fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

ကလေးတိုင်းရဲ့စိတ်ကူးထဲမှာသူရဲကောင်းတစ်ယောက်တော့ ရှိစမြဲ

ကလေးတွေက ဖယောင်းလေးတွေနဲ့တူတယ်။ သူတို့ရဲ့ငယ်ငယ်ဘဝမှာ ဘယ်လို ပုံသွင်းခံခဲ့ရတဲ့ပေါ်မူတည်ပြီးကြီးပြင်းလာတဲ့အခါပုံစံအမျိုးမျိုးဖြစ်လာကြတယ်။

ကျွန်မအတွက်တော့ ကျွန်မမေမေက စံပြပုဂ္ဂိုလ်တစ်ဦးပဲဖြစ်တယ်။ ကျွန်မအခုချိနငယ်ဘဝကိုပြန်တွေးမိရင်း ကျေနပ်နေတယ်။ မေမေကျွန်မအတွက် လုပ်ပေးခဲ့တာတွေကို ရင်နှင့်အမျှခံစားရတယ်။

ကျွန်မမေမေက အလုပ်လုပ်ရင်းနဲ့ ကျွန်မကိုယ်ဝန်ရခဲ့တယ်။ အလုပ်လုပ်တဲ့ မေမေတိုင်းအတွက် ကိုယ်ဝန်ဆောင်တယ်ဆိုတာခက်ခဲမှန်းအားလုံးသိတဲ့အတိုင်း ကိုယ်ဝန်ကြီးနဲ့မေမေဟာ အလုပ်တစ်ဖက်အိမ်တစ်ဖက်နဲ့ ရုန်းကန်ခဲ့တယ်။ ဖေဖေရဲ့ကောင်းမွန်တဲ့ ပံ့ပိုးမှုကြောင့်လည်းဖြစ်မယ်။ မေမေအားတွေရှိနေခဲ့တယ်။ ဘယ်ပုံစံမှန်းမသိတဲ့ ကျွန်မကိုတွေးရင်းမေမေပိီတိဖြာခဲ့တယ်။ ကျွန်မမွေးလာ ရင် သူ့ခမျာတာဝန်ကျေပွန်ပါ့မလား တွေးရင်းစိတ်ပူနေရှာခဲ့တယ်။

တစ်ရက်မှာတော့ ကျွန်မ လူ့လောကထဲရောက်လာခဲ့တယ်။ ကောင်းမွန်တဲ့မိဘများလက်ထဲမှာကြီးပြင်းခွင့်ရခဲ့တယ်။ အလုပ်တစ်ဖက်နဲ့ မေမေဟာ ကျွန်မအပေါ် တာဝန်ကျေပွန်ခဲ့တယ်။ ကျွန်မရဲ့အာဟာရ၊ ကျန်းမာရေးအတွက် လစ်ဟင်းမှုမရှိခဲ့ဘူး။ ကျွန်မအတွက် အချိန်တွေ အများကြီးမေမေ မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ပေးတဲ့ အချိန်တိုင်းမှာ နွေးထွေးလုံခြုံမှု၊ ချစ်မေတ္တာတွေ ကို ကျွန်မတစ်ဝကြီး ခံစားရတယ်။

ကျွန်မငယ်ငယ်လေးတုန်းကတည်းက မေမေက အသက်အရွယ်လိုက်ပြီး ကျွန်မကိုပြီးပြည့်စုံတဲ့ အာဟာရတိုက်ကျွေးခဲ့တယ်။ အဲဒါဟာ working mom တစ်ယောက်အတွက် ခက်ခဲခဲ့တယ်။ ဒါပေမဲ့ မေမေကျွန်မအတွက် အကောင်းဆုံးဆိုတဲ့ အာဟာရ၊ ဦးနှောက်ဖွံဖြိုးဖို့ DHA ပါဝင်တဲ့ နို့၊ အသီးအရွက် vitamins တွေအပြင် ကျွန်မအသက်အလိုက် games, stories, puzzles တွေနဲ့ကျွန်မကိုလေ့ကျင့်ပေးခဲ့တယ်။

မဆူတတ်၊ အကောင်းဘဲမြင်တတ်တဲ့ မေမေအတွက် ကျွန်မအမှားပေါင်းများစွာကနေ သင်ခန်းစားတွေကို စိတ်ဓာတ်မထိခိုက်ဘဲရခဲ့တယ်။ အသက်တစ်နှစ်ကြီးသွားတိုင်း ကောင်းမွန်တဲ့ ကိုယ်ခံအားတွေ၊ စိတ်ဓာတ်နဲ့ အောင်မြင်မှုတွေကို ရခဲ့တယ်။ ကျရှုံးချိန်တွေရှိခဲ့ပေမဲ့မေမေ ကြောင့် ပြန်လည်ရပ်တည်နိုင်ခဲ့တယ်။ မေမေရဲ့ ပြုစုပျိုးထောင်မှုကြောင့် ကျွန်မကိုယ့်ကိုကို ပိုပြီးယုံကြည်မှုတွေရှိလာခဲ့တယ်။

မေမေခမျာတော့ သူ အချိန်တွေလုံလောက်အောင် မပေးနိုင်ခဲ့လို ကျွန်မများသူ့ကို သူချစ်သလောက်ချစ်ပါ့မလား။ သူချစ်တာရော သိပါ့မလားဆိုပြီး အမြဲတွေးနေခဲ့တယ်။ ကျွန်မအတွက်တော့ မေမေက ဘဝရဲ့သူရဲကောင်း တစ်ယောက်ပါဘဲ။ ဘဝရဲ့လမ်းပြမီးပါပဲ။ ကျွန်မမေမေကြောင့် ကျွန်မအခုလုပ်ငန်းတွေအောင်မြင်ပြီး ကောင်းမွန်တဲ့ ကိုယ်ပိုင်မိသားစုဘဝကိုပိုင်ဆိုင်နေရပါပြီ။ မေမေတစ်လှည့်ပြန်ဖြစ်နေပြီဖြစ်တဲ့ ကျွန်မအတွက် ကျွန်မမေမေ နေရာကို ကိုယ်ချင်းလည်း စာနိုင်သလို အပြည့်အဝလည်းနားလည်ပေးနိုင်ပါတယ်။ ကျွန်မအတွက် မေမေလုပ်ပေးထားတဲ့ ပြီးပြည့်စုံတဲ့ပျိုးထောင်နည်းလေးကို ကျွန်မသားသားမီးမီးတွေကို လက်ဆင့်ကမ်း ပေးသွားမှာလည်းဖြစ်တယ်။ ကျေးဇူးပါမေမေရယ်။

Author : Dr. Zin Mar Lwin Lwin

ဆက်စပ် ဆောင်းပါးများ