fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်ကာကွယ်ဆေးတွေ ဘယ်နှနှစ်အောက်ထိထိုးလို့ရပြီလဲ၊ ကလေးတွေအတွက် စိတ်ချရရဲ့လား

103
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/01/2022
in ကိုဗစ်ရောဂါ
1 min read
A A

ယခုလက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုးပေးလျက်ရှိသော ကိုဗစ်ကာကွယ်ဆေး အများစုသည် အသက်၁၈နှစ်နှင့်အထက်အတွက်သာ စမ်းသပ်လေ့လာထားပြီး ထိုးရန်ခွင့်ပြုထားပါသည်။ လက်ရှိတွင်လည်း ကလေးများအတွက် စိတ်ချရသော ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ စမ်းသပ်လေ့လာချက် သုတေသနများကို ပို၍လုပ်ဆောင်လျက်ရှိနေကြပြီဖြသည်။ ထို့ကြောင့် ကလေးများအတွက် မည်သည့်ကိုဗစ်ကာကွယ်ဆေးတွေ ထိုးလို့ရမလဲ၊ ဘယ်နှနှစ်အောက်အထိ ထိုးလို့ရပြီလဲ၊ ကလေးတွေအတွက် စိတ်ချရရဲ့လား စသည့် မေးခွန်းများကို သိရှိလိုကြမည်ဖြစ်သည်။

ကလေးအသက် ၅-၁၁ နှစ်အရွယ်များနှင့် အသက် ၁၂-၁၇ နှစ် ကလေးများအတွက် Pfizer-BioNTech ၏ကာကွယ်ဆေးနှင့် အသက် ၁၈ နှစ်နှင့်အထက်များအတွက် Pfizer-BioNTech, Moderna, Johnson & Johnson’s Janssen တို့၏ ကာကွယ်ဆေးများ ထိုးနှံနိုင်ကြောင်း Centers for Disease Control & Prevention (CDC) ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနမှ ညွှန်ကြားချက်ထုတ်ထားပါသည်။ သုတေသနပညာရှင်များက Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်ပြီး ကလေးပေါင်း ၃၀၀၀ ကျော်ကို လေ့လာစမ်းသပ်ခဲ့ပြီးနောက် ဘေးထွက်ဆိုးကျိုး နောက်ဆက်တွဲပြဿနာများ မတွေ့ရဘဲ စိတ်ချရသည်ဟု ကောက်ချက်ချခဲ့ကြသည်။

တရုတ်နိုင်ငံထုတ် ဓာတ်ခွဲခန်း၌ပြုပြင်ထားသော ဗိုင်းရပ်စ်ပါဝင်ထိုးဆေး Inactivated Vaccines ၂မျိုးဖြစ်သည့် Sinovac-CoronaVac နှင့် BBIBP-CorV တို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လူကြီးများအတွက် အရေးပေါ် အသုံးပြုခွင့်ပြုထားသော ကာကွယ်ဆေးများအဖြစ် သတ်မှတ်ထားသည်။ ထိုဆေး၂ မျိုးကို ကလေးများတွင် အသုံးပြုရန် WHO ကခွင့်ပြုချက် မပေးထားသော်လည်း တရုတ်ပြည်ရှိ အသက် ၃-၁၇ နှစ်များကို ကာကွယ်ဆေးထိုးနိုင်ကြောင်း အစိုးရတာဝန်ရှိသူများမှ သတ်မှတ်ထားပေးသည်။

အိန္ဒိယနိုင်ငံထုတ် Covaxin ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အသက်၁၈နှစ်အထက်ကိုသာ ထိုးရန်ခွင့်ပြုထားသော်လည်း အိန္ဒိယနိုင်ငံတွင် အသက် ၁၂-၁၇ နှစ်ကြားကလေးများကိုလည်း ထိုးပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Inactivated Virus Vaccine ပါသော Sinovac အမျိုးအစားဖြစ်ပြီး WHO မှ လူကြီးများတွင် အရေးပေါ်သုံးနိုင်သော်လည်း ကလေးများတွင်ထိုးဖို့ WHO မှအသိအမှတ်ပြုခွင့် မရရှိသေးသောဆေးဖြစ်ပါသည်။

