ကလေးတစ်ယောက်အတွက် ပျော်ရွှင်ခြင်းဟာ ဘယ်လောက်အရေးပါပါသလဲ?
အသက်ရှင်ခြင်းနီးပါးလောက်ကို အရေးပါတယ်လို့ ပြောလို့ရပါတယ်။
ကျွန်တော်တို့ လူကြီးတွေအားလုံးနီးပါးဟာ ကလေးတွေကို အမြဲပျော်ရွှင်နေတတ်ကြသူလေးတွေလို့ ထင်မိနေတတ်ကြပါတယ်။
ဒါ့အပြင် သူတို့ရဲ့ စိတ်ခံစားမှု၊ ဝမ်းနည်းမှု၊ အဆင်မပြေမှုတွေရှိခဲ့ရင်လည်း ခဏနဲ့ပျောက်သွားမယ်၊ ဒါဘာမှ မဟုတ်ပါဘူးလို့ထင်တတ်ကြပါတယ်။
ခဏနေရင် ပြန်ပျော်ရွှင်သွားမှာပဲလို့ထင်တတ်ကြပါတယ်။
တကယ်တော့ ကလေးတစ်ယောက်ဟာ လူကြီးတွေလို စကားလုံးပေါင်းမြောက်များစွာနဲ့ စိတ်ခံစားမှုတွေကို မဖော်ပြနိုင်ကြပေမဲ့ သူတို့မှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းတွေရှိကြပါတယ်။
ဒါ့အပြင် ဒီစိတ်ခံစားချက်တွေကိုလည်း လွယ်လွယ်နဲ့ မေ့မပစ်ဘဲ သူတို့ရဲ့ မှတ်ဉာဏ်လေးတွေထဲမှာ စွဲမြဲသိမ်းဆည်းထားတတ်ကြပါတယ်။
ပျော်ရွှင်တဲ့ ကလေးတွေဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာတွေမှာ မပျော်ရွှင်တဲ့ ကလေးတွေထက် သိသိသာသာ ပိုမိုဖြစ်ထွန်းပါတယ်လို့ သုတေသနတွေက ဆိုပါတယ်။
ကလေးတစ်ယောက်ပျော်ရွှင်ဖို့ ဘာလို့လိုအပ်လဲဆိုတာအတွက် အရိုးရှင်းဆုံး အကြောင်းပြချက်တစ်ခုကတော့ “ပျော်ရွှင်တဲ့ ကလေးတွေပဲ ပျော်ရွှင်တဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာပြီး ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာကြီးဖြစ်စေမှာကြောင့်ပါပဲ”။
ဒီတော့ မိဘတစ်ယောက်ရဲ့ အဓိကတာဝန်ဟာ ကလေးတစ်ယောက်ကို အသက်ရှင်အောင် ၊ လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ပေးရုံပဲလို့ ယူဆလို့မရပါဘူး။
မိမိသားသမီးရဲ့ နေ့စဉ်ဘဝ စားသောက်နေထိုင်မှု ကဏ္ဍအားလုံးမှာ ပျော်ရွှင်မှုပါ တူတူတွဲပါနေဖို့ ကြိုးစားကြံစည်လုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာတော့ အခြေခံအကျဆုံး အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစာအာဟာရနဲ့ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှု ဘယ်လိုဆက်စပ်နေလဲ နည်းနည်းပြောပြချင်ပါတယ်။
အစာစားချိန်ရောက်ပြီ..ဗိုက်ဆာပြီဆိုချိန်မှာ ကလေးတစ်ယောက်ဟာ အစာမြင်တာနဲ့ စပျော်ရွှင်ပါပြီ။
သူကြိုက်တဲ့ အစားအသောက်ဆို ပိုပျော်မှာဖြစ်သလို သူကြိုက်တာကို သူကြိုက်သလောက် စားရပြီဆိုရင်တော့ အပျော်ဆုံးပဲလို့ဆိုရမှာပါ။
ဒီနေရာမှာ သူ့အပျော်ကိုဖျက်စီးမှာက သူမကြိုက်တဲ့ အစားအသောက်တွေပါလာမှာ၊ သူကြိုက်သလောက်မစားရမှာ စတာတွေဖြစ်နိုင်သလို အစာမြင်ပေမဲ့ မပျော်ရွှင်နိုင်လောက်အောင် ဗိုက်မကောင်းတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်နေတာ၊ ဝမ်းချုပ်နေတာ စတဲ့ အခြေအနေမျိုးတစ်ခုခုဖြစ်နေခဲ့ရင်တော့ ဘယ်လိုမှ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။
ဒါဆိုမိဘတွေဘက်က ဘာလုပ်ပေးဖို့လိုလဲ ?
