fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

?စူပါမေမေတို့ရဲ့ ကိုယ်ပိုင်အချိန်ဖန်တီးခြင်း?

26
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/07/2020
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

?‍♀️- သူငယ်ချင်းရေ နင်နဲ့လည်းခုမှတွေ့နိင်တော့တယ်။ ကလေးရပြီးနောက်ပိုင်း အလုပ်တွေကပိုလာတော့ ကိုယ်ပိုင်အချိန်တွေတောင် နည်းလာတယ် ကွယ်။

? မိသားစုကိစ္စ က ကိုယ်တိုင်မလုပ်ရင်လည်း စိတ်မဖြောင့်နဲ့ဆိုတော့ ကိုယ်လုပ်ချင်တာလေးတွေတောင် မလုပ်ရတာကြာပြီ။ နင်ရော ကိုယ်ပိုင်အချိန်ရအောင် ဘယ်လိုလုပ်လဲ နည်းလမ်းလေးတွေပြောပြပါဦးအေ

 

?‍?- နင်ပဲမဟုတ်ပါဘူး ငါလည်းအစက နင့်လိုဖြစ်ပါတယ်။ ခုတော့ ငါစာတွေဖတ်ရင်း သိလာတာလေးတွေ လုပ်ကြည့်တာ တော်တော်အဆင်ပြေလာတယ်။ ငါနင့်ကိုပြောပြမယ်

?‍♀️- ပြောပြပါဦးအေ

 

?‍?- အဓိက က ဘယ်မှာအချိန်တွေ တကယ်ကုန်သင့်တာမှန်လဲ ဘယ်မှာအချိန်အလကားကုန်နေလဲဆိုတာသိဖို့လိုတယ်

၁။ ကိုယ့်အချိန်ကိုယ် ပြန်ထောက်လှမ်းသုံးသပ်ရမယ်

✅ အရင်ဆုံးလုပ်ရမှာက ကိုယ်တနေ့တာ လုပ်သမျှအလုပ်အားလုံး သန့်ရှင်းရေး ချက်ပြုတ်အကုန် တခုချင်းချရေးကြည့် အချိန်ဘယ်လောက်သုံးလိုက်လဲခန့်မှန်းချေနဲ့ပေါ့။

✅ ပြီးရင် အောက်ကမေးခွန်း တခုစီပြန်မေးကြည့်ပြီး ပြန်သုံးသပ်ရမယ်။ ကိုယ့်ကိုပြန်မေးရမှာက ???

? ဘယ်အလုပ်တွေက ကိုယ်ပဲလုပ်လို့ရတာ သူများလုပ်ပေးလို့မရတာ ( ကိုယ့်အလုပ်ကိစ္စလိုပေါ့)

? ဘယ်အချိန်တွေက အလဟသဖြစ်နေတာလဲ?

?၃၊၄ ရက်မှတခါထဲပေါင်းလုပ်လို့ရတဲ့အလုပ်ရှိလား?(တနေ့တခါလျှော်လှန်းတာ နဲ့ ၃ရက်တခါ လျှော်ရင်ရနိင်မလား)

?ရှိရှိသမျှအကုန်မနိင်မနင်းလုပ်မိနေပြီလား?

?အပြစ်ပြောခံရမှာစိုးလို့ အကုန်လိုက်လုပ်နေမိတာမျိုးရှိလား?

? နေ့စားပဲဖြစ်ဖြစ် တခါတလေဖြစ်ဖြစ် အကူခေါ်ဖို့ တိုင်ပင်ဖူးလား?

?နင်အခုဖြစ်သလို ကိုယ့်အတွက်ကိုယ်အချိန်မရှိသလို ဖြစ်နေတယ်ခံစားရရင် ဘယ်လောက်ကြာနေပြီလဲ ဒီလိုဖြစ်တာ?

? တပတ်တာအပြီးမှာရော ဘယ်လိုခံစားရလဲ?

?နင့်စိတ်ခံစားချက်တွေက နင့်ရဲ့လုပ်ကိုင်ဆောင်ရွက်မှုပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ ?

