fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

အဆုတ်အား​ကောင်းဖို့

To strengthen the lungs
1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/04/2022
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

သာမန်အချိန်​တွေမှာ အဆုတ်ကျန်းမာ​ရေးကို သတိပြုမိတာနည်း​ပေမယ့် အသက်ရှူကြပ်လာတာ၊ ​မောလာတာမျိုးဖြစ်လာရင်​တော့ မိမိအဆုတ်ရဲ့အ​ခြေအ​နေကို ပူပန်လာတတ်ကြပါတယ်။ ဒါ​ကြောင့် မိမိအဆုတ်အမြဲအား​ကောင်း​နေ​စေဖို့ မှန်ကန်တဲ့နည်းစနစ်​တွေနဲ့ ​နေထိုင်ဖို့လိုအပ်ပါတယ်။ အဆုတ်အား​ကောင်း​စေမယ့် နည်းလမ်း​တွေက​တော့

(၁) အသက်ရှူ​​လေ့ကျင့်ခန်းပြုလုပ်ပါ။
အသက်ရှူ​လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာဟာ အဆုတ်အား​ကောင်း​စေဖို့ အလွယ်ကူဆုံးနဲ့ အထိ​ရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ အသက်ရှူ​​လေ့ကျင့်ခန်းလုပ်တဲ့အခါ ရှူနိုင်သ​လောက်အဆုံးထိ ​​ဖြေး​ဖြေးနဲ့မှန်မှန်ရှူသွင်းပြီးမှ တဖြည်းဖြည်းချင်းပြန်ရှူထုတ်​ပေးရပါမယ်။ အသက်ဝဝရှူသွင်းတဲ့အခါ အဆုတ်မှာရှိတဲ့ ​လေအိတ်ငယ်တိုင်းကို ​​အလုပ်လုပ်​စေမှာဖြစ်တဲ့အတွက် အဆုတ်အား​ကောင်းလာ​စေပါတယ်။ ရှူသွင်း၊ ရှူထုတ် ၅စက္ကန့်စီခန့် ကြာမြင့်သင့်ပါတယ်။ တစ်​နေ့ကို အသက်ရှူ​လေ့ကျင့်ခန်း အကြိမ် ၂၀ခန့် ပုံမှန်ပြုလုပ်​ပေးနိုင်ရင် အဆုတ်အား​ကောင်းလာစေမှာဖြစ်ပါတယ်။

(၂) ​ဆေးလိပ်မ​သောက်ပါနဲ့။ ​ဆေးလိပ်​ငွေ့ရှိတဲ့ ပတ်ဝန်းကျင်ကို ​ရှောင်ပါ။
​ဆေးလိပ်​ငွေ့အန္တရာယ်ဟာ အဆုတ်ကင်ဆာ​ရောဂါဖြစ်​စေနိုင်သလို အဆုတ်​လေပြွန်ကျဥ်းခြင်း၊ အဆုတ်ဇကာ​ပေါက်ဖြစ်ခြင်း စတဲ့ ကျန်းမာ​ရေးပြဿနာ​တွေ ဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ ​ဆေးလိပ်​သောက်သူ​တွေအပြင် ​ဆေးလိပ်​ငွေ့အမြဲရှူမိ​နေသူ​တွေဟာလည်း ထပ်တူအန္တရာယ်ရှိပါတယ်။ ဒါ​ကြောင့်အဆုတ်အား​ကောင်းလိုတယ်ဆိုရင် ​ဆေးလိပ်​ငွေ့ရှိတဲ့​နေရာ​တွေကို အတတ်နိုင်ဆုံး​ ​ရှောင်ကြဥ်​နေထိုင်ရမှာဖြစ်ပါတယ်။

(၃) ​လေထုညစ်ညမ်းမှု မရှိတဲ့​နေရာမှာ​နေထိုင်ပါ။
ကားမီးခိုး၊ ဖုန်မှုန့်၊ အမှိုက်မီးရှို့ရင်ထွက်တဲ့အ​ငွေ့၊ မီးစက်ကထွက်တဲ့အ​ငွေ့၊ စက်ရုံ၊ အလုပ်ရုံကထွက်တဲ့အ​ငွေ့ စတာ​တွေဟာ ​လေထုညစ်ညမ်း​စေပြီး အဆုတ်ကျန်းမာ​ရေးကိုထိခိုက်​စေနိုင်ပါတယ်။ ဒါ​ကြောင့် ​လေထုညစ်ညမ်းတဲ့​နေရာ​တွေ မဖြစ်မ​နေသွားရမယ်ဆိုရင် နှာ​ခေါင်းစည်း mask တပ်ဆင်ထားတာ အ​ကောင်းဆုံးဖြစ်ပါတယ်။

(၄) ပူ​ဖောင်းမှုတ်ပါ။
ပူ​ဖောင်းမှုတ်ခြင်းကလည်း အသက်ရှူ​လေ့ကျင့်ခန်းကဲ့သို့ပင် အဆုတ်အား​ကောင်း​စေနိုင်မယ့် ​လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။

(၅) ​အိမ်သန့်ရှင်း​ရေးမကြာခဏပြုလုပ်​ပေးပါ။
​ကော်​ဇော​တွေ၊ အိပ်ရာခင်း​တွေမှာ ဖုန်မှုန့်နဲ့ပိုးမွှား​တွေ အ​မြောက်အမြား ကပ်ငြိ​နေနိုင်တာ​ကြောင့် အသက်ရှူလမ်း​​ကြောင်းနဲ့အဆုတ်ကို ထိခိုက်​စေနိုင်ပါတယ်။ ဒါ​ကြောင့် ​ကော်​ဇော၊ အိပ်ရာခင်းစတာ​တွေကို အနည်းဆုံးတစ်ပတ် ၃ကြိမ်ခန့် သန့်ရှင်း​ရေးပြုလုပ်သင့်ပါတယ်။

(၆) ​ရေများများ​သောက်ပါ။
​ရေများများ​သောက်ပြီး ​ရေဓါတ်ပြည့်ဝ​နေမှသာ ခန္ဓါကိုယ်ကျန်းမာ​ရေး​ကောင်းမွန်​စေမှာဖြစ်သလို အဆုတ်လည်း ​ကောင်းမွန်စွာအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

(၇) လှုပ်လှုပ်ရှားရှား​နေထိုင်ပါ။
​လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်​ပေးခြင်းဟာ အဆုတ်ကိုသန့်စင်​ပေးရာ​ရောက်သလို အဆုတ်ကိုကျန်းမာသန်စွမ်း​စေနိုင်ပါတယ်။

(၈) ​ရေ​နွေး​ငွေ့ရှူပါ။
​ရေ​နွေး​ငွေ့ရှူခြင်းဟာ အဆုတ်နဲ့အသက်ရှူလမ်း​ကြောင်းတစ်​လျှောက်မှာရှိတဲ့အချွဲ​တွေကို ​ပျော်သွား​စေနိုင်ပြီး အသက်ရှူခြင်းကို ပိုမိုလွယ်ကူ​စေနိုင်ပါတယ်။ ​ရေ​နွေး​ငွေ့ရှူရာမှာ အပူမ​လောင်​စေဖို့ ပူခြစ်​နေတဲ့ ​ရေ​နွေးမျိုးမသုံးမိ​အောင် သတိပြုရပါမယ်။

(၉) ဇင့်ဓါတ်ပါဝင်​သော အစားအစာများကို စားသုံးပါ။
ဇင့်ဓါတ်ပါဝင်တဲ့ အစားအစာ​တွေဖြစ်တဲ့ ​ထောပတ်သီး၊ ငှက်​ပျောသီး၊ ဖရုံ​စေ့၊ အမဲသား၊ ကြက်ဥ စတာ​တွေကို စားသုံး​ပေးရပါမယ်။ ဇင့်ဓါတ်ဟာ အဆုတ်​​ရောင်ရမ်းပိုးဝင်ခြင်း​တွေကို သက်သာ​စေနိုင်သလို အဆုတ်ကျန်းမာ​ရေးကိုလည်း များစွာအ​ထောက်အကူဖြစ်​စေပါတယ်။

အဆုတ်ကျန်းမာအား​ကောင်း​စေဖို့အတွက်ဆိုရင် အထက်ပါနည်းလမ်း​တွေအတိုင်း ​​နေ့စဥ်လိုက်နာ​နေထိုင်​ပေးရမှာဖြစ်ပါတယ်။ အသက်ရှူစဥ် တရွှီရွှီမြည်တာ၊ အသက်ရှူစဥ်နာကျင်တာ၊ ​ချောင်းအဆက်မပြတ်ဆိုးတာ၊ အသက်ရှူကြပ်တာ စတာ​တွေခံစား​နေရရင် အဆုတ်ကျန်းမာ​ရေးအတွက် စိုးရိမ်ရတာ​ကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။

Author : Dr.Aye Myat Mon

Previous Post

သွေးတွင်းအဆီအန္တရာယ်

Next Post

ပူပြင်းသောနွေရာသီမှာ ချောင်းဆိုးတဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
382
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
683

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
686
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
853
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
when-coughing in hot summer

ပူပြင်းသောနွေရာသီမှာ ချောင်းဆိုးတဲ့အခါ

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

Teen Skin Care Tips

ဆယ်ကျော်သက်အရွယ် အသားရေထိန်းသိမ်းမှု နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.