ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် ဘယ်လောက်ရှိသင့်တယ်
ဆိုတာ မိခင်လောင်းတို့ သိချင်ကြမှာပါ ။ဗိုက်အပ်တဲ့အခါ ပေါင်ချိန်တွေတိုင်း ၊
အရပ်တွေတိုင်း ပါတယ် ။ဗိုက်အပ်တာ သွားပြတိုင်း ပေါင်ချိန်ရပါတယ် ။ဘာလို့
အရပ်တိုင်း ၊ပေါင်ချိန်ရမှန်း တော်တော်များများ မသိဘူးထင်ပါတယ် ။
ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် ဘယ်လောက်ရှိသင့်တယ်ဆို
တာ ကိုယ်ဝန်မဆောင်ခင် BMI နဲ့လည်း ခန့်မှန်း ပြောလို့ရတယ် ။BMI ဆိုတာ
ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်(ကီလိုဂရမ်) ကို အရပ်(မီတာ)နှစ်ထပ်ကိန်း
နဲ့စားတာပါ ။
ကိုယ်ဝန်ဆောင်တဲ့အခါ
BMI-18.5-24.9 အတွင်းရှိရင် 11-16 kg
BMI-18.5 အောက်နည်းရင် 12-18 kg
BMI-25-29.9 အတွင်းရှိရင် 7-11 kg
BMI-30 အထက်ရှိရင် 5-10 kg တိုးသင့်တယ် ။
BMI မသိရင်လည်း အကြမ်းဖျင်းအားဖြင့် ကိုယ်ဝန် ပထမ ၃လမှာ
0.5-2 kg တိုးသင့်တယ် ။ထိုနောက်ပိုင်း မမွေးခင်အထိ တစ်လကို 2 kg ပုံမှန်တိုး
သင့်တယ် ။
ကိုယ်ဝန်ဆောင်စဉ် ဘာလို့ ကိုယ်အလေးချိန်တိုးလာရလဲဆိုရင်
မိခင်ရဲ့ အာဟာရများ ၊တိုးပွားလာတဲ့ ရေမွှာရေများ ၊သွေးများ ၊ကြီးထွားလာတဲ့
သန္ဓေသား ၊ကြီးထွားလာတဲ့ သားအိမ် ၊ကြီးထွားလာတဲ့ အချင်း ၊တိုးလာသော
နို့ရည် တို့ကြောင့်ပဲ ဖြစ်ပါတယ် ။
လိုတာထက် ကိုယ်အလေးချိန်နည်းနေရင် အာဟာရပြည့်ဝစွာ
စားပါ ။လုံလောက်စွာ အနားယူပါ ။လိုတာထက် ကိုယ်အလေးချိန်များနေရင်
အဆီဓာတ် ၊အချိုဓာတ်တွေ လျော့စားပါ ။ကိုယ်လက်လှုပ်ရှားမှု များများလုပ်
ပါ ။
Author: ခေတ်သစ် ဇီဝက