်ကျန်းမာရေးကို ကြည့်ပြီး အလိုမလိုက်ဖို့က အရေးကြီးတယ်ဆိုတာလည်း သိထားသင့်ပါတယ်။

   

၂။ ကိုယ်လက်လှုပ်ရှားအားကစားကို အားပေးပါ။ 

ကလေးသူငယ်ကို ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်လုပ်ဆောင်စေဖို့ အားပေးသင့်ပါတယ်။ မိသားစုလိုက် လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ လမ်းလျှောက်တာဖြစ်ဖြစ်၊ တစ်ခါတစ်လေမှာ ရေကူးခြင်းဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့အတူ ဆော့ကစားစေတာ၊ လေ့ကျင့်ခန်းတူတူ လုပ်ဆောင်စေတာမျိုးကို အားပေးသင့်ပါတယ်။ 

အထိုင်မများစေဖို့ တီဗွီ၊ ဖုန်း၊ ကွန်ပျူတာ ဒါမှမဟုတ် Laptop ကြည့်တဲ့ ကြာချိန်၊ ဂိမ်းဆော့ချိန်တွေကို တစ်နေ့ကို အများဆုံး ၁ နာရီထက် မပိုစေဖို့ ထိန်းသိမ်းပေးရပါမယ်။ ကလေးငယ် အိပ်ရေးဝဝ အိပ်ရဖို့လည်း အရေးကြီးပါတယ်။ ကလေးငယ် အသက်အရွယ်အလိုက် ရှိရမယ့် အိပ်စက်မှုအချိန်တွေကိုလည်း သိထားသင့်ပါတယ်။ 

၃။ မိမိကလေးငယ်ကို ဂရုစိုက်ပါ။

မိဘတွေအနေနဲ့ မိမိကလေးငယ်ကိုယ်တိုင်ကိုက အဝလွန်နေပြီးသားကလေးငယ်ဖြစ်နေရင် ကလေးငယ်ကို နှစ်သိမ့်အားပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို နှစ်သိမ့်ဖြေရှင်းပေးသင့်ပြီး ပိုပြီးကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို ပိုင်ဆိုင်စေဖို့ မိဘနှစ်ပါးလုံး အတူတူ အားပေးကူညီပေးသင့်ပါတယ်။ မိသားစုတစ်ခုလုံး ဝိုင်းဝန်းကူညီအားပေးတာက အဝလွန်နေတဲ့ကလေးငယ် အားငယ်နေတာကို ပျောက်စေနိုင်ပြီး ပိုပြီးကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာ 

ကလေးငယ်တွေမှာ အဝလွန်ခြင်းက အသက်ကြီးလာတဲ့အခါမှာလည်း ဆက်ပြီးအဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ငယ်စဉ်အခါတည်းက စိတ်ဖိစီးမှုများစေပြီး စိတ်ဓါတ်ကျခြင်းရောဂါအပြင် တခြား နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ရောဂါအမျိုးမျိုး ဖြစ်စေနိုင်တဲ့အတွက် ကလေးငယ်တွေမှာ အဝမလွန်စေဖို့ မိဘတွေအနေနဲ့ ထိန်းသိမ်းပြုစုပေးဖို့ အရေးကြီးပါတယ်။ အထက်ကဖော်ြပခဲ့တဲ့ အချက်တွေကို လိုက်နာရမယ့်အပြင် မိမိကလေးငယ်ကို တစ်နှစ်တစ်ခါ ကျန်းမာရေးစစ်ဆေးပေးဖို့လည်း လိုအပ်ပါတယ်။ ကျန်းမာရေးစစ်ဆေးချက်အရ ကလေးငယ် အဝလွန်နေရင် အဝမလွန်အောင် ပြုစုထိန်းသိမ်းဖို့ ဒါမှမဟုတ် ကျန်းမာနေရင် ပိုပြီးကျန်းမာအောင် ဆက်လက်အားပေးဖို့က မိဘတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ 

ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ သားသားမီးမီးလေးတွေကို မိဘတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ။

ဒေါက်တာကောင်း (ဆေး-၂)

Previous Post

သုတ်ရည်စစ်ဆေးခြင်းအကြောင်း(Cat-Reproductive Health)

Next Post

အမေတွေသိဖို့လိုတဲ့ ကလေးပျို့အန်ခြင်းအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
829

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
672

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမေတွေသိဖို့လိုတဲ့ ကလေးပျို့အန်ခြင်းအကြောင်း

ဖော်မြူလာနို့ကိုဘယ်အရွယ်အထိသောက်ဖို့ တကယ်လိုတာလဲ?

မိခင်တွေ ကွဲကွဲပြားပြား သိသင့်တဲ့ Prebiotics နဲ့ Probiotics ခြားနားပုံ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.