မိဘတွေအနေနဲ့ ကလေးကြိုက်တဲ့ အစားအသောက်ထဲကနေ အာဟာရဓာတ်ပြည့်ဝအောင် ဘယ်လိုကျွေးမွေးလို့ရမလဲ လေ့လာဖို့လိုပါတယ်။
ဥပမာ ထမင်းမကြိုက်ဘဲ ခေါက်ဆွဲစားရရင်ပိုပျော်တဲ့ ကလေးတစ်ယောက်ကို စိတ်ညစ်အောင် ဇွတ် ထမင်းကျွေးနေမဲ့အစား ဂျုံရဲ့ ကစီဓာတ်ကလည်း ကလေးတစ်ယောက်ကို ခွန်အားဖြစ်စေမယ်ဆိုတာ သိထားပြီးသားဆိုရင် မိဘနဲ့ သားသမီးကြား ထမင်းဝိုင်းတိုက်ပွဲတွေ လျော့နည်းသွားစေမှာပါ။
ကလေးကို အစာအာဟာရနဲ့ ပတ်သတ်လို့ ပျော်ရွှင်စေဖို့ဆိုရင် သူကြိုက်တာချည်းပဲကျွေးပြီး အလိုလိုက်ရမယ်၊ သူမကြိုက်တာတွေကို လုံးဝမကျွေးမွေးရဘူးလို့တော့လည်း မဆိုလိုပါဘူး။
နောက်တစ်ချက်က သူမကြိုက်တဲ့၊ သူစားသောက်ရတာမပျော်တဲ့ အစားအသောက်နဲ့ အာဟာရတန်ဖိုးတူတဲ့ သူ့အတွက်ပို အဆင်ပြေစေမဲ့အရာကို ရှာဖွေအစားထိုးပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီအတွက်တော့ မိဘတွေအနေနဲ့ မိမိကလေးဘာကြိုက်တယ်၊ ဘာမကြိုက်ဘူးဆိုတာနဲ့ ကလေးတစ်ယောက်အတွက် အစာအာဟာရအုပ်စုတွေ ဘယ်လိုမျှတအောင် ကျွေးမွေးဖို့လိုတယ်ဆိုတာကို စဉ်ဆက်မပြတ်လေ့လာနေဖို့တော့လိုပါတယ်။
ငယ်တုန်းက သွားတွေသိပ်မစုံခင်၊ မခိုင်မာခင်မှာ အသားစားဖို့ ငြင်းဆန်ဖူးတဲ့ ကလေးကို တစ်သက်လုံး အသားကြိုက်မှာမဟုတ်ဘူးလို့ သတ်မှတ်လို့မရပါဘူး။
ကလေးတွေဟာလည်း အကြိုက်ပြောင်းတတ်ကြပါတယ်။
ဒီနေရာမှာ Dugro က ဘာကူညီနိုင်လဲ ??
– ကလေးတွေ မကြိုက်လို့၊ ကျွေးရခက်လို့ မိဘတွေလက်ရှောင်ထားလိုက်ရတဲ့ တချို့ အာဟာရဓာတ် ကွက်လပ်တွေကို ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေစုံစုံလင်လင်ပါဝင်နေတဲ့ နို့တစ်ခွက်က ဖြည့်ပေးနိုင်ပါတယ်။
– နောက်တစ်ချက်ကတော့ အပေါ်မှာပြောခဲ့တဲ့ ကလေးတွေကို ဒုက္ခပေးနေကျ ပြဿနာတွေဖြစ်တဲ့ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာ၊ ဝမ်းချုပ်တာ၊ မစားချင်မသောက်ချင်ဖြစ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေကို ဖြေရှင်းပေးနိုင်တာဖြစ်ပါတယ်။
Dugro မှာ LcFos လို့ခေါ်တဲ့ Long Chain Fructo oligosaccharides ပါဝင်ပါတယ်။
LcFOS ဆိုတာက Prebiotic (ပရီဘိုင်အိုးတစ်)တစ်မျိုးဖြစ်ပါတယ်။
ပရီဘိုင်အိုးတစ်ဆိုတာ က ပရိုဘိုင်အိုးတစ်ဆိုတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းက အစာခြေစနစ်အတွက် မရှိမဖြစ် အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ အစာဖြစ်ပါတယ်။
ခွန်အားပြည့်ဝပြီး ပျော်ရွှင်တက်ကြွတဲ့ ကလေးတစ်ယောက်ဖြစ်စေဖို့နဲ့ အစာမြင်တာနဲ့ ပျော်ရွှင်နိုင်တဲ့ ခွန်အားပြည့်တဲ့ အစာခြေစနစ်ဖြစ်ဖို့ Dugro က ကူညီပေးပါလိမ့်မယ်။
Dugro ရဲ့ အကူအညီယူပြီး ပိုပျော်စရာကောင်းတဲ့ ကလေးတို့ကမ္ဘာကိုဖန်တီးပေးကြရအောင်…
Dr D