fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကလေးတွေအတွက် မရှိမဖြစ် ဗီတာမင်ဓါတ်နဲ့သတ္တုဓါတ်တွေ ရအောင် ဘယ်လိုကျွေးမွေးကြမလဲ

140
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2020
in ကျန်းမာစေသော အစားအစာ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အာဟာရဓါတ်တွေ အများကြီးလိုအပ်ပါတယ်။ ကလေးတွေဟာ အရွယ်ရောက်ပြီးလူကြီးတွေလိုပဲ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဥ်တွေ ပုံမှန်လည်ပတ်နိုင်ဖို့၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ ရောဂါကာကွယ်နိုင်ဖို့ အစားအစာအုပ်စု (၃) စုကို ပုံမှန်စားသောက်ရပါတယ်။ ဒီလိုအစာအုပ်စု (၃) စု ထဲကမှ ရောဂါကာကွယ်စေတဲ့ အစာအုပ်စုမှာ ပါဝင်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ဓါတ်နဲ့ သတ္တုဓါတ်တွေ ကြွယ်ကြွယ်ဝဝ ပါဝင်ပါတယ်။

 သက်စောင့်ဓါတ်လို့ခေါ်တဲ့ ဗီတာမင်ဓါတ်တွေဟာ ရောဂါကာကွယ်စေတာအပြင် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဥ်တွေမှာလည်း ကူညီဆောင်ရွက်ပေးပါတယ်။ သတ္တုဓါတ်တွေဟာလည်း ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဥ်အမျိုးမျိုးနဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ အထောက်အကူပြုပါတယ်။ ဗီတာမင်ဓါတ်တွေဖြစ်တဲ့ ဗီတာမင် A, B, C, D, E နဲ့ K တွေ အပြင် သတ္တုဓါတ်တွေ ဖြစ်တဲ့ သံဓါတ် (Iron)၊ ကယ်လ်ဆီယမ်ဓါတ် (Calcium)၊ အိုင်အိုဒင်းဓါတ် (Iodine) နဲ့ သွပ်ဓါတ် (Zinc) တို့ဟာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ 

ဒါကြောင့် ကလေးတွေ နေ့စဥ်စားသောက်တဲ့ အစားအစာတွေကတစ်ဆင့် ဒီလိုအရေးကြီးလှတဲ့ ဗီတာမင်ဓါတ်နဲ့ သတ္တုဓါတ်တွေ ပုံမှန်ရရှိစေဖို့ မေမေတို့ အလွယ်တကူကျွေးမွေးပေးနိုင်မယ့် အစားအစာအမျိုးမျိုးကို ဖော်ပြလိုက်ပါတယ်။

 ၁။ ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာ

ကလေးငယ် ပုံမှန်ကြီးထွားဖွံ့ဖြိုးစေဖို့အပြင် ကျန်းမာတဲ့ အသားအရေ၊ မျက်စိအမြင်အာရုံနဲ့ ကိုယ်ခံအားကောင်းမွန်စေဖို့ ဗီတာမင်အေ ကို လိုအပ်ပါတယ်။ ဗီတာမင်အေ ကို နီဝါရောင်သစ်သီးဝလံတွေ ဖြစ်တဲ့ မုန်လာဥနီ၊ ခရမ်းချဥ်သီး၊ ဖရုံသီး၊ သရက်သီး၊ ကန်စွန်းဥအပြင် အမဲသားအသည်းနဲ့ နွားနို့ကနေတဆင့် ရရှိနိုင်ပါတယ်။ 

၂။ ဗီတာမင်ဘီ ကြွယ်ဝတဲ့အစားအစာ

ဗီတာမင်ဘီအုပ်စု ကြွယ်ဝတဲ့ အစားအစာအမျိုးမျိုးရှိပါတယ်။ ဗီတာမင်ဘီအုပ်စုဟာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဥ်တွေ ပုံမှန်လည်ပတ်စေဖို့အပြင် ခန္ဓာကိုယ်တွင်းအင်္ဂါတွေဆီ အောက်စီဂျင်ဓါတ်ပို့ဆောင်ပေးတဲ့ သွေးနီဥတည်ဆောက်ဖို့အတွက် မရှိမဖြစ်ပါဝင်တာကြောင့် အရေးကြီးတဲ့ဗီတာမင်ဓါတ်အုပ်စုလည်း ဖြစ်ပါတယ်။ ဗီတာမင်ဘီအုပ်စု စုံစုံလင်လင် ပါဝင်စေဖို့ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ခဲ၊ ဥအမျိုးမျိုးအပြင် ဟင်းသီးဟင်းရွက်အမျိုးမျိုးကို ကျွေးမွေးပေးရမှာ ဖြစ်ပါတယ်။ နေ့စဥ်မဟုတ်ရင်တောင် တစ်ရက်ခြား၊ နှစ်ရက်ခြားစီ အသားဟင်းတစ်မျိုးမျိုးနဲ့ ဟင်းရွက်ကြော်တစ်မျိုးမျိုး ချက်ပြုတ်ကျွေးမွေးပေးမယ်ဆိုရင် ကလေးတွေဟာ ဗီတာမင်ဘီအုပ်စုကို လုံလုံလောက်လောက်ရရှိစေမှာပဲ ဖြစ်ပါတယ်။

