fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ခံစားရတတ်သော ဝေဒနာများ (၄)

628
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/05/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ကိုယ္ဝန္ေဆာင္ေနစဥ္ ခံစားရတတ္ ၊ေတြ႕ႀကဳံရတတ္တဲ့ ေဝဒနာမ်ားအေၾကာင္း ဇီဝက ေျပာျပလာတာဆိုရင္ ခုဆိုရင္ ေဆာင္းပါးအမွတ္ ၄ ထိ ရွိပါၿပီ
။ စာဖတ္သူမ်ားအေနျဖင့္လည္း ေဆာင္ရန္ ၊ေရွာင္ရန္မ်ားကို သိရွိၿပီး က်န္းမာေရးဗဟုသုတရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။ဒီေဆာင္းပါးေလးနဲ႔ ဇီဝကရဲ႕ ကိုယ္ဝန္ေဆာင္ေနစဥ္ ခံစားရတတ္တဲ့ ေဝဒနာမ်ား ဆိုတဲ့ ေဆာင္းပါးစုကို နိဂုံးခ်ဳပ္ပါ့မယ္ ။

ေခြၽးပိုထြက္ျခင္း ၊အသားပိုပူျခင္း
ကိုယ္ဝန္ေဆာင္ေနစဥ္ ထြက္တဲ့ ဟိုမုန္းလ္ဓာတ္ေတြေၾကာင့္ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ားဟာ သူမ်ားထက္ ပိုၿပီး ေခြၽးပိုထြက္တတ္ ၊အသားပူတတ္ပါ
တယ္ ။ဒါေၾကာင့္ ေခြၽးပိုထြက္ေစမယ့္ ၊အသားပိုပူေစမယ့္ အေနအထိုင္ အျပဳအမူမ်ိဳးေရွာင္ၾကဥ္သင့္တယ္ ။ေနပူထဲ မထြက္ပါနဲ႔ ။ထြက္ရင္ထီးစတဲ့ ေနေရာင္ ကာေတြေဆာင္ပါ ။တတ္ႏိုင္သမွ် အရိပ္ထဲတြင္ေနပါ ။အဝတ္အစားေခ်ာင္ခ်ိပါေစ ။မိမိေနထိုင္ရာ အခန္းသည္ ေလဝင္ေလထြက္ေကာင္းပါေစ ။ေခြၽးအလြန္အမင္း ထြက္ေစမယ့္ အလုပ္မ်ိဳး မလုပ္ပါနဲ႔ ။ေရေႏြးနဲ႔ ေရခ်ိဳးျခင္းကိုေရွာင္ပါ ။ေရမ်ားမ်ားေသာက္ပါ ။ေခြၽးအလြန္အမင္းထြက္က ဓာတ္ဆားထုတ္ အငန္ထုတ္ကို ေရ၁လီတာနဲ႔ ေဖ်ာ္ၿပီး ေသာက္ေပးပါ ။နားနားေနေန ေနပါ ။

ႂကြက္တက္ျခင္း
ေျခဖဝါးႂကြက္သားမ်ား ၊ေျခသလုံးႂကြက္သားမ်ားမွာ ႂကြက္တက္တဲ့ေဝဒနာ ခံစားရတတ္ပါတယ္ ။ေသြးလည္ပတ္မႈ မလုံေလာက္တဲ့အခါ ၊ေခြၽးထြက္မ်ား
တဲ့အခါ ျဖစ္တတ္ပါတယ္ ။ကိုယ္ဝန္လရင့္တဲ့အခါ သက္သာသြားတတ္ပါတယ္ ။ကယ္လ္စီယမ္ပါတဲ့ အားေဆးမ်ား ေသာက္သုံးေပးႏိုင္သလို ဓာတ္ဆားေရကိုလည္းေသာက္သုံးသင့္ပါတယ္ ။မတ္တပ္ၾကာၾကာမရပ္သင့္ ၊ခုံျမင့္ ဖိနပ္မ်ား မစီးသင့္ ။ေျခေထာက္ေသြးေၾကာထုံးျခင္း ၊ေျခေထာက္ေဖာေရာင္ျခင္း
ကိုယ္ဝန္ေဆာင္ေနစဥ္ ထြက္လာတဲ့ ဟိုမုန္းလ္ဓာတ္ေတြေၾကာင့္ရယ္တျဖည္းျဖည္းႀကီးထြားလာတဲ့ သားအိမ္က ေျခေထာက္က ေသြးေတြကို ႏွလုံးဆီ ျပန္
လည္ပို႔ေပးတဲ့ ေသြးျပန္ေၾကာေတြကိုဝမ္းဗိုက္ထဲမွာ ဖိထားတာေၾကာင့္ရယ္ကိုယ္ဝန္ေဆာင္မိခင္ေလာင္းတို႔မွာ ေျခေထာက္ေသြးေၾကာထုံးျခင္း ၊ေျခေထာက္
ေဖာေရာင္ျခင္းတို႔ကို ခံစားရတတ္ပါတယ္။အထူးသျဖင့္ နဂို အဝလြန္သူေတြ ၊ကိုယ္ဝန္လရင့္သူေတြ ၊ဗိုက္ထဲမွာအလြန္ထြားတဲ့ ရင္ေသြးကို ကိုယ္ဝန္ေဆာင္ရသူေတြ ၊မတ္တပ္ၾကာၾကာရပ္သူေတြ ၊ခုံျမင့္ ဖိနပ္စီးသူေတြမွာ အျဖစ္မ်ားပါတယ္ ။ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ား အေနျဖင့္ မတ္တပ္ၾကာ    ၾကာမရပ္သင့္ ။ ထိုင္လွ်င္ ေျခေထာက္ကို ခုံငယ္တစ္ခုေပၚ တင္ထားသင့္တယ္ ။ခုံျမင့္ ဖိနပ္မ်ားစီးျခင္းကို ေရွာင္ပါ ။ေသြးေၾကာထုံးတဲ့ေနရာမွာ အနာျဖစ္က ၊ဆီးနဲ႔ ပတ္သက္လို႔ျပႆနာရွိက ၊ႏွလုံးေရာဂါ ၊ဆီးနဲ႔ ေက်ာက္ကပ္ေရာဂါအခံ ရွိက ဆရာဝန္နဲ႔ ျပသသင့္တယ္ ။