စတာတွေ ကိုယ့်ကိုမေးပြီးဖြေကြည့်ပါ။ နင်ဘယ်မှာပြင်ဖို့လိုမလဲ အဖြေထုတ်ကြည့်ပါ။ မကုန်သင့်တဲ့နေရာတွေမှာ ကုန်နေတာ တွေက နင့်အတွက် ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးရာရောက်တယ်။

 

၂။ မနက်ခင်း အစကို ကိုယ်ပိုင်အချိန်အဖြစ် ဖန်တီးယူနိင်တယ်

‌တို့အိမ်ထောင်ရှင်မတွေက တစ်အိမ်လုံးမှာ အစောဆုံးထတာတော့ မှန်ကြပါတယ်။ ဒါမယ့်ကိုယ့်အတွက် အချိန်ထွက်ဖို့ဆို သာမာန်ထက် ပိုစောထမှရမယ်။ ငါလည်းအစက အိပ်ချိန်နည်းတော့ ထပ်စောထဖို့ နည်းနည်းတွန့်တယ်။

‌စာထဲမှာပြောထားတာက တစ်ပတ်ကို၁၅ မိနစ် စီစောထကြည့်ဖို့။ တစ်လကြာရင် တစ်နာရီစောထနိင်ပြီ။ ??

‌ဘယ်သူမှမနိးသေးခင် ငါကြိုက်တာလေးတွေငါအေးဆေးလုပ်နိင်တယ် ဘုရားရှိခိုးတယ်၊ yoga ကျင့်တယ် ၊ စာလေးဖတ်ဖြစ်တယ်၊ မနက်ခင်းရှုခင်းလေးခံစားတယ်။ အစုံပဲပေါ့။ တစ်ပတ်တစ်ခုစီ လုပ်ချင်တာလေးတွေမှတ်ထားတယ်လေ

အဲ့မှာငါသတိထားမိတာ ကိုယ်လုပ်ချင်တာလုပ်လိုက်ရတဲ့အတွက် စိတ်ကကြည်လင်လာပြီး သူတို့လေးတွေအားလုံးအတွက် လိုအပ်ချက်တွေကို မညည်းမညူလုပ်နိင်လာတယ်။ ?

အဓိက ငါတို့ဖြစ်ဖြစ်တတ်တာ သူတို့ကိစ္စပဲလုပ်ပေးနေရလို့ မကျေနပ်ဖြစ်တာ ကိုယ်လုပ်ချင်တာမလုပ်ရလို့က အဓိကဖြစ်နေတာလေ

အဲ့တော့ နင့်မနက်ခင်းမှာ နင်ဘာတွေလုပ်ချင်လဲ ဘာတွေလုပ်လို့ရလဲ စဥ်းစားထားပြီးသာ လုပ်ကြည့်

၃။ စောင့်ရတဲ့အချိန်တွေကို အကျိုးရှိရှိသုံးခြင်း

နင်လည်းသိမှာပါ တနေ့တနေ့ စောင့်ရတဲ့အချ်န်က တွက်ကြည့်ရင် ၁နာရီတောင်က ပါ့မလားမသိဘူး။ ငွေရှင်းဖို့စောင့်ရ ကျောင်းပို့ကျောင်းကြိုစောင့်ရ ဆေးခန်းပြရင်စောင့်ရ နဲ့ အစုံကို။?

စစချင်းတော့ စိတ်မရှည်ဘူး ဒေါသထွက်တယ်။ ?

နောက်ငါအကြံရသွားတာ အဲ့အချိန်တွေ ငါဖုန်းပြောချင်ပြောတယ် သယ်သွားလို့ရတဲ့အရာလေးတွေဆိုယူသွားပြီး စောင့်ရင်းလုပ်လိုက်တယ် သီချင်းနားထောင်တာမျိုးတွေလည်းလုပ်တယ်။ အလုပ်လည်းပြီး လုပ်ချင်တာလည်းလုပ်ဖြစ် တစ်ချက်ခုတ်နစ်ချက်ပြတ်ပေါ့

 

၄။ နေ့လည်စာစားချိန်ကို ကိုယ့်ကိုယ်ဂရုစိုက်တဲ့အချိန် အဖြစ်သတ်မှတ်တယ်

ငါအလုပ်လုပ်တုန်းကလည်း နေ့လည်စာစားချိန် break time ကို အပြင်ထွက်တယ်။ shopping လေးဘာလေးလုပ်၊ လက်သည်းခြေသည်းပြင်၊ သူငယ်ချင်း တွေနဲ့စကားစမြည်ပြော လုပ်လိုက်တယ်။ ကိုယ့်ကိုယ် နုပျိုသွားသလိုခံစားရတယ်

အလုပ်မလုပ်ဖြစ်တော့လည်း မိသားစုနဲ့ တူတူစားတဲ့အခါစားရင်း စကားပြောဖြစ်တယ်။ကလေးတွေစားတာ စောင့်ပေးရင်း ကြိုက်တာလေးတွေလည်း လုပ်ဖြစ်တယ်။

