fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

Why do women urinate frequently?
1.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/10/2023
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးတွေ အထူးသဖြင့် အသက် ၅၀ ကျော် အမျိုးသမီးတွေဟာ မကြာခဏ ဆီးကျင်တတ်ကြပါတယ်။ မကြာခဏ ဆီးကျင်နေ​တတ်ပေမယ့် ဘာကြောင့် ဆီးကျင်နေတာလဲ ဆိုတာကိုတော့ သေချာမသိကြဘူး ထင်တယ်နော်။ ဒါဆို ဆက်ဖတ်လိုက်ကြရအောင်ပါ။

ဆီးကျင်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ဆီးကျင်စေတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်။

သွေးဆုံးချိန်
အသက် ၅၀ ဝန်းကျင် အမျိုးသမီးတွေရဲ့ သွေးဆုံးချိန်ကာလမှာ စတင်ခံစားရတတ်တဲ့ ဝေဒနာတွေထဲမှာ မကြာခဏဆီးကျင်ခြင်းလည်း ပါဝင်ပါတယ်။သွေးဆုံးချိန်မှာ ဓမ္မတာသွေးစီးဆင်းမှု ရပ်တန့်သွားတာ၊ ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိတော့တာတွေဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေ ထုတ်လုပ်မှု လျော့နည်းသွားတာကြောင့်ပါ။

အီစထရိုဂျင်ဟော်မုန်းတွေ လျော့နည်းသွားတာကြောင့် မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းအတွင်းက တစ်ရှူးတွေဟာ ပါးလွှာခြောက်သွေ့လာပြီး ရောဂါပိုးဝင်ရောက်နိုင်ခြေ ပိုများလာတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဆီးကျန်ခြင်း
အသက်ကြီးလာတဲ့အခါ ဆီးအိမ်က ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားက လျော့နည်းလာတဲ့အတွက် ဆီးသွားတဲ့အခါ ဆီးကျန်နိုင်ပါတယ်။ ဆီးအိမ်ထဲမှာ ဆီးတွေကျန်နေတာက ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်စေတဲ့ အကြောင်းတစ်ခုပါပဲ။

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ
အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက် ပိုတိုတဲ့အတွက် ဆီးအိမ်ထဲထိ ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်က ကပ်လျက်ဖြစ်နေတဲ့အတွက် လိင်ဆက်ဆံရာကတဆင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေလည်း များပါတယ်။

သားဆက်ခြားခြင်း
သားဆက်ခြားတဲ့ နည်းလမ်းတွေထဲက သုတ်ပိုးသေစေတဲ့ဆေး (spermicides) သုံးတာ၊ သားအိမ်ခေါင်းအစွပ် (diaphragm) သုံးတာတွေကြောင့်လည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်စေနိုင်ပါတယ်။

မိန်းမကိုယ်ကို ဆေးကြောခြင်း
မိန်းမကိုယ်တဝိုက်ကို နေ့စဥ်သန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပေမယ့် မိန်းမကိုယ်ဟာ အလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့အင်္ဂါဖြစ်တာကြောင့် ရေနဲ့သန့်ရှင်းရေး လုပ်ရုံနဲ့ လုံလောက်ပါတယ်။ ဆပ်ပြာအပါအဝင် တခြားအနံ့ပါတဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်းဖော်စပ်ထားတဲ့ သန့်ရှင်းရေးပစ္စည်းတွေ သုံးတဲ့အခါ မိန်းမကိုယ်ရဲ့ pH level ပျက်စီးသွားပြီး မိန်းမကိုယ်တွင်းရော ကပ်လျက်ရှိတဲ့ ဆီးလမ်းကြောင်းထဲကိုပါ ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။

ဝမ်းသွားပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ခြင်း
နေ့စဥ် ဝမ်းသွားပြီးလို့ ရေနဲ့ဖြစ်စေ၊ စက္ကူနဲ့ဖြစ်စေ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့ဘက်ကနေ စအိုဘက်သို့ ဦးတည်ပြီး လုပ်သင့်ပါတယ်။ အကယ်၍ စအိုဘက်ကနေ အရှေ့ဘက်ကို ဦးတည်ခဲ့ရင် စအိုကအညစ်အကြေးတွေက မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းထဲကို ရောက်ရှ်သွားပါလိမ့်မယ်။

ဆီးလမ်းကြောင်းပိုးဝင်တာ မဖြစ်အောင် ဘာတွေ လုပ်ရမလဲ?

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ပိုးသတ်ဆေးသောက်ဖို့ လိုပါတယ်။ ဒါပေမယ့် ခဏခဏပိုးဝင်တိုင်း ပိုးသတ်ဆေးတွေ ခဏခဏသောက်နေရတာက မကောင်းလှပါဘူး။ ဆေးယဥ်တာ၊ ဆေးမတိုးတော့တာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါဆို ဆီးလမ်းကြောင်း ပိုးမဝင်ရအောင် ဘယ်လိုကာကွယ်မလဲ?

• ရေများများသောက်ပါ။ ရေသောက်ပြီး ဆီးမကြာခဏ သွားပေးတာက ရောဂါပိုးတွေ ခိုအောင်းမနေနိုင်အောင် ကာကွယ်ပေးပါတယ်။

• ဆီးအောင့်မထားပါနဲ့။ ဆီးသွားချင်စိတ်ပေါ်လာတာနဲ့ ချက်ချင်းသွားလိုက်တာကလည်း ဆီးအိမ်ထဲက ဘက်တီးရီးယားတွေကို ဆီးနဲ့အတူ ပါသွားစေပါတယ်။

• Cranberry ဖျော်ရည်သောက်တာ၊ cranberry ပါတဲ့ ဖြည့်စွက်စာ သောက်သုံးတာတွေကလည်း ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။

• သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အတွင်းကို အီစထရိုဂျင် ထည့်သွင်းခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း မဖြစ်ရအောင် ကာကွယ်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်း ထည့်လို့ရတဲ့ အီစခရိုဂျင် ဆေးပြား၊ ခရင်မ်၊ ဂျယ်လ်၊ ကွင်း စသဖြင့် ပုံစံအမျိုးမျိုး လာပါတယ်။

ခြောက်လအတွင်း နှစ်ကြိမ်နဲ့အထက် သို့မဟုတ် တစ်နှစ်အတွင်း သုံး​ကြိမ်နဲ့အထက်
ဆီးလမ်းကြောင်းပိုးဝင်သူတွေမှာ ကျောက်ကပ်ပျက်စီးနိုင်ခြေ များတာမို့ ပေါ့ပေါ့ဆဆ နေသင့်တဲ့ရောဂါ မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးသမီးတွေ မကြာခဏ ဆီးကျင်နေရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရှိမရှိ စစ်ဆေးသင့်သလို ဆီးလမ်းကြောင်းပိုးဝင်ခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့လည်း အထူးဂရုပြုသင့်ပါတယ်။

Author : Dr.Yee Mon

Previous Post

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

Next Post

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
591

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
549
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

1 year ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.