မိန္းမကိုယ္ယားယံျခင္းနဲ႔ အျဖဴဆင္းျခင္း
ကိုယ္ဝန္ေဆာင္စဥ္ မိန္းမကိုယ္ယားယံျခင္းနဲ႔ အျဖဴဆင္းျခင္းကေတာ့မႈိပိုးတစ္မ်ိဳးေၾကာင့္ျဖစ္ပါတယ္ ။ကိုယ္ဝန္ေဆာင္စဥ္မွာ ဆီးထဲမွာ အခ်ိဳဓာတ္သည္
သာမန္ထက္ပိုပါတယ္။ဒါ့အျပင္မိန္းမကိုယ္မွာရွိတဲ့ ပိုးေတြကိုကာကြယ္ေပးတဲ့အက္ဆစ္ဓာတ္ အထြက္ႏႈန္းလည္းက်လာပါတယ္။အဆိုပါအခ်က္ေတြေၾကာင့္
ထိုမႈိပိုးဟာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာ ပိုဝင္ေရာက္ႏိုင္ပါတယ္ ။ဒါေၾကာင့္ကိုယ္ဝန္ေဆာင္စဥ္ မိန္းမကိုယ္ယားယံၿပီး အနံ႔မေကာင္းတဲ့အျဖဴဆင္းက မေပါ့ဆသင့္ဘဲ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္ ။

Author; ေခတ္သစ္ ဇီဝက

(Unicode)

ကိုယ်ဝန်ဆောင်နေစဉ် ခံစားရတတ် ၊တွေ့ကြုံရတတ်တဲ့ ဝေဒနာများအကြောင်း ဇီဝက ပြောပြလာတာဆိုရင် ခုဆိုရင် ဆောင်းပါးအမှတ် ၄ ထိ ရှိပါပြီ
။ စာဖတ်သူများအနေဖြင့်လည်း ဆောင်ရန် ၊ရှောင်ရန်များကို သိရှိပြီး ကျန်းမာရေးဗဟုသုတရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ဒီဆောင်းပါးလေးနဲ့ ဇီဝကရဲ့ ကိုယ်ဝန်ဆောင်နေစဉ် ခံစားရတတ်တဲ့ ဝေဒနာများ ဆိုတဲ့ ဆောင်းပါးစုကို နိဂုံးချုပ်ပါ့မယ် ။

ချွေးပိုထွက်ခြင်း ၊အသားပိုပူခြင်း
ကိုယ်ဝန်ဆောင်နေစဉ် ထွက်တဲ့ ဟိုမုန်းလ်ဓာတ်တွေကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများဟာ သူများထက် ပိုပြီး ချွေးပိုထွက်တတ် ၊အသားပူတတ်ပါ
တယ် ။ဒါကြောင့် ချွေးပိုထွက်စေမယ့် ၊အသားပိုပူစေမယ့် အနေအထိုင် အပြုအမူမျိုးရှောင်ကြဉ်သင့်တယ် ။နေပူထဲ မထွက်ပါနဲ့ ။ထွက်ရင်ထီးစတဲ့ နေရောင် ကာတွေဆောင်ပါ ။တတ်နိုင်သမျှ အရိပ်ထဲတွင်နေပါ ။အဝတ်အစားချောင်ချိပါစေ ။မိမိနေထိုင်ရာ အခန်းသည် လေဝင်လေထွက်ကောင်းပါစေ ။ချွေးအလွန်အမင်း ထွက်စေမယ့် အလုပ်မျိုး မလုပ်ပါနဲ့ ။ရေနွေးနဲ့ ရေချိုးခြင်းကိုရှောင်ပါ ။ရေများများသောက်ပါ ။ချွေးအလွန်အမင်းထွက်က ဓာတ်ဆားထုတ် အငန်ထုတ်ကို ရေ၁လီတာနဲ့ ဖျော်ပြီး သောက်ပေးပါ ။နားနားနေနေ နေပါ ။

