fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 11,631 Total Cases
😥 256 Deaths
😇 3,073 Recovered

ဗီတာမင်ဘီချို့တဲ့သော ရောဂါများ

အသား၊ငါး၊အသီးအရွက်၊ပဲအမျိူးမျိူး၊အစေ့ဆန် စတဲ့ အစားအစာတွေမှာ ဗီတာမင်ဘီဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်
သင့်တင့်မျှတသော စားသောက်မှုပုံစံ(balanced diet) မစားသုံးသူများ၊ကိုယ်ဝန်ဆောင်များ၊နာတာရှည်ရောဂါသည်များနဲ့ အသက်ကြီးသူများမှာ ဗီတာမင်ဘီချို့တဲ့မှုအဖြစ်များတာ တွေ့ရပါတယ်
ဗီတာမင်ဘီဓာတ်များချို့တဲ့လျှင် ဘယ်လို လက္ခဏာတွေပြမလဲ? ဘယ်လိုခံစားရမလဲ? သိရှိအောင် ဆက်ဖတ်ကြည့်ရအောင်

၁)ဗီတာမင်ဘီဝမ်းချို့တဲ့မှု

အရက်အလွန်အကျွံသောက်သုံးသူများနှင့် အစာနည်းပါးစွာစားသုံးသူများတွင် အဖြစ်များပါတယ်
ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ရောဂါဖြစ်စေပါတယ်
ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်း၊မှတ်ဉာဏ်ထိခိုက်ခြင်း၊ ကိုယ်လက်အဆစ်အမြစ်များနာကျင်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရောင်ရမ်းခြင်း စတဲ့ လက္ခဏာများခံစားရပါတယ်
ဗီတာမင်ဘီဝမ်းချို့တဲ့မှု အလွန်ဆိုးဝါးလျှင် နှလုံးရောဂါနှင့် သေဆုံးသည်အထိဖြစ်နိုင်ပါတယ်

၂) ဗီတာမင်ဘီတူးချို့တဲ့မှု

နို့နှင့်နို့ထွက်ပစ္စည်း ရှောင်ကြဉ်သူများတွင် အဖြစ်များပါတယ်
နှုတ်ခမ်းထောင့်များ အက်ကွဲခြင်း၊ နေရောင် မခံနိုင်ခြင်း၊ လျှာနှင့် အရေပြားများရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း စတဲ့ လက္ခဏာများပြတတ်ပါတယ်

၃) ဗီတာမင်ဘီသရီးချို့တဲ့မှု

အစာအိမ်နှင့် အူလမ်းကြောင်းရောဂါရှိသူများမှာ ဗီတာမင်ဘီသရီးချို့တဲ့မှု အဖြစ်များပါတယ်
ညအိပ်မပျော်ခြင်း၊ အားနည်းခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ ဝမ်းလျှောခြင်း စတဲ့လက္ခဏာများတွေ့ရပါတယ်
ဗီတာမင်ဘီသရီးချိူ့တဲ့မှု အလွန်ဆိုးဝါးလျှင် အတိတ်မေ့ရောဂါနှင့် သေဆုံးသည်အထိဖြစ်နိုင်ပါတယ်

၄) ဗီတာမင်ဘီဖိုက်ချို့တဲ့မှု

ဗီတာမင်ဘီဖိုက်ဟာ အစားအစာတော်တော်များများမှာပါဝင်တာကြောင့် ချို့တဲ့မှုရှားပါးပါတယ်
ဝက်ခြံပေါက်ခြင်းနှင့် အာရုံကြောရောဂါများခံစားရပါတယ်

၅) ဗီတာမင်ဘီဆစ်ချို့တဲ့မှု

သက်သက်လွတ်စားသုံးသူများမှာ တွေ့ရများပါတယ်
သွေးအားနည်းရောဂါ၊ မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖျားနာလွယ်ခြင်းတို့ဖြစ်နိုင်ပါတယ်
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဗီတာမင်ဘီဆစ် ချို့တဲ့လျှင် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်

၆) ဗီတာမင်ဘီဆဲဗင်းချို့တဲ့မှု

ဘိုင်အိုတင်လို့ခေါ်တဲ့ ဗီတာမင်ဘီဆဲဗင်းချို့တဲ့မှုဟာ လူလတ်ပိုင်း၊လူကြီးတွေနဲ့ မမွေးဖွားရသေးတဲ့ ကလေးငယ်တွေမှာဖြစ်တတ်ပါတယ်
ဘိုင်အိုတင်ချို့တဲ့လျှင် ဆံပင်ကျွတ်ခြင်း၊လက်သည်းခြေသည်းများ ကျိူးကြေလွယ်ခြင်း စတဲ့လက္ခဏာများ တွေ့ရပါတယ်
ကိုယ်ဝန်မိခင်မှာ ဘိုင်အိုတင်ချို့တဲ့လျှင် ကလေးငယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းမှုများဖြစ်ပေါ်စေပါတယ်

၇) ဗီတာမင်ဘီနိုင်းချို့တဲ့မှု

ဖောလစ်အက်ဆစ်လို့ ခေါ်တဲ့ ဗီတာမင်ဘီနိုင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အထူးလိုအပ်ပါတယ်
ဖောလစ်အက်ဆစ်ချို့တဲ့လျှင် သွေးအားနည်းရောဂါ အပြင် သန္ဓေသားသေဆုံးမှုအထိပါ ဖြစ်စေနိုင်ပါတယ်

၈) ဗီတာမင်ဘီတွဲချို့တဲ့မှု

ဗီတာမင်ဘီတွဲချို့တဲ့မှုဟာ နို့တိုက်မိခင်များ၊ အသက်ကြီးသူများ၊သက်သက်လွတ်စားသူများမှာ တွေ့ရတတ်ပါတယ်
ဗီတာမင်ဘီတွဲချို့တဲ့လျှင် အာရုံကြောအားနည်းခြင်း၊ခြေထိပ်လက်ထိပ်များထုံကျင်ခြင်း၊မောပန်းနွမ်းနယ်ခြင်း၊သွေးအားနည်းခြင်း စတဲ့ရောဂါများခံစားရနိုင်ပါတယ်

ဗီတာမင်ဘီ ချို့တဲ့ရောဂါများမဖြစ်အောင် သင့်တင့်မျှတစွာ စားသုံးပေးဖို့လိုအပ်ပါတယ်
မိမိမှ ဗီတာမင်ဘီချို့တဲ့ လက္ခဏာများခံစားနေရလျှင် ဖြည့်စွက်သောက်သုံးသင့်သော ဆေးများ၊ အစာများကို တတ်ကျွမ်းသူနှင့် တိုင်ပင်ပြီး ကုသသင့်ပါတယ်

Author : ဒေါက်တာဆုမြတ်နိုး

ဆက်စပ် ဆောင်းပါးများ