fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

Pregnant women should be aware of diabetes
253
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/10/2023
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကိုယ်ဝန်သည်တွေမှာ အခြေခံစစ်ဆေးရတဲ့အထဲမှာ ဆီးချိုရောဂါလည်း မပါမဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သည် အားလုံးရဲ့ ၄ရာခိုင်နှုန်းလောက်ဟာ ဆီးချိုရောဂါရဲ့ နှောင့်ယှက်မှုတွေခံရတတ် တယ်။ အရင်ကတည်းက ဆီးချိုရှိနေပြီးသားလည်း ဖြစ်နိုင်သလို ကိုယ်ဝန်ရပြီးမှ ဆီးချိုစဖြစ်လာတာ လည်းရှိနိုင်တယ်။ ဘယ်လိုလူတွေ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုပိုဖြစ်လွယ်နိုင်သလဲ ဆိုရင်

ဝနေတဲ့အခါ
ပထမကလေးထွားတဲ့အခါ
အသက်(၂၅) ကျော်တဲ့အခါ
ပထမကိုယ်ဝန်မှာတုန်းကလည်း ဆီးချိုဖြစ်ဖူးထားတဲ့အခါ
မိဘမျိုးရိုးမှာ ဆီးချိုရောဂါရှိရင် ပိုဖြစ်လွယ်ပါတယ်။

ဒီလိုလူတွေ ကိုယ်ဝန်ဆောင်ချိန်မှာ သူများတွေထက် ပိုသတိထားရတယ်။ ပထမဆုံးကိုယ်ဝန်ဆိုရင် ကိုယ်ဝန်စအပ်တုန်းက စစ်ထားပြီးတဲ့အပြင်ကို ကိုယ်ဝန် ၂၄ပတ်နဲ့ ၂၈ ပတ်ကြားမှာ OGTT လို့ခေါ်တဲ့ ဆီးချိုစစ်တာကိုလည်း လုပ်ထားသင့်တယ်။ ပထမကိုယ်ဝန်မှာ ဆီးချိုဖြစ်ဖူးပြီး အခုက ဒုတိယကိုယ်ဝန် ဆိုရင် ကိုယ်ဝန် ၁၆ ပတ်မှာ OGTT စစ်ပြီး ကောင်းနေရင်တောင် ကိုယ်ဝန် ၂၈ ပတ်မှာနောက်တစ်ခါ ထပ်စစ်ရတယ်။

ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ရင် အမေရောကလေးရော ထိခိုက်နိုင်တာတွေရှိတယ်။ နဂိုကတည်းက ဆီးချိုရှိနေခဲ့သူဆိုရင် ဆီးချိုနောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ ကျောက်ကပ်နဲ့ မျက်စိပိုဖြစ်လွယ်တယ်။ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်နေခဲ့ရင်လည်း ပိုဆိုးတတ်တယ်။

ကိုယ်ဝန်မှာလည်း ထိခိုက်နိုင်တယ်။ ရေမြွှာရေများတာ၊ ပျက်ကျတာ၊ အချိန်မတိုင်ခင်စောမွေးတာ၊ မွေးရခက်တာ၊ ကလေးကြီးတာ၊ မွေးရာပါချို့ယွင်းချက်တွေပါတာ စသဖြင့် ဖြစ်တတ်တယ်။ ကလေး မွေးပြီးစမှာလည်း ကလေးမှာသကြားဓာတ် သာမန်ထက်နည်းတာမျိုးတွေ ဖြစ်တတ်တယ်။ဒါကြောင့် ဆီးချိုသည် ကိုယ်ဝန်ဆောင်တာဖြစ်ဖြစ်၊ ကိုယ်ဝန်သည် ဆီးချိုဖြစ်တာ ဖြစ်ဖြစ် သားဖွားမီး ယပ်ဆရာဝန်ရော၊ အထွေထွေသမားတော်ရော ပြထားဖို့လိုပါတယ်။

အစားအသောက်လည်း သတိ ထားရတယ်။ ခန္ဓာကိုယ် အလေးချိန်လည်း ပုံမှန်ဖြစ်သင့်တယ်။
ဆီးချိုအတွက်လည်း ဆေးလိုတယ်။ အရင်တုန်းကတော့ ဆီးချိုနဲ့ ကိုယ်ဝန်တွဲရင် ထိုးဆေးပဲ အဓိကသုံးခဲ့ကြပေမယ့် အခုနောက်ပိုင်း သောက်ဆေးတွေထဲမှာ Metformin တစ်မျိုးတည်းကို သုံးလာကြတယ်။ အဓိကကတော့ ကိုယ်ပြမယ့် ဆရာဝန်နဲ့ သေချာတိုင်ပင်ရတာပါ။ ကိုယ်ဝန်မှာ ဆီးချိုကို သေချာထိန်းရတယ်။ ဒါမှနောက်ဆက်တွဲ ဖြစ်မယ့် ရောဂါတွေကို သေချာလျော့ချနိုင်မယ်။

ဆီးချိုနဲ့ ကိုယ်ဝန်တွဲမိတာနဲ့ ကလေးအတွက် Folic Acid ကိုသေချာသောက်ရတယ်။ တချို့တွေဆို ကိုယ်ဝန်မရှိ၊ ဆီးချိုမရှိလည်း Folic Acid ကိုသေချာသောက်တတ်ကြတယ်။ Folic Acid ကကင်ဆာအ ချို့ကလွဲပြီး ပုံမှန်သောက်လို့ရတယ်။ ကိုယ်ဝန်မှာလည်း ကလေးအင်္ဂါစုံ၊ မစုံကြည့်ဖို့ ၁၈ ပတ်နဲ့ ၂၀ပတ် ကြားမှာ Ultrasound ရိုက်လို့ရတယ်။

ကိုယ်ဝန်သည် ဆီးချိုဖြစ်ရင် တောက်လျှောက်ဖြစ်မှာလားပေါ့။ များသောအားဖြင့် ကလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်တတ်တယ်။ မွေးပြီး ၆ ပတ်မှ လက်ထိပ်ဖောက်ပြီး သကြားဓာတ်ပြန်စစ်ရတယ်။ ဒါပေမယ့် အဲဒီအချိန်ကောင်းနေရင်တောင် နောက်ပိုင်းမှာ ဆီးချိုဖြစ်နိုင်ချေက တခြားသာမန်လူတွေထက် ပိုများပါ တယ်။ဒါကြောင့် ဆီးချိုနဲ့ ကိုယ်ဝန်တွဲမိရင် သေချာဂရုစိုက်ဖို့ လိုက်နာဖို့လိုပါတယ်။

Author – Dr. CST

Previous Post

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

Next Post

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
809

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
980
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
659
When newborn babies have red spots on their faces

မွေးကင်းစကလေးတွေ မျက်နှာမှာအနီစက်လေးတွေထွက်တဲ့အခါ

3 years ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Why do women urinate frequently?

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.