fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Vitamin C ကြွယ်၀သော အစားအစာများ

3.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/10/2020
in ကျန်းမာစေသော အစားအစာ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

Vitamin C လို့ဆိုလိုက်ရင် ကောင်းကျိုးတွေအများကြီးပေးနိုင်တဲ့ဗီတာမင်ဆိုတာ လူတိုင်းနီးပါး သိကြပါလိမ့်မယ်။ ဗီတာမင် စီ ရဲ့ အကျိုးပြုပုံတွေဟာလည်း အံ့မခန်းပဲဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွက် အဓိကကျတဲ့ လုပ်ငန်း အတော်များများမှာ ဗီတာမင် စီ ရဲ့  အထောက်အကူပြုမှုတွေပါဝင်ပါတယ်။

ဗီတာမင် စီ(Ascorbic acid) ရဲ့ အရေးပါပုံများ

  • ခုခံအားကို မြင့်တက်စေခြင်း

ဗီတာမင်စီဟာ ခုခံအားစနစ်မှာပါဝင်တဲ့ သွေးဖြူဥဆဲလ်တွေ တိုးပွားလာအောင် လုပ်ဆောင်ပေးခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။  ဒါကြောင့် အခုလို ရောဂါတွေပေါများနေတဲ့ အချိန်မှာ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။

  • ကင်ဆာရောဂါများကို ကာကွယ်ပေးခြင်း

ဗီတာမင် စီဟာ Antioxidant တစ်မျိုးလည်း ဖြစ်တဲ့အတွက် ဆဲလ်တွေ ဓာတ်တိုးပြီး ပျက်စီးခြင်းကို ဟန့်တားနိုင်တဲ့တာကြောင့်  ကင်ဆာရောဂါ အချို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

  • ကော်လာဂျင်ကို ထုတ်လုပ်ပေးခြင်း

ကော်လာဂျင် ဟာ ပရိုတိန်းဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ တစ်သျှူးတွေကို ထိန်းသိမ်းပေးပြီး ပျက်စီး‌သွားတဲ့ တစ်သျှူးတွေကို အသစ်တစ်ဖန်ဖြစ်‌‌အောင် ပြန်လည်ပြုပြင်ပေးခြင်းဖြင့် အသားအရည်တင်းရင်းစေခြင်း၊ နုပျိုစေခြင်း စသည်တို့အတွက် အရေးပါ ပါတယ်။ ဗီတာမင်စီ များများစားသုံးပေးခြင်းဖြင့် အရွယ်တင်နုပျိုစေပါတယ်။

  • သံဓာတ် စုပ်ယူမှုအားကောင်းစေခြင်း

သွေးအားကောင်းစေတဲ့ သံဓာတ်ဟာ အစားအသောက်တွေကဖြစ်စေ၊ သံဓာတ်အားဖြည့်ဆေးတွေမှ တစ်ဆင့်ဖြစ်စေ ခန္ဓာကိုယ်ထဲ ရောက်ရှိဖို့အတွက် အစာအိမ် အူလမ်းကြောင်းမှ ဗီတာမင် စီ ရဲ့ အကူအညီရှိမှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးခြင်းဖြင့်လည်း သံဓာတ်အားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

  • အနာကျက်မြန်စေခြင်း

ဗီတာမင် စီဟာ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးတဲ့အတွက် အနာကျက်‌ဖို့အတွက် လိုအပ်တဲ့ ကော်လာဂျင်တွေကို ထုတ်လုပ်ပေးခြင်းဖြင့် အနာမြန်မြန်ကျက်စေပါတယ်။

  • သွားဖုံးရောဂါများကို ကာကွယ်ပေးခြင်း

ကလေးတွေ အဖြစ်များတဲ့ သွားဖုံးမှာ သွေးယိုတာ၊ ရေစီးကမ်းပြိုလိုက်ခြင်းကဲ့သို့သော သွားဖုံးရောဂါတွေ (Scurvy) ဟာ ဗီတာမင် စီ ချို့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။ ဗီတာမင် စီဟာ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတာ ကြောင့် သွေးတိတ်တာကို မြန်စေပြီး သွားဖုံးရောဂါနှင့် သွေးအားနည်းခြင်းတွေကို ကာကွယ်ပေးပါတယ်။

 