၃။ ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာ

ဗီတာမင်စီဓါတ်ဟာ ခန္ဓာကိုယ်တွင်းသွေးကြောတွေကို သန်မာစေပြီး ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ဗီတာမင်စီကို ခရမ်းချဥ်သီး၊ သံပုရာသီး၊ ကိုက်လန်ရွက် စတဲ့ဟင်းသီးဟင်းရွက်တွေအပြင် ကလေးတွေကြိုက်တဲ့ အရည်ရွှမ်းချိုချဥ်သီးတွေဖြစ်တဲ့ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ကီဝီသီး စတဲ့ သစ်သီးဝလံတွေကနေလည်း ရရှိနိုင်ပါတယ်။

၄။ ဗီတာမင်ဒီ ကြွယ်ဝတဲ့အစားအစာ

ဗီတာမင်ဒီဟာ အရိုးတွေတည်ဆောက်ဖို့နဲ့ အရိုးတွေ သန်မာစေဖို့အပြင် ခန္ဓာကိုယ်အတွင်းမှာ ကယ်လ်ဆီယမ်ဓါတ်ကို အသုံးချစေဖို့ အထောက်အကူပြုပေးတဲ့ ဗီတာမင်ဓါတ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်ဒီဓါတ်ကို အရေပြားကနေတစ်ဆင့် နေရောင်ခြည်ကိုအသုံးပြုပြီး အဓိကထုတ်လုပ်နိုင်ပေမယ့် အစားအစာကနေ ရရှိဖို့အတွက် နို့နဲ့ ဆီပါတဲ့ ငါးတွေဖြစ်တဲ့ ဆော်လ်မွန်ငါး၊ တူနာငါး၊ ငါးသလောက်ငါး စတာတွေကို ကျွေးမွေးပေးနိုင်ပါတယ်။

၅။ ဗီတာမင်အီး ကြွယ်ဝတဲ့အစားအစာ

ဗီတာမင်အီးဟာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်ဓါတ်ဖြစ်ပြီး ကင်ဆာရောဂါအမျိုးမျိုး၊ နှလုံးရောဂါနဲ့ အတွင်းတိမ် မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အီး ကြွယ်ဝတဲ့အစားအစာတွေက အဆီအမျိုးမျိုးဖြစ်တဲ့ နေကြာဆီ၊ ဗာဒံဆီအပြင် ထောပတ်သီး၊ သရက်သီး၊ စပျစ်သီးနဲ့ အခွံမာအစေ့အဆံအမျိုးမျိုး ဥပမာ – ဗာဒံစေ့၊ သီဟိုဠ်စေ့၊ အဆီပါတဲ့ ငါးအမျိုးမျိုး ဥပမာ – ဆော်လ်မွန်ငါး၊ တူနာငါး စတာတွေ ဖြစ်ပါတယ်။ 

၆။ ဗီတာမင်ကေ ကြွယ်ဝတဲ့အစားအစာ

ဗီတာမင်ကေ ဟာ ကလေးငယ် ထိခိုက်အနာတရဖြစ်တဲ့အခါ သွေးတိတ်စေဖို့ ကူညီပေးပါတယ်။ ဗီတာမင်ကေ ချို့တဲ့တဲ့အခါ သွေးထွက်လွယ်တဲ့ပြဿနာ ဖြစ်နိုင်ပါတယ်။ ဗီတာမင်ကေ ရရှိစေဖို့ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန် စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်အမျိုးမျိုးအပြင် နို့နဲ့ ဥအမျိုးမျိုးကို ကျွေးမွေးပေးရပါမယ်။