သုတေသနအဖြေများအရ mRNA ကာကွယ်ဆေးများထိုးပြီးနောက် နှလုံးကြွက်သားရောင်ရမ်းခြင်း Myocarditis ရရှိခြင်းကို တွေ့ရသော်လည်း ဆယ်ကျော်သက်ကလေးများအုပ်စုတွင် ဤဘေးထွက်ဆိုးကျိုးနှင့် ကာကွယ်ဆေးဆက်စပ်မှုကို အတိအကျမတွေ့ရှိရသေးပါ။ တွေ့ရှိရသော နှလုံးကြွက်သားရောင်ရမ်းခြင်းသည်လည်း အပျော့စားသာဖြစ်ပြီး ကိုဗစ်ကူးစက်ခံရမှုနှင့် နှလုံးကြွက်သားရောင်ရောဂါများကဲ့သို့ ပြင်းထန်မှုမရှိကြောင်း ဖော်ပြထားကြပါသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးဘေးကင်းစိတ်ချရမှု အကြံပေးကော်မတီ Global Advisory Committee on Vaccine Safety (GACVS) မှ ဖော်ပြချက်များအရ ကိုဗစ်ကာကွယ်ဆေး mRNA COVID-19 Vaccines များ၏ အကျိုးအာနိသင်များသည် ကိုဗစ်ကြောင့်ဆေးရုံတက်ရခြင်းနှင့် သေဆုံးခြင်းစသည့် ဆိုးကျိုးများထက် ပို၍အားသာချက်များရှိကြောင်းသိရပါသည်။ ကလေးများတွင် ကိုဗစ်ရောဂါကူးစက်နိုင်မှုသည် အရွယ်ရောက်ပြီး လူကြီးများကဲ့သို့ပင်ဖြစ်သော်လည်း ရောဂါပြင်းထန်မှုတွင် လူကြီးများထက်လျော့နည်းကြောင်း တွေ့ရှိရပါသည်။ သက်ကြီးရွယ်အိုနှင့် အခြားသော ကာကွယ်ဆေးထိုးရန် အထူးလိုအပ်သည့်အုပ်စုများ High Risk Groups ကဲ့သို့ အရေးပေါ် မဖြစ်မနေထိုးရမည့်အုပ်စုတွင် မပါဝင်ကြောင်းသိရသည်။

ကာကွယ်ဆေးနှင့်ပတ်သက်သောသုတေသန၊ ဖွံဖြိုးရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသော COVAX အဖွဲ့အစည်း[ Gavi ၊ Vaccine Alliance ၊ Coalition for Epidemic Preparedness Innovations (CEPI) နဲ့ WHO တို့ ပေါင်းစပ်ဖွဲ့စည်းထားတာအဖွဲ့]မှ ကလေးနှင့်ဆယ်ကျော်သက်များကဲ့သို့ ကိုဗစ်ကူးစက်ရာဂါပြင်းထန်မှု သိပ်မရှိသောအုပ်စုထက် Global Sharing ခေါ် ကာကွယ်ဆေးကိုလိုအပ်သည့်နေရာနှင့် လူအုပ်စုများကို ဦးစားပေးထိုးနှံခြင်းက ပိုအကျိုးရှိနိုင်သည်ဟု ယူဆထားကြပါသည်။

Author: Dr. Yee Mon

 

Previous Post

ဆောင်းရာသီမှာ သင့်အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ 

Next Post

ရေကျောက်အမာရွတ်တွေ သက်သာပျောက်ကင်းစေမယ့်နည်းလမ်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
505

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
181

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
395

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေကျောက်အမာရွတ်တွေ သက်သာပျောက်ကင်းစေမယ့်နည်းလမ်း

အရေပြားအကြောပြတ်တာ ဘာကြောင့်လဲ? သက်သာပျောက်ကင်းဖို့ဆိုရင်…

စိတ်ဖိစီးမှုက အစာခြေစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.