ဗီတာမင် စီဟာ လူ့ကိုယ်ခန္ဓာမှ တိုက်ရိုက်ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဗီတာမင် ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း၊ ဗီတာမင် စီ အားဆေးများ သောက်သုံးပေးခြင်းတို့ မှသာ ဗီတာမင် စီ ကို လုံလုံလောက်လောက် ရရှိမှာဖြစ်ပါတယ်။

ဗီတာမင် စီကြွယ်ဝ‌သော အစားအစာများ

  • Citrus fruits တွေဖြစ်တဲ့ အရည်ရွှမ်းသော အသီးအနှံများဖြစ်သည့် လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်ချိုသီး၊ ကျွဲကောသီး၊ မာလကာသီး စသည့် အသီးများ။
  • အခြားအသီးအနှံတွေဖြစ်တယ့် သင်္ဘောသီး၊ သခွှားမွှေး၊ စတော်ဘယ်ရီသီး၊သရက်သီး၊ ခရမ်းချဉ်သီး စသည့်အသီးများ။
  • ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ငရုပ်ပွ၊ မုန်လာရွက်၊ ဟင်းနုနယ်ရွက် နှင့် အခြားအစိမ်းရောင် ဟင်းသီးဟင်းရွက်များ။
  • အာလူးနှင့် ကန်စွန်းဥများ။

စသည့် အစားအစာတွေမှာ Vitamin C အကြွယ်ဝဆုံးပါဝင်ပါတယ်။

တစ်နေ့ကို လိုအပ်တဲ့ Vitamin C ပမာဏဟာ  အမျိုးသားတစ်ယောက်အနေနဲ့ 90 mg ဖြစ်ပြီး အမျိုးသမီး ဆိုရင် 75 mg ရအောင် စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်တွေအတွက်ကတော့ 80-120mg ဖြစ်ပြီး ကလေးတစ်ယောက်အတွက် 15-75mg လိုအပ်ပါတယ်။ (လိမ္မော်သီး တစ်လုံးမှာ Vitamin C 50mg ပါဝင်ပါတယ်။)

ဒါပေမယ့် ဗီတာမင် စီကို လိုတာထက်ပိုပြီး စားသုံးမိရင်လည်း ဆီးကျောက်တည်တာမျိုး ဖြစ်တတ်တာကြောင့် အလွန်အကျွံ မစားသုံးသင့်ဖို့လဲ သတိထားရပါမယ်။

ဗီတာမင် စီ ချို့တဲ့ရင် ဘာတွေခံစားရမလဲ?

  • မောပန်း လွယ်ခြင်း၊ နုန်းခြင်း။
  • အနာကျက်နှေးနေခြင်း။
  • သွေးတိတ်ရန် အချိန်ကြာမြင့်ခြင်း။
  • အရေပြားပေါ်တွင် သွေးခြေဥ သကဲ့သို့ အညိုကွက်စွဲခြင်း၊ နှာခေါင်း‌ သွေးလျှံခြင်းနှင့် သွားဖုံးသွေးယိုခြင်း။
  • မကြာခဏ ဖျားလွယ်ခြင်း။

စသည်တို့ကို ခံစားရနေပြီဆိုရင် ဗီတာမင် စီ ကိုပိုမိုစားသုံး‌ပေးဖို့ လိုအပ်နေပါပြီ။

သည်လို အရေးကြီးတဲ့ အချက်တွေကြောင့် ဗီတာမင် စီကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန်စားသုံးပေးဖို့ လိုအပ်ပါတယ်။

Author : Dr. Aye Myat

 

Previous Post

Covid-19 ရောဂါကို မကူးစက်အောင် သားသားမီးမီးတို့ကို ဘယ်လိုကာကွယ်‌ စောင့်ရှောက်မလဲ။

Next Post

ဉာဏ်ရည်ထက်မြက်သော သားသမီးတွေဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

3 years ago
332

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

3 years ago
403

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

3 years ago
970

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 years ago
1.2k

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

4 years ago
519
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

4 years ago
226

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဉာဏ်ရည်ထက်မြက်သော သားသမီးတွေဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ

ခါးနာခြင်းကို အမြန်သက်သာစေမည့် နည်းလမ်းများ

ညဘက် ကျောအောင့်ခြင်း ဝေဒနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.