fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

သမီးမွေးထားရင် ဒါတွေ သင်ပေးပါ

”သမီးမိန်းကလေး” တွေ မွေးထားတဲ့ ဖေဖေမေမေတွေရဲ့ စိုးရိမ်မှုနဲ့ ပူပန်မှုတွေဟာ သားရှင် ဖေဖေမေမေတွေထက် ပိုကြမှာ သဘာဝပဲ ဖြစ်ပါတယ်။

သင်ဟာ သမီးလေး ပိုင်ဆိုင်ထားတဲ့ မိဘ တစ်ယောက်ဖြစ်နေပြီဆိုလျှင် ဒါတွေ သင်ပေးဖို့ မမေ့ပါနဲ့။

၁။ အလှအပရေးရာ ခံယူချက်ကို သင်ကြားခြင်း
မလှချင်တဲ့ သမီးမိန်းကလေးဆိုတာ မရှိပါဘူး ဖေဖေမေမေတို့ရေ။
အလှအပ ခံယူချက် အလွဲအမှားတွေကြောင့် ပြဿနာတွေ ကြုံတွေ့ရတဲ့ အခြေအနေတွေ ရှိတတ် ပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ အလှအစစ်ဟာ စိတ်ထား၊ နှလုံးသားနှင့် ကိုယ်ကျင့်သိက္ခာက လာတယ် ဆိုတာ သင်ကြားပေးဖို့ အရမ်းအရေးကြီးပါတယ်။
ပန်းပွင့်လေးတိုင်း သူ့နည်းသူ့ဟန် လှပကြသလို မိမိတို့ရဲ့ သမီးလေးတွေကလည်း သူ့ကိုယ်ပိုင်အလှ နှင့်အတူ လှပနေကြောင်း၊ အလှအပ နှင့် ပတ်သက်ပြီး စိတ်လုံခြုံမှု ရှိခြင်းဟာ ပို၍ လှပစေတယ်ဆို တာ သင်ကြားပေးသင့်ပါတယ်။
အရေးအကြီးဆုံးမှာ အဖော်အချွတ်များနှင့် လိင်ဆွဲဆောင်မှု ပြင်းပြစွာ ပြင်ဆင်ခြယ်သ ဝတ်ဆင်မှု များဟာ ပိုမလှစေဘူးဆိုတဲ့ ခံယူချက်ကို မှန်ကန်စေရပါမယ်။

 

၂။ စိတ်ခံစားချက်ကို ထိန်းချုပ်ကိုင်တွယ်ခြင်း

ယေဘုယျအားဖြင့် မိန်းကလေးများဟာ သဘာဝအရ ယောကျာ်းလေးများထက် ပို၍ လက်တွေ့ မဆန်ဘဲ စိတ်ခံစားချက်ပို၍ ပြင်းထန်တက်ပြီး စိတ်လှုပ်ရှား ထိခိုက်လွယ်ခြင်း၊ စိတ်မငြိမ်ခြင်း ပိုဖြစ် တတ်ကြပါတယ်။
ဒါဟာ ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိပါလျှင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
မိန်းကလေးမို့ စိတ်ကူးယဉ်ဆန်ခြင်း၊ စိတ်ခံစားမှု လွန်ခြင်းဟာ ကောင်းမွန် မှန်ကန်တဲ့ အနေအထား မဟုတ်ကြောင်း သင်ကြားပေးပါ။
သူမကိုယ်တိုင် စိတ်ကို အေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းနိုင်သည့် အခြေအနေ နှင့် ရင့်ကျက်စွာ ရှင်သန်နိုင်ခွင့်ကို ရွေးခြယ်ခြင်း လုပ်နိုင်ကြောင်း လေ့ကျင့်သင်ကြားပေးပါ။
သူမကိုယ်တိုင်သာ သူမရဲ့ ခံစားချက်တွေ နှင့် အပြုအမူတွေရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့အတွက် ကောင်းမွန် စွာ ထိန်းချုပ်ခြင်းကို ဖန်တီးနိုင်အာင် သင်ကြားပေးရပါမယ်။

၃။ သူမရဲ့ ခန္ဓာကိုယ် ဟော်မုန်းများအကြောင်းကို နားလည်အောင် သင်ကြားခြင်း

သမီး မိန်းကလေးတွေဟာ အပျိုဖော် စဝင်ပြီဆိုတာနှင့် အမျိုးသမီး သဘာဝ ဟော်မုန်းအပြောင်း အလဲ အခြေအနေတွေ စတင်ဖြစ်လာပါပြီ။
မိန်းကလေးဟော်မုန်း အပြောင်းအလဲ အတက်အကျတွေကြောင့် ရာသီပေါ်ခြင်း အခြေအနေနှင့် ကိုယ်ဝန်ရနိုင်ခြင်း အခြေအနေတွေကို နားလည်သိရှိအောင် သင်ကြားပေးရပါမယ်။
ရာသီမလာခင်အချိန်တွေဟာ ဟော်မုန်းအခြေအနေတွေကြောင့် ပုံမှန်ထက် စိတ်ပိုတိုခြင်း၊ အလိုမကျခြင်း အခြေအနေတွေ ရှိနေပါမယ်။
ရာသီလာစဉ် ကိုက်ခဲခြင်း ဝေဒနာ ခံစားရပါမယ်။
ရာသီစလာသည်မှ ၁၄ ရက် ပတ်ခြာလည် အခြေအနေတွေဟာ အမျိုးဥ ကြွေတတ်တဲ့ အချိန်တွေ ဖြစ်ပြီး ထိုအချိန်တွေမှာ ကိုယ်ဝန်ရလွယ်ကြောင်း အသက်အရွယ်ပေါ်မူတည်ပြီး သင်ကြားပေးထားရ ရပါမယ်။