၇။ သံဓါတ်

သံဓါတ်က သွေးနီဥတည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်ပြီး ကလေးငယ်သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးတွေမှာ သွေးအားနည်းခြင်းက ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး ရောဂါလည်း ဝင်လွယ်စေပါတယ်။ သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အသည်းအမျိုးမျိုး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်အမျိုးမျိုး ဥပမာ – ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက်၊ ကန်စွန်းရွက်အပြင် ပဲအမျိုးမျိုးနဲ့ ဥအမျိုးမျိုးပဲ ဖြစ်ပါတယ်။ 

၈။ ကယ်လ်ဆီယမ်ဓါတ်

ကယ်လ်ဆီယမ်ဓါတ်ဟာ အရိုးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့အပြင် ကလေးတွေရဲ့ သွားကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေရဲ့လုပ်ငန်းကို ကောင်းမွန်စေပြီး အာရုံကြောနဲ့ သွေးခဲခြင်းစနစ်ကိုလည်း အထောက်အကူပြုတဲ့ သတ္တုဓါတ်ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဓါတ်ကို နို့နဲ့နို့ထွက်ပစ္စည်း ဥပမာ – ဒိန်ခဲ၊ ဒိန်ချဥ်၊ အရိုးပါ ဝါးစားလို့ရတဲ့ ငါးလေးတွေ၊ ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ကိုက်လန်ရွက်နဲ့ မုန်ညင်းဖြူ စတာတွေကနေ ရရှိနိုင်ပါတယ်။

၉။ အိုင်အိုဒင်းဓါတ်

အများသိကြတဲ့ အိုင်အိုဒင်းလို့ခေါ်တဲ့ ဆားဓါတ်က ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ အရေးကြီးပါတယ်။ အိုင်အိုဒင်းဓါတ်ကို ပင်လယ်စာအမျိုးမျိုးအပြင် အိုင်အိုဒင်းဖြည့်တင်းထားတဲ့ ဆားကနေ ရရှိနိုင်ပါတယ်။  

၁၀။ သွပ်ဓါတ်

ဇင့် လို့ခေါ်တဲ့ သွပ်ဓါတ်ဟာ ကြီးထွားဖွံ့ဖြိုးစေမှု၊ ဒဏ်ရာအနာတရကျက်စေမှုအပြင် ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ သွပ်ဓါတ်ပါဝင်တဲ့ အစားအစာတွေကတော့ အဆီမပါတဲ့ အသား၊ ငါး၊ ကြက်သားနဲ့ ပဲအမျိုးမျိုး၊ အစေ့အဆံအမျိုးမျိုးကနေလည်း ရရှိနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်အောင် ကျွေးမွေးပါ။

အထက်က ဖော်ပြခဲ့တာတွေကတော့ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်ပြီး အရေးပါတဲ့ ဗီတာမင်ဓါတ်နဲ့သတ္တုဓါတ်တွေလည်း ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့အာဟာရဓါတ်တွေအပြင် တခြားအရေးကြီးတဲ့ဓါတ်တွေဟာလည်း အစားအစာအမျိုးမျိုးမှာ အချိုးအစားအမျိုးမျိုးနဲ့ပါဝင်ပါတယ်။ 

ဒါကြောင့် ကလေးငယ်အတွက်အရေးကြီးတဲ့ အာဟာရဓါတ်တွေရရှိစေဖို့ မေမေတို့အနေနဲ့ တစ်နေ့တာဟင်းလျာတွေကို ချက်ပြုတ်တဲ့အခါ အသား၊ ငါးဟင်းလျာတစ်မျိုး၊ ဟင်းရွက်ဟင်းရွက်ကြော်တစ်မျိုး ဒါမှမဟုတ် ဟင်းချိုတစ်မျိုးအပြင် နွားနို့၊ ဥအမျိုးမျိုး၊ သစ်သီးဝလံအမျိုးမျိုးကိုလည်း မုန့်ပဲသရေစာအနေနဲ့ ကျွေးမွေးပေးရင်တော့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓါတ်နဲ့သတ္တုဓါတ်မျိုးစုံကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းတဲ့ သားသားမီးမီးလေးတွေ ဖြစ်လာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

ဒေါက်တာကောင်း (ဆေး-၂)

Previous Post

အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်စေမယ့် COVID-19 စပါယ်ရှယ်မီနူး

Next Post

သမီးမွေးထားရင် ဒါတွေ သင်ပေးပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
830

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သမီးမွေးထားရင် ဒါတွေ သင်ပေးပါ

အမေတိုင်း သိထားသင့်တဲ့ LcFOS

မိုးရေစက်တွေအောက်က တက်ကြွတဲ့ ခြေလှမ်းတွေကို ဘယ်အရာတွေက တားဆီးပိတ်ပင်နေလဲ ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.