ဝမ်းချုပ်ခြင်းဆိုသည်မှာ စားသုံးလိုက်သော အစားအစာများထဲတွင် အမျှင်ဓါတ် လုံလောက်စွာ ပါဝင်ခြင်းမရှိသောကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
ကာလရှည်ကြာစွာ ဝမ်းချုပ်သောအခါ ခန္ဓာကိုယ်အတွင်းမှ ပြင်ပသို့ စွန့်ထုတ်ရမည့် အစာဟောင်းများနှင့် အဆိပ်အတောက်များကို ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားရှင်းလင်းခြင်း မပြုလုပ်နိုင်သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ဖြစ်ပေါ်လာစေပါသည်။
ထို့အပြင် အူလမ်းကြောင်း ပိတ်ဆို့ခြင်း ပြဿနာများကိုပါ ဖြစ်ပေါ်စေသည့်အတွက် အစာခြေဖျက်ခြင်း၊ အာဟာရစုပ်ယူခြင်းများတွင်ပါ ပြဿနာ အများအပြားကို ဖြစ်ပေါ်လာစေပါတော့သည်။
အူလမ်းကြောင်း ပိတ်ဆို့သောအခါ ဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက်ဖောင်းကားခြင်းများကို ဖြစ်ပေါ်စေသည့်အပြင် အစာစားချင်စိတ်မရှိခြင်း၊ စားသမျှ ပြန်အန်ထွက်ခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။
ထိုသို့ အစာခြေစနစ်နှင့် သက်ဆိုင်သည့် ပြဿနာများ ရေရှည်ဖြစ်ပွားသောအခါ အာဟာရချို့တဲ့ခြင်းများကိုပါ ဦးတည်စေနိုင်ပါသည်။
ထို့ကြောင့် ဝမ်းချုပ်ခြင်း ပြဿနာကို မပေါ့ဆဘဲ သေချာစွာ ဂရုပြု ဖြေရှင်းသင့်ပါသည်။
ထို့အပြင် ဝမ်းချုပ်ခြင်း ပြဿနာသည် နို့မှုန့်ဗူးသောက်သုံးသော ကလေးများတွင်လည်း မကြာခဏ ကြုံတွေ့ရသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။
ကြီးထွားဖွံ့ဖြိုးရန်အတွက် အာဟာရဓါတ်များစွာ လိုအပ်နေသော ကလေးတစ်ယောက်တွင် ဝမ်းချုပ်ခြင်း ကဲ့သို့သော အစာအိမ်စနစ်နှင့် ပတ်သက်သော ပြဿနာများ ဖြစ်ပွားပါက မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာ အများအပြား ဆက်လက်ဖြစ်ပွားလာမည် ဖြစ်ပါသည်။
ထို့ကြောင့် ဝမ်းချုပ်ခြင်းပြဿနာကို မပေါ့ဆဘဲ သေချာစွာ ဖြေရှင်းသင့်ပါသည်။
ဝမ်းချုပ်ခြင်း ပြဿနာကို အဆင်ပြေအောင် ဖြေရှင်းပေးနိုင်သော အရာ အများအပြား ရှိသည့်အနက် Prebiotics တစ်မျိုးဖြစ်သည့် Long chain Fructo-oligosaccharides (LcFOS) သည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
LcFOS သည် အမျှင်ဓါတ်ဖြစ်သည့်အတွက် ဝမ်းချုပ်ခြင်းကို တားဆီးကာကွယ်ပေးပါသည်။
အထူးသဖြင့် နို့မှုန့်သောက်သုံးသောကြောင့် ဝမ်းချုပ်ခြင်းပြဿနာများကို ကြုံတွေ့ကြရသည့် ကလေးများသည် LcFOS ထည့်သွင်း ဖော်စပ်ထုတ်လုပ်ထားသော နို့မှုန့်များကို သောက်သုံးပေးသင့်ပါသည်။ ထိုသို့ LcFOS ပါဝင်သော နို့မှုန့်များသည် ကလေးများကို ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် LcFOS သည် ကလေးများ စားသုံးလိုက်သော အစားအစာများကို ခြေဖျက်ခြင်းနှင့် အာဟာရဓါတ်များကို စုပ်ယူခြင်းများကိုလည်း ကူညီပေးနိုင်သဖြင့် အာဟာရဓါတ်များကို ပြည့်ဝစွာ ရရှိနိုင်စေရန်လည်း ကူညီပေးနိုင်ပါသည်။
လေပွခြင်းကို ကာကွယ်ပေးသဖြင့် ဗိုက်အောင့် လေနာခြင်းများ မဖြစ်စေရန်လည်း ကူညီပေးနိုင်ပါသည်။
ထို့ကြောင့် ကလေးများ ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပြီး အာဟာရဓါတ်များကို ပြည့်ဝစွာ ရရှိနိုင်စေရန် နည်းလမ်း မျိုးစုံဖြင့် ကူညီပေးသည့် LcFOS ပါဝင်သော အစားအစာများ၊ ဖြည့်စွက်အာဟာရများကို တိုက်ကျွေးသင့်ပါကြောင်း ဖော်ပြလိုက်ပါသည်။