၄။ သူမကိုယ်သူမ ကာကွယ်နိုင်ခြင်း စွမ်းရည်သင်ကြားခြင်း

ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကမှာ အန္တရာယ်ကင်းကင်း ရှင်သန်နိုင်အောင် သူမကိုယ်သူမ ကာကွယ်နိုင်ရမယ့် စွမ်းရည် ရှိနေရပါမယ်။
စိတ်ဓာတ်ရေးရာအပိုင်း၊ ကိုယ်ခန္ဓာရေးရာအပိုင်း၊ ခံစားမှုရေးရာ အပိုင်း၊ အနှောင့်အယှက်ခံရခြင်း များနှင့် အနိုင်ကျင့်ခြင်း အခြေအနေတွေဟာ မိန်းကလေးတွေမှာ ပိုဖြစ်ပေါ်လေ့ရှိပါတယ်။
ထိုအရာများ ဒဏ်မှ ကာကွယ်နိုင်အောင် စိတ်ဓာတ်ရေးရာ အပိုင်း တွေးခေါ်ဆင်ခြင် ဆုံးဖြတ်နိုင် အောင်၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ် ကာကွယ်ရှောင်တိမ်းနိုင်အောင် လိုအပ် မည့် အသိပညာ၊ အတတ်ပညာများကို အသက်အရွယ်အလိုက် သင်ကြားပေးထားရပါမယ်။

၅။ စိတ်ဓာတ်ကြံ့ခိုင်အောင် သင်ကြားခြင်း

သင့်သမီးအား ကျရှုံးခွင့်ပေးပါ။
ပညာရေး၊စီးပွားရေး၊ လူမှုရေး တွေမှာ အနိမ့်ပိုင်း အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ပြန်လည် ထူထောင်နိုင်အောင် အားပေးပါ။ လေ့ကျင့်ပေးပါ။
အမှားများကို သင်ခန်းစာ ယူတတ်အောင် သင်ကြားပေးပါ။
မှန်ကန်တဲ့ အိမ်မက်တွေအပေါ် ကျရှုံးမှာ မကြောက်မိအောင် အားပေးပါ။
ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ ရွေးချယ်မှုတွေအပေါ် အတင်းအကြပ် ပုံသွင်းရွေးချယ်ခိုင်း ခြင်းထက် သမီးမိန်းကလေးများ ကိုယ်တိုင် မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် သာ ပံ့ပိုး သင်ကြားပေးပါ။

၆။ မှန်မှန်ကန်ကန် အင်တာနက် သုံးစွဲနိုင်အောင် ဆုံးမသင်ကြားခြင်း

ပြောင်းလဲလာတဲ့ ခေတ်အရ အင်တာနက် လောကဟာ တစ်ချိန်ချိန်မှာ လူတိုင်းနဲ့ ထိတွေ့ကို ထိတွေ့မယ့် အရာဖြစ်ပါတယ်။
အင်တာနက် လောကဟာ သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်စေပါတယ်။
ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အတွက် သုံးတတ်လျှင် ကောင်းကျိုးရှိနိုင်သလို မသုံးတတ်လျှင် လမ်းမှားရောက်နိုင်ပါတယ်။
သေချာတာကတော့ မရင့်ကျက်သေးသော သမီးလေးတွေကို အင်တာနက် လောကဟာ လူတိုင်းရဲ့ လက်တွေ့အမှန်ဘဝတွေ မဟုတ်ဖူးဆိုတာပါ သင်ပေးထားဖို့ပါပဲ။

၇။ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာသင်ကြားခြင်း

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတတွေဟာ သမီးလေးတွေ သိကို သိသင့်တဲ့ ဗဟုသုတ ဖြစ်စေပါတယ်။
အသက်အရွယ်၊ အခြေအနေ ပေါ် မူတည်ပြီး သင်ကြားပေးရပါမယ်။
မိမိတို့ မိသားစုရဲ့ လိင်မှုကိစ္စဆိုင်ရာ တန်ဖိုးထားမှု နှင့် တားမြစ်ချက်ပုံစံများ၊ ယေဘုယျ အခြေခံ ယောကျ်ား မိန်းမ ကွဲပြားချက်များ၊ တစ်ပါးသူတို့ အလွယ်တကူ ထိတွေ့ စော်ကားလို့ မရသော သမီးမိန်းကလေးတွေမှာ ရှိတဲ့ အခွင့်အရေးတွေကို အသက်အရွယ်အလိုက် သိသင့်တာကို သိအောင် သင်ကြားပေးရပါမယ်။

၈။ တန်ဖိုးထားခြင်း အလေ့အကျင့်ကို သင်ကြားပေးခြင်း

တန်ဖိုးရှိသော အရာတွေကို တန်ဖိုးမထားတတ်ခြင်းဟာ ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။
မိမိကိုယ်ကို တန်ဖိုးထားတတ်အောင်၊ အကျင့်သီလကို တန်ဖိုးထားတတ်အောင် သင်ကြားပေးမှ ပျက်စီးခြင်း အခြေအနေကို ရှောင်လွှဲနိုင်ပါမယ်။
မိမိကိုယ်ကို တန်ဖိုးထားတတ်အောင် သင်ကြားသင့်သလို တခြားသူ နှင့် ဆန့်ကျင်ဘက် လိင်အပေါ် လည်း တန်ဖိုးထား လေးစားတတ်အောင် သင်ကြားပေးရပါမယ်။

Dr.Yin Yin Win
M.B,B.s(YGN)
Dip.Med.Sc (Family Medicine)

ဆက်စပ် ဆောင်းပါးများ