အဲ့တော့ နေ့လည်စာစားချိန် lunch break လေးမှာ လုပ်နိင်မယ့် အရာ၅ခုလောက် စဥ်းစားကြည့်ပြီး တစ်ပတ်တစ်ခုလောက်လုပ်ကြည့်ကြည့်လိုက်နော်

 

၅။ ညခင်းအချိန်ကို ပျော်ရွှင်စရာအဖြစ်ဖန်တီးယူခြင်း

တတ်နိင်သလောက် ညဂျူတီမရှိရင် ညပိုင်းအချိန်ကို မိသားစုနဲ့ အတူကုန်ဆုံးပါ။ ညစာအတူစား ကလေးတွေနဲ့ဆော့ပေး ရုပ်ရှင်တူတူကြည့် ပုံပြင်လေးတွေဖတ်ပြပေါ့။ ကလေးတွေ အိပ်သွားရင် တရက်တာ နောက်ဆုံးအချိန်လေးကို ခင်ပွန်းသည်နဲ့ဖြတ်သန်းပါ။ စကားစမြည်ပြောပါ ထွေးပွေ့ပါ။ အပန်းပြေစေမှာတွေပဲလုပ်ပါတော့။ မပြီးပြတ်သေးတဲ့ အိမ်မှုကိစ္စတွေကို ခေါင်းထဲကခဏထုတ်လိုက်ပါတော့။ တစ်နေ့တာနောက်ဆုံးချိန်မှာလည်း ကိုယ်စိတ်ပျော်စေတယ့် အရာတွေလုပ်ဖြစ်သွားတော့ နောက်တစ်နေ့လည်း အားအင်ပြည့်ဝ စေတယ်ခံစားရတယ်လေ။

အဲ့တော့ ညဘက်လုပ်လို့ရတယ့် ကိုယ်ကြိုက်တဲ့အရာတွေကို စာရင်းပြုစုကြည့်ပါ။ ညညကိုယ်မလုပ်ချင်ဘဲလုပ်နေရတဲ့ အလုပ်တခု ခဏပစ်ထားလို့ရမယ့် ဟာနဲ့ လဲလုပ်ကြည့်ပါ။ မယုံမရှိနဲ့ စိတ်ရွှင်လန်းလာတဲ့အခါ မလုပ်ချင်တဲ့အလုပ်တောင် အဆင်ပြေသွားလိမ့်မယ်နော်?

 

? နောက်ဆုံးငါနားလည်လာတာက ကလေးတွေကြီးလာရင် သူ့အမေက အိမ်အလုပ်ပဲလုပ်ရင်းအချိန်ကုန်နေတဲ့ ထမင်းချက် သန့်ရှင်းရေးလုပ်သူလို့ မမြင်စေချင်ဘူး။ ❌❌❌

သူတို့သိတတ်တဲ့အချိန်ကြရင်လည်း သူတို့အမေကို ဒီလိုဖြစ်စေချင်မှာမဟုတ်ဘူး။

? သူတို့လေးတွေရဲ့ အမေဟာ ဘယ်လောက် တီထွင်နိင်စွမ်းရှိတယ် ကိုယ့်ကိုယ်ကိုဘယ်လောက်ချစ်တတ်ပြီး ဘယ်လောက်တန်ဖိုးထားတတ်လဲဆိုတာပြပြီး ဂုဏ် ယူရလောက်တဲ့ စူပါမေမေ တစ်ယောက်ဖြစ်ဖို့ရည်ရွယ်ထားတယ်။ ✅✅✅

 

အဲ့တော့ ဒီအချက်လေးတွေ စမ်းလုပ်ကြည့်ပြီး စူပါမေမေတို့ ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးကြည့်လိုက်ကြပါစို့နော် ?

 

Author : Dr. Mon Myat Htun

Previous Post

ဟင်းသီးဟင်းရွက်မှာပါဝင်တဲ့ ဗီတာမင်စီ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်သင့်ပါသလဲ?

Next Post

ဝမ်းချုပ်ခြင်းနှင့်နောက်ဆက်တွဲပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းချုပ်ခြင်းနှင့်နောက်ဆက်တွဲပြဿနာများ

မုန့်ပဲသရေစာထက် အာဟာရဖြစ်အစားအစာကို ကလေးတွေ ရွေးချယ်စားတတ်စေဖို့

ဗီတာမင်ဘီချို့တဲ့သော ရောဂါများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.