ကြွက်တက်ခြင်း
ခြေဖဝါးကြွက်သားများ ၊ခြေသလုံးကြွက်သားများမှာ ကြွက်တက်တဲ့ဝေဒနာ ခံစားရတတ်ပါတယ် ။သွေးလည်ပတ်မှု မလုံလောက်တဲ့အခါ ၊ချွေးထွက်များ
တဲ့အခါ ဖြစ်တတ်ပါတယ် ။ကိုယ်ဝန်လရင့်တဲ့အခါ သက်သာသွားတတ်ပါတယ် ။ကယ်လ်စီယမ်ပါတဲ့ အားဆေးများ သောက်သုံးပေးနိုင်သလို ဓာတ်ဆားရေကိုလည်းသောက်သုံးသင့်ပါတယ် ။မတ်တပ်ကြာကြာမရပ်သင့် ၊ခုံမြင့် ဖိနပ်များ မစီးသင့် ။ခြေထောက်သွေးကြောထုံးခြင်း ၊ခြေထောက်ဖောရောင်ခြင်း
ကိုယ်ဝန်ဆောင်နေစဉ် ထွက်လာတဲ့ ဟိုမုန်းလ်ဓာတ်တွေကြောင့်ရယ်တဖြည်းဖြည်းကြီးထွားလာတဲ့ သားအိမ်က ခြေထောက်က သွေးတွေကို နှလုံးဆီ ပြန်
လည်ပို့ပေးတဲ့ သွေးပြန်ကြောတွေကိုဝမ်းဗိုက်ထဲမှာ ဖိထားတာကြောင့်ရယ်ကိုယ်ဝန်ဆောင်မိခင်လောင်းတို့မှာ ခြေထောက်သွေးကြောထုံးခြင်း ၊ခြေထောက်
ဖောရောင်ခြင်းတို့ကို ခံစားရတတ်ပါတယ်။အထူးသဖြင့် နဂို အဝလွန်သူတွေ ၊ကိုယ်ဝန်လရင့်သူတွေ ၊ဗိုက်ထဲမှာအလွန်ထွားတဲ့ ရင်သွေးကို ကိုယ်ဝန်ဆောင်ရသူတွေ ၊မတ်တပ်ကြာကြာရပ်သူတွေ ၊ခုံမြင့် ဖိနပ်စီးသူတွေမှာ အဖြစ်များပါတယ် ။ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ အနေဖြင့် မတ်တပ်ကြာ    ကြာမရပ်သင့် ။ ထိုင်လျှင် ခြေထောက်ကို ခုံငယ်တစ်ခုပေါ် တင်ထားသင့်တယ် ။ခုံမြင့် ဖိနပ်များစီးခြင်းကို ရှောင်ပါ ။သွေးကြောထုံးတဲ့နေရာမှာ အနာဖြစ်က ၊ဆီးနဲ့ ပတ်သက်လို့ပြဿနာရှိက ၊နှလုံးရောဂါ ၊ဆီးနဲ့ ကျောက်ကပ်ရောဂါအခံ ရှိက ဆရာဝန်နဲ့ ပြသသင့်တယ် ။

မိန်းမကိုယ်ယားယံခြင်းနဲ့ အဖြူဆင်းခြင်း
ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်းနဲ့ အဖြူဆင်းခြင်းကတော့မှိုပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ် ။ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးထဲမှာ အချိုဓာတ်သည်
သာမန်ထက်ပိုပါတယ်။ဒါ့အပြင်မိန်းမကိုယ်မှာရှိတဲ့ ပိုးတွေကိုကာကွယ်ပေးတဲ့အက်ဆစ်ဓာတ် အထွက်နှုန်းလည်းကျလာပါတယ်။အဆိုပါအချက်တွေကြောင့်
ထိုမှိုပိုးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပိုဝင်ရောက်နိုင်ပါတယ် ။ဒါကြောင့်ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံပြီး အနံ့မကောင်းတဲ့အဖြူဆင်းက မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ် ။

Author; ခေတ်သစ် ဇီဝက

Previous Post

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ခံစားရတတ်သော ဝေဒနာများ (၃)

Next Post

မေ့ရင်သွေးကို ဘယ်မှာ မွေးရပါ့ ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မေ့ရင်သွေးကို ဘယ်မှာ မွေးရပါ့ ။

ဆီးမထိန်းနိုင် ဖြစ်နေပါသလား။

ဖိစီးမႈကို သက္သာေစတဲ့ေဆးက သင့္ႏွာေခါင္းေအာက္ တည့္တည့္မွာ ရွိတယ္

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.