fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးနှင့် အရိုးပွဝေဒနာ

Women and osteoporosis
664
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/09/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အသက်အရွယ် ကြီးလာတာနဲ့အမျှ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များနည်းတူ အရိုးတွေဟာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါတယ်။ အရိုးပြောင်းလဲမှုအနေဖြင့် အမျိုးသားများနဲ့ နှိုင်းယှဉ်လျှင် အမျိုးသမီးများတွင် အရိုးပွဝေဒနာ ပိုခံစားရတတ်ပါတယ်။ အသက် ၃၀ အရွယ်ဟာ အရိုးသိပ်သည်းဆအကောင်းဆုံးအနေအထားရှိတဲ့အရွယ်ဖြစ်ပါတယ်။ အမျိုးသမီးများဟာ အသက်၃၅နှစ် ကျော်လာတာနဲ့ အရိုးပွခြင်း၊ အရိုးပါးခြင်း ဝေဒနာကို စတင်ခံစားရတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ သွေးဆုံးပြီးချိန်တွင် ခန္ဓာကိုယ်တွင်းရှိ မ ဟော်မုန်း အီစထရိုဂျင် ပမာဏကျဆင်းကာ အရိုးသိပ်သည်းဆ ကျဆင်းပြီး အရိုးကြွပ်ဆတ်ကာ အားနည်းလာတတ်ပါတယ်။

အရိုးသိပ်သည်းဆနည်းပြီး အရိုးပွလာခြင်းကြောင့် သွေးဆုံးပြီးအမျိုးသမီးများဟာ မတော်တဆထိခိုက်မှုကြုံတဲ့အခါ ကျောရိုး၊တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်ရိုးကျိုးခြင်း အဖြစ်များတတ်ပါတယ်။ အထူးသဖြင့် မိဘမျိုးရိုး၊မိသားစုဆွေမျိုးများတွင် အရိုးပွရောဂါဖြစ်ဖူးသော ရောဂါရာဇဝင်ရှိသူများတွင် အရိုးပွဝေဒနာ ခံစားရနိုင်ချေ ပိုများတတ်ပါတယ်။ အမျိုးသမီး ကင်ဆာရောဂါ ကုထုံးအချို့နဲ့ သားဥအိမ်၊ သားအိမ်ထုတ်ထားသော အမျိုးသမီးများတွင်လည်း ဟော်မုန်းရဲ့သက်ရောက်မှုကြောင့် အရိုးပွဝေဒနာ ဖြစ်နိုင်ချေ ပိုများပါတယ်။

ခန္ဓာကိုယ် အရိုးများအတွက် အရေးပါသော ကယ်လ်ဆီယမ်နှင့်ဗီတာမင်ဒီဓါတ် ချို့တဲသော အမျိုးသမီးများတွင်လည်း အရိုးအားနည်း အရိုးပွသော လက္ခဏာ တွေ့ရတတ်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများဟာ တစ်နေ့တာ လိုအပ်သော ကယ်လ်ဆီယမ်ပမာဏ ၁,၂၀၀ မီလီဂရမ်ခန့် နေ့စဉ်စားသုံးပေးဖို့ လိုအပ်ပါတယ်။ အစားရှောင်ခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်းကြောင့်လည်း အရိုးကျိုးနိုင်ချေ ပိုများတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ အိပ်ယာထက်တွင် အချိန်ကြာကြာ နေရသောသူများတွင်လည်း အရိုးပွနိုင်ပါတယ်။

သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်ဟော်မုန်းရောဂါ၊ ကင်ဆာရောဂါ၊ အသည်းနှင့် ကျောက်ကပ် ရောဂါ၊ စတီးရွိုက် corticosteroids မှီဝဲနေရသော အဆစ်မြစ်ယောင်ရောဂါ၊ ကိုယ်ခံအားစံလွဲရောဂါနှင့် အခြားရောဂါအခံရှိသော အမျိုးသမီးများတွင်လည်း အရိုးပွခြင်းဟာ အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပါတယ်။ အရက်အလွန်အကျွံ့သောက်သော အမျိုးသမီးများနှင့် ဆေးလိပ်သောက်သုံးတတ်သူများတွင် အရိုးပွ၊ အရိုးကျိုးလွယ်နိုင်ချေ ပိုများပါတယ်။

အရိုးပွခြင်းဟာ လက္ခဏာမပြဘဲ ရှိနေတတ်ပြီး မတော်တဆ ထိခိုက်ဒါဏ်ရာ ရရှိတဲ့အခါမှ အရိုးကျိုးခြင်းကို ကြုံတွေ့ရတတ်တာကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုများတွင် ထိခိုက်မှုနည်းအောင် သတိပြု ကာကွယ်သင့်ပါတယ်။ မချော်နိုင်သော ဖိနပ်၊ ကြမ်းခင်းမျက်နှာပြင်များ အသုံးပြုခြင်း anti-slip၊ လက်ကိုင်လက်ရန်း အသုံးပြုခြင်း၊ ထိခိုက်မှုအန္တရာယ်ရှိနိုင်သော ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်ကျဉ်ခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။

အရိုးပွခြင်းဟာ အသက်ကြီးလာတာနဲ့ ကြုံတွေ့ရမယ့် ဝေဒနာတစ်ခုလို့ ထင်ကြပေမယ့် ကြိုတင်ကာကွယ်နိုင်တဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ အမျိုးသမီးများအနေနဲ့ အာဟာရမျှတအောင် စားသုံးပေးခြင်း၊ နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း၊ နှစ်စဉ်အရိုးကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း၊ လိုအပ်လျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး အရိုးပွရောဂါ ကာကွယ်ကုသနိုင်သော ဆေးများ၊ ဗီတာမင်နှင့် ကယ်လ်ဆီယမ် အားဖြည့်အာဟာရများ မှီဝဲပေးခြင်းဖြင့် အရိုးသိပ်သည်းဆလျော့ပါးလာမှုကို ကာကွယ်ပေးနိုင်ပြီး အရိုးပွခြင်းကို ကြိုတင်ကာကွယ် သတိပြုနိုင်မှာဖြစ်ပါတယ်။

 

Author: Dr.Yee Mon

Previous Post

ဖန်ပြွန်သန္ဓေသား လူတိုင်းယူလို့ရနိုင်တာလား?

Next Post

ညဘက်ခြေသလုံးကြွက်သားနာကျင်ခြင်း ဖြစ်ရတဲ့အကြောင်းအရင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
601

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
558
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Causes of calf muscle pain at night

ညဘက်ခြေသလုံးကြွက်သားနာကျင်ခြင်း ဖြစ်ရတဲ့အကြောင်းအရင်း

About the mistakes of not having children yet

ကလေးမရနိုင်သေးခြင်းရဲ့ အမှားများအကြောင်း

I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.