fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သံဓာတ်အားကောင်းချင်လျှင် ဒါတွေစားပါ

OnDoctor Healthcare
540
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/04/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

သံဓာတ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဓာတ်တစ်မျိုးဖြစ်သည်။ သံဓာတ်သည် ခန္ဓာကိုယ် တွင်းရှိ သွေးနီဥ များဖြစ်တည်မှုတွင် အရေးပါသည်။ သွေးနီဥ သည် သွေးတွင်း အောက်ဆီဂျင်ကို အဆုတ်မှ တစ်ဆင့် ခန္ဓာကိုယ် အနှံ့ရှိ တစ်ရူးများဆီသို့ ပို့ဆောင်ရာတွင် အရေးပါသည်။

သံဓာတ်သည် အမျိုးသမီးများ၊ ကိုယ်၀န်ဆောင်မိခင်များ၊ ကလေး သူငယ်များတွင် အများဆုံးလိုအပ်သည်။
သံဓာတ်အားနည်းလျှင် သွေးအားနည်း လက္ခဏာများ ခံစားရနိုင်သည်။ မောပန်းလွယ်ခြင်း၊ နှုံးချိခြင်း၊ ဖြူဖက်ဖြူရော် ဖြစ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း နှင့် မူးဝေခြင်း စသည့် လက္ခဏာများကို ခံစားရမည် ဖြစ်သည်။

သံဓာတ်ပါသော အစားအစာများကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါကို ကာကွယ်နိုင်မည် ဖြစ်သည်။ သံဓာတ်ကို အသားငါးများမှသာမက အသီးအနှံများမှ တစ်ဆင့်လည်း ရရှိနိုင်သည်။

၁။ အနီရောင်ရှိသော အသားများသည် အဖြူရောင်ရှိသော အသားများထက် သံဓာတ်များစွာ ပါ၀င်နေသည်။
အမဲသား၊ ဆိတ်သား၊ သိုးသား၊ ၀က်သား များစားသုံးခြင်းဖြင့် သံဓာတ်အလုံအလောက်ရရှိနိုင်သည်။
အနီရောင်အသားများတွင် သံဓာတ်အပြင် ခန္ဓာကိုယ်အတွက် လိုအပ်သော Zinc, Selenium နှင့် vitamin B complex များပါ၀င်သောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။

၂။ ကြက်ဆင်တွင်လည်း သံဓာတ်ပါ၀င်မှုများသောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်တစ်မျိုးဖြစ်သည်။ အနက်ရောင် ကြက်ဆင်တွင် အဖြူရောင် ကြက်ဆင်ထက် သံဓာတ်ပါ၀င်မှု နှစ်ဆ ခန့်ပိုများသည်။ အနက်ရောင်ကြက်ဆင် တွင် Zinc, Selenium, vitamin နှင့် minerals များပါ၀င်သောကြောင့် စားသင့်သော အသားဟင်း တစ်မျိုးဖြစ်သည်။

၃။ ၀မ်းတွင်းကလီစာများသည်လည်း သံဓာတ်ပြည့်၀ရုံသာမက copper, selenium, vitamin B နှင့် choline တို့ များစွာပါ၀င်သည်။ choline သည် ဦးနှောက်နှင့် အသည်း အတွက် လိုအပ်သော ဓာတ်ဖြစ်သည်။ အသည်း စားသုံးခြင်းဖြင့်လည်း သံဓာတ်သာမကာ Vitamin A များစွာပါ၀င်သောကြောင့် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူ ပြုလေသည်။ ထိုကြောင့် သံဓာတ်များသော အသည်း၊ ကျောက်ကပ်၊ နှလုံးနှင့် ဦးနှောက်တို့ကို မကြာခဏ စားသုံးပေးသင့်သည်။ သို့သော ကလီစာများတွင် uric acid ပါ၀င်မှု များသောကြောင့် ဂေါက်ရောဂါရှိသူများနှင့် အဆစ်အမြစ်ရောင်တတ်သူများ ကလီစာ စားသုံးမှုကို ဆင်ခြင်သင့်သည်။

၄။ ဂုံး၊ ကမာနှင့် ဂုံးယောက်မ တို့သည် လည်း သံဓာတ်ကြွယ်၀သော အခွံမာ ရေသတ္တာ၀ါများ ဖြစ်သည်။ ဂုံးတွင် အူနံရံမှ သံဓာတ်စုပ်ယူမှုကို အထောက်အကူပြုသော Vitamin C ပါ၀င်မှု မြင့်မားသည်။ ထို့အပြင် အခွံမာ ရေသတ္တာ၀ါများ တွင် နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုသော HDL cholesterol ပါ၀င်သောကြောင့် စားသုံးသင့်သောအစားအစာ တစ်ခုဖြစ်သည်။

၅။ တူနာငါး၊ ဆာဒင်းငါး၊ ဆယ်လမွန်ငါးနှင့် မက်ကရယ်ငါးတို့သည်လည်း သံဓာတ်ပါ၀င်မှုများသော ငါးများဖြစ်သည်။ နှလုံးကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေး၊ ကိုယ်ခံအားနှင့် ကိုယ်ခန္ဓာ ကြီးထွားမှုတွင် လိုအပ်သော Omega 3 fatty acids များပါ၀င်သောကြောင့် ငါးစားသုံးမှုသည်လည်း ကျန်းမာရေးအတွက်ကောင်းမွန်ပါသည်။ သံဓာတ်အပြင် niacin, selenin နှင့် vitamin B 12 တို့ ပါ၀င်မှုကြောင့် ငါးစားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာရှိပါသည်။

၆။ ကြက်ဥ တွင် လည်း သံဓာတ်များစွာပါ၀င်ပါသည်။ ကြက်ဥ ကို နေ့စဥ် စားသုံးခြင်းအားဖြင့် သွေးအားနည်းရောဂါကို ကာကွယ်နိုင်ရုံသာမက ကြွက်သားများသန်မာစေခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်းနှင့် အရိုးကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။

၇။ အစိမ်းရောင်ရှိသော အရွက်များတွင် သံဓာတ်များစွာပါ၀င်နေသည်။ ပန်းပွင့်စိမ်းနှင့် ဟင်းနုနွယ်တို့တွင် သံဓတ်၊ vitamins နှင့် antioxidant များ ပါ၀င်ပါသည်။ Vitamin C သည် အူနံရံမှ သံဓာတ်စုပ်ယူမှုတွင် အထောက်အကူပြုသည်။ antioxidants များပါ၀င်သောကြောင့် ကင်ဆာဖြစ်ပွားမှုများကို လျော့ချကာ
အိုမင်းရင့်ရော် မှုကို ကာကွယ်ပေးပါသည်။

၈။ ပဲ အမျိုးမျိုးတွင်လည်း သံဓာတ်များစွာပါ၀င်သည်။ အသားမစားသော သက်သတ်လွတ် စားသုံးသော သူများအတွက် ပဲ စားသုံးခြင်းဖြင့် လုံလောက်သော သံဓာတ်ကို ရရှိနိုင်သည်။ အူလမ်းကြောင်းမှ သံဓာတ်စုပ်ယူမှု အားကောင်းစေရန် အတွက် ပဲစားသုံးရာတွင် vitamin C ပါ၀င်သော ခရမ်းချဥ်သီး နှင့် ချဥ်သော အသီးများကို တွဲဖက် စားသုံးသင့်သည်။

၉။ အစေ့အဆံများတွင်လည်း သံဓာတ်များစွာ ပါ၀င်ပါသည်။ ဖရုံစေ့၊ မြေပဲစေ့၊ နှမ်းစေ့၊ ဗာဒံစေ့၊ သစ်ကြားသီး၊ သီဟို စေ့၊ ထင်းရူး အခွံမာသီး၊ နေကြာစေ့၊ သခွားစေ့၊ ဟေဇယ်စေ့ စသော
အစေ့အဆံများတွင် သံဓာတ်ပါ၀င်သောကြောင့် မကြာခဏ စားသုံးသင့်သည်။

၁၀။ စပျစ်သီးခြောက် နှင့် တရုတ်ဆီးသီးခြောက်များတွင်လည်း သံဓာတ်ပါ၀င်မှုများသောကြောင့် စားသုံးသင့်သောအစားအစာများဖြစ်သည်။

၁၁။ နှံစားပြောင်း အမျိုးအစားများဖြစ်သော မုယောစပါး၊ ဂျုံကြမ်း၊ ပြောင်းတို့တွင်လည်း သံဓာတ်များစွာပါ၀င်ပါသည်။ Zinc, magnesium, folate နှင့် fiber များပါ၀င်မှုကြောင့် နှံစားပြောင်းစားသုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။

၁၂။ ပဲပိစပ်မှ ထုတ်လုပ်ထားသော တို့ဟူးတွင်လည်း သံဓာတ်ပါ၀င်မှုများပြားသောကြောင့် သက်သတ်လွတ် စားသုံးသူများတွင် သံဓာတ်ရရှိရန်အတွက် စားသုံးသင့်သည်။ တို့ဟူးတွင် Thiamine, calcium, magnesium နှင့် selenium ဓာတ်များပါ၀င်သောကြောင့် ကျန်းမာရေးအတွက် စားသုံးသင့်သောအစားအသောက်တစ်မျိုးဖြစ်သည်။ တို့ဟူး စားသုံးခြင်းကြောင့် အမျိုးသမီးများတွင် ဖြစ်ပွားသော သွေးဆုံးကိုင် ဝေဒနာများကို သက်သာပျောက်ကင်းစေပါသည်။

အထက်ပါ သံဓာတ်ပါ၀င်သော အစားအသောက်များကို စားသုံးခြင်းဖြင့် သွေးအားနည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ကာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မည် ဖြစ်သည်။

Author: Aye Mi San

Previous Post

ကလေးငယ်တွေ အဖျားရှိတဲ့လက္ခဏာများ

Next Post

ဝှေးစေ့ကင်ဆာ ကြောက်စရာ စောစောစီးစီး စမ်းသပ်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
389
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝှေးစေ့ကင်ဆာ ကြောက်စရာ စောစောစီးစီး စမ်းသပ်ပါ

ondoctor-gnc-symptoms-of-pulmonary-insufficiency

အဆုတ်အားနည်းရင် ဖြစ်တတ်တဲ့လက္ခဏာတွေ

ondoctor-antigas-causes-of-flatulence

လေပွခြင်းဖြစ်ရတဲ့ အကြောင်